Title: ဆင်ဒိကယ်ဝါဒအပေါ်အမြင်
Author: Hatta Shuzo
Language: Burmese
Date: 1927
Source: From RobertWa Kha Mount. Graham (Ed.), Anarchism: A Documentary History of Libertarian Ideas; Volume One: From Anarchy to Anarchism (300 CE to 1939).
Notes: Translated by Michi & Tengu (Wa Kha Mount Collective) မှပူပေါင်းပြန်ဆိုသည်။

အယ်ဒီတာ မှတ်စု(Robert Graham)

တစ်ခြားအရပ်ဒေသတွေက မင်းမဲ့တွေလိုပဲ ဂျပန်က မင်းမဲ့တွေဟာလဲ အလုပ်သမားအရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။

၁၉၂၆ ခုနှစ်မှာ ဂျပန်လုပ်သားများသမဂ္ဂ လေဘာတေးရီးရန်း အဖွဲ့ချုပ် ( All Japan Libertarian Federation of Labour Unions) ဇန်ခိုခု ဂျိရမ် (Zenkoku jiren) ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့အစည်းတွင် မင်းမဲ့ကွန်မြူနစ်များ(Anacho Communist)နှင့် မင်းမဲ့စင်ဒီကယ်လစ်( Anarcho Syndicalist) တွေပါ ပါဝင်ခဲ့ကြပြီး၊ အောက်ပါကြေညာချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

၁။ ကျွန်ုပ်တို့၏ လှုပ်ရှားမှုသည် အငှားလယ်သမားများ နှင့် အလုပ်သမား လူတန်းစား လွှတ်မြောက်ရေး အပေါ်တွင်သာ အခြေပြုရမည်။

၂။ နိုင်ငံရေး(ပါတီ၊အာဏာ) နှင့် စီးပွားရေး လှုပ်ရှားမှုများကို ငြင်းပယ်သည်။

၃။ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်၍ လွတ်လပ်သော အလုပ်သမားအသင်းအဖွဲ့များ ပေါ်ထွက်လာရန် ကြိုးပမ်းမည်။

၄။ နယ်ချဲ့အင်ပါယာဝါဒ ကို ဆန့်ကျင်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ သွေးစည်းညီညွတ်ရေး ကို တည်ဆောက်ရမည်တို့ ဖြစ်သည်။

ဟတ ရှုးဇိုး (၁၈၈၆-၁၉၃၄) သည် မင်းမဲ့ဝါဒ စစ်စစ် (Pure Anarchism) ကို ဆော်ဩခဲ့သော ဂျပန်မင်းမဲ့ ကွန်မြူနစ် တစ်ဦးဖြစ်သည်။ မင်းမဲ့ဆင်ဒီကယ်လစ်လမ်းစဉ်ကို အပြတ်ငြင်းဆို ဝေဖန်ခဲ့ပြီး လူတန်းစားလှုပ်ရှားမှုနှင့် တော်လှန်ရေး အသွင်ကူပြောင်းမှု သည် သက်ဆိုင်မှုမရှိကြောင်း ခွဲခြားထုတ်ဖော်ပြသခဲ့သည်။ " ဆင်ဒီကယ်လစ်(Syndicalist) တွေရဲ့ အမှားက တော်လှန်ရေး ဟာ လူတန်းစား ပဋိပက္ခကနေ ထွက်ပေါ်လာမယ်လို့ပြောတဲ့ ကြေညာချက်ပဲဖြစ်တယ်၊ ဒီလို

လူတန်းစား ပဋိပက္ခကြောင့် လူအဖွဲ့အစည်းထဲမှာ အပြောင်းအလဲတွေဖြစ်လာရင်တောင်မှ စစ်မှန်တဲ့ တော်လှန်ရေးကြီး ဖြစ်လာပြီလိုပြောလို့မရသေးဘူး၊ ဘာကြောင့်လဲဆိုရင် လုပ်သားကွဲပြားမှု (Division of Lobour) ပေါ်မှာ ဖြစ်တည်နေတဲ့ လူအဖွဲ့အစည်း ဖြစ်နေလို့ပဲဖြစ်တယ်၊ အရေးပါအခြေခံကျ

တဲ့ ထုတ်လုပ်ရေးဌာနမှာ လုပ်ကိုင်နေရသူတွေဟာ တခြားထုတ်လုပ်ရေးဌာနကသူတွေထက် ညှိနှိုင်းချိတ်ဆက်နိုင်ရေးမှာ ပိုပြီးအာဏာရှိလာနိုင်ပါတယ်။ အဲ့တာဟာ ရေရှည်

မှာ ပြသာနာရှိလာနိုင်ပြီး အလုပ်သမားတွေကြားမှာ လူတန်စားကွာဟမှုတစ်ရပ် ထပ်မံ ပေါ်ထွက်လာနိုင်ပါတယ်" ဟု ဟတရှုဇိုးရဲ့ အဆိုကို ၁၉၉၆ ခုနှစ်ထုတ် လန်ဒန်အခြေစိုက် ပင်လယ်ဓားပြသတင်းစာစောင် (Pirate Press) တွင် Jhon Crump က ကိုးကားခဲ့ပြီး၊ ဟတရူဇိုးရဲ့ Pure Anarchism in Interwar Japan တစ်အုပ်လုံးကိုလဲ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကိုးကားရေးသားခဲ့သည်။ Jhon Crump ရဲ့ အမြင်အရ ခရိုပေါ့ကင်း ကွယ်လွန်ပြီးနောက်ပိုင်း မင်းမဲ့ဝါဒရဲ့ အတွေးအခေါ် အဆင့်အတန်းဟာ ပေါ့ကင်းဆွဲတင်ခဲ့တဲ့နေရာကနေ ကျဆင်းသွားတဲ့ အခြေအနေမှာ ဟတရှုဇိုးဟာ ဂျပန်ပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ ခြေတစ်လှမ်းစာ တက်လှမ်းနိုင်ခဲ့တယ်လို့ ညွှန်းဆိုထားခဲ့ပါတယ်။ အောက်ပါအကြောင်းအရာကို ၁၉၂၇ မှာမှုရင်းပုံနှိပ်ခဲ့တဲ့ မင်းမဲ့ဆင်ဒီကယ်လစ်ဇင်ကို ဝေဖန်ထားတဲ့ မင်းမဲ့ဝါဒ စစ်စစ် (Pure Anarchism) ဆောင်းပါးမှ ထုတ်နုတ်ထားတာဖြစ်ပြီး editor က ဆီလျော်အောင် တည်းဖြတ်ကောက်နုတ်ထားခြင်းဖြစ်သည်။

ဆင်ဒိကယ်ဝါဒအပေါ်အမြင်

ကုန်သွယ်ရေးသမဂ္ဂ ၃ မျိုးရှိတယ်။

ပထမတစ်မျိုးက အလုပ်သမားတွေရဲ့ ဝမ်းရေးကို ထိန်းကျောင်းပေးတဲ့ သမဂ္ဂ၊ ဒုတိယတစ်မျိုးက ဘော်ရှီဗစ်အလိုတော်ရိ အာဏာ ပွဲစားသမဂ္ဂ၊ တတိယတစ်မျိုးကတော့ အရင်းရှင်စနစ်ကို မျက်နှာချင်းဆိုင်တိုက်နေတဲ့ ဆင်ဒီကယ်လစ် သမဂ္ဂပဲ ဖြစ်တယ်။ ဆင်ဒီကယ်လစ်တွေထဲမှာလဲ နှစ်ပိုင်းပြန်ကွဲပြန်တယ်။ တစ်အုပ်စုက အလုပ်သမားတွေရဲ့ အနေအထားကို တိုးတက်ဖို့လုပ်ကြပြီးတော့ နောက်တစ်ဖွဲ့ကတော့ ကွန်မြူနစ် ပန်းတိုင်ကိုရောက်ဖို့ ကြိုးပမ်းတဲ့တစ်ဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့ အဖြေရှာရမှာက ဆင်ဒိကယ်ဝါဒီတွေကြောင့် ဒီဝါဒက ပျက်ဆီးယိုယွင်းလာတာလား၊ ဒါမှာမဟုတ် ဆင်ဒိကယ်ဝါဒမှာကိုက အားနည်းချက်ရှိနေတာလားဆိုတာပဲ။ ဒီနေရာမှာ ကျွန်တော်တို့ မင်းမဲ့ဝါဒရော မာစ့်ဝါဒ ရှု့ထောင်ကနေပါ စမ်းစစ်ကြည်ရအောင်။ မာ့စ်ဝါဒအမြင်အရ သင်တို့သိတဲ့အတိုင်း

အာမေ့နီ ချာတာကြေငြာချက် အတိုင်း လူတန်းစားရုန်းကန်မှုဟာ ခေတ်သစ်အရင်းရှင်စနစ်ကနေ လာ

တယ်၊ စက်မှုလုပ်သား လူတန်းစား နှင့် အရင်းရှင်လူတန်းစားတို့ရဲ့ ကုန်ထုတ်ဆက်ဆံရေးဟာ အမြတ်ခွဲဝေရေးအပေါ်မှာ ပဋိပက္ခ ဖြစ်တယ်၊ အလုပ်သမားလူတန်းစားဟာ လူတန်းစားအသိနိုးကြားလာချိန်မှာ နောက်ဆုံးပိတ် တိုက်ပွဲကို အရင်းရှင်လူတန်းစားနဲ့ ဆင်နွဲပြီး လွတ်မြောက်ရေးကို ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ဒါက ဆင်ဒိကယ်လစ်ဝါဒရဲ့ နောက်ကွယ်က မာ့စ်ဝါအယူဆပဲဖြစ်တယ်။

ဒုတိယအချက်မှာ၊ ဆင်ဒီကယ်ဝါဒသည် “လူနည်းစုက အကြမ်းဖက်မှုကို လှုံ့ဆော်ဖန်တီးခြင်း"(Creative Violence) အယူအဆကို လက်ခံကျင့်သုံးကြတယ်။ အလုပ်သမားလူတန်းစားရဲ့ စစ်မှန်သောလွတ်မြောက်ရေးဟာ ယုံကြည်ရသော စစ်သွေးကြွအချို့က လူများစုကို လှုံ့ဆော်မှုပေးခြင်းဖြင့် အထမြောက်နိုင်သည်ဟူသော အယူအဆဖြစ်သည်။

တတိယအချက်သည် ဆင်ဒိကယ်ဝါဒဟာ သမိုင်းကြောင်းအရ အရင်းရှင်စနစ်နဲ့အတူ ကျွဲကူးရေပါ ပေါ်ပေါက်လာခဲ့သော စက်မှုစီးပွားရေးစနစ်အပေါ်အခြေတည်ထားပြီး

လုပ်သားကွဲပြားမှု (division of labour) စနစ်ကို အသုံးပြုပြီး လှုမှုအဖွဲ့အစည်းကို ထိန်းချုပ်ထားတယ်။ ဆင်ဒီကယ်လစ်ဝါဒမှာ အတွင်းဝယ်လိုအားကိုပဲ အထူးပြုထားတယ်ဆိုပေမဲ့

လုပ်သားကွဲပြားမှု(Division of Labour) ကို ကုန်ထုတ်လုပ်မှု လူ့အဖွဲ့အစည်းကိုတည်ဆောက်ဖို့ လိုအပ်တဲ့ စီးပွားရေးအစိတ်အပိုင်းတစ်ခုအဖြစ်ထည့်သွင်း လက်ခံထားကြပါတယ်။ ဒါဟာ အကြမ်းဖျင်းအားဖြင့် မာစ်ဘောဂဗေဒ နဲ့ ဆိုရှယ်လစ်ဝါဒလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဆင်ဒီကယ်လစ်ဝါဒဟာ မာ့စ်သီအိုရီကို အခြေပြုယူထားပြီးတော့ မင်းမဲ့တွေရဲ့ လူနည်းစုလှုံ့ဆော်အကြမ်းဖက်မှုသဘောတရားကို ထည့်ပေါင်းထားတဲ့အတွက် မာ့စ်သီအိုရီနဲ့ မင်းမဲ့စံပုံစံမျိုးဖြစ်နေပါတယ်။

ဘယ်လောက်ပဲ ဆင်ဒီကယ်ဝါဒီတွေ တက်ကြွစွာနဲ့ လှုပ်ရှားအင်အားများနေပါစေ ရေရှည်မှာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ကို ရောက်သွားမှာဖြစ်သလို့ မင်းမဲ့ဝါဒရဲ့ စံတွေတန်ဖိုးတွေနဲ့လည်း ကိုက်ညီနိုင်တော့မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုရင် ဆင်ဒိကယ်ဝါဒဟာ ဝိရောဓ ဖြစ်နေတဲ့ ဆန့်ကျင်ဘက် အယူအဆ ၂ ရပ်ဖြစ်တဲ့ မာ့စ်ဝါဒနဲ့ မင်းမဲ့ဝါဒကိုအခြေခံထားလို့ပဲဖြစ်တယ်၊ လူတန်းစား ရုန်းကန်မှုဟာ လူများစုကိုလိုအပ်ပြီး၊ အဲ့ဒီလူများစုဟာ လူနည်းစုရဲ့

အကြမ်းဖက်မှုကို မလိုလားပါဘူး၊ ဒါကြောင့် နိုးကြားတက်ကြွတဲ့လူနည်းစုဟာ လူများစုကို မလွှမ်းသာပဲ ပြုပြင်ပြောင်းလဲရေး လမ်းစဥ်အောက်ကိုပဲ ကျရောက်သွားပါလိမ့်မယ်၊

ဆင်ဒိကယ်ဝါဒီတွေဟာ လုပ်သားဌာနကွဲပြားမှု (Division of labor) ကို အနာဂတ်လူ့အဖွဲ့အစည်းရဲ့ အလုပ်တွင်ကျယ်စေမဲ့စနစ်အဖြစ် ဆော်သြကြပါတယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ ကုန်ထုတ်လုပ်မှုအားလုံးကိုကြည့်လိုက်ရင် ထုတ်လုပ်မှုကို လုပ်ငန်းအဆင့်ဆင့်နဲ့ ခွဲခြားထားတာကို တွေ့ရမှာဖြစ်တယ်။ သူ့ရဲ့ ပုံမှန်ဝိသေသ လက္ခဏာတွေက ပထမဆုံးအနေနဲ့ လူလုပ်သားနေရာမှာ စက်ပစ္စည်းကိုအစားထိုးတယ်၊ ဒုတိယတစ်ချက်က ထုတ်လုပ်မှုအဆင့်တစ်ဆင့်က လုပ်သားက အခြားထုတ်လုပ်မှုလိုင်းကအလုပ်တွေကို နားလည်သိရှိထားဖို့ မလိုအပ်ဘူး၊ တတိယတစ်ချက်က အဲဒီလို အဆင့်ဆင့်ခွဲထားတဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ အထူးညှိနှိုင်းရေးကိုယ်စားလှယ်တစ်ယောက်ကို လိုအပ်တယ်။ အဲဒီကိုယ်စားလှယ်ကလည်း အလုပ်အားလုံးကို ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်နေတဲ့သူ မဟုတ်ပြန်ဘူး။ ဒီလိုနဲ့ ကြီးကြပ်တဲ့အဖွဲ့ဟာ မလွဲမသွေ အာဏာရလာမှာပဲ။ ခရိုပေါ့ကင်းရဲ့ ကွန်မြူးအဖွဲ့အစည်းမှာဆိုရင်တော့ ပူးပေါင်းကုန်ထုတ်လုပ်မှုဟာ လူသားတွေက လွတ်လပ်စွာ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကုန်ထုတ်လုပ်မှုဖြစ်တယ်။ ထုတ်လုပ်မှုနေရာချင်းမတူပေမဲ့ တစ်နေရာနဲ့တစ်နေရာကို နားလည်တတ်ကျွမ်းတဲ့အတွက် တာဝန်လည်းယူနိုင်တယ်။ လူတွေက ကိုယ်တိုင်ညှိညှိနှိုင်းနှိုင်း လုပ်ကိုင်နိုင်တဲ့အတွက် သူတို့ကို ကြီးကြပ်ပေးဖို့ အထက်ကိုယ်စားလှယ်ကိုမလိုတဲ့အတွက် အာဏာပေါ်ပေါက်လာစရာတောင် မရှိဘူး။ ကုန်ထုတ်လုပ်မှုအတွက် လုပ်အားကို ခွဲခြားလိုက်တဲ့အခါ အရေးပါတဲ့ထုတ်လုပ်မှုအပိုင်းမှာ လုပ်ရတဲ့သူတွေက အရေးမကြီးတဲ့နေရာမှာ လုပ်ရတဲ့သူတွေထက် ကြီးကြပ်ရေးမှူးနဲ့ဆက်ဆံရာမှာ အခွင့်ထူးရကြပါတယ်။ ဒီလိုနဲ့ လုပ်သားတွေကြားမှာ လူတန်းစားခွဲခြားမှု ထပ်ပြီးပေါ်လာနိုင်ခြေရှိတယ်။ ဒါ့အပြင် အလုပ်ကိုခွဲထားတဲ့အတွက် “လူတစ်ယောက်က သူ့စားဖို့အတွက် သူ့လက်နဲ့ ကိုယ်တိုင် ထုတ်လုပ်တယ်”လို့ အဓိပ္ပယ်မသက်ရောက်တော့ပါဘူး။ ကုန်ထုတ်လုပ်မှုနဲ့ စားသောက်သုံးစွဲမှုဟာလည်း ကိုက်ညီမှုရှိတော့မှာမဟုတ်ပါ။ လွတ်လပ်တဲ့ ထုတ်လုပ်မှုမရှိတဲ့အတွက် လွတ်လပ်တဲ့ သုံးစွဲမှုမရနိုင်၊ ဒါကြောင့် စစ်မှန်တဲ့လွတ်လပ်ခြင်းကို မျှော်လင့်လို့မရနိုင်ပါ။ မင်းမဲ့လူ့အဖွဲ့အစည်းသည်လည်း ခရိုပေါ့ကင်းပြောခဲ့တဲ့ အချင်းချင်းညှိနှိုင်း ကုန်ထုတ်လုပ်ကြတဲ့ ကွန်မြူးစနစ်မဟုတ်ပဲနဲ့ ဖြစ်လာနိုင်မည်မဟုတ်။

လက်ရှိ အလုပ်သမားသမဂ္ဂများသည် ဆင်ဒီကယ်လစ်နည်း၊ ဗော်ရှီဗစ် ပြန်လည်ပြုပြင်ရေးနည်းနဖြင့်သာမဟုတ်ပဲနဲ့ ပကတိ မင်းမဲ့စိတ်ဓာတ်၊ မင်းမဲ့လမ်းစဉ်ဖြင့် ရှေ့ဆက်ကြိုးပမ်းသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဟတ ရှိုးဇူးက မင်းမဲ့ကွန်မြူနစ် လူ့အဖွဲ့အစည်းတွင် ကုန်ထုတ်လုပ်မှုသည် စားသောက်သုံးစွဲမှုအပေါ်တွင် အခြေပြုထားပြီး ဆင်ဒီကယ်လစ်စီးပွားရေးသည် အရင်းရှင်စီးပွားကဲ့သို့ပင် စားသုံးမှုက ထုတ်လုပ်မှုလိုအပ်ချက်ပေါ် မှီခိုနေရခြင်းဖြစ်သည်။ ဤအကြောင်းတရားသည် လူတစ်ယောက်က သူ့ရဲ့ လိုအင်ဆန္ဒကို ဖြည့်တင်းနိုင်တဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ငြင်းပယ်ထားခြင်းဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှုကင်းမဲ့တဲ့ ကွန်မြူနစ်စနစ်တွင် ကုန်ထုတ်လုပ်မှုုသည် စားသုံးမှုကြောင့်သာ ဖြစ်ပေါ်လာရသည်။ ဗဟိုချုပ်ကိုင်မှုကို အခြေပြုထားသည့်စနစ်တွင် စားသုံးမှုသည် ကုန်ထုတ်လုပ်မှုပေါ် မှီခိုနေရပြီး ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ကုန်ထုတ်လုပ်မှုစနစ်တွင်မူ စားသုံးမှုသည် ကုန်ထုတ်လုပ်ခြင်း၏ အခြေခံကျသော အကြောင်းရင်းပင်ဖြစ်သည်။