#title သူဌေးမရှိ ဖိအားမပိ #subtitle (“No Boss No Pressure”) #author Bro Y #SORTauthors For The Hood For The People #SORTtopics direct action, Introductory, capitalism, Anarcho-syndicalism #date June 14 #source Retrieved on 2022-06-22 from [[https://www.facebook.com/permalink.php?story_fbid=pfbid0ZhWV6M4zsKiP6cEnaJ9Dnk4M5kJu2EkrUeEABYu3Cb84wPecrkk8bpWcwHczw2QLl&id=102811144997061][facebook.com/permalink.php?story_fbid=pfbid0ZhWV6M4zsKiP6cEnaJ9Dnk4M5kJu2EkrUeEABYu3Cb84wPecrkk8bpWcwHczw2QLl&id=102811144997061]] #lang mya #language Burmese #pubdate 2022-06-20T05:39:37 #notes 44 (Form the Hood of the People For People by The People ) မှ စုစည်းပြုစုရေးသားသည်။ *** “ဆင်ဒိကယ်လစ်ဇင် (Syndicalism) ” မူရင်း ပြင်သစ်စကားလုံးဖြစ်သော ဆင်ဒိကိတ်(Syndicate) သည် ကုန်သွယ်ရေးသမဂ္ဂ ဖြစ်ပြီး ဆင်ဒိကယ်လစ်ဇင် သည် ကုန်သွယ်ရေးသမဂ္ဂ ဝါဒလို အဓိပ္ပါယ်ရပြီး ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ခွင့်ရှိသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရရှိရန်အတွက် အသုံးပြုသော နည်းဗျူဟာတစ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ပုံသေတိကျသော ဆိုရှစ်လစ်လူဘောင်တစ်ခုအဖြစ် အဓိပ္ပါယ်ဖွင့် ဆို၍ မရသော်လည်း အရင်းရှင်စနစ်ကို ဖယ်ရှားနိုင်သော နည်းဗျူဟာတစ်ခုဖြစ်သည်။ အလုပ်သမားထု၏ လက်ငင်းအကျိုးစီးပွားနှင့် ရုပ်ပိုင်ဆိုင်ရာအခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးကို တိုက်ရိုက်ဖြေရှင်းရန်(Direct Action) ကို အသုံးပြုသောနည်းလမ်းတစ်ခုဖြစ်သည်။ နည်းဗျူဟာသည် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်(Reformist)များအပေါ် အခြေမခံပဲ တိုက်ရိုက်လှုပ်ရှားမှု(Direct Action) ကို တိုက်ရိုက် အဖွဲ့အစည်း(Direct Organization) များထူထောင်၍ လက်တွေ့အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်သည်။ *** “တိုက်ရိုက်လှုပ်ရှားမှုနဲ့ ပြုပြင်ပြောင်းလဲရေး” (Direct Action Vs Reforms) လူအဖွဲ့အစည်းအတွင်း အလုပ်သမားထုရဲ့ ပြဿနာကို လက်ငင်းဖြေရှင်းနိုင်ရန် နည်းလမ်းပုံစံအဖြစ် လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်နားရက်တိုးမြင့်ရရှိရေးကနေ၊ အိမ်ငှားများက အိမ်ပိုင်ရှင်ကို အိမ်ယာများ ပြုပြင်ပေးစေရန်အထိ တိုက်ရိုက်လှုပ်ရှားမှုကို အသုံးချနိုင်သည်။ ကိစ္စပြဿနာများကို လက်ငင်းမဖြေရှင်းနိုင်သောနည်းများသည် ပြုပြုပြောင်းလဲရေးလမ်းစဉ် (Reform) များဖြစ်သည်။ *** “ကယ်တင်ရှင်မရှိ မိမိကိုယ်သာကိုးကွယ်ရာ” (No God No Master) ပြုပြင်ပြောင်းလဲရေးလမ်းစဉ် ဆိုသည် မိမိအတွက် အခြားသူများပေါ် မှီခိုအားထား လုပ်ဆောင်ခြင်းများကို ဆိုလိုသည်။ ဥပမာ ရွေးကောက်ပွဲနှင့် လွှတ်တော်နည်းလမ်းများ၊ NGO/NPO Activists များ၊ နိုင်ငံရေးပါတီများမှ Lobby လုပ်သောနည်းလမ်းများနှင့်အတူ အထက်အောက်ဖွဲ့စည်းပုံနှင့် ဒီမိုကရေစီ မရှိသောသမဂ္ဂများမှ မိမိကိုယ်စား အလုပ်ရှင်များနှင့် ညှိနှိုင်းရေးစေ့စပ်ရေးလုပ်ငန်းစဥ်များ လုပ်စေခြင်း တစ်နည်းဆိုသော် အာဏာနိုင်ငံရေးနည်းလမ်း ဖြစ်သည်။ *** “ကုန်ထုတ်မှုအရင်းကိုသိမ်းပိုက်ခြင်း” (Seize the Mean of Production) ပြုပြင်ပြောင်းလဲရေးမဆန်သော လက်ငင်းပြောင်းအလဲရေးလမ်းစဉ်သည် ကာယကံရှင်ကိုယ်တိုင်ပါဝင်လှုပ်ရှားမှုကို အခြေပြုပြီး စုစည်းမှုအင်အားဖြင့် သပိတ်မှောက်ခြင်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကြန့်ကြာစေရန် အချိန်ဆွဲခြင်းများမှ အမြတ်ငွေ စီးဆင်းမှုကို နှောင့်နှေးစေပြီး စက်ရုံ၊အလုပ်ရုံ လုပ်ငန်းများပိတ်သိမ်းစေရန် ဗျူဟာကျကျ ခြိမ်းခြောက်ကာ အပေးအယူဖြင့် ညှိနှိုင်းပြီး ကုန်ထုတ်လုပ်ရေး၏ အရင်းဖြစ်သော Mean of Production ကိုသိမ်းပိုက်ခြင်းဖြစ်သည်။ *** “လခစားစနစ်နှင့် တန်းတူညီမျှရေး” (Wage Slavery and Egalitarianism) နောက်ထပ် ထပ်ဆင့် နည်းဗျုဟာတစ်ခုမှာ ဈေးကွက်ကိုကျော်ဖြတ်၍ စားသုံးသူနဲ့ ထုတ်လုပ်သူတို့ တိုက်ရိုက် ထိတွေ့နိုင်သော (Direct Trade) ကုန်စည်ဖလှယ်မှုနှင့် (Direct Corodination/ Management) တိုက်ရိုက်ချိတ်ဆက်စီမံခန့်ခွဲခြင်းနည်းတို့ကို ဖော်ဆောင်ရန် အလုပ်သမားများအနေဖြင့် အရင်းအနှီးကို ကိုယ်ထူကိုယ်ထစုစည်းပြီး၊ လုပ်အားလည်း ကိုယ်တိုင်ကိုယ်ကျစိုက်ထုတ်ကာ၊ စီမံခန့်ခွဲမှုတိုင်းတွင် ဒီမိုကရေစီ နည်းလမ်းကျ ကုန်ပစ္စည်းတန်းဖိုးမှ အခြားအထွေထွေလုပ်ငန်းစဥ်များအထိ ဆုံးဖြတ်နိုင်သော အသေးနှင့်အလတ်စား ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထုတ်လုပ်မည့် ကုန်ပစ္စည်းနှင့် မြေပြင်အခြေအနေလိုအပ်ချက်၊ အလုပ်ရုံအကြီးအသေးပေါ်မှုတည်၍ ပုံစံများကွဲပြားမည်ဖြစ်သော်လည်း အနှစ်သာရမှာ ကိုယ်ထူကိုယ်ထ တန်းတူညီမျှစိုက်ထုတ်ခွင့်နှင့်အညီတိုက်ရိုက် ဒီမိုကရေစီ(Direct Democracy) နည်းကျ လုပ်ကိုင်စီမံခွင့်ပဲဖြစ်ပါတယ်။ *** “ဆန်းသစ်တီထွင်မှုနှင့် စုပေါင်းစပ်ပေါင်းအရင်းအနှီး” (Collectivise Capital and Technology Innovation ) ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊စက်ကိရိယာများအတွက်သာ အရင်းအနှီးလိုအပ်တော့မည်ဖြစ်ပြီး၊ ယနေ့ခေတ်တွင် Recycling နည်း (ဈေးပေါသော၊ အစားထိုးရနိုင်သော ကုန်ကြမ်း) DIY နည်း(ကိရိယာများကို ကိုယ်တိုင်ပြုလုပ်ဖန်တီးခြင်း) တို့ဖြင့် ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာကြသလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထိရောက်သော လုပ်ငန်းစဥ်းများကိုပါ ကျွဲကူရေပါ ထည့်တွင်းတွက်ချက်လုပ်ဆောင်နိုင်သည်။ လစာစနစ် (Wage System)၏ ဘေးထွက်ဆိုးကျိုး Wage Slavery လခစားကျွန်စနစ် မရှိတော့သည့် အတွက် လုပ်ငန်းအကျိုးအမြတ်ဝေစုသည် မိမိလုပ်ရင်လုပ်သလောက် အကျိုးခံစားရမည်ဖြစ်ပြီး၊ အလုပ်ရှင်အလုပ်သမား အထက်အောက် လူတန်းစားမှာ လဲကွယ်ပျောက်သွားမည်ဖြစ်ကာ တန်းတူညီမျှ လုပ်ငန်းခွင့်တစ်ခုကိုရမည်ဖြစ်သည်။ *** “ယှဥ်ပြိုင်းခြင်းမပြုပဲ၊ ပူပေါင်းဆောင်ရွက်ရန်” (Mutual Aid: Cooperation Not Competition) သို့သော် အဆိုပါ အလုပ်ရုံများသည် လုပ်သားအချင်းချင်း ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချင်းမှု မဖြစ်ပေါ်စေရန်နှင့် သက်ဆိုင်ရာမြို့နယ်လိုက် ရပ်ကွက်လိုက် စားသုံးသူများ၏ လိုအပ်ချက်ကိုလိုက်၍ ထိန်းညှိပေါင်းစပ်လုပ်ကိုင်ပေးရသော ကုန်သွယ်ရေးအသင်းအဖွဲ့သမဂ္ဂများ ထူထောင်ထားရန်လိုအပ်ပြီး အဆိုပါ ကုန်သွယ်ရေးသမဂ္ဂများမှ အလုပ်ရုံ ကိုယ်စားလှယ်များ နှင့် ချိတ်စပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ဥပမာ တစ်နေရာထဲတွင် မုန့်ဟင်းခါးဆိုင် နှစ်ဆိုင်ရှိလျင် အပြိုင်အဆိုင်ရောင်းချခြင်းမပြုပဲ နှစ်ဆိုင်ပူးပေါင်း၍ တစ်ဆိုင်တည်းအဖြစ် ဝန်ဆောင်မှုနှင့်ကုန်ထုတ်လုပ်မှုအဆင့်အတန်းကိုတိုးမြင့်၍ စပ်တူအကျိုးတူပူးပေါင်းလုပ်ဆောင်သော နည်းဖြစ်သည်။ *** “စျေးကွက်အရင်းရှင်စနစ်နှင့် ကုန်စည်အများအပြားထုတ်လုပ်ခြင်း” (Market Capitalism and Mass Production) စားသုံးသူများဘက်တွင်လဲ ကြားခံလက်ကားဈေးကွက်၊ အမြတ်ကြီးစား ပွဲစားဒိုင်များကို အထိုက်အလျောက် မကျော်ဖြတ်ရတော့သဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုတန်းဖိုးမှာ တင့်သင့်မျှတချိုသာသော ဈေးကိုရရှိမည်ဖြစ်သည်။ ဥပမာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတစ်ဦးသည် ဂေါ်ဖီတစ်လုံး၏ ရောင်းတန်းမှာ ကျပ်ငွေ ဆယ်ဂဏန်းသာ ရှိသောလဲ စျေးထဲတွင် ရာဂဏန်းအထိမြုင့်တက်သွားရခြင်းမှာ သယ်ယူပို့ဆောင်စရိတ်နှင့် အခြားကြားထဲတွင်မလိုအပ်သောအဆင့်များစွာနှင့် တစ်ခါတစ်ရံ ကုန်စည်ဒိုင်ပွဲစားများ၏ စျေးကစားခြင်းများကြောင့်ဖြစ်သည်။ Mass Production တွင် ထုတ်သလောက်မသုံးစွဲနိုင်သည့်အခါ ဖြစ်ပေါ်လေ့ရှိသည် ကုန်အိပ်ခြင်၊ ငွေအိပ်ခြင်း ပြသာနာများနှင့် Index Interest ပေါ်ထည့်သွင်းစဥ်းစားရသောပြသာနာများလဲ ကင်းရှင်းမည်ဖြစ်သည့်အပြင် ကုန်ပိုကုန်လျှံနှင့် အလေအလွင့်များကို လျော့ချနိုင်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်မည်ဖြစ်သည်။ ဥပမာ Neighborhood Assemblies ပုံစံ ရပ်ကွက်တစ်ခုအတွင်းအရှိ မုန့်ဖတ်ထုတ်သောအလုပ်ရုံသည် ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဆိုင် သုံးဆိုင်၏ တစ်နေ့တာ လိုအပ်သော မုန့်ဖတ်ပမာဏ ကို ချိတ်ဆက် တိုးလျော့ ထုတ်လုပ်နိုင်ပြီး၊ အဆိုပါ မုန့်ဖတ်ကို ပို့ဆောင်သောဝန်ဆောင်မှုကို ပေးသော Delivery Biker လုပ်သားသည်လဲ တစ်နေ့ အခေါက်အရေအတွက်ကို ကြိုတင်တွက်စ ခန့်မှန်းလိုရနိုင်သည်။ ဤသို့ မုန့်ဟင်းခါးစားသုံးသူအပါဝင် လေးဦးလေးဘက် ကိုင်းကျွန်းမှီကျွန်းမှီခို(Mutualism) ဖြင့် လည်ပတ်နေသော ကုန်ထုတ်လုပ်ဆက်ဆံရေး တစ်မျိုးဖြစ်သည်။ *** “စျေးကွက်ချုပ်ကိုင်မှုနှင့် လက်ဝါးကြီးအုပ်မှုကိုလျော့ချရေး “(Decentralization) ယနေ့ IT နည်းပညာခေတ်တွင် ဈေးကွက်၏ချုပ်ကုန်မှုနှင့် ကုန်သည်ဒိုင်ပွဲစားများ၏လက်ဝါးကြီးအုပ်မှုကို လျော့ချရန်(Decentralize) ပြုလုပ်ရန် လွန်စွာ လွယ်ကူမြန်ဆန်နေပြီဖြစ်ပါသည်။ ထုတ်လုပ်သူနှင့်စားသုံးသူကြား တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ရောင်းဝယ်ခြင်းဖြင့် ချုပ်ကိုင်မှုများကို အတိုင်းအတာတစ်ခုအထိလျော့ချနိုင်သည်။ စိန်ခေါ်မှု နှင့် မြေပြင်အခြေအနေ (၁)ကုန်စည်စီးဆင်းမှု ပြည်ပပို့ကုန်ကို မှီခိုနေရသော ကုန်စည်းစီးဆင်းမှုတွင် ကိုယ်ပိုင်ထုတ်လုပ်ရန် နည်းပညာနှင့်ကျွမ်းကျင်မှု အခက်အခဲများရှိမည်ဖြစ်သော်လည်း တစ်နိုင်တစ်ပိုင် ထုတ်လုပ်မှုသည် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အလုပ်အကိုင်ရှားပါးမှုကို လက်ငင်းဖြေရှင်းရန်ထိရောက်သော နည်းဗျုဟာတစ်ရပ်ဖြစ်သည်။ (၂) ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် ဒီမိုကရေစီယဥ်ကျေးမှု ဤသို့ အလုပ်သမားများကိုယ်တိုင်စီမံခန့်ခွဲသော (Self- Management) အလုပ်ရုံများသည် ရပ်ကွပ်အခြေပြု၊ မြို့နယ်အခြေပြု၊ အောက်ခြေမှမဲစနစ်ဖြင့် တည့်ထောင်ထားသော ကုန်သွယ်ရေး အဖွဲ့များ (self- organized) အချိတ်ဆက်မိမိ ကုန်ထုတ်လုပ်ဆက်ဆံရေးကို တည်ဆောက်ဖို့ အခက်အခဲများစွာရှိမည်ဖြစ်ပေမဲ့ ယနေ့ နည်းပညာ Social Media များကိုအသုံးချ၍ ကျော်လွှာနိုင်မည့်အခွင့်အရေးလဲများစွာရှိသည်။ (၃) မြေပြင်ဓလေ့နှင့် ယဥ်ကျေးမှု စုမဲကိုမဲဖောက်သော ဓလေ့ကို မြန်မာပြည် မြို့ပြဒေသများသာမက တစ်ချို့ကျေးလက်တွေမှာတွေ့ရှိရပါတယ်၊ လစဥ်သတ်မှတ်ကြေးတစ်ခုထည့်သွင်း၍ ပါဝင်သူအများသဘောတူ ယုံကြည်ရသူတစ်ဦးထံငွေအပ်နှံ၍ အလှည့်ကျသော်လည်းကောင်း မဲနိုက်၍သောလည်းကောင်း ငွေများကို ရယူသုံးစွဲပိုင်ခွင့်ရှိတဲ့ အလေ့အထဖြစ်ပါတယ်၊ ဒီအလေ့အထဟာ ကုန်ထုတ်လုပ်ရေးအတွက် အရင်းအနှီးအဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ ဓလေ့ဖြစ်တဲ့အပြင် အများသဘောတူ ဒီမိုကရေစီဆန်ဆန် ကျင့်သုံးသော ဓလေ့စရိုက်တစ်ခုလဲဖြစ်ပါတယ်။ နောက်ထပ် ဥပမာတစ်ခုကတော့ Syndicate သို့မဟုတ် ကုန်သွယ်ရေးအသင်းသမဂ္ဂ ပုံစံမျိုးနဲ့ အလားသဏ္ဍန်တူ အနီးစပ်ဆုံး ဆိုက်ကားဂိတ်မှာ ဂိတ်မှူးပုံစံ ဆိုက်ကားဆရာများကိုစုစည်းပေးပြီး စီမံခန့်ခွဲပေးတဲ့ ပုံစံမျိုးတွေရှိပါတယ်၊ အဲ့ဒီလို စီမံခန့်ခွဲမှုမျိုးတွေကနေ ဒီမိုကရေစီနည်းအတိုင်းသွားမည်ဆိုပါက Syndicalism ပုံစံကို ကူပြောင်းလို့ရပါတယ်။ နောက်ခံသမိုင်း ဆင်ဒိကယ်ဝါဒသည် ၁၈ရာစုတွင် ပြင်သစ်နိုင်ငံမှ စတင်ပေါက်ဖွားလာခဲ့ပြီး ဥရောပတစ်ခွင့်သို့ ပျံနှံခဲ့သည်။ ရုရှားမင်းမဲ့တစ်ဦးဖြစ်သော Mikhail Bakunin နှင့် Syndicalism ကိုတွဲမှတ်ကျော်ကြားသော်လည်းလဲ Syndicalism သည် ပြင်သစ်မင်းမဲ့ဝါဒီတစ်ဦးဖြစ်သော Pierre Joseph Proudhon ၏ Mutaulism မှ မြစ်ဖျားခံပေါက်ဖွားလာသည့်ဟု မှတ်တမ်းများကဆိုကြသည်။ ဘခူးနင်(Bakunin) က လူ့မှုအဆောက်အအုံအသစ်သည် ရပ်ရွာနှင့်မြို့နယ်အခြေပြု လူမှု့လှုပ်ရှားမှုမှသာပေါ်ထွက်လာမည်ဖြစ်သည်ဟုဆိုခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ငြင်းပယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သမိုင်းကြောင်းအရ မာ့စ်ဝါဒီများနှင့် မင်းမဲ့ ဆင်ဒီကယ်ဝါဒီများကြား ကွဲလွဲမှုတွေ၊ တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ယနေ့ခေတ် ဆင်ဒီကယ်ဝါဒ သုသေသီ Ralph Darlington ကတော့ ကားလ်မာ့စ် ကိုယ်တိုင် ဆင်ဒီကယ်ဝါဒ ရဲ့ လွမ်းမှုတွေရှိခဲ့တယ်လိုဆိုပါတယ်။ မာစ့် သီအိုရီနဲ့ ဆင်ဒီကယ် သီအိုရီမှာ တူညီမှုတွေ၊ အပြန်အလည် ဝေဖန်တိုက်ခိုက်မှုတွေနဲ့အတူ အပြန်အလှန်လွမ်းမိုးမှုတွေပါ ရှိခဲ့ပါတယ်။ အရင်းရှင်စနစ်ကို ဆန့်ကျင့်ပေမဲ့ လက်တွေ့အကောင်အထည်ဖော်ရာမှာ နည်းနာတွေကွဲလွဲပါတယ်။ မင်းမဲ့ဝါဒ အတွေးခေါ်ဆန်ဆန် ဆင်ဒီကယ်ဝါဒဟာ Proudhon အယူ Bakunin အယူဟူ၍ လှေနံဓားဒစ် တစ်သတ်မှတ်တစ်ပုံစံထဲ မရှိပဲ လွှတ်လွပ်စွာခေတ်စနစ်နဲ့ ယဥ်ကျေးမှုရေခံမြေခံပေါ်လိုက်လံပြောင်းလဲနေပေမဲ့ အနှစ်သာဖြစ်သော တန်းတူညီမျှရေး နှင့် ပုဂ္ဂလိက လွှတ်လပ်ရေးမှာ အတူတူပဲဖြစ်သည်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ CNT ကုန်သွယ်ရေးသမဂ္ဂဟာအဖွဲ့ဝင်ဟောင်း ဘောဂဗေဒပညာရှင် Abraham Guillen ကတော့ စျေးကွက်ဆိုရှယ်လစ် (Market Socailism) ပုံစံကို ဟာလိုအပ်တယ်လိုဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်ပြီးခေတ်နောက်ပိုင်းမှာ ဆင်ဒိကယ်ဝါဒဟာ ဒီမိုကရက်တိုင်းဇေးရှင်းနှင့်အတူ(Democratization) နှင့်အတူ အားကောင်းလာခဲ့ပြီး၊ မာ့စ်ဝါဒကျဆုံးပြီး စစ်အေးခေတ်နောက်ပိုင်းမှ ယနေ့ခေတ်အထိ ကမ္ဘာတစ်ဝှမ်းမှ အလုပ်သမားလှုပ်ရှားမှုများတွင်အသက်ဝင်လျက်ရှိနေပါတယ်။ နိဂုံးချုပ် အလုပ်သမားများသည် လွှတ်လပ်စွာ ကိုယ်ပိုင်အလုပ်ဖြင့် ကိုယ့်တိုင်စီမံခန့်ခွဲ ရပ်တည်လာနိုင်ပြီး ကိုယ်လုပ်ရင် လုပ်သလောက် အကျိုးခံစားခွင့်နှင့်အတူ အခြေခံ လိုအပ်ချက်များဖြစ်သော စားဝတ်နေရေး လက်ငင်းပြသာနာများကိုလဲ ဖြည့်ဆည်းနိုင်သလို့ ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လွတ်လပ်မှုနှင့် လူမှုဘဝပျောက်ဆုံးလာခြင်းများကို တန်ပြန်ရန် နည်းဗျူဟာဖြစ်သည့်အပြင် လုပ်သားအချင်းချင်း သွေးစည်းညီညွတ်၊ နွေးထွေးဖေးမကာ တန်းတူညီမျှလူမှုဘဝကိုပါ တစ်ပါတည်း တည်ဆောက်နိုင်မှာဖြစ်တယ်လို့ မင်းမဲ့ဆင်ဒိကယ်ဝါဒီတွေက ယုံကြည်ကြပါတယ်။ *** ကျမ်းကိုးစာရင်း 1. How Syndicalism Work by Tom Wetzel Fromer Editor of Anarcho Sydicalist Review Magazine 2. Anarchist Economics:An Alternative for a World in Crisis by Abraham Guillen