#title ဂရေးဘားနဲ့စကားစမြည် #subtitle ကိုယ်ထူကိုယ်ထလှုပ်ရှားမှုနှင့်နိမိတ်လက္ခဏာဆန်ဆန်နိုင်ငံရေး #author David Graeber #date 2011 #uid INTERVIEW WITH DAVID GRAEBER #source https://t.me/theautonomist #lang mya #pubdate 2023-04-05T03:51:56 #authors Ellen Evans, Jon Moses, David Graeber #topics interview, direct action, debt, anthropology, prefigurative politics #language Burmese #publication The Autonomist #notes Translated by Azathoths. Original article: https://www.thewhitereview.org/feature/interview-with-david-graeber/ ၆ လမတိုင်ခင်ကတည်းက ဒေးဗစ်ဂရေးဘားနဲ့တွေ့ဆုံမေးမြန်းဖို့ပြင်ဆင်နေခဲ့စဉ် မနုဿဗေဒပ ညာရှင်၊ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ထင်ရှားလှတဲ့သူ့ရဲ့အကြောင်းကို အင်တာနက်ပေါ်မှာ အရင်ရှာ ဖွေကြည့်ဖို့ကျွန်ုပ်ဆုံးဖြတ်လိုက်ပါတယ်။ ပညာရပ်နယ်ပယ်မှာ သတင်းမွှေးလှသော်လည်း (သူ့မျိုးဆက် မှာ သူကအတော်ဆုံးမနုဿဗေဒသီအိုရီသမားတစ်ဦးအဖြစ်သတ်မှတ်ခံရတာပါ) သူ့အကြောင်းနဲ့သူ့လက် ရာတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေက အင်မတန်မှနည်းပါးနေတာကို အံ့ဩဖွယ် တွေ့ရှိလိုက်ရပါ တယ်။အင်တာဗျူးဆောင်းပါးလေးတစ်ပုဒ်စနှစ်ပုဒ်ပဲရှာလို့တွေ့ခဲ့တယ်။ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အပြိုင်လှုပ်ရှားမှု(alter globalization movement) မှာဆယ်နှစ်အကြာ သူပါဝင်ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံ တွေကို ဖော်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ ယေးတက္ကသိုလ်ကိုသူကျောခိုင်းခဲ့စဉ်တုန်းက အငြင်းပွါးဖွယ် ရာကိစ္စအကြောင်းတွေရေးထားတဲ့ဆောင်းပါး (လက်ရှိမှာသူက လန်ဒန်မြို့ ဂိုးလ်စမစ်တက္ကသိုလ်မှာသင် ကြားနေပါတယ်)၊ နောက်ပြီး London Review of Books မှာ စလာဗို့ဂျိဂျက်နဲ့ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ပညာရပ် ဆိုင်ရာအငြင်းအခုံပွဲပါပဲ။ သို့သော်လည်း ဂျွန်လလောက်မှာကတည်းက ဂရေးဘားနဲ့သူ့လက်ရာအပေါ်လူတွေရဲ့စိတ်ဝင်စားမှု တစ်ဟုန်ထိုးမြင့်တက်နေခဲ့တာပါ။ “ဝေါစထရိလမ်းသိမ်းပိုက်မှု(Occupy Wall Street)” ဖြစ်ရပ်ကို ချဲ့ထွင်၊ ပွါးယူပြီး အောင်မြင်မှုရလာတဲ့အခါ ထိုဖြစ်ရပ်ရဲ့သားလောင်းဘဝကတည်းက ထဲထဲဝင်ဝင်ပါဝင်ဆောင် ရွက်နေတဲ့ ဂရေးဘားကို မီဒီယာတွေကသတိထားမိလာကြပြီး ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စနစ်ဆန့်ကျင် ရေးလှုပ်ရှားမှုရဲ့ “ခေါင်းဆောင်မဟုတ်သောခေါင်းဆောင်(anti-leader)”ဆန်ဆန် ပုံဖော်လာကြပါတော့ တယ်။ အာဝဇ္ဇန်းရွှင်သူ၊ စိတ်ဝင်စားဖွယ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိသူတစ်ဦးဖြစ်တဲ့အလျောက် ဆန္ဒပြပွဲတွေမှာ ဂရေးဘားကနာမည်ကြီးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး (ကမ့်ပ်ရဲ့ကျင့်ဝတ်အရနဲ့ အထက်​ အောက်မဟုတ်တဲ့ဖွဲ့စည်းမှုတွေကြောင့် ဒီဝေါဟာရကို သတိထားသုံးမှတော့ဖြစ်မယ်) ဖြစ်လာတယ်။ သူဟာ ထိုလှုပ်ရှားမှုရဲ့ ပြင်းပြသောဆန္ဒနဲ့ မကျေနပ်မှုတွေကို သမိုင်းအရချဉ်းကပ်မှုပြုခဲ့တဲ့ နှုတ်ရေး ကောင်းတဲ့အစီအရင်ခံသူတစ်ယောက်ပါပဲ။ မကြာသေးခင်ကထုတ်ဝေခဲ့တဲ့ သူရဲ့ Debt : The First 5000 Years က အကြမ်းဖက်မှုနဲ့ဖိနှိပ်မှုတွေ ပြည့်နေတဲ့ ငွေကြေးနဲ့ဈေးကွက်ရဲ့ အပြိုင်သမိုင်းတစ်ခုကို စူးစမ်းလေ့လာထားပြီး ဘလွန်းဘာ့ဂ်ဂျာနယ်ရဲ့ ဘောဂဗေဒရက်သတ္တပတ်ကဏ္ဍမှာ သိမ်းပိုက်ခြင်း(occupation)အတွက် ပညာရပ်ဆိုင်ရာဖရိန်တစ်ခုနဲ့ ထို ဝေါဟာရအတွက် သမိုင်းနဲ့အနက်(genealogy)ဆိုင်ရာဖွင့်ဆိုမှုများပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ တစ် ချိန်တည်းမှာပဲ လတ်တလောကဆောင်းပါးတွေမှာ ဝေါထရိလမ်းသိမ်းပိုက်မှုနဲ့အလားတူလှုပ်ရှားမှုတွေရဲ့ တောင်းဆိုမှုတွေကို ဂရေးဘားကရှင်းပြရာမှာ မီဒီယာတွေက အဲဒီလိုမျိုး တောင်းဆိုမှုဆိုပြီး မည်မည်ရရ ခေါင်းစဉ်တပ်ခြင်းမရှိတာကို နားမလည်ကြပဲ သူတို့တွေက မျှော်မှန်းထားတာနဲ့လက်တွေ့လုပ်နေတာတွေ ဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်ဆိုပြီးပြောတယ်၊ နောက်ပြီး အဲဒါကိုပဲနင်းပြီး ဆန္ဒထုတ်ဖော်သူ တွေက ရှင်းလင်းထင်ရှားတဲ့ပန်းတိုင်နဲ့ သေချာနားလည်သဘောပေါက်မှုတို့မရှိခြင်းရဲ့ သက်သေပါပဲဆိုပြီး လုပ်တယ်။ သို့သော်လည်း ဂရေးဘားက ဝေါစထရိလမ်းသိမ်းပိုက်ခြင်းလှုပ်ရှားမှုရဲ့ မင်းမဲ့ဝါဒနိယာမတွေကို မီးမောင်းထိုးပြလိုက်ပါတယ်။ ထိုသို့ခိုင်မာထင်ရှားစွာအမည်တပ်ထားခြင်းမရှိတဲ့တောင်းဆိုမှုဟာ နိမိတ် လက္ခဏာဆန်ဆန်နိုင်ငံရေး(prefigurative politics) တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်လို့ ဂရေးဘား က ရှင်းပြပါတယ်။ ဆန္ဒထုတ်ဖော်တောင်းဆိုသူတွေက လွတ်လပ်သောလူ့အဖွဲ့အစည်းထဲနေရသလိုပဲနေ နေတာပါ၊ အဲဒီလိုနေနေခြင်းကပဲ လက်ရှိရှိနေပြီးဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာအင်စတီကျူးရှင်းများရဲ့တရား ဝင်မှုနဲ့ တရားဥပဒေရဲ့အမိန့်ကို လက်ခံဖို့ငြင်းဆန်လိုက်သလိုလည်းဖြစ်သွားတယ်။ တောင်းဆိုမှုတစ်ခုကို အမည်တပ်ပြီးတောင်းဆိုလိုက်တာနဲ့ ထိုနှစ်ခုကိုအသိအမှတ်ပြုလိုက်သလိုဖြစ်သွားတယ်လို့ ဂရေးဘား ကဆိုပါတယ်။ ယခုတွေ့ဆုံမေးမြန်းခြင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ဒေးဗစ်ဂရေးဘားနဲ့ လူကိုယ်တိုင်တွေ့ဆုံမေးမြန်း ခဲ့တာပါ။ The White Review: ခင်ဗျားအကြောင်းလေးနည်းနည်းပြောပြပါလား။ မိသားစုနဲ့မိသားစုနောက်ခံအ ကြောင်းရောပေါ့။ David Graeber : နယူယော့ခ်မြို့ မန်ဟက်တန်ဖက်က ချဲလ်ဆီး မှာရှိတဲ့ သမဝါယမတိုက်ခန်းတစ်ခုမှာ ကျနော်ကြီးပြင်းလာတာပါ။ ကျနော့်အဖေကတွင်ခုံအလုပ်သမား ၊ အမေကတော့ အထည်ချုပ်အလုပ်သ မပါ။ နောက်ပြီး အမေက အထည်ချုပ်အလုပ်သမားတွေချည်းပဲစုထားတဲ့ ပင်နဲ့အပ်(Pin And Needles) အမည်ရ ဆိုကဇာတ်အဖွဲ့မှာ အမျိုးသမီးအဆိုရှင်ဖြစ်ခဲ့ဖူးပါတယ်။ ဘရော့ဒ်ဝေးထိလည်း ပေါက်ခဲ့ဖူး တော့ အမေက သုံးလေးနှစ်လောက်နာမည်ကြီးဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ အလုပ်ထဲပြန်ဝင်ရ တာကြောင့် သာမန်ဘဝကိုပဲပြန်သွားခဲ့ရပါတယ်။ အဖေကအလုပ်သမားလူတန်းစားပဲ။ ဒါပေမယ့်လည်း လူတွေတစ်ခါတစ်ရံခေါ်ကြတဲ့ အလုပ်သမားလူတန်းစားထဲကမင်းစိုးရာဇာ(working class aristocracy) ဖြစ်မယ်ထင်တယ်။ စာအုပ်တွေကိုချစ်မြတ်နိုးတယ်၊ ကျွမ်းကျင်မှုရှိရတဲ့အလုပ်တွေထဲက လက်မှုပညာ အလုပ်မျိုးကိုလုပ်တယ်။ ဒါပေမယ့်ကျနော်တို့မှာငွေမရှိပါဘူး။ အဲဒီလိုမိသားစုနောက်ခံကြောင့် အထူးသ ဖြင့် ကျနော်ဘွဲ့လွန်တက်နေတုန်းအချိန်တွေမှာ အတားအဆီးဖြစ်ခဲ့ရတယ်ဆိုတာသိလိုက်ရပါတယ်။ ဆို လိုတာက တခြားဘူဇွာကျောင်းသားတွေထက် ကျနော်က ဥပမာ Oresteia ဆိုပါစို့။ အဲဒီဟာကို တခြား ကျောင်းသားတွေထက် နားလည်တယ်ဆိုသော်လည်းပဲ ကျနော့်မှာ ပရော်ဖက်ရှင်နယ်တွေရဲ့ဟန်ပန်အမူ အရာတွေလုံးလုံးကင်းမဲ့နေပါတယ်။ အဖေကအတတ်နိုင်ဆုံးကြိုးစားခဲ့သေးတယ်။ သူကကျနော့်ကိုတက်ကြွလှုပ်ရှားသူတစ်ယောက်မ ဖြစ်စေချင်ဘူး။ ကျနော်ထင်တာတော့ သွေးစုပ်အမြတ်ထုတ်သူတစ်ယောက်ဖြစ်ခွင့်ရမယ့်အခွင့်အရေးကို ရှောင်လွှဲခဲ့တာအတွက် အပြစ်ရှိသလိုသူခံစားရမယ်ထင်တယ်။ နောက်ပြီး သူ့သားသမီးတွေအတွက်သူက စံပြပုဂ္ဂိုလ်တစ်ယောက်မဖြစ်ခဲ့တာလည်းပါလိမ့်မယ်။ သူကစပိန်မှာတိုက်ပွဲဝင်ခဲ့ဖူးပြီး မင်းမဲ့ဝါဒီအများအ ပြားနဲ့သိတယ်။ ဒါပေမယ့် မင်းမဲ့ဝါဒီတစ်ယောက်တော့ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူး။ ဘာစီလိုနာမှာသူနေခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက အဲဒီမှာ မင်းမဲ့နိယာမတွေကိုကျင့်သုံးနေတာပါ။ အဲဒါတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုသူပြောပြဖူးတယ်။ ဘာစီလိုနာက ကမ္ဘာ့ သမိုင်းမှာ အကြီးမြတ်ဆုံးသောလက်တွေ့စမ်းသပ်မှုတွေထဲကတစ်ခုပါလို့ သူအမြဲပြောတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီမှာကျနော်တို့သိလိုက်ရတာက ကော်လာဖြူအလုပ်သမားတွေဟာ တကယ်တမ်း ဘာမှ မလုပ်ဘူးဆိုတာပါပဲ။ ဘာစီလိုနာမှာ တော်လှန်ရေးဆိုတာက မန်နေဂျာတွေအကုန်ကန်ထုတ်ပစ်ပြီး သူတို့ မပါပဲအလုပ်ဆက်လုပ်နေတာပါပဲ။ ခုထိလည်းဒါကဘာမှမပြောင်းလဲသေးပါဘူး။ The White Review : အရွယ်ရောက်လာတော့ ခင်ဗျားအပေါ် အထူးသဖြင့်လွှမ်းမိုးတဲ့လက်ရာမျိုး စာရေး ဆရာမျိုးတွေရှိလား? David Graeber : အရွယ်ရောက်လာတော့ အိမ်မှာစာအုပ်တွေအများကြီးပါ။ ဝေဖန်ရေးနဲ့ပတ်သက်တဲ့စာ အုပ်တွေပဲမရှိတာ။ ကျနော်ပြောချင်တာက ကျနော့်မိဘတွေမှာ အရင်းကျမ်းတော့ရှိတာသေချာတယ်၊ အ နည်းဆုံးတော့ အတွဲ ၁ကတော့ရှိမှာပဲဗျာ။ ဒါပေမယ့် ကမ္ဘာကြီးကဘယ်လောက်တောင်ပဲဆိုးဝါးလှတယ် ဆိုတာကိုပြောထားတဲ့စာအုပ်တွေတော့သိပ်မရှိဘူး။ ကျ​နော့်မိဘတွေမှာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေ ရှိတယ်ဗျာ၊ သမိုင်း၊ မနုဿဗေဒနဲ့ပတ်သက်တာတွေအများကြီးရှိတယ်။ ကျနော်ထင်တာ သူတို့ရဲ့သဘော ထားက ဒီလိုဖြစ်မယ်ထင်တယ်၊ “မနက်ကိုးညငါးအလုပ်ဆင်းပြီး ဒီစနစ်ကြီးကဘယ်လောက်ထိဆိုးဝါးလှ တယ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရပြီးပြီ။ ဒါတွေနဲ့ပတ်သက်ပြီးမဖတ်ချင်တော့ဘူး။အခြားနည်းလမ်း နဲ့ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာတွေကိုပဲသိချင်တော့တယ်”။ ကျနော်လည်းအခုထိအဲလိုပါပဲ။ စင်ပေါ်ကနေတစ်ခုခုဆွဲထုတ်လိုက်ရင် တစ်ခြားကမ္ဘာကိုလုံးလုံးရောက်သွားတာမျိုးကျနော်ကြိုက်တယ်။ နိုင်ငံရေးသီးသန့်မဟုတ်ပေမယ့်လည်း ဖွင့်ဖတ်ကြည့်လိုက်ရင်ရှင်သန်နေထိုင်မှုပုံစံလုံးဝကွဲပြားနေတာမျိုး တွေကိုကျနော်ကြိုက်တယ်။ အော်ဝဲလ်ရဲ့ ကာတာလိုးနီးယားသို့ဦးညွှတ်ခြင်းကလည်း ကျနော့်အတွက်အရေးပါပါတယ်။ အဖေ ကနိုင်ငံရေးပတ်သက်ပြီးတီးမိခေါက်မိရှိအောင်ကျနော့်ကိုပေးခဲ့တာပါ။ ပြီးတော့လည်း ဖတ်တဲ့အခါမှာ တရားသေအမှန်လို့စွဲမှတ်မယူဖို့ပြောတယ်ဗျ(a grain of salt)။ စပိန်နဲ့ပတ်သက်တာတွေဖတ်တိုင်း အမှန် ချည်းပဲမယူဆဖို့ပြောပါတယ်။ The White Interview : ယူ​ကေမှာဆိုရင် ကျနော်တို့ တစ်ခါတစ်လေ”လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်”ဆို တာကိုပြောဖြစ်ကြတယ်ဗျ။ ဆန္ဒထုတ်ဖော်ခြင်းကို အခွင့်အရေးကဏ္ဍအတွင်း ထည့်သွင်းစဉ်းစားဖို့လိုမ လား? David Graeber : ကျနော်မြင်တာတော့ “ဆန္ဒထုတ်ဖော်ခြင်း” ဝေါဟာရကိုကပြဿနာရှိနေတယ်ဗျ။ “ဆန္ဒ ထုတ်ဖော်”မှတော့ ဆုံးရှုံးလိုက်ရပြီဆိုတာထင်ရှားတာပဲလေ။ ယှဉ်ပြိုင်ဖက်တွေက ပုံသေနေရာမှာရပ်ပြီး တစ်ယောက်ကိုတစ်ယောက်အကဲစမ်းနေကြတဲ့ပြိုင်ပွဲတစ်ခုလိုပဲ။ဖူးကိုးရဲ့ ကြပ်မတ်ခြင်း(disciplinary)က စားပွဲလို တစ်ယောက်ကိုတစ်ယောက်ဖွဲ့စည်း(constitute)ပေးသလိုဖြစ်လာတယ်။ ဒီသဘောတရားအရ ဆိုရင် ဖူးကိုးမှန်ပါတယ်၊ ခုခံမှုရှိမှ ပါဝါဆိုတာဖြစ်လာတာ။ ဒါကြောင့် ကိုယ်ထူကိုယ်ထ(direct action) ဆို တဲ့အယူအဆကိုကျနော်သဘောကျတာပါ။ ကျနော်ထင်တာ ကျနော်တို့တွေနောက်ကိုပြန်လျှောက်နေကြ သလိုပဲ။ နောက်ပြီး ကျနော်ယူအက်စ်ကနေလာတာဗျာ၊ ဒီမှာဘာတွေပိုကောင်းလဲကျနော်သိတာပေါ့။ ယူ အက်စ်မှာဆိုရင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ပိုင်ခွင့်၊ သဘောထားကွဲလွဲပိုင်ခွင့်နဲ့ အစိုးရကိုဆန့်ကျင်ပိုင်ခွင့် တို့က ဖွဲ့စည်းပုံအခြေခံဥပဒေထဲအတိအလင်းရေးထားပေမယ့် ဘယ်သူမှအရေးမလုပ်ကြဘူး။ The White Review : ဒါဆိုကျနော်တို့ခွဲခြားမှုလေးတွေလုပ်လိုက်ရအောင်၊ ကိုယ်ထူကိုယ်ထလှုပ်ရှားမှုနဲ့ ဆန္ဒထုတ်ဖော်ခြင်းတို့ကဘာကွာလဲ? ဒါမှမဟုတ် ကိုယ်ထူကိုယ်ထလှုပ်ရှားမှုနဲ့ အမိန့်အာဏာဖီဆန်ခြင်းက ဘာကွာခြားလဲ? “ကိုယ်ထူကိုယ်ထလှုပ်ရှားမှု”ဆိုတဲ့ဝေါဟာရက ဘာထူးခြားမှုရှိနေလဲ? David Graeber : ပါဝါအဆောက်အအုံရဲ့တရားဝင်မှုကိုအသိအမှတ်ပြုဖို့ငြင်းဆန်တယ်လို့အဓိပ္ပာယ်ရတဲ့ အတွက် မင်းမဲ့ဝါဒီတွေက ကိုယ်ထူကိုယ်ထလှုပ်ရှားခြင်းကိုသဘောကျကြပါတယ်။ သို့မဟုတ်လည်း ပါဝါ အဆောက်အအုံရဲ့လိုအပ်မှုကိုငြင်းဆန်တယ်လို့လည်းပြောလို့ရတယ်။ စည်းကမ်းကြပ်မတ်ခြင်းကစားပွဲ (disciplinary game) ကနေလုံးလုံးထွက်လိုက်ပြီး ကိုယ့်အလုပ်ကိုကိုယ့်ဟာကိုယ်လုပ်နိုင်တယ်လို့ပြော လိုက်တာလောက် အာဏာပိုင်တွေရဲ့စွမ်းအားစုတွေကိုခံရခက်စေတာမရှိတော့ပါဘူး။ ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုဆိုတာက ခင်ဗျားလွတ်လပ်နေပြီးဖြစ်ကြောင်းပြသလိုပါပဲ။ ရေတွင်းဆိုတဲ့ဥပမာဟောင်းနဲ့ပဲပြမယ်ဗျာ။ ရေအရင်းအမြစ်ကိုလက်ဝါးကြီးအုပ်ထားတဲ့မြို့တစ် မြို့မှာ မြို့ဝန်ကလည်း လက်ဝါးကြီးအုပ်ထားတဲ့ကုမ္ပဏီနဲ့ ပုလင်းတူဘူးဆို့ဖြစ်နေတယ်။ မြို့ဝန်အိမ်ရှေ့ သွားပြီးဆန္ဒပြတာက ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး မြို့ဝန်အိမ်ကိုသွားပြီးပိတ်ဆို့ထားတာက အာဏာဖီဆန်မှု ဖြစ်တယ်။ ဒါပေမယ့်ကိုယ်ထူကိုယ်ထလှုပ်ရှားမှုဆိုတဲ့ direct action မဟုတ်သေးဘူး။ ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုဆိုတာက ခင်ဗျားကိုယ်တိုင်ခင်ဗျားသောက်ဖို့ရေတွင်းကို ကိုယ်တိုင်လက်နဲ့တူးဖော်လိုက်တဲ့အ ခါမှဖြစ်လာတာ။ ဘာကြောင့်ဆို ဒါကရေမရှိတဲ့အခါ လူတွေလုပ်လေ့လုပ်ထရှိတာမျိုးပဲ။ ဒီအချက်အရ မာလာဂါစီလူမျိုးစုဟာ လုံးဝကိုယ်ထူကိုယ်ထလှုပ်ရှားနေကြသူတွေပဲလို့ပြောလို့ရတယ်။ သူတို့ရဲ့ကိုယ် ထူကိုယ်ထလှုပ်ရှားမှုက အမြင့်ဆုံးအဆင့်လို့ပြောလို့ရပေမယ့် အဲဒါကိုသူတို့စွန့်လွှတ်ချင်စွန့်လွှတ်လိုက် မယ့်အခြေအနေမှာလည်းရှိနေပါတယ်။ The White Review : ခင်ဗျားပြောခဲ့တဲ့ မာလာဂါစီရဲ့နိုင်ငံတော်သီအိုရီက စိတ်ဝင်စားစရာကောင်းပါတယ်။ ခင်ဗျားအဲဒီကိုစရောက်တော့ ဘာမှထူးခြားတာမတွေ့သေးပဲ နောက်ပိုင်းကျမှ အံ့ဩဖွယ်ရာတွေကိုတွေ့ လိုက်ရတယ်လို့ခင်ဗျားရေးထားတာတွေ့တယ်။ တကယ်တမ်းလည်း နိုင်ငံတော်က သူရဲ့မူလလုပ်ငန်းစဉ် ကိုစွန့်ပစ်လိုက်ခဲ့ပြီးပါပြီ၊ ဥရောပမှာ ကျနော်တို့အဲဒါကိုသေချာသဘောပေါက်ပါတယ်။ David Graeber : တကယ်လို့ကျနော်တို့ပြောနေကြတာက အစွန်အဖျားဒေသဆိုရင်၊ ကွန်ကရစ်လမ်းတွေ နဲ့ဝေးရာအစွန်အဖျားဒေသပေါ့။ အဲဒီလိုနေရာတွေမှာ ဘယ်သူမှအခွန်လာမကောက်သလို၊ ပုလိပ်တွေ လည်းမလာကြပါဘူး။ ဒါဆိုရင် မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ အခွန်ကောက်ခြင်းနဲ့ တရားဥပ ဒေစိုးမိုးရေးကို နိုင်ငံတော်ကမလုပ်ပဲနေတာပါ။ အဲဒီထက်သေးတဲ့မြို့ငယ်လေးဆိုရင်လည်း လုပ်တာမရှိ သလောက်ပါပဲ။ မာလာဂါစီလူမျိုးစုက ဒီလို”တော်လှန်ရေးအနေအထားနီးပါးအခြေအနေ”ကို သိမ်သိမ် မွေ့မွေ့နဲ့သွယ်ဝိုက်ဖန်တီးထားတာပါ။ ပဥ္စလက်နည်းနဲ့ဖန်တီးလိုက်သလိုပဲ။ အစိုးရကရှိတယ်လို့တောင် ပြောဖို့ခက်နေပြီး အဝေးကြီးမှာရှိနေတဲ့ အစိုးရလို့သမုတ်လို့ရမယ့်အရာတစ်ခုကို လူတွေကပါးပါးနပ်နပ် နဲ့ အလုပ်ဖြစ်အောင်ကိုင်တွယ်နေကြတာပဲဆိုတာကိုကျနော်သဘောပေါက်လိုက်တယ်။ အဲဒီအယူအဆရဲ့ တစ်စိတ်တစ်ပိုင်းက အာဏာပိုင်တွေကိုသူ့တို့ပျက်ကွက်ခဲ့တဲ့နေရာတွေမှာ၊ သူတို့တာဝန်ရှိကြောင်းသက် သေပြရမယ့်နေရာတွေမှာ ပြန်မထားဖို့ပါပဲ။ သူတို့သာအာဏာကိုအသက်မသွင်းဘူးဆိုရင် မာလာဂါစီတို့ ကသူတို့အပေါ်အံ့ဩစရာကောင်းလောက်အောင်ကိုကောင်းတယ်၊ အာဏာကိုအသက်သွင်းပြီဟေ့ဆိုရင် ခက်ခက်ခဲခဲလုပ်ရပြီသာမှတ်တော့။ အတားအဆီးအနည်းဆုံးကြုံချင်ရင်တော့ ပရိယာယ်ကောင်းကောင်း သုံးရမှာပဲ။ The White Review : ဥပမာတစ်ချို့ပေးလို့ရမလားဗျ။ David Graeber : အစိုးရရဲ့လုပ်ငန်းစဉ်တွေရပ်တန့်သွားကြောင်းကျနော်စသိရတဲ့အချိန်က မြို့ပြင်ကရွာ တစ်ရွာမှာ သူ့ညီမလေးကိုရိုက်နှက်လိုက်တဲ့လူတစ်ယောက်အကြောင်းကြားသိရတဲ့အချိန်ပါ။ ဒေသခံ တွေက fokon’olona လို့ခေါ်တဲ့ ဘုံသဘောတူညီမှုအရဆောင်ရွက်တဲ့ ရိုးရာလူထုအစည်းအဝေးတစ်ခုခေါ် ပြီး သူ့ညီမကိုသူသတ်လိမ့်မယ်ဆိုပြီး ဖြောင့်ချက်တစ်ခုရေးခိုင်းလိုက်တယ်။ ပြီးတော့အဲဒီဖြောင့်ချက်ကို ရဲစခန်းမှာသွားသိမ်းထားလိုက်တယ်၊ ပုလိပ်တွေကလာမှာလည်းမဟုတ်ဘူးလေ။ သူ့ညီမသာတစ်ခုခုဖြစ် ခဲ့ရင် အစောကြီးကတည်းသူဖြောင့်ချက်ပေးတဲ့အတိုင်းဖြစ်လာတာပေါ့။ အဲဒီလိုအိုင်ဒီယာမျိုးပါ။ The White Review : ခင်ဗျားအနေနဲ့ လုံးဝမတူညီတဲ့ တော်လှန်ရေးဆိုင်ရာ မင်းမဲ့သီအိုရီမျိုးရှိတယ်လို့ ယူ ဆပါသလား? ခင်ဗျားပြောနေတာက နိုင်ငံတော်က သူ့ရဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတယ်ထင်ရတဲ့ အခြေအနေ၊ အနည်းဆုံးတော့ ရှိသယောင်ဖြစ်နေတဲ့အခြေအနေတစ်ခုမှာ တစ်ဆက်ထဲမှာပဲ တိတ်ဆိတ် နေပြီး ရှိတယ်လို့ကိုမထင်ရတဲ့အခြေအနေမှာလည်းရှိနေတဲ့ ညှိနှိုင်းဆဲအခြေအနေမျိုးဖြစ်နေတယ်။ David Graeber : အင်း .. ကြက်ဥခွံနဲ့အလားသဏ္ဍာန်တူတဲ့ တော်လှန်ရေးအယူအဆပေါ့။ အခေါင်းဖြစ်တဲ့ အထိနှိုက်လိုက်တာနဲ့ အကုန်ပြိုကျရော။ The White Review : ဆိုတော့ ကြီးမားတဲ့တော်လှန်ရေးအခိုက်အတန့်လည်းမရှိပဲနဲ့ နိုင်ငံတော်ကိုငြင်းဆန် ထားတဲ့အနေအထားပေါ့? David Graeber : အဲဒါဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေအားလုံးကိုထည့်တွေးဖို့လိုမယ်။ အာဏာလက်ကိုင်ထား တဲ့ပုဂ္ဂိုလ်တွေကတော့ စိတ်လိုလက်ရပြန်ပေးမှာတော့မဟုတ်ဘူး၊ နောက်ဆုံးမှာ လမ်းပေါ်ထွက်တိုက်ပွဲ ဆင်တဲ့ကိန်းပဲဆိုက်မှာ။ သို့သော်လည်း မကြာခဏကျနော်ထောက်ပြခဲ့သလို မင်းမဲ့ဝါဒီတွေကစစ်တပ်ကို သွားပြီး ၁၀၁လေကြောင်းချီတပ်ခွဲ(101st Airborne Division)ကိုသွားချတာမျိုးမဟုတ်ဘူး။ သူတို့မှာလည်း နျူနဲ့။ တော်လှန်ရေးအတွက် ယုတ္တိအရှိဆုံးအချိန်က အာဏာရဲ့စွမ်းအားစုတွေ (forces of order) ပစ်ခတ် ဖို့ငြင်းဆန်လိုက်တဲ့အချိန်မှာပါပဲ။ The White Review : ပါဝါအပြိုင်အခြေအနေမျိုး(dual power situation)ကိုဆိုချင်တာလားဗျ? David Graeber : ကျနော်ထင်တာအဲဒီအထိရောက်အောင်သွားလိမ့်မယ်။ ကမ္ဘာကြီးရဲ့အချို့နေရာတွေမှာ အဲဒီအခြေအနေမျိုးရောက်နေတာတွေတောင်ရှိမယ်ထင်ပါတယ်၊ လူတွေကသိပ်မပြောဖြစ်ကြလို့ပါ။ မာ ဒါဂါစကာမှာဆိုရင် ပါဝါအပြိုင်အခြေအနေရှိနေတာအထင်အရှားပဲ။ နှစ်ခုမက သုံးလေးခုတောင်ရှိချင်ရှိ နိုင်တယ်၊ အတိအကျမသိနိုင်ဘူးလေ။ ဇာပါတစ္စတာတို့တတွေလုပ်နေတာလည်း အဲဒါပါပဲ။ ကိုယ်ပိုင်ပြ ဌာန်းခွင့်အတွက်ရပ်ဝန်းပေါ်လာအောင်လုပ်နေတာ။ ဒါကို ဘာနဲ့မှထိပ်တိုက်ရင်မဆိုင်ရပဲမဖြစ်နိုင်ဘူးလို့ ကျနော်ထင်ပါတယ်၊ အဲဒီအတွေးကကလေးဆန်လွန်းတယ်၊ ခက်တာက ရင်ဆိုင်ခြင်းနဲ့ဆုတ်ခွါခြင်းကို သမမျှတအောင် ကြိုပြီးတွက်ချက်ခန့်မှန်းလို့လည်းမရပြန်ဘူး။ The White Review : မနုဿဗေဒကိုခင်ဗျားစတင်လေ့လာတော့ မာဂါဒါစကာရဲ့ဘယ်အပိုင်းက ခင်ဗျားကို စိတ်ပါဝင်စားမှုဖြစ်စေတာလဲ? David Graeber : ဘွဲ့လွန်တက်တုန်း အကြံပေးတစ်ယောက်ကအရင်ဆုံးအကြံပေးခဲ့တာပါ။ မာဂါဒါစကာ ရဲ့ သာမန်ထက်ထူးခြားတဲ့ ကျဉ်းမြောင်းတဲ့နိုင်ငံစွဲမရှိသော သမူဟယဉ်ကျေးမှု(cosmopolitan hybrid cul ture) ကကျနော့်ကိုအတော်ပဲဆွဲဆောင်နိုင်ပါတယ်။ ၎င်းက အစဉ်အလာမနုဿဗေဒရှုထောင့်ကနေကြည့် ရင်လည်း အရောင်စုံအသွေးစုံနဲ့ နှစ်သက်ဖွယ်ကောင်းလှပါတယ်။ သိတဲ့အတိုင်းပဲ အဲဒီကလူတွေက လူ သေကောင်တွေနဲ့ ထူးခြားဆန်းကြယ်တဲ့အရာတွေလုပ်ကြပြီး လူတိုင်းကမှော်ပညာနဲ့ထိတွေ့နေကြတယ်။ သို့သော်လည်း လူတွေပုံသေကားကျစွဲမှတ်ယူထားတဲ့ ယဉ်ကျေးမှုထွန်းကားသောကျွန်းငယ်ပုံစံမျိုးနဲ့ လုံး ဝဆန့်ကျင်ဖက်ဖြစ်နေသေးတယ်။ ပြင်ပကမ္ဘာကလူတွေ အဲဒီကျွန်းပေါ်စပြီးခြေချကတည်းက ကမ္ဘာ့စီးပွါး ရေးထဲရောက်သွားပြီးသားပဲ။ နောက်ပြီး အဖျက်သဘောဆောင်တဲ့မာလာဂါစီယဉ်ကျေးမှုတစ်ခုကိုလည်း ကျနော်တွေ့လိုက်ရသေးတယ်။ အဲဒါက ထွက်ပြေးလာတဲ့ကျွန်တွေဖန်တီးလိုက်တဲ့ ပေါင်းစပ်ထားတဲ့ ပုန် ကန်ယဉ်ကျေးမှု(a hybrid rebel culture)တစ်မျိုးပဲ။ ဆင့်ကဲတိုးတက်မှုပုံစံတစ်ခုမှာပဲပိတ်မိနေခဲ့တဲ့အတွက် လူတွေဒါကိုမမြင်ကြတာဖြစ်မယ်။ မာလာဂါစီဘာ သာစကားဟာ ဘော်နီယိုကျွန်းကနေဆင်းသက်လာတာပါ။ ဒီတော့ ဘော်နီကျွန်းက သမိုင်းဦးလူသားတွေ ဒီကျွန်းပေါ်ရောက်လာပြီး လူဦးရေပြန့်ပွါးလာမယ်၊ရှုပ်ထွေးတဲ့နိုင်ငံတော်ပုံစံတွေဖွံ့ဖြိုးလာပြီး ပြင်ပကမ္ဘာ က ဘာသာတရားတွေနဲ့ထိတွေ့မိလာတယ်။ တကယ်တော့ သမိုင်းကိုကြည့်လိုက်ရင် မာလာဂါစီလူမျိုးက နိုင်ငံတော်တွေရဲ့အကြောင်းနဲ့ ကမ္ဘာ့ဘာသာကြီးတွေရဲ့အကြောင်းကို အစကတည်းကသိကြတယ်ဆိုတာ ကိုတွေ့ရလိမ့်မယ်၊ စိတ်မဝင်စားကြလို့သာသူတို့ကဖာသိဖာသာနေနေကြတာပါ။ အိန္ဒိယသမုဒ္ဒရာတစ် လျောက်က ရွေ့ပြောင်းအခြေချသူတွေနဲ့ပုန်ကန်သူတွေဟာ မာဂါဒါစကာကျွန်းပေါ်စုမိလာကြပြီး ဒေသခံ တွေနဲ့ရောနှောမိလာကြတယ်၊ ပြီးတော့ အဲဒီလိုမျိုးအရိုင်းဆန်လှတဲ့ အဖျက်သဘောဆောင်သောယဉ် ကျေးမှုအခြေခံ (subversive cultural substratum) တစ်ခုကိုဖန်တီးခဲ့ပြီး နောက်ပိုင်းနိုင်ငံတော်ပုံစံ တွေပေါ်လာခဲ့ပေမယ့်လည်း ထိုဟာနဲ့ပဲ ပြန်ပြီးဖြိုချနိုင်ခဲ့ပါတယ်။ The White Review : ခင်ဗျားရေးခဲ့ဖူးတာရှိတယ်၊ အထူးသဖြင့် ပြင်သစ်ကိုလိုနီကာလမှာပေါ့နော်။ မာဂါ ဒါစကာရဲ့နိုင်ငံတော်ကိုဖြိုချပစ်တဲ့နည်းဗျူဟာတွေထဲကတစ်ခုကတော့ အာဏာဆက်ဆံရေးကို ဓလေ့ထုံး တမ်းနဲ့မှော်ပညာနဲ့လည်ပတ်တဲ့ အရိပ်လောကထဲကိုပို့လွှတ်ပစ်တာဖြစ်ပြီး အဲဒီလောကကိုပြင်သစ်လူမျိုး တွေကနားမလည်ကြတဲ့အတွက် အာဏာရရှိရေးမှာအခက်အခဲဖြစ်ရတယ်။ အဲဒါဘာကိုဆိုလိုတာလဲဗျ? David Graeber : မာဂါဒါစကာရဲ့နေရာများစွာမှာ ဒီလိုအယူအဆမျိုးရှိကြတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘုရင်မင်းမြတ်က လူပြန်ဝင်စားပြီး အဲလိုဝင်စားတဲ့အခါကျရင် အသက်ရှင်စဉ်တုန်းကရှိခဲ့တဲ့ အာဏာကို ပြန်လည်ပိုင်ဆိုင်ခွင့်ရတယ်ဆိုတဲ့အယူအဆ။ Gillian Feeley-Harnik ရေးခဲ့သလို အနောက်ဖက်ကမ်းရိုး တန်းမှာနေထိုင်ကြတဲ့ Sakalava လူမျိုးစုက များသောအားဖြင့် ကျေးကျွန်မျိုးကနေဆင်းသက်လာကြတဲ့ ကွယ်လွန်ပြီးရှင်ဘုရင်ပြန်ဝင်စားတယ်ဆိုတဲ့အမယ်အိုကြီးတွေကို ကိုနီခေတ်ကာလအတွင်း အာဏာအရှိ ဆုံးသူအဖြစ်သတ်မှတ်ကြတယ်။ ကိုလိုနီတွေက အဲလိုလူတွေကိုဘယ်လိုသွားညှိနှိုင်းမလဲဗျာ။ The White Review : အဲဒါကမာဂါဒါစကာမှာရှိတဲ့ တော်လှန်ရေးဆိုင်ရာအိုင်ဒီယော်လော်ဂျီလားဗျ? David Graeber : အဲဒါကစိတ်ဝင်စားဖွယ်ကောင်းတဲ့အရာတစ်ခုပါ။ မာဂါဒါစကာမှာ တော်လှန်ရေးဆိုင်ရာ အိုင်ဒီယော်လော်ဂျီတစ်ခုရှိပါတယ်။ ဒါပေမယ့်အဲဒါကို တော်လှန်ရေးဆိုင်ရာအိုင်ဒီယော်လော်ဂျီလို့မခေါ် ဘူးဗျ၊ နိုင်ငံရေးဆိုင်ရာအိုင်ဒီယော်လော်ဂျီလို့လည်းမခေါ်ဘူး။ ၎င်းဟာလူမျိုးစုလက္ခဏာတစ်ခုဖြစ်တယ်။ တကယ်တမ်းတော့ ကျနော်လုပ်ခဲ့ရတဲ့ပရောဂျက်တွေထဲမှာ အဲဒါလည်းပါပါတယ်။ ယဉ်ကျေးမှု(culture) အဖြစ်ကျနော်တို့ရှုမြင်ထားတဲ့အရာတွေကို ပန်းတိုင်ရောက်ရေးကြိုးစားကြတဲ့ လူမှုရေးဆိုင်ရာလှုပ်ရှားမှု (social movement) အဖြစ်ရှုမြင်တာကပိုသင့်တော်ပါတယ်။ မာလာဂါစီယဉ်ကျေးမှုသည် အခြေခံအား ဖြင့် ကမ္ဘာ့ဘာသာကြီးများကိုဆန့်ကျင်ပြီးထွက်ပြေးလာကြတဲ့ ကျေးကျွန်းများစုမိလာကြပြီးတော့ဖြစ် တည်လာခဲ့တဲ့ အမှတ်လက္ခဏာ(identity)တစ်ခုဖြစ်ပါတယ်။ ဆိုးဝါးလှတဲ့ လက်ယာစိတ်ကူးယဉ်ယူတိုးပီးရားတစ်ခုကို ယဉ်ကျေးမှုတစ်ခုမှာ အမှန်တကယ်ဖြစ် တည်လာစေမယ်၊ အစွန်းရောက်ဖိုကြီးစိုးမှုကို တခြားယဉ်ကျေးမှုတစ်ခုထဲပေါ်လာအောင်လုပ်မယ်စသည် ဖြင့် ၎င်းရဲ့ဦးတည်ရာကဘာမဆိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း သမိုင်းကနေစပြီးစဉ်းစားဖို့လိုမယ်လို့ ကျ နော်ထင်တယ်။ လူမှုရေးဆိုင်ရာရာဒီကယ်လှုပ်ရှားမှု၊ တော်လှန်ရေးသမား၊ ဖောက်ပြန်ရေးသမားနဲ့ ခေတ် ပြိုင်နိုင်ငံရေးနယ်ပယ်ထဲကကျနော်တို့နဲ့ရင်းနှီးတဲ့အရာအားလုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀က တီထွင်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့က အဲလိုသင်ကြားခံထားရတာပါ။ လက်ဝဲနဲ့လက်ယာဆိုပြီး ရုတ်တရက်ကွဲသွား တယ်၊ ဒီတော်လှန်ရေးကြီးတွေအားလုံးဟာ ၁၈ရာစုလယ်မှာ ရုတ်တရက်ပေါ်ပေါက်လာတယ်ပေါ့။ ဒါပေ မယ့်ကျနော်ထင်တာ တကယ်တမ်းတော့ အဲဒါတွေအားလုံးက ထောင်ချီလာတဲ့နှစ်ကာလတစ်လျှောက်မှာ ဖြစ်ခဲ့ပြီးသားတွေဖြစ်ပြီး မှတ်တမ်းချန်ခဲ့ဖို့ရာ ဘာသာစကားကျနော်တို့မှာမရှိခဲ့လို့ပဲဖြစ်ပါလိမ့်မယ်။ The White Review : မာဂါဒါစကာမှာကြုံခဲ့ရတဲ့အတွေ့အကြုံတွေကြောင့် ခင်ဗျားတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်လာတာလားဗျ? ပထမဆုံးတက်ကြွလှုပ်ရှားခဲ့တာဘယ်တုန်းကလဲ? David Graeber : ပထမဦးဆုံးစပြီးလှုပ်ရှားခဲ့တာ ၁၉၉၉ခုနှစ်က ဆီယက်တဲလ်တိုက်ပွဲကနေစတာပါ။ အဲဒီ မတိုင်မီကတော့ အဖေ့အကြံပေးချက်အတိုင်း ပညာရှင်တစ်ယောက်အဖြစ်နဲ့ ရိုးရိုးရှင်းရှင်းဖြတ်သန်းသွား မလို့ပါပဲ။ ယေးတက္ကသိုလ်မှာအလုပ်တစ်ခုရခဲ့တယ်။ အဲဒါကသူ့ကိုစိတ်လှုပ်ရှားစေမှာပါ။ မာဂါဒါစကာရဲ့ ထူးဆန်းပြီး တစ်စိတ်တစ်ပိုင်းမင်းမဲ့နေတဲ့ အဲဒီနယ်မြေမှာကျနော်နေခဲ့တာတော့အမှန်ပဲ၊ ဒါပေမယ့်အဲဒီမှာ ဘာတွေဖြစ်နေခဲ့တာလဲဆိုတာကို DAN, Direction Action Network မှာပါဝင်ဆောင်ရွက်တော့မှသာ ကျ နော်သေချာသဘောပေါက်ခဲ့တာ။ မှတ်မိပါသေးတယ်၊ အဲဒီတုန်းက သင်ခန်းစာတစ်ခုရဲ့နောက်ဆုံးလက် ချာကိုကျနော်ပို့ချနေတာ။ နိုင်ငံရေးဆိုင်ရာမနုဿဗေဒသင်ခန်းစာတစ်ခုဖြစ်တဲ့ “ပါဝါ၊ အကြမ်းဖက်မှုနဲ့ စ ကြာဝဠာဗေဒ”ဆိုတဲ့သင်ခန်းစာပါ။ စာသင်ပြီးထွက်လာတော့ သတင်းစာပုံးထဲကဆီယက်တဲလ်မှာမာရှယ် လောအမိန့်ထုတ်လိုက်ပြီဆိုတဲ့ ခေါင်းကြီးကိုကျနော်တွေ့လိုက်ပြီး “ဘာတဲ့? မာရှယ်လောဆိုပဲ”ဆိုပြီးတွေး လိုက်မိတယ်။ ကျနော်အမှန်တကယ်ရှိစေချင်တဲ့နိုင်ငံရေးလှုပ်ရှားမှုက ကျနော်မသိလိုက်ခင်မှာပဲ အမှန်တ ကယ်ဖြစ်လာနေပြီ။ ဒီတော့ကျနော်ဝင်ပါလိုက်တယ်။ ဘုံသဘောတူညီမှု(consensus)၊ လုပ်ငန်းစဉ်၊ တိုက် ရိုက်ဒီမိုကရေစီနဲ့ ကိုယ်ထူကိုယ်ထလှုပ်ရှားမှု စတာတွေကိုသိလာခဲ့တယ်။ အဲဒါတွေအားလုံးကိုနိယာမအ နေနဲ့ ကျနော်နည်းနည်းပါးပါးနားလည်ပေမယ့် ကိုယ်တွေ့မကြုံခဲ့ဖူးဘူး။ The White Review : မင်းမဲ့ရပ်ဝန်းက ဘယ်လိုအလုပ်လုပ်တာလဲဗျ? David Graeber : ကျနော်သဘောကျတဲ့မင်းမဲ့အုပ်စုတွေနဲ့ အစဉ်အလာမာ့စ်ဝါဒီအုပ်စု မတူတာတစ်ခုရှိ တယ်။ အဲဒါကတော့ ကျနော်တို့တွေဟာဘယ်တော့မှ အရှိတရားကိုဆန်းစစ်ခြင်းနဲ့မစဘူး။ ကျနော်တို့ကို သွေးစည်းညီညွှတ်စေတာက မျက်မှောက်အခြေအနေအပေါ်ဆန်းစစ်ပြီးမှဖြစ်လာတာမဟုတ်ပဲ ကျနော် တို့လုပ်ချင်တာကဘာလဲ၊ ဘယ်လိုလှုပ်ရှားမှုမျိုးဆောင်ရွက်ချင်တာလဲ၊ ဘယ်လိုဖော်ဆောင်ကြမလဲ ဆို တာတွေနဲ့ပါ။ တစ်ယောက်ကိုတစ်ယောက်သံသယရဲ့အကျိုးကိုခံစားခွင့်ပေးထားတာကိုလည်း ထပ်ပေါင်း ရမှာပေါ့။ ဘုံသဘောတူညီမှုလုပ်ငန်းစဉ်ရဲ့နိယာမတွေထဲကတစ်ခုကတော့ လူတွေရဲ့စိတ်ရင်းကိုသွားပြီး စိန်ခေါ်လို့မရဘူး။ လူတိုင်းကရိုးသားမှုရှိပြီး ရည်ရွယ်ချက်ကောင်းရှိတယ်လို့ယူဆထားဖို့လိုမယ်။ တထစ် ချယုံကြည်ခိုင်းတာမဟုတ်ဘူးနော်။ မင်းမဲ့ဝါဒီတွေရဲ့အခြေခံအယူအဆမျိုးဖြစ်တဲ့ လူတွေကို ကလေးလို ဆက်ဆံရင် ကလေးလိုပဲတုန့်ပြန်ကြမှာဖြစ်ပြီး လူကြီးတစ်ယောက်လိုဆက်ဆံရင်တော့ အနည်းဆုံးတော့ လူကြီးတစ်ယောက်အနေနဲ့ တာဝန်ယူမှုရှိရှိတုန့်ပြန်လာနိုင်မယ့်အခွင့်အရေးတွေရှိတယ်ဆိုတာကိုဆင့်ပွါး ထားတဲ့ယူဆပုံမျိုးကိုပြောချင်တာပါ။ ဖြစ်ချင်တော့ အဲဒီလိုသဘောထားကြီးမှုမျိုးနဲ့ လူ​တွေကိုသံသယရဲ့ အကျိုးကိုပေးထားပုံမျိုးက ကျနော်ပညာရှင်တစ်ယောက်အဖြစ်လေ့ကျင့်သင်ကြားနေစဉ်အချိန်က ကြုံခဲ့ ရတဲ့အခြေအနေတွေနဲ့ လုံးဝဆန့်ကျင်ဖက်ဖြစ်နေတာပါပဲ။ The White Review : ပညာရပ်ဆိုင်ရာဆွေးနွေးခြင်းအပေါ် မင်းမဲ့ဝါဒီတစ်ယောက်ရဲ့ချဉ်းကပ်ပုံကဘယ်လို ဖြစ်မလဲဗျ? David Graeber : မင်းမဲ့ဝါဒီစိတ်ဓါတ်မျိုးနဲ့ ပညာရှင်စကားဝိုင်းတွေကိုဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ ကို ကျနော်တစ်ခါတစ်လေတွေးကြည့်ဖူးပါတယ်။ ခုထိတော့စဉ်းစားလို့မရသေးဘူး။ အဖြေရှိမှဖြစ်မယ် လို့လည်းကျနော်မထင်ပါဘူး။ ကျနော်ကောက်ချက်ဆွဲနိုင်တာကတော့ စံနှုန်းမတူညီခြင်းကြောင့်နှိုင်းယှဉ် မရနိုင်ခြင်း(incommensurability) ကြောင့်ဖြစ်မယ်။ ကျနော်တို့ နှိုင်းယှဉ်မရနိုင်ခြင်းကို လိုတာထက်ပိုပြီး အလေးထားမိတယ်ထင်ပါတယ်။ Roy Bhaskar အချိန်အတော်ကြာကဆိုခဲ့သလိုပဲ ဒိဌဓမ္မဝါဒီ(positivist) နဲ့အဆောက်အအုံလွန်ဝါဒီ (post-structuralist) တို့ဟာ တစ်နည်းနည်းနဲ့ တူညီတဲ့အနေအထားရှိတယ်။ တစ်ချို့ပြောကြတာတော့ အရှိတရား(reality)ဆိုတာအမှန်တကယ်တည်ရှိရင် ကျနော်တို့အနေနဲ့တိတိကျ ကျပုံဖော်နိုင်ရမယ်၊ ဒီလိုဆိုရင်အဲဒါကအမှန်တကယ်ဖြစ်လာနိုင်တဲ့အရာပဲ။ တစ်ချို့ကျတော့ အဲဒါကြောင့် ပဲမဖြစ်နိုင်တာ ဒါမှမဟုတ် အရှိတရားကအမှန်တကယ်မရှိတဲ့အရာလို့ဆိုကြပြန်တယ်။ ဒါပေမယ့် သူတို့ နှစ်ခုလုံးဟာ တူညီတဲ့အခြေခံယူဆချက်အပေါ်မှာပဲအခြေတည်ထားကြတာပါ။ အလားတူပဲ အဆိုတစ်ခု ကို ထုတ်ဖော်တင်ပြရာမှာ တူညီသောဘာသာစကားကိုအသုံးပြုနိုင်ခြင်းက အဆိုတစ်ခုအပေါ်အနိုင်ရစေ ဖို့အတွက် ဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ယူဆချက်တစ်ခုရှိတယ်လို့ကျနော်ဆိုချင်ပါတယ်။ The White Review : ကိုယ်စားပြုဒီမိုကရေစီက ဒီမိုကရေစီအစစ်အမှန်အတွက် အဟန့်အတားဖြစ်စေသ လိုမျိုး အကယ်ဒမစ်ရပ်ဝန်းကလည်း စဉ်းစားတွေးခေါ်မှုအစစ်အမှန်ကိုအတားအဆီးဖြစ်စေတယ်လို့ပြော နိုင်သလိုပဲ။ David Graeber : အကယ်ဒမစ်ရပ်ဝန်းမှာ လုပ်ငန်းစဉ်အပေါ်မောဟဖုံးခြင်း (obsession with process) ရှိ တယ်။ နောက်ပြီး ပါဝါကွန်ယက်အပေါ်နဲ့ ၎င်းတို့ကိုမည်ကဲ့သို့ဖန်တီးထားခြင်းဖြစ်ကြောင်းတို့အပေါ်မှာ လည်း မောဟဖုံးနေတယ်။ ခုချိန်မှာတော့ တက်ကြွလှုပ်ရှားသူတွေအတိုင်း ချဉ်းကပ်မှုလုပ်ဖို့ရာလွယ်ကူ နေပါပြီ။ အလုပ်တစ်ခုလုပ်ဖို့ ဘုံတူညီတဲ့ဝတ္တရားအချို့အပေါ်အခြေခံလို့ရပါတယ်။ အဲဒီဝတ္တရားက ကျ နော်တို့အားလုံးသည် အမှန်တရားလို့ပဲခေါ်ခေါ်၊ အသိပညာ၊ နားလည်သဘောပေါက်မှု ဒါမှမဟုတ် ဘယ် အရာပဲဖြစ်ဖြစ် တူညီသောအရာတစ်ခုကိုရှာဖွေနေကြခြင်းတူတယ်ဆိုတဲ့အယူအဆတစ်ခုပါပဲ။ ဒီလိုဆို ဘုံသဘောတူညီမှုလုပ်ငန်းစဉ်အတိုင်းပဲ သဘောထားကြီးမှုအချို့လိုအပ်လာမှာပဲ။ အနည်းဆုံးတော့ဗျာ တစ်ယောက်ယောက်နဲ့ခင်ဗျားသဘောထားမတူညီတာရှိလာတဲ့အခါမှာ ကောင်းသောသဘောထားနဲ့ သူ တင်ပြလာတဲ့အဆိုအပေါ် အနက်ပြန်ဆိုခြင်းဖြစ်လာနိုင်ပြီး သဘောထားမတူညီရခြင်းအချက်ကဘာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေါ့လေ ဘယ်ပညာရှင်ကမှအဲဒီလိုမလုပ်ကြ ပါဘူး။ သူတို့လုပ်ပုံကိုင်ပုံက နိုင်ငံရေးသမားဆန်တယ်။ ယှဉ်ပြိုင်ဖက်အပေါ်သဘောထားသေးသိမ်စွာနဲ့ အငြင်းအခုံပွဲများကို အနိုင်ရရေးအတွက် ဘာမဆိုလုပ်မယ့် ဂလက်ဒီယေတာသတ်ပွဲလို သဘောထား ကြတယ်။ ထူးဆန်းတာက သူတို့တွေဟာ ရာဒီကယ်ဖြစ်လှပါတယ်ထင်ရတဲ့အယူအဆမျိုးတွေနဲ့ နောက် ဆုံး တစ်စိတ်တစ်ပိုင်းမင်းမဲ့ဆန်သောနိုင်ငံရေးအဆိုများနဲ့ သူတို့ကိုယ်သူတို့မှန်ကန်ကြောင်း ပြတတ်ကြ တယ်။ အထူးသဖြင့် ဖူးကိုးရဲ့အယူအဆတွေကိုသုံးပြီးတော့ပေါ့။ ဖူးကိုးကိုမှီငြမ်းလိုက်ခြင်းဖြင့် အလုံးစုံအ မှန်တရားဆိုတာမရှိတဲ့အတွက်၊ ပါဝါကပဲအရာရာဖြစ်တဲ့အတွက် ဘုံတူညီတဲ့ရည်ရွယ်ချက်ရှိစရာမလိုပဲ ဂိုဏ်းဂဏဆန်လည်း အဆင်ပြေပါတယ်လို့ဆိုနိုင်သွားတယ်။ အကဲဒမစ်ရပ်ဝန်းကလူတွေ ဖူးကိုးအပေါ်အ နက်ပြန်ပုံက အဲဒီလိုပဲလို့ကျနော်ထင်တယ်။ အကယ်ဒမစ်အများစုအတွက်တော့ သူ့ရဲ့ပါဝါအပေါ်ယူဆပုံ က ပရော်ဖက်ရှင်နယ်နယ်ပယ်ထဲမှာ အရှိတရားရဲ့နောက်ဆုံးမှတ်ကျောက်အဖြစ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ရုပ်ဝတ္ထုဆိုင်ရာထုတ်လုပ်မှုကိုလျစ်လျူရှုလိုက်ပြီး သူတို့ရဲ့လက်ရာတွေက အခုဆို ပညာရှင်တို့ရဲ့ကမ္ဘာမှာ ချန်ပီယံဖြစ်နေပြီပေါ့။ သူတို့အတွက်တော့ စီမံခြင်းနဲ့ထိန်းချုပ်ခြင်းပဲရှိတာထင်ရှားတယ်။ သူတို့နေထိုင်တဲ့ ကမ္ဘာကလည်း “ငါတို့နဲ့သူတို့”ဆိုပြီး သိသာထင်ရှားစွာကွဲပြားနေခြင်းမရှိတဲ့ ကွန်ယက်တစ်လျှောက်မှာ ပါ ဝါဟာပြန့်နှံ့နေတယ်။ အရှိတရားဆိုတာက လူတွေကိုခင်ဗျားနားချနိုင်တဲ့အရာတွေကိုခေါ်တာ။ အရာရာ တိုင်းက နည်းဗျူဟာဆိုင်ရာကစားပွဲတွေသာဖြစ်ပြီး လူတိုင်းက လူတိုင်းအပေါ်ကိုစိုးမိုးနိုင်ဖို့ကြိုးစားနေ ကြတယ်။ အဲဒါကအဆိပ်အတောက်ပဲလို့ကျနော်ထင်တယ်ဗျ။ The White Review : ခင်ဗျားနောက်ဆုံးထွက်ထားတဲ့စာအုပ်က “Debt” ဆိုတာနော်။ ခင်ဗျားတင်ပြခဲ့တဲ့အ ဆိုတွေထဲကတစ်ခုကတော့ “ကြွေးမြီ”တည်းဟူသောအယူအဆ စွမ်းအားကြီးမားရခြင်းအကြောင်းသည် လူတွေက ထိုအရာဟာအမှန်တကယ်တမ်းကဘာလဲဆိုတာကို လူတွေသေချာမသိကြလို့ဖြစ်တယ်ဆိုတာ နော်။ “ကြွေးမြီ”အပေါ်ခင်ဗျားသေချာနားလည်နေပြီလား? David Graeber : ဟုတ်ကဲ့။ ကြွေးမြီဆိုတာ ကတိကဝတ်ရဲ့ဖောက်လွဲဖောက်ပြန်ပုံစံပါ။ ဂဏန်းသင်္ချာနဲ့ အ ကြမ်းဖက်မှုကနေတစ်ဆင့်ဖောက်လွဲဖောက်ပြန်ဖြစ်သွားတဲ့ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ဂဏန်းသင်္ချာ ကိုမကောင်းဘူးကျနော်မပြောဘူးနော် ဒါပေမယ့် ဂဏန်းသင်္ချာနဲ့အကြမ်းဖက်ခြင်းနှစ်ခုပေါင်းလိုက်ရင် တော့အဆိုးဆုံးပဲ။ ကြွေးမြီဆိုတာက သတ်မှတ်ထားတဲ့အချိန်၊ အခြေအနေအောက်မှာ ငွေပမာဏအချို့ကို ပြန်ပေးရမယ်ဆိုတဲ့ကတိကဝတ်ဖြစ်တယ်။ စွမ်းအားတစ်ခုနဲ့ခြိမ်းခြောက်ထားတာ စာချုပ်တစ်ခုပါ။ ပြ ဿနာကဘာလဲဆိုတော့ ဖောက်ပြန်သောသမိုင်းရဲ့အဂ္ဂိရတ်ဆရာတွေကနေပြီး အဲဒီလိုမျိုးအကြမ်းဖက် တဲ့အမှုတစ်ခုက ကျနော်တို့ရဲ့ကိုယ်ကျင့်တရားအနှစ်သာရအတွင်းဝင်ရောက်လာတာပါပဲ။ The White Review : ဒါကမျက်မှောက်စီးပွါးရေးအခြေအနေအပေါ်ထင်ဟပ်နေလားဗျ? David Graeber : ဒါကအခုကျနော်တို့ကြုံတွေ့နေရတဲ့မျက်မှောက်အခြေအနေပါပဲ။ နောက်ပြီးကျနော့်ကို အံ့အားသင့်စေတာက သူတို့ဘဝတွေရဲ့အစိတ်အပိုင်းတိုင်းကို အဲလောက်ထိထိခိုက်စေတာတောင်မှ လူ တွေက နာကျည်းခြင်းမဖြစ်တာကိုပဲ။ ၎င်းဟာ လူ့အသိုင်းအဝိုင်းအပေါ်တိုက်ခိုက်မှုတစ်ခုပဲ။ အစိုးရကို ကြားခံထားပြီး ကျနော်တို့အပြန်အလှန်ထားရှိထားတဲ့ကတိကဝတ်အပေါ်တိုက်ခိုက်မှုပဲ။ သူတို့ကိုရွေး ကောက်တင်မြှောက်လိုက်တဲ့လူတွေအပေါ် နိုင်ငံရေးသမားများကပေးတဲ့ကတိကဝတ်က ဥပမာဆိုရရင် အခမဲ့ပညာရေးအတွက်ဆောင်ရွက်ပေးတာမျိုး၊ ဘဏ်တွေအပေါ်ပေးလိုက်တဲ့ကတိကဝတ်ထက် ဘာလို့ များ ကိုယ်ကျင့်တရားအဆင့်အတန်းကနိမ့်နေရတာလဲ? ဒါလုံးလုံးအဓိပ္ပာယ်မရှိဘူးဗျာ။ ဒါပေမယ့် ဒီနေ့ဒီ ချိန်မှာ ဒါတွေအားလုံးကိုလက်ခံကြတာချည်းပဲ။ The White Review : အဲဒါကအရင်းရှင်စနစ်ရဲ့သဘာဝအကျိုးဆက်ပဲဖြစ်နေမလားမသိဘူးနော်? David Graeber : အဲဒါကို အရင်းရှင်စနစ်မတိုင်မီအချိန်ထိ ခြေရာကောက်ကြည့်လို့ရတယ်။ အဲဒါကြောင့်ပဲ စာအုပ်အမည်ကို ကနဦးနှစ်ငါးထောင် လို့ပေးထားတာပေါ့ဗျာ။ အရင်းရှင်စနစ်က၎င်းရဲ့အထွဋ်အထိပ်ပုံစံ (apotheosis) သာဖြစ်တယ်။ သမိုင်းတစ်လျှောက် ပုန်ကန်မှုကြီးတွေအများအပြားက ကြွေးမြီနဲ့သက်ဆိုင် တယ်။ လယ်သမားသူပုန်တွေဆီမှာတော့ ညီညွတ်တဲ့နည်းဗျူဟာတွေရှိကြတယ်။ အကြွေးစာရင်းစာအုပ် ကိုအရင်ဆုံးတွေ့အောင်ရှာပြီး မီးရှို့ပစ်ကြတယ်၊ ပြီးတော့မှ အခွန်စာရွက်စာတမ်းတွေ မြေယာအထောက် အထားတွေဖက်လှည့်ကြတာ။ လူ့သမိုင်းတစ်လျှောက်ကိုကြည့်လိုက်ရင် ကြွေးမြီမှာ “သိမှုနှစ်ထပ်(double consciousness)” ရှိနေ တာကို ထပ်တလဲလဲတွေ့မြင်ရပါလိမ့်မယ်။ တစ်ဖက်မှာ ကြွေးမြီပြန်လည်ပေးဆပ်ခြင်းသည် လိုက်နာရ မည့်ကိုယ်ကျင့်တရားဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ငွေချေးငှါးတဲ့သူတွေက မကောင်းမှုပြုလုပ်သူတွေဖြစ် တယ်လို့ဆိုပြန်တယ်။ တစ်ဖက်မှာ ကြွေးမြီကိုကိုယ်ကျင့်တရားနဲ့ချည်နှောင်ထားသလို တစ်ဖက်မှာလည်း အန္တိမကြွေးမြီဆက်ဆံရေးကို မပြုအပ်တဲ့ကိစ္စရပ်အဖြစ်ရှုမြင်ကြပြန်တယ်။ The White Review : နည်းနည်းထပ်ပြီးရှင်းပြလို့ရမလားဗျ။ David Graeber : ကြွေးမြီကလူတွေအပေါ်အကြမ်းဖက်ခြင်းအရလိုက်နာရသောဆက်ဆံရေးကိုဖန်တီးနိုင် ပြီးအပြုခံရသူသားကောင်ကို သူ့ရဲ့အပြစ်ကြောင့်ဖြစ်ရတယ်ဆိုပြီးခံစားရစေတယ်။ ကိုလိုနီအစိုးရတွေက တစ်လျှောက်လုံးဒါကိုကျင့်သုံးခဲ့တာပဲလေ၊ သူတို့ကလည်းသူများကိုသွားပြီးသိမ်းပိုက်သေးတယ် ကုန်ကျ စရိတ်အတွက် ပြည်သူတွေကိုအခွန်ကောက်ပြီးထမ်းခိုင်းသေးတယ်။ ဘယ်လိုပဲဆိုဆို ကြွေးမြီကိုထိုကဲ့သို့ အသုံးချခြင်းကလည်း ပြန်ကန်တတ်တဲ့ မကောင်းတဲ့အကျိုးဆက်ရှိတယ်၊ ဘာလို့လဲဆိုတော့ အနေအ ထားတစ်ခုအထိ ညီမျှမှုကိုဥပစာထား(premise)တဲ့ သိမ်မွေ့တဲ့ကြွေးမြီဆက်ဆံရေးရှိပြီး သဘောတူညီမှု ပြုလုပ်ရာမှာ နှစ်ဦးနှစ်ဖက်လုံးက ညီမျှမှုရှိတယ်ဆိုတာကြောင့်ပဲ။ ဒါက မညီမျှမှုကြောင့်ထိခိုက်မှုကိုပိုဆိုး စေပါတယ်။ ဘာကြောင့်လဲဆိုတော့ မူလကခင်ဗျား ကြွေးရှင်နဲ့တန်းတူရည်တူဖြစ်ပေမယ့် တလွဲလုပ် လိုက်တဲ့အတွက်ခင်ဗျားဒီလိုဖြစ်ရတာဆိုပြီး စောင်းပါးရိပ်ခြည်ပြောနေသလိုပါပဲ။ သို့သော်လည်း“နေစမ်း ပါဦး ဘယ်သူကဘယ်သူ့အပေါ်ဘာအကြွေးတင်နေတာလဲ?”ဆိုပြီးဆိုကောင်းဆိုနိုင်ချေရှိပေမယ့် အဲဒီလို ဆိုလိုက်တာနဲ့ ကြွေးမြီသည် လိုက်နာကျင့်သုံးရမယ့်ကိုယ်ကျင့်တရားတစ်ခုဖြစ်တယ်ဆိုတဲ့အယူအဆကို လက်ခံလိုက်သလိုဖြစ်သွားတယ်။ ခင်ဗျားဟာ အရှင်သခင်အသုံးပြုတဲ့ဘာသာစကားကိုလက်ခံလိုက်သ လိုပါပဲ။ The White Review : အဲဒီလိုကြွေးမြီကို ကိုယ့်ကျင့်တရားကျင့်ဝတ်အဖြစ်ထားတဲ့အယူအဆက ဘယ်နေ ရာကနေပေါက်ဖွားလာခဲ့တယ်လို့ခင်ဗျားထင်သလဲဗျ? David Graeber : ကမ္ဘာ့ဘာသာကြီးတွေမှာ “အပြစ်” ဆိုတဲ့ဝေါဟာရရဲ့အနက်နဲ့ ကြွေးမြီကအတူတူပဲဗျ။ Lord’s Prayer ထဲက”သူတစ်ပါးက အကျွန်ုပ်တို့အပေါ်ပြစ်မှားသောအပြစ်တို့ကို အကျွန်ုပ်တို့သည် လွတ် သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွတ်တော်မူပါ” ဆိုတာရဲ့ အရင်းအမြစ်က “ကြွေးမြီ”ပါပဲ။ အမှန်က ဒီလိုဖြစ်ရမှာ “အကျွန်ုပ်တို့အပေါ်တင်ထားသောကြွေးမြီတို့ကို အကျွန်ုပ်တို့သည် လွတ်သကဲ့သို့ အကျွန်ုပ် တို့၏ကြွေးမြီများကို လွတ်တော်မူပါ”။ ပလေတိုရဲ့ “နိုင်ငံတော်”ကျမ်းမှာလည်း အခုလိုမျိုးဆိုထားတာကို မြင်တွေ့နိုင်သေးတယ်။ “တရားမျှတခြင်းဆိုတာဘာလဲ? ကိုယ်ကျင့်တရားဆိုတာဘာလဲ? တစ်ပါးသူအ ပေါ်တင်တဲ့ကြွေးမြီပြန်ဆပ်တာပါပဲ”။ သမ္မာကျမ်းစာနဲ့ ဟိန္ဒူဝေဒကျမ်းတို့မှာလည်း အလားတူသဘောမျိုး ကိုတွေ့နိုင်ပါတယ်။ ဘဝဆိုတာ ဘုရားသခင်အပေါ်ကြွေးမြီပေးဆပ်ခြင်းပဲ၊ စွန့်လွှတ်စတေးခြင်းကအတိုး အဖြစ်ပေးရခြင်းဖြစ်တယ်၊ ခင်ဗျားသေတဲ့အခါ ခင်ဗျားရဲ့အသက်နဲ့ကြွေးဟောင်းဆပ်ရမယ်။ ထိုသူတွေ ဘာကြောင့် ဒီလိုဘာသာစကားမျိုးအသုံးပြုရတာလဲဆိုရင် ဈေးကွက်ဆက်ဆံရေးက အဲဒါကိုအသုံးပြုဖို့ ပေးတာကြောင့်ပဲဖြစ်ပြီး အုပ်စိုးသူတွေက အခွန်ကောက်ခံခြင်းကို မှန်ကန်သင့်လျော်ကြောင်းပြလိုခြင်း ကြောင့်ပါပဲ။ ဘယ်ကိစ္စရပ်မှာပဲဖြစ်ဖြစ် ထင်ရှားတာက သူတို့ဟာ ကိုယ်ကျင့်တရားနဲ့ကြွေးမြီကိုမူလက ဆွဲညှိထားပေမယ့် နောက်တော့လည်း အမှန်တကယ်တော့အဲလိုမဟုတ်ပါဘူး တစ်ခြားတစ်ခုပါဆိုပြီးလုပ် တယ်။ ဝေဒကျမ်းရော ဘိုင်ဘယ်ရောအတူတူပဲ။ ဒါဆိုအဲဒီတစ်ခြားတစ်ခုကဘာလဲပြန်မေးရင် အဖြေက အဆုံးမရှိတော့ဘူး။ ထူးဆန်းတာက သူတို့ဟာ ကြွေးမြီကနေပဲစရမယ်ဆိုပြီးပဲအမြဲတွေးပြီး ယူဆပုံတစ်ခု မှာကိုယ့်ကိုယ်ကိုယ်တုပ်နှောင်မိလိုက်တယ်၊ ပြီးကျတော့ အဲဒီကနေရုန်းထွက်ဖို့ကြိုးစားပြန်တယ်။ အဲဒါကြောင့်ပဲ လူတွေက လူ့အဖွဲ့အစည်းဒါမှမဟုတ် သဘာဝအပေါ် ကျနော်တို့တင်နေတာဘာအ ကြွေးလဲလို့မေးတိုင်း ကျနော့်မှာသံသယဝင်ရတယ်။ စကြာဝဠာကြီးအပေါ်၊ ဒါမှမဟုတ်လည်းဘုရားသခင် အပေါ်ဘာအကြွေးတင်ထားတာလဲပေါ့။ ဒါပေမယ့်လည်း ကျနော်တို့က သဘာဝကြီးရဲ့တစ်စိတ်တစ်ပိုင်း၊ စကြာဝဠာကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။ ကျွန်ုပ်နဲ့သဘာဝတရား၊ သို့မဟုတ် ကျွန်ုပ်နဲ့စကြာဝဠာ၊ ဒါမှမ ဟုတ် ကျွန်ုပ်နဲ့ဘုရားသခင်တို့ဟာ တန်းတူရည်တူသဘောတူညီမှုရရှိနိုင်မယ့်နှစ်ဦးနှစ်ဖက်အဖြစ် စိတ်ကူး ခြင်းက အဓိပ္ပာယ်မရှိပါဘူး။ ကျနော့်စာအုပ်ထဲမှာအဓိကပြောချင်တဲ့လိုရင်းက ကြွေးမြီကအန္တိမတန်ဖိုးမဟုတ်ပါဘူး။ ခေတ် ဟောင်းမှာဆိုရင် ကြွေးမြီပြန်လည်ပေးဆပ်ခြင်းကမြင့်မြတ်တာမဟုတ်ပဲ အကြွေးပြန်မပေးတာကိုခွင့် လွှတ်ပေးတာ၊ အထူးသဖြင့် ကြွေးမြီကိုဖျက်သိမ်းပေးတာကမှမြင့်မြတ်တာပါ။ ကျနော်တို့လည်းသူတို့ဆီ ကသင်ယူသင့်တယ်။ ကြွေးမြီရဲ့ အန္တိမအနက်သည် ကတိကဝတ်ဖြစ်ခြင်းကြောင့်၊ လူတို့ရဲ့အစီအစဉ်၊ နောက်ပြီး လွတ်လပ်ခြင်းဟာ ကျနော်တို့အချင်းချင်း အပြန်အလှန်သဘောတူညီမှုထားရှိဖို့ရာအတွက် အရည်အသွေးဖြစ်သော်လည်းပဲ ပြောင်းလဲသွားတဲ့အခြေအနေအရ ကိုယ့်ရဲ့ဆန္ဒအလျောက် အဲဒီသဘော တူညီမှုကိုပြန် ပြီး စီစဉ်တာကလည်းဖြစ်သင့်တဲ့အရာပါပဲ။ အလားတူပဲ ဒီမိုကရေစီကအဓိပ္ပာယ်တစ်ခုခုရှိ မယ်ဆိုရင် ၎င်းဟာအချင်းချင်းထားရှိတဲ့သဘောတူညီမှုအပေါ် ပြန်လည်ချိန်ညှိနိုင်ခွင့်ရှိမယ့် အများပိုင်အ စွမ်း(collective power)ပဲဖြစ်ပါလိမ့်မယ်။ ကြွေးမြီအထောက်အထားတစ်စောင်(IOU)နဲ့ တခြားကတိက ဝတ်တွေရဲ့ကြားမှာ ကျင့်ဝတ်အနှစ်သားကွာခြားချက်မရှိတဲ့အတွက် ထိုထဲမှာ စီးပွါးရေးဆိုင်ရာကြွေးမြီက လည်း ပြန်လည်ချိန်ညှိလို့ရမယ့်သဘောတူညီမှုမျိုးပါပဲ။ The White Review : ခင်ဗျားပြောနေတာက ကျနော်တို့တွေ လက်ရှိအခြေအနေအောက်က အဲဒီလိုမျိုး သ ဘောတူညီမှုတွေကို ပြန်လည်အစီအစဉ်ချရမယ်လို့ဆိုလိုတာလားဗျ။ David Graeber : ကြွေးမြီဟာ သဘာဝအလျောက်ပေါ်ပေါက်လာတဲ့အရာမဟုတ်ပဲ ကျနော်တို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့အရာဖြစ်ကြောင်း ကျနော်တို့ကိုယ်ကိုပြန်သတိပေးနိုင်ဖို့ ကြွေးမြီပယ်ဖျက်ပေးခြင်းက အထိ ရောက်ဆုံးအလုပ်တစ်ခုဖြစ်ပါလိမ့်မယ်။ ငွေကြေးရဲ့သမိုင်းကြောင်းကိုကြည့်လိုက်ရင် အဲဒါကဖြစ်နိုင်ချေ ရှိကြောင်း သိရပါလိမ့်မယ်။ ကျနော်စာအုပ်ရဲ့အဓိကလိုရင်းတစ်ခုက ငွေကြေးယောင်(virtual money) အ ကြောင်းပါပဲ၊ ဆိုလိုတာက ကိုင်တွယ်လို့ရတဲ့ရုပ်ရှိငွေကြေးမျိုးထက် အသိအမှတ်ပြုမှုတစ်ခုအနေနဲ့ပါ။ လူတွေက ကိုင်တွယ်စရာမလိုတဲ့ငွေကြေးယောင်ခေတ်ကို အသစ်အဆန်းအနေနဲ့ပြောနေကြပေမယ့် တစ် ကယ်တော့ ၎င်းဟာ ငွေကြေးရဲ့မူလပုံစံပဲဖြစ်ပါတယ်။ ငွေကြေးယောင်ကအရင်ပေါ်ပေါက်လာပြီးမှ ရုပ်ရှိ တဲ့ဒင်္ဂါးတို့ဘာတို့ကနောက်မှပေါ်ပေါက်လာတာပါ။ The White Review : ခရက်ဒစ်ကိုဥပစာထားတဲ့နိုင်ငံတော်ရဲ့လက်တွေ့ပါဝင်ပတ်သက်မှုတွေကဘာတွေလဲ? David Graeber : ကြည့်ရတာတော့ သမိုင်းဟာ ငွေကြေးယောင်ကြီးစိုးသောကာလ၊ ငွေကြေးဟာကြွေးမြီ ဖြစ်လာတဲ့ကာလ၊ ပြီးတဲ့နောက် ကြွေးမြီဟာ ကတိကဝတ်တစ်ခုသာဖြစ်ပြီး၊ အထူးသဖြင့်ချထားတဲ့အစီ အစဉ်တစ်ခုသာဖြစ်တဲ့အပြင် ၎င်းကိုအမျိုးမျိုးအစီအစဉ်ချနိုင်တယ်ဆိုတာကို လူတွေသိလာတဲ့ကာလတို့ ရဲ့ကြား လူးလာခေါက်ပြန်နေပါတယ်။ ဥပမာပြောရရင် မက်ဆိုပိုတေးမီးယားမှာဆိုပါစို့၊ အဲဒီမှာဆိုရင် အခါအားလျော်စွာဖြစ်တဲ့ ကြွေးမြီ ကပ်ဆိုက်ကာလ(periodic debt crises)ရှိသကဲ့သို့ အခါအားလျော်စွာကြွေးမြီပယ်ဖျက်ခြင်းကာလလည်း ရှိတယ်။ ငွေကြေးယောင်ခေတ်ပေါ်ပေါက်လာတဲ့ အလယ်ခေတ်ကိုကြည့်ရင်လည်း ငွေတိုးချေးစားခြင်း ကိုပိတ်ပင်ထားကြောင်း တွေ့ရလိမ့်မယ်။ အပေါင်ဆိုင်ဆိုရင်လည်း အလယ်ခေတ်တရုတ်ပြည်ထိခြေရာ ကောက်ကြည့်လို့ရပြီး လယ်သမားတွေအတွက်အတိုးကြီးစားတဲ့ဒေသခံငွေချေးသူတွေအပြင်တခြားရွေး ချယ်စရာဖြစ်လာစေဖို့ ဘုန်းတော်ကြီးတွေတည်ထောင်ခဲ့ရာကနေပေါ်ပေါက်လာကြောင်းတွေ့ရလိမ့်မယ်။ ငွေကြေးအဖြစ် ရွှေတုံးရွှေခဲတွေကိုအသုံးပြုတဲ့ကာလမှာတော့ အင်ပါယာတွေ၊ ကျွန်စနစ်၊ အင် အားကြီးမားတဲ့စစ်တပ်တွေပေါ်ပေါက်လာပြီ။အဲဒါကခေတ်ဟောင်းကမ္ဘာရဲ့အမှန်တရားပဲ။အလယ်ခေတ် မှာ ပုံစံတူတဲ့ပရော်ဖက်ရှင်နယ်စစ်တပ်တွေမရှိဘူး၊ တူညီတဲ့ရွှေနဲ့ငွေကြေးစနစ်တွေမရှိဘူး၊ ကျွန်ပြုနှိပ် စက်ပုံအတိုင်းအတာချင်းလည်းမတူကြဘူး။ ကမ္ဘာသစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်မှာတော့ ရွှေတုံးရွှေခဲတွေ ကိုငွေကြေးအဖြစ်ပြန်အသုံပြုကြပြန်ပြီ၊ ရွှေနဲ့ငွေတို့ပြန်လာပြီ၊ ကျွန်စနစ်လည်းပြန်ပေါ်လာပြီ၊ နောက်ပြီး စစ်သည်တော်အများကြီးကအသက့်အနေအထားရပ်နေတာကိုလည်းပြန်တွေ့ရပြီ။ ခင်ဗျားအနေနဲ့ ရှေး ခေတ်ကသူဌေးကြီးတစ်ယောက်ကို အရင်းရှင်လို့သွားခေါ်လို့မရဘူး၊ အရင်းရှင်စနစ်ကလုံးဝအသစ်ပဲ။ ဒါ ပေမယ့် တစ်ဆက်ထဲမှာပဲ အရင်းရှင်စနစ်သည် သမိုင်းမှာအရင်ကမရှိခဲ့တဲ့အရာအပေါ်မှာတည်ဆောက် ထားတာမဟုတ်ပါဘူး၊ အရင်းရှင်စနစ်နဲ့ စစ်တပ်နဲ့ငွေကြေးစနစ်တို့ကြားကဆက်နွယ်မှုဟာအခုချိန်ထိ လူ မြင်မခံနိုင်တဲ့လျှို့ဝှက်ချက်အဖြစ်ရှိနေတုန်းပဲ။ The White Review : အသေးစိတ်လေးထပ်ပြောပြနိုင်မလားဗျ။ David Graeber : ကိန်းအလွန်ဝါဒီတွေ (post-Keynesian)တွေက စွမ်းအားကြီးငွေကြေး(high-powered money)လို့ခေါ်တဲ့အရာနဲ့ စစ်တပ်၊ အထူးသဖြင့် နယ်ချဲ့စစ်တပ်ကြားကဆက်နွယ်မှုကိုကြည့်ရှုဖို့ရာအရေး ကြီးပါတယ်။ ဥပမာဆိုရရင် အင်္ဂလန်ဘဏ်ဆိုပါစို့၊ အဲဒီဘဏ်က ဧကရာဇ် King William III ပြင်သစ်ပြည် ကိုစစ်တိုက်ဖို့ရာငွေလိုလို့ ငွေချေးပေးရာကနေပေါ်ပေါက်လာတာပါ။ ဧကရာဇ်က သူ့ကိုငွေချေးပေးတဲ့ ဘဏ်သမားတွေကို သူတိုက်တဲ့စစ်ကြောင့်တင်ခဲ့ရတဲ့အကြွေးကိုယူပြီး ငွေကြေးအဖြစ် monetize လုပ်ဖို့ အခွင့်အာဏာကိုအပ်နှင်းလိုက်ပါတယ်။ ကြွေးမြီကို ငွေစက္ကူအဖြစ်အခြားသူတစ်ယောက်ကိုပြန်ချေးပေး လိုက်တာပါ။ ငွေစက္ကူဆိုတာအမှန်တကယ်တော့အဲဒါပါပဲ။ ခင်ဗျားအိတ်ထဲကနေဆယ်ပေါင်တန်ငွေစက္ကူ တစ်ရွက်ကိုထုတ်ကြည့်လိုက် ဘုရင်မကြီးရဲ့ရုပ်ပုံကိုတွေ့ရလိမ့်မယ်၊ ဘုရင်မကြီးရုပ်ပုံနားကိုသေချာကြည့် လိုက် “သက်ဆိုင်သူအားဆယ်ပေါင်နှင့်ညီမျှသောတန်ဖိုးကိုပေးဆောင်ရန်ကတိပြုပါသည်” ဆိုပြီးရေး ထားတာကိုတွေ့ရလိမ့်မယ်။ အဲဒါကဆယ်ပေါင်တန်ငွေစက္ကူမဟုတ်ပါဘူး။ ကတိကဝတ်တစ်ခုပဲ။ ၁၉၇၂ခုနှစ်မှာ ရွှေစံထားတာကို သမ္မတနစ်ဆွန်ကပယ်ဖျက်လိုက်ပြီးနောက် အမေရိကန်ဒေါ်လာ ဟာကမ္ဘာသုံးငွေကြေးဖြစ်လာပါတယ်။ ဒါပေမယ့်အဲဒီအမေရိကန်ဒေါ်လာကို တကယ်တမ်းဘာကကျား ကန်ပေးထားတာလဲ? လူတော်တော်များများမဖြေနိုင်ကြပါဘူး။ ရုံးမိန့် (fiat money) ကြောင့်လို့ဆိုကြ ပေမယ့် အဲဒါအမှန်လို့ကျနော်မယူဆပါဘူး။ ၎င်းဟာကြွေးမြီလည်ပတ်ခြင်းအပေါ်အခြေခံဖန်တီးထားတဲ့ ယုံကြည်မှုစနစ်(credit system)တစ်မျိုးပါ။ အမေရိကန်အစိုးရက အမှန်တကယ်လဲမရတဲ့ချက်ခ်တွေကို ရေးနိုင်တဲ့ ကြီးမားတဲ့အခွင့်ထူးကြီးရှိတယ်။ အမေရိကန်ငွေတိုက်စာချုပ်က ဗဟိုဘဏ်ရဲ့အရံဘဏ္ဍာဖြစ် လာပြီး မိုက်ကယ်ဟူဆန်ကတော့ အမေရိကန်ငွေတိုက်စာချုပ်တွေက ဘယ်တုန်းကမှအမြတ်မရပါဘူး လို့တင်ပြခဲ့တယ်။ တစ်နှစ်ပြီးတစ်နှစ်အသစ်သစ်တွေပဲထုတ်ရောင်းနေတယ်။ ပြီးတော့လည်း ပေးတဲ့အ တိုးနှုန်းက ငွေဖောင်းပွမှုနှုန်းထက်နိမ့်တော့ ဝယ်တဲ့သူတွေခမျာ အရှုံးကိုပဲပိုက်ထွေးထားရတယ်။ ဒါဆို ဘာကြောင့်အဲဒီလိုလုပ်နေရတာလဲ? အမေရိကန်ရဲ့လိုငွေပမာဏကိုကြည့်လိုက်ရင် အမှန်အကန်ဖော်ပြ ထားတဲ့စစ်အသုံးစာရိတ်နီးပါးလောက်ဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ အမေရိကန်ရဲ့လိုငွေကြီးထွားမှုပြဇ ယား၊ နိုင်ငံရပ်ခြားမှပိုင်ဆိုင်သော ငွေတိုက်စာချုပ်ရာခိုင်နှုန်းပြဇယားနဲ့ အမေရိကန်စစ်အသုံးစာရိတ်တို့ကို တစ်ခုထဲမှာပဲဇယားချကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခုကသိပ်မကွာတာကိုတွေ့ရမှာပါ။ ဒီတော့ အခြေခံအား ဖြင့်ပြောရရင် နိုင်ငံရပ်ခြားအစိုးရနဲ့ဌာနဆိုင်ရာသို့ ချေးငွေချပေးသူများက အမေရိကန်အစိုးရငွေတိုက် စာချုပ်တွေကိုဝယ်ပြီး များပြားလှတဲ့အမေရိကန်စစ်အသုံးစာရိတ်အတွက် ပေးဆောင်နေတယ်လို့ပြော လို့ရတယ်။ ဒါဆိုဘယ်သူတွေကအဲလိုဝယ်ပေးနေတာလဲ? ပြောရရင်တော့ စစ်အေးခေတ်ကာလမှာဆို အထူးသဖြင့်အနောက်ဂျာမနီပေါ့။ အခုဆိုရင်တော့ တရုတ်ကလွဲရင် အရေးပါတဲ့သူတွေက ဂျပန်၊ တောင် ကိုရီးယား၊ တိုင်ဝမ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘာတူညီချက်တွေရှိကြလဲ? သူတို့အားလုံးက အမေရိကန်စစ်ဌာနချုပ်အောက်မှာအကာအကွယ်ယူထားတာဟုတ်ချင်ဟုတ်မဟုတ်ရင် လည်း အမေရိကန်စစ်အခြေစိုက်စခန်းရဲ့ကာကွယ်မှုအောက်မှာရှိနေကြတဲ့သူ​တွေချည်းပါပဲ။ အမေရိကန် က အဲဒီစစ်အခြေစိုက်စခန်းတွေကို သူထိုင်ထားတဲ့နိုင်ငံတွေဆီကနေပဲငွေချေးပြီးတည်ဆောက်ထားသလို မျိုးပဲ။ ရှေးခေတ်မှာဆိုရင်တော့ အဲဒီလိုအစီအစဉ်မျိုးကို အင်ပါယာလို့ခေါ်ပြီး နိုင်ငံငယ်တွေပေးလိုက်ရ တဲ့ငွေတွေကိုတော့”ပဏ္ဍာဆက်” ဒါမှမဟုတ် ဆက်ကြေးလို့ခေါ်ပါတယ်။ အခုခေတ်မှာတော့ အဲလိုသုံးနှုန်း ဖို့မဖြစ်နိုင်တာကြောင့်”ချေးငွေ”လို့ပဲခေါ်တာပေါ့။ ဘာပဲဖြစ်ဖြစ် စစ်တပ်နဲ့စီးပွါးရေးစနစ်ရဲ့အူတိုင်တို့ကြား ကဆက်သွယ်ချက်ဟာ ကျနော်တို့လိုသာမန်ပြည်သူတွေမတွေးအပ်တဲ့အရာကြီးဖြစ်နေဆဲပါပဲ။ ယူအက်စ်သို့မဟုတ်ယူကေမှာ အဲဒီအခြေအနေကိုပုံဖော်ပြဖို့သုံးတဲ့ဘာသာစကားဟာ သက်သေပြ စရာမလိုအောင်ကိုအဓိပ္ပာယ်မဲ့လှပါတယ်။ ကုန်သွယ်မှုလိုငွေအကြောင်းပြောကြရင် အဲဒါဘာအဓိပ္ပာယ် လဲဆိုတော့ “အကြောင်းတစ်ခုခုကြောင့် ကမ္ဘာအနှံ့အပြားကလူတွေပေးလာတဲ့ပစ္စည်းတွေက ကျနော်တို့ သူတို့ကိုပေးလိုက်တာထက်သာလွန်များပြားနေတယ်။ အဲဒါပြဿနာမရှိဘူးလား?”ဆိုတာပါပဲ။ ဒါပေမယ့် ကုန်ပစ္စည်းတွေတဖွဲဖွဲဝင်လာနေတဲ့နိုင်ငံက (အဲဒီအတွက်ပြဿနာလည်းမရှိပါဘူး) တောင့်တင်းလှတဲ့စစ် အင်အားနဲ့ကမ္ဘာကြီးကိုကားယားခွထိုင်ထားတဲ့နိုင်ငံလည်းဖြစ်တယ်လို့ဆိုလိုက်ရင် လူတွေကခင်ဗျားကို အရူးတစ်ယောက်လိုကြည့်ကြပါလိမ့်မယ်။ စစ်အင်အားကြီးကြီးမားမားကိုပိုင်ဆိုင်ထားတာကဘယ်သူလဲ ကမ္ဘာကြီးရဲ့အရင်းအမြစ်တွေကို အများဆုံးစားသုံးနေတာဘယ်သူလဲ၊ ကမ္ဘာမှာနိုင်ငံခြားအရံငွေဟာ ဘယ် သူ့ငွေဖြစ်လာတာလဲ ဆိုတာတွေရဲ့ကြားမှာ ဆက်နွယ်မှုတစ်ခုရှိနေတာကိုတော့ အတိုင်းအတာတစ်ခုထိ လက်ခံရပါမယ်။ သို့ပေမယ့်လည်း အဲဒီဆက်နွယ်မှုကိုသေချာအဖြေရှာကြည့်ဖို့ကျတော့လည်း တားမြစ် ထားတဲ့အရာတစ်ခုဖြစ်နေပါသေးတယ်။