标题: သခင်မဟုတ်၊ ကျွန်မလုပ်
作者: Bao Jingyan
语言: Burmese
日期: 300 CE
来源: Wa Kha Mount rom Robert Graham (Ed.), Anarchism: A Documentary History of Libertarian Ideas; Volume One: From Anarchy to Anarchism (300 CE to 1939). libcom.org
备注: က္ကာနဲ့ တန်ဂူးမှ Wa Kha Mount Collective မှ ပူးပေါင်း ရေးသားပြန်ဆိုသည်။

အယ်ဒီတာ မှတ်စု(Robert Graham)

ပထမဆုံးရွေးချယ်ထားသည်မှာ မင်းမဲ့ဝါဒ တစ်ခုအဖြစ်ခွဲခြားသတ်မှတ်လို့ရနိုင်တဲ့ သမိုင်းတွင် အထောက်အထားကျန်ရှိခဲ့သော အတွေးအခေါ်စာတမ်း ကို 300 CE ခန့်မှာ တာအိုဝါဒီ တွေးခေါ်ရှင်တစ်ဦးဖြစ်သူ ပေါင်ဂျင်းယန်က ရေးသားပြုစုခဲ့သည်။ တာအိုဝါဒဟာ ဂျောင်

(Zhou)မင်းဆက်ကုန်ဆုံးခါနီး 400 BCE ခန့်တွင် ရှေးဟောင်းတရုတ်ပြည်မှမြစ်ဖျားခံပေါ်ပေါက်လာခဲ့သည်။ ဒီဝါဒဟာ ယေဘုယျအားဖြင့် ခြောက်ရာစုအတွင်းရှင်သန်နေထိုင်ခဲ့သည့် ဒဏ္ဏာရီဆန်သော ပုဂ္ဂိုလ် လောင်ဇီ(ဇု)Lao Zi (Tzu) ရဲ့ Daode jing(Tao Te Ching) တောက်တဲ့ဂျင်းစာတမ်းနှင့်ဆက်စပ်နေသည်။

သခင်မဟုတ်ကျွန်မလုပ်နှင့်(Neither Lord or Subject) နဲ့ လောင်ဇုရဲ့ တောက်တဲ့ချင်း (Tao Te Ching) ကွဲလွဲမတူသည်မှာ Daode jing (တောက်တဲ့ချင်း) ဟာ အစိုးမရေရး အတွေးအခေါ်ကို ဖော်ဆောင်ဖို့အားထုတ်ခဲ့သော်လည်း သူ့အတွေးအခေါ်ဟာ အုပ်ချုပ်သူလူတန်းစားကို လုံးဝမအုပ်ချုပ်ခြင်းကသာ အကောင်းဆုံး အုပ်ချုပ်ရေးစနစ်သာ ဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကို ဟောပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သည်အယူအဆကို မင်းမဲ့အတွေးအခေါ်အဖြစ် သတ်မှတ်ဖို့ အငြင်းပွားနေကြဆဲဖြစ်သည် (John A. Rapp ရဲ့ Anarchist studies စာတမ်း အခန်း၆၊ နံပါတ်၂ " Daoism and Anarchism Reconsidered, " တွင်ဆက်လက်လေ့လာနိုင်သည်)။ နှောင်းပိုင်း တာအိုဝါဒီ ချွမ်ချိ

Ruan Ji(Juan chi, 210-263 CE) ဟာ တာအိုဝါဒကို ယနေ့ခေတ်မင်းမဲ့ဝါဒပုံစံနဲ့ ပိုမိုနီးကပ်စွာ ပုံဖော်ခဲ့သည်။ သူ့အရေးအသားတစ်ခုမှာ " အုပ်စိုးသူတွေ အားကောင်းလာရင်၊ မင်းဆိုးမင်းညစ်တို့ ထွက်ပေါ်လာရစမြဲပဲ၊ ရုံးကနားတွေပေါ်လာပြီးရင် သူခိုး၊ဓားပြတွေပေါ်ထွက်လာရစမြဲပဲ" အကြောင်းမဲ့သတ်သတ် ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဥပေဒေတွေဟာ အောက်ခြေလူတန်းစားကိုပဲ ချည်နှောင်ရစ်ဖွဲ့လေ့ရှိတဲ့ နှောင်ကြိုးတွေသာဖြစ်တယ်" ဟူ၍ ( Rapp ရဲ့ Daoism and Anarchism Reconsidered စာအုပ် စာမျက်နှာ ၁၃၇တွင်ရေးသားထားသည်)

ပေါ်ဂျင်းယန်ဟာ "သခင်မဟုတ်၊ ကျွန်မလုပ်"ဟူသည့် သူ၏ ဆောင်ပုဒ်ကို Wei Jin ဝေ့ဂျင်းခေတ် ကာလ( တရုတ်ပြည်တွင် စစ်ပွဲနယ်မြေအမြောက်အများကွဲထွက်နေသော စုစည်းမှုမရှိသည့်ကာလ) အပိုင်းအခြားတွင်ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှ Etienne Balaz က ၁၉၆၄ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားခဲ့ပြီး Chinese Civilization and Bureaucracy: Variations on a Theme (New Haven) ဟူသောအမည်ဖြင့် Yale University မှပုံနှိပ်ထုတ်ဝေခဲ့သည်။

လက်ထောက် အယ်ဒီတာ Anthony Comegna ကတော့ သမိုင်းဆရာ Etienne Balazs ထက်တော့ ကျွန်တော်တို့ပိုမသိသေးပါဘူး သူရဲ့ တွေရှိ့လေ့လာချက်အရတော့ လူသမိုင်းမှာ အစောဆုံး နိုင်ငံရေးဆိုင်ရာတရုတ်ပြည်က မင်းမဲ့ (Political Anarchist) လို့ပြောခဲ့ပါတယ်။ ဘလတ် က ပေါင်ဂျင်ယန်ကို ရဲ့ရင့်တဲ့ အတွေးအခေါ်ပညာရှင် တောက်ဝါဒကို အဲ့ခေတ်ကခေတ်စားနေတဲ့ စိတ်ကူးယဥ်လွမ်းမိုးမှုတွေကို ကျော်လွန်ပြီး လက်တွေ့ နိုင်ငံရေးအဆင့်အထိရောက်ရှိအောင် တွန်းပို့နိုင်ခဲ့တယ်လိုဆိုပါတယ်။ သူ့ရဲ့ ရေးသားခဲ့တဲ့ကျမ်းများစွာထဲမှာ ယနေ့ခေတ်အထိ ပျက်ဆီးကွယ်ပျောက်မသွားပဲ ကျန်နေ့ခဲ့တဲ့ သခင်မဟုတ်၊ကျွန်မလုပ် ဟာ ဒီကမ္ဘာမှာ အစောဆုံးနဲ့ အရှင်းအလင်းဆုံးသော လေဘယ်တေးရီးရမ်းမင်းမဲ့ ( “Libertarian anarchism,)” အတွေးအခေါ်တွေဖြစ်ပြီး တရုတ်ပြည်ရဲ့ သမိုင်းမှာ nihilism and libertineage အတွေးအခေါ်တွေပေါ်ထွက်ခဲ့တဲ့ခေတ်လိုဆိုပါတယ်။

သခင်မဟုတ်၊ ကျွန်မလုပ်

ကျွန်ဖြူးရှပ်ဝါဒီ အတွေးအခေါ်ပညာရှင်တွေကတော့ '' ကောင်းကင်ဘုံဟာ လူသားတွေကိုမွေးထုတ်ပေးပြီး ဒီလူသားတွေကိုအုပ်ချုပ်ဖို့ အုပ်ချုပ်သူလူတန်းစားစေလွှတ်တာဝန်ပေးခဲ့တယ်" လို ရေးသားခဲ့ကြတယ်။ သို့သော်လဲ ကောင်းကင်ဘုံဟာ အဘယ်သို့များ စကားလုံးပေါင်းများစွာနှင့် မင်းစိုးရာဇာ​တွေ ဆက်သွယ်

ခိုင်းစေညွှန်ကြားခဲ့တာလဲ။

ဒါဟာ တစ်ကယ်တန်းတော့ ကိုယ်ကျိုးစီးပွားအတွက် လူတစ်စုက ကိုယ့်ဘက်ကိုယ်ယက်ပြီးရိုးမယ်ဖွဲ့ခြင်းမျိုးကား ပို၍ဖြစ်နိုင်သည်။ အရှိတရားအရတော့ အားကြီးသူဟာ အားနည်းသူကိုဖိနှိပ်တတ်စမြဲဖြစ်ပြီး အားနည်းသူက အားကြီးသူများကို လျှောက်တင်ဦးညွှတ်ကြရသည်။ ကလိမ်ဉာဏ်ရှင်များဟာ အပြစ်ကင်းစင်သူများကိုလှည့်ဖျားကြပြီး အပြစ်ကင်းစင်သူများဟာ ကလိမ်ဉာဏ်ရှင်တို့ဆီ အခစားခံကြရသည်။ မောင်မောင် ခေါ် ဘုရားထူးရတဲ့

ရှင်ဘုရင်နှင့် ကျေးကျွန်ကြားက ဆက်ဆံရေးဟာ ပစ္စည်းမဲ့ အာဏာမဲ့သူများမှာ အင်အားရှိသူများရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိလာသောကြောင့်ပဲ

ဖြစ်တယ်။ ဤသို့သော ကျွန်နှင့်သခင် ဟူသည့်လူမှုရေးအဆင့်အတန်းကွာခြားချက်များဟာ အားကြီးသူနှင့်အားနည်းသူ၊ ကလိမ်ဉာဏ်ကျသူနှင့် ရိုးသားဖြောင့်မတ်သူကြားက ပဋိပက္ခများရဲ့ရလဒ်သာဖြစ်ပြီး ကောင်းကင်ဘုံနှင့်လားလားမျှမသက်ဆိုင်ပါ။ကမ္ဘာကြီးဟာ တိုင်းနိုင်ငံတွေအဖြစ်ကွဲပြားမဖြစ်ပေါ်လာမီ မူလအခြေအနေတွင် wu-ming( Identity နှင့် Property ကိုဆန့်ကျင့်သော တောက်ဝါဒ၏တန်ဖိုးတစ်ခု၊ နောက်ပိုင်းတရုတ်ပြည်တွင် လွှတ်လပ်စွာပြောဆိုခွင့်အတွက် အသုံးပြုလာကြသည် အမည်မဲ့သို့မဟုတ် အမည်မသိ) တန်းဖိုးထားကျင့်သုံးကြသည်။

သတ္တဝါအားလုံးဟာလည်း မိမိကိုယ်မိမိရောင့်ရဲတင်းတိမ်ခြင်းဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်။ သစ်ကြမ်းပိုးပင်ရဲ့အခေါက်တွေကိုခွာဖို့၊ ဆိုးဆေးထုတ်ဖို့ အပင်ကိုဖြတ်တောက်ကြဖို့ ဒီအပင်တွေဟာ လိုလိုလားလားတောင်းဆုပန်ခဲ့ကြတာမဟုတ်သလို ရစ်ငှက်တွေရဲ့အမွှေးကိုနုတ်ဖို့၊ တံငှါငှက်တွေရဲ့နှုတ်သီးတွေကိုဆွဲခွာပစ်ဖို့ ငှက်တွေရဲ့ကြည်ကြည်ဖြူခံခဲ့ကြတာမဟုတ်ပါဘူး။

ဇက်ကြိုးတပ်ခြင်းဟာ မြင်းတွေရဲ့သဘာဝအရဖြစ်ပေါ်လာတဲ့ သဘောတူညီမှုနဲ့တင် မပြီး၊ ထမ်းပိုးတင်ပြီး လယ်လုပ်ခိုင်းခြင်းဟာ နွားတွေကိုပျော်ရွှင်ကျေနပ်စေမည်မဟုတ်ပါ။ ကလိမ်ဉာဏ်ဟူသည် စစ်မှန်သောသဘာဝအခြင်းအရာများအပေါ် ဆန့်ကျင်ခြင်းအပေါ်အားစိုက်ထုတ်မှုမှ အခြေခံပေါ်ပေါက်လာခြင်းဖြစ်သည်။ သတ္တဝါများအပေါ် ကျွန်ပြုချယ်လှယ်ရသည့်တကယ့်အကြောင်းတရားမှာ လူသားတွေရဲ့ မလိုအပ်တဲ့ အဆင်တန်စာအယောင်အဆောင်ပစ္စည်းတွေကို ဖော်ဆောင်ဖို့ပင်ဖြစ်သည်။ လေမှာကျက်စားတဲ့ငှက်တွေကို အယောင်အဆောင်တွေဖန်တီးဖို့ဖမ်းဆီးသတ်ဖြတ်ကြတယ်။ သဘာဝအရ အပေါက်တွေရှိမနေသင့်တဲ့ သတ္တဝါတွေရဲ့နှာခေါင်းတွေကိုအပေါက်ဖောက်ကြသည်။ သားရဲသတ္တဝါတွေကိုသဘာဝက လွတ်လပ်စွာနေဖို့ခြေထောက်တွေဖြစ်ပေါ်စေခဲ့သော်လည်း လူသားတွေဟာ ထိုခြေထောက်တွေကိုကြိုးတုပ်ဖမ်းဆီးကြသည်။ ထိုအခြင်းအရာအားလုံးမှာ ပြုကျင့်ခံရသောသတ္တဝါများ၏ ကံကြမ္မာ ကြောင့်မဟုတ်ပေ။ အားလုံးဟာ အန္တရာယ်ကင်းကင်းနေထိုင်ဖို့မွေးဖွားလာကြသည်။

ဒီလိုအလုပ်တွေကို လူသားတွေဟာ လုပ်အားစိုက်ထုတ်ပြီး လုပ်ကြတာဟာလဲ ရုံးကနားထဲကလူကြီးမင်းများစည်းစိမ်ခံစားကြဖို့ပါပဲ။

ရာထူးမြင့်သူများအတွက်များပြားလှသည့် လစာငွေများ ဒီရေအလားတိုးပွားလာချိန်မှာလဲ

အလုပ်သမားများမှာ လုပ်ခလစာဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလို့ လုပ်သလောက်မရ နည်းသထက်နည်းပါးလာရပါတယ်။

သေပြီးတဲ့နောက် အန္တသုခချမ်းသာတွေခံစားရမယ်ဆိုသည်မှာလဲ ကောင်းသည်။ ဒါပေမယ့် အရင်ဆုံးမသေရတာကပဲ ပိုကောင်းတယ်မဟုတ်ဘူးလား။

ထို့အတူပဲ တစ်ကယ်မရှိတဲ့ ဂုဏ်သိက္ခာအတွက် နုတ်ထွက်ပြီး၊ လစာမယူတာထက် အစောကတည်းက နုတ်ထွက်စရာမလိုအောင် ရာထူးတွေမယူ၊ ရုံးကနာဌာနတွေမရှိတာ ပိုမကောင်းဘူးလား၊ သစ္စာနဲ့ အမှန်တရား ဆိုတာ အင်ပါယာထဲ သူပုန်တွေ ဝင်လာချိန်မှ သိပါလိမ့်မယ်၊ မိဘမေတ္တာနဲ့ ဂါရဝတရား ဆိုတဲ့ မိသားစုင်

တွေကွေးကွင်းကြချိန်မှာပဲ သိလာပါလိမ့်မယ်။

လွန်ခဲ့သောနှစ်ပေါင်းများစွာ အစောပိုင်းကာလများတွင် လောကတွေမှာ သခင်ဟူ၍မရှိ၊ ကျွန်ဟူ၍မရှိ။ သောက်ရေအတွက် ရေတွင်းများဟာ မိခင်နို့သဖွယ် လူသားတိုင်းကို

အကျိုးပြုပြီး အစားသောက်ဖို့အတွက်ပဲ လယ်ယာထွန်ယက်စိုက်ပျိုးကြတယ်။

တစ်နေ့တာအလုပ်လုပ်ချိန်ဟာ မနက်ဝေလီဝေလင်း နေထွက်ချိန်မှစလို့ ညနေစောင်းနေဝင်ချိန်မှာအဆုံးသတ်ကြတယ်။

လူသားတိုင်းဟာ လွတ်လပ်ပြီး လွယ်ကူချောင်ချိတဲ့ဘဝကိုပိုင်ဆိုင်ကြရတယ်။

တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်မှု၊ အကောက်ကြံမှု မရှိဘူး။ ထို့အတူ တစ်ယောက်နဲ့တစ်ယောက် အမွမ်းတင်ခြင်း၊ ကပ်ဖားယက်ဖားလုပ်ခြင်းဆိုမျိုးလည်းမရှိကြဘူး။ မြေလွတ်မြေရိုင်းများတွင် လူသွားလမ်းများ၊ လမ်းမကြီးများမရှိ၊ မြစ်ချောင်းစတဲ့ ရေလမ်းကြောင်းများမှာလဲ လှေသမ္မာန်တွေ ကူးခတ်မနေဘူး၊ တံတားများလဲမဆောက်လုပ်ကြသေး။ အဘယ့်ကြောင့်ဆိုသော် လူသားများဟာ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်မှုအတွက် အပိုင်စီးအမြတ်ထုတ်ကြဖို့ နယ်မြေတစ်ခုနှင့်တစ်ခု ဆက်သွယ်သွားလာရန်မလိုအပ်သောကြောင့်ဖြစ်သည်။ လူသားများ တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ကြသောကြောင့် စစ်တပ်ဆိုတာလဲမရှိသေးဘူး။

လူသားများဟာ ဘယ်သို့သောအသိုက်အမြုံမျိုးကိုမှ တက်ယူစူးစမ်းမကြည့်၊ နက်ရှိုင်းသောရေအောက်လောကသို့ ငုပ်လျှိုးစပ်စုလိုစိတ်မရှိခဲ့ပါ။ ထို့ကြောင့် ဖီးနစ်ငှက်ဟာ အိမ်တံစက်မြိတ်အောက်တွင်အသိုက်ဖွဲ့နေနိုင်ပြီး နဂါးများဟာလဲ ဥယျာဉ်ကန်အတွင်း ပျော်မြူးနေနိုင်ကြသလို့၊ ကြမ်းတမ်းသောကျားရဲဆီသို့ အပူအပင်မရှိလှမ်းလျှောက်နိုင်ပြီး အဆိပ်ပျင်းမြွေများအား ကိုင်တွယ်ချော့မြူနိုင်တယ်လို့ ရှေးဟောင်းကျမ်းတွေကဆိုတယ်။ လူသားများသည် အင်းအိုင်များအတွင်း ပျော်ရွှင်စွာဆော့ကစားသည့်အခါ ရေကြက်ကဲ့သို့သတ္တဝါများသည်လည်း ကြောက်လန့်ပျံပြေးခြင်းမရှိ။ မြေခွေးများ၊ တောယုန်များအားကြောက်လန့်စေခြင်းမရှိဘဲ တောတောင်များထဲသို့ ဝင်ရောက်သွားလာနိုင်တယ်။ အဘယ်သို့သောသူကမျှ အာဏာတိုးပွား စိုးမိုးရေးနှင့် အကျိုးအမြတ်ထုတ်ရေးကို မစဉ်းစားတော့သည့်အတွက် ကြောက်မက်ဖွယ်ရာစစ်ပွဲများ၊ သွေးမြေကျရသောတော်လှန်ရေးများမဖြစ်ပွား။ ကတုတ်ကျင်းတွေ၊ ကျုံးတွေတည်ဆောင်စရာအကြောင်းမရှိသလို လှံများ၊ ဒိုင်းများဟာလည်း သိပ်အသုံးမဝင်ပါ။ သတ္တဝါအားလုံးဟာ လျှို့ဝှက်နက်နဲသော ပေါင်းစည်းမှုတစ်ခုတည်းအတွင်းတွင်ရှင်သန်နေထိုင်ကြပြီး တာအို (Tao) ဟုခေါ်သော The Way အတိုင်း သဘာဝကျကျပေါင်းစည်းညီညွတ်ကြလေသည်။ ပုလိပ်ရောဂါ၊ ကူးစက်ရောဂါတွေ ကျရောက်လေ့မရှိဘဲ သူတို့ရဲ့ဘဝကို သက်တမ်းစေ့နေထိုင်နိုင်ကြပြီး သဘာဝအားဖြင့်သာသေဆုံးကြလေတယ်။ သူတို့ရဲ့နှလုံးသားများဟာ စင်ကြယ်ပြီး သူတို့ဟာ ကလိမ်ကကျစ်ကျခြင်းကိုရှောင်ကြဉ်ကြတယ်။ စားနပ်ရိက္ခာပေါကြွယ်ဝကာ ဝလင်စွာပင် လမ်းလျှောက်သွားလာနိုင်ကြသည်။ သူတို့ရဲ့ စကားတွေမှာ ပကာသနမပါ၊ သူတို့ရဲ့ အကျင့်စရိုက်တွေမှာ ကြွားဝါခြင်းအလျဉ်းမရှိ။ ဒါဆိုရင် ဘာ့ကြောင့်ငွေကြေးဓနစုပုံလာပြီး သူတစ်ပါးရဲ့ကြွယ်ဝမှုကိုလုယူခြင်းတွေ၊ လုယက်သူတွေကို ထောင်ခြောက်ဆင်ဖမ်းဆီးပြီး အပြစ်ပေးခြင်းတွေရှိလာရပါသလဲ။ နောက်ပိုင်း ထိုခေတ်ကြီးပျက်စီးလာသောအခါ လူသားတွေအသုံးပြုဖို့ အသိပညာနှင့်အတူ၊ ကလိမ်ဉာဏ်များ တစ်ပေါင်းတစ်စည်းတည်း ဝင်လာကြတယ်။ လမ်းစဉ်တစ်ခုလုံးနှင့် လမ်းစဉ်၏တရားဟာလည်း ပြိုလဲပျက်စီးခဲ့ပြီး ထက်အောက်အဆင့်အဆင့်အုပ်ချုပ်မှုများပေါ်ထွန်းလာခဲ့တယ်။

ရာထူးတိုးမြင့်ခြင်း၊ ဆင်းရဲမွဲတေခြင်း နှင့် အရှုံးအမြတ် တို့အတွက် ဓလေ့ထုံးတမ်းဆိုင်ရာစည်းမျဉ်းအယူအဆတွေတိုးပွားလာကြတယ်။

ပွဲတက်အဝတ်အစားတွေဖြစ်တဲ့ အထက်တန်းလွှာအသုံးအဆောင် ခါးစည်းစလွယ်တွေ၊ သရဖူး မကိုဋ် ဗောင်းတော်တွေ အင်ပါယာနှင့်သက်ဆိုင်သော ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုကိုးကွယ်သည့် ဝတ်ရုံတွေကို အသေးစိတ်ပေါ်ထွက်လာခဲ့တယ်။ မြေ​ကြီးနှင့်သစ်တောတွေပေါ်မှာ အဆောက်အဦတွေဟာ ရောင်စဉ်တန်းတွေ၊ အနီရောင်၊အစိမ်းရောင်ဆေးခြယ်ထားတဲ့အမိုးဒိုင်းတွေနဲ့အတူ ကောင်းကင်ပေါ်ကိုထိုးထွက်လာကြတယ်။ တောင်ကုန်းတွေပေါ်မှာ ရတနာတွေကိုရှာဖွေကြတယ်။ နက်နဲတဲ့ရေအောက်ကြမ်းပြင်မှာပုလဲတွေကိုရှာဖွေကြတယ်။ သို့သော် ဘယ်လောက်ပဲများတဲ့ တန်ဖိုးရှိရတနာကျောက် တွေစုဆောင်းမိနေပါစေ လူသားတွေရဲ့လိုအင်ဆန္ဒတွေကို ကျေနပ်နှစ်သိမ့်စေဖို့မလုံလောက်ခဲ့ပါဘူး။ တောင်ကြီးလောက်များပြားတဲ့ရွှေတွေပဲ ရှိနေပါစေဦး၊ လူသားတွေရဲ့အသုံးစရိတ်ကိုမဖြည့်တင်းနိုင်တော့ပါ။ လူသားတွေဟာ စာရိတ္တပျက်ပြားခြင်း၊ စိတ်အလိုလိုက်ခြင်းတို့တွင်နစ်မွန်းလာကြပြီး ကြီးမြတ်သော အဦးအစ သဘာဝတရားကြီးရဲ့

ဖြစ်တည်ခြင်း၏ အအုတ်မြစ်ကို ဆန့်ကျင်လာကြတော့သည်။ လူသားတွေဟာ တစ်ရက်ပြီးတစ်ရက် ၎င်းတို့ဘိုးဘေးတွေရဲ့လမ်းစဉ်နှင့်ဝေးကွာလာကြပြီး လူသားရဲ့ရိုးစင်းမှုတွေ နှင့် ဝေးရာကိုသာပြောင်းပြန်လျှောက်လှမ်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ အစိုးရရုံးခန်းများကိုလေးစားရာအဖြစ်သတ်မှတ်လာခဲ့ကြပြီး သာမာန်လူတွေဟာ ဂုဏ်ရှိန်ကျော်ဇော်မှုတွေ အတွက်အပြင်းအထန်ကြိုးစားလာကြခြင်းကြောင့်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုတို့ကိုတန်ဖိုးထားလာပြီး သူခိုး၊ဓားပြတို့ ပေါ်ပေါက်လာကြသည်။ လိုချင်ဖွယ်ရာကောင်းသောရုပ်ဝတ္ထုပစ္စည်းတို့သည် လူသားများ၏အမြင်အာရုံကို ဖမ်းစားနိုင်လာကြပြီး အမှန်တရားနှင့် နှလုံးသား၏ရိုးသားမှုကိုပါ ဖြားယောင်းနိုင်လာကြလေသည်။ လုပ်ပိုင်ခွင့်အာဏာနှင့် အရာရာအပေါ် ကြီးစိုးလိုသောစိတ်ဆန္ဒတို့အပေါ် မြတ်နိုးလာကြပြီး လုယက်ခြင်းအမှုပြုဖို့ လမ်းပေါက်လာခဲ့သည်။ ဒါ့ကြောင့်ပဲ ချွန်ထက်သော၊ ထက်မြက်သောအသွားများနှင့် ဓားလှံလက်နက်များကိုဖန်တီးလာကြတော့သည်။ ထို့နောက်မှာတော့ မတရားသဖြင့်သိမ်းပိုက်ခြင်းတွေ၊ နယ်မြေကျူးကျော်ကျွန်ပြုခြင်းတို့မှာ အဆုံးမရှိဖြစ်ပေါ်လာတော့သည်။ နောက်ဆုံးတွင် လူသားများ၏တစ်ခုတည်းသောအကြောက်တရားမှာ လေးမြားများအားမပြင်းမှာ ဒိုင်းများမခိုင်ခံ့မှာ၊ လှံများမချွန်ထက်မှာ၊ ခံတပ်များ မခိုင်မာတော့မှာကိုသာဖြစ်တော့သည်။ ထိုအခြင်းအရာအားလုံးကို တားဆီးရန်မှာ အစောပိုင်းကာလကတည်းက ဖိနှိပ်မှုနှင့်အကြမ်းဖက်မှုတို့မရှိရန်သာဖြစ်တော့သည်။

ထို့ကြောင့်ပင် "သဘာဝအတိုင်းဖြစ်သော ကျောက်စိမ်းအရိုင်းတုံးကို မသွေးမပြင်ဘဲ ကျိုင်းတော်

ကိုဖန်တီးနိုင်ပါမည်နည်း။ ကိုယ်ကျိုးမငဲ့ခြင်းနှင့်တရားဥပဒေကိုလိုက်နာခြင်းဟာ မူလလမ်းစဉ်နှင့် စစ်မှန်သောတရားမရှိပါဘဲလျက် အဘယ်သို့များ ချီးကျူးထိုက်ဖွယ်ရာဖြစ်နိုင်ပါမည်နည်း" ဟူသောအယူအဆရှိခြင်းဖြစ်သည်။ (Chieh)ဂျက် နှင့် (Chou) ချောင် ကဲ့သို့သော မင်းဆိုးမင်းညစ်တွေဟာ လူသားတွေကို လောင်ကျွမ်းသေဆုံးစေ၊ သူတို့ရဲ့ မှူးမတ်အကြံပေးပုဂ္ဂိုလ်တွေကိုအစုလိုက်အပြုံလိုက်သတ်၊ ပဒေသရာဇ်ရှင်ဘုရင် အချင်းချင်းနှိပ်စက်၊ အသားနုတွေကိုပါးပါးလှီး၊ ယောက်ျားသားတွေရဲ့နှလုံးသားကနေမျက်ရည်ထွက်ကျမတတ်နှိပ်စက်၊ အရိုးတွေချိုးပြီး မင်းဆိုးမင်းညစ်တို့ပြုတဲ့မကောင်းမှုတွေရဲ့အဆုံးစွန်ကိုရောက်ရှိသွားကာ နောက်ဆုံးမှာတော့ လူသားကိုအရှင်လတ်လတ်မီးအပူပေးပြီးပေါင်းတာ၊ ကင်တာမျိုးတွေအထိနှိပ်စက်ယုတ်မာခဲ့သည်။ သူတို့ဘယ်လိုပဲရက်စက်သည်ဖြစ်စေ ဒါဟာပင်ကိုစရိုက်အရ

ဖြစ်နိုင်သလို သာမာန်လူသားပြည်သူတွေရဲ့အထက်အဆင့်အတန်းတစ်ခုမှာအခွင့်ထူးခံအဖြစ်ရှိနေရသောကြောင့်ဖြစ်တယ်။

သူတို့ရဲ့နှိပ်စက်ခြင်း၊ လောဘကြီးခြင်း၊ သတ်ဖြတ်ခြင်းတွေ ဟာ အင်ပါယာတစ်ခုလုံးအတွက်အတုယူစရာဖြစ်သွားခဲ့မယ်ဆိုရင် ဒါဟာတရားဥပဒေပြုသူတွေရဲ့လုပ်ရပ်ရဲ့အကျိုးဆက်သာဖြစ်ပြီး ဒီအကျိုးဆက်ကိုသူတို့ ပါခံစားရမှာဖြစ်ပါတယ်။

သခင်နှင့်ကျွန် ပုံစံ ဆက်ဆံရေး ထွန်းကားလာပြီး နောက်မှာနှလုံးသားတွေဟာ နတ်ဆိုးအသွင်ဆောင်လာကြတယ်။

အပြစ်စ်သားတွေကိုချုပ်နှောင်နှိပ်စက်ခြင်းဟာ ရွှံ့တွေ၊သဲတွေ၊ဖုန်တွေထဲက ပုန်ကုန်ခြင်တဲ့အတွေးတွေကို ဖြစ်ပေါ်စေပြီး၊ ရေမြေသက်နှင်းရှင်တွေဟာ သူတို့ရဲ့ ဘိုးဘေးနတ်ကွန်းကြီး တွေထဲမှာပင် ကျောမလုံလောက်အောင်အကြောက်လန့်နေရတယ်၊ လူထုဟာဆင်းရဲမွဲတေ၊ နာကြီးချက်တွေနဲ့ ဒုက္ခပင်လယ်တောမှာ ဝေဆူလာချိန်မှာ အခိုးအငွေ့လျှံလျှံ နဲ့ တော်လှန်လာကြလိမ့်မယ်၊ အဲ့တာကို ဥပဒေ၊နည်းဥပဒေ တွေနဲ့ ရပ်တန့်အောင်လုပ်ဆောင်ချက်တွေ ပြစ်မှု၊ပြစ်ဒဏ်ချမှတ်ခြင်းတွေနဲ့ တုန့်ပြန်မှုတွေဟာ ရေလျှံနေသော မြစ်တစ်စင်းကို လက်တစ်ဆုပ်စာမြေကြီးနဲ့ ဆည်ဆောက်ဖို့ကြိုးစားနေသလို၊ လက်ညိုးတစ်ချောင်းနဲ့ ရေစီးကြောင်းကို တားဆီးဖို့ အားထုတ်မှုသာဖြစ်နေ

ပါလိမ့်မယ်။