#title Egoist anarchism / Egoist communism ကကြီး ခခွေး #author Hein Htet Kyaw #date 16 October 2026 #source [[https://www.facebook.com/share/p/1D4HqPy5fT/]] #lang id #pubdate 2026-07-12T00:00:00 #topics egoism, post-left #language Burmese တကယ်ဆို လူထုရဲ့လွတ်လပ်မှုဟာ ငါ့လွတ်လပ်မှုမှ မဟုတ်ပဲ။ တကယ်တော့ငါလုပ်သမျှဟာ ငါ့သိမှုဘောင်အတွင်းက ငါ(သို့မဟုတ်) ငါချစ်ရတဲ့သူတွေအတွက်ချည်းပဲ။
လုပ်သားထုလူတန်းစားတိုက်ပွဲကိုထောက်ခံတာဟာ လုပ်သားထုကြီးကို ငါကကယ်တင်ပေးချင်တာမဟုတ်ဘူး။ လုပ်သားထုကြီး လွတ်လပ်မှုက ငါ့ပန်းတိုင်မဟုတ်ဘူး။ လုပ်သားထုကြီး လွတ်လပ်မှုက ငါ့ပန်းတိုင်လိုလို့ခံယူတဲ့သူတွေကလည်း တကယ်တော့ကြောင်သူတော်တွေချည်းပဲ။ သမိုင်းတစ်ယောက် အဲ့လိုကောင်တွေကချည်း လုပ်သားထုကို ပြန်ဖိနှိပ်ပြီး အမြတ်ထုတ်ခဲ့တာ။ တကယ့်လုပ်သားထုထဲက လုပ်သားထုတွေက ခုချိန်ထိ တစ်မိနစ်လေးတောင်မှ လွတ်လပ်မှုအစစ်အမှန်ကိုမခံစားရသေးဘူး။ တကယ်တော့ လူတန်းစားတိုက်ပွဲမှာ ငါက ဝင်ပါနေရတာဟာ လုပ်သားထုထဲက လုပ်သားတစ်ဦးဖြစ်တဲ့ငါ(သို့)ငါချစ်ရတဲ့သူတွေရဲ့ လွတ်မြောက်မှုဟာ လုပ်သားထုတစ်ခုလုံးလွတ်မြောက်မှုနဲ့ ဆက်စပ်နေလို့ပဲ။ အမျိုးသမီးအခွင့်အရေးကို ထောက်ခံတာဟာ ဖီးမနစ်လို့ခံယူလို့လည်းမဟုတ်ဘူး။ အမျိုးသမီးထုကြီးတစ်ခုလုံးကို ငါကကယ်တင်ပေးချင်တာမဟုတ်ဘူး။ သူတို့အမျိုးသမီးတစ်ဦးချင်းဆီရဲ့ လွတ်မြောက်မှုကို ငါစိတ်လဲမဝင်စားဘူး။ ဒါပေမယ့် ငါချစ်ရတဲ့ အမျိုးသမီးတချို့ရဲ့ လွတ်မြောက်မှုဟာ အမျိုးသမီးထုတစ်ခုလုံးလွတ်မြောက်မှုနဲ့ ဆက်စပ်နေတယ်။ ဒီတော့ မင်းတို့တိုက်ပွဲမင်းတို့တိုက်ပွဲ ငါ့တိုက်ပွဲ ငါတိုက်နေရုံပဲ။ ငါတို့တိုက်ပွဲတွေမှာ ဘုံရန်သူတူတဲ့အတွက် ပူးပေါင်းစုရုံးရင်း အပြန်အလှန်အကျိုးတူဖေးမကူညီကြရုံပဲ။ ငါဟာ ဘယ်သူကိုမှ ကိုယ်စားမပြုသလို ဘယ်သူကမှလဲ ငါ့ကို ကိုယ်စားမပြုဘူး။ ငါဟာ ဘယ်သူ့ကိုမှ မကယ်တင်သလို ဘယ်သူကမှလဲ ငါ့ကိုမကယ်တင်ဘူး။ ငါ့တိုက်ပွဲကို ငါတိုက်ရင်း မင်းတိုက်ပွဲကို မင်းတိုက်ရမယ်။ ငါ့အပေါ် ကျရောက်တဲ့ဖိနှိပ်မှုအချို့ဟာ မင်းအပေါ်ဟာ ကျရောက်တယ်။ မင်းအပေါ်သက်ဆင်းတဲ့ ဖိနှိပ်မှုအချို့ဟာ ငါ့အပေါ်သက်ဆင်းတယ်။ ပိုဖိနှိပ်ခံရသူက ပိုနာကျဉ်နေမှာပဲ။ ဘယ်သူပိုနာကျဉ်ရလဲ ငါဂရုမစိုက်ဘူး။ မင်းပိုနာကျဉ်ရင် မင်းပိုရုန်း။ ငါပိုနာကျဉ်ရင် ငါပိုရုန်းမယ်။ အကျိုးတူစုစည်းမယ်။ အကျိုးတူပူးပေါင်းမယ်ဆိုရင်တော့ တစ်ဦးချင်းဆီရုန်းကန်နေရတာထက် စုဝေးရုန်ကန်တာပိုထိရောက်တာပေါ့။ ဒီလောက်ပဲ။ ငါကလည်း ရုန်းကန်နေရဆဲမို့ တစ်ပြားတစ်ကျပ်မှ အစတေးခံပြီး အနစ်နာခံမှာမဟုတ်သလို မင်းဖက်က အဲ့လိုလုပ်ဖို့လည်း မမျှော်လင့်ဘူး။ မင်းမျှော်လင့်လည်း ငါက ဂရုမစိုက်ဘူး။ အဓိကက အကျိုးတူပူးပေါင်းတိုင်းမှာ နှစ်ဦးနှစ်ဖက်လေးစားသမှုရှိရတယ်။ ယုံကြည်မှုတွေလိုအပ်တယ်။ ဒီ့အတွက်ကလည်း ငါ့ရုန်းကန်မှုမှာ ငါဘယ်လောက်အထိ ပြတ်သားတဲ့စိတ်ဓါတ်နဲ့ရုန်းနေလည်းကို ကြည့်ပြီး မင်းသုံးသပ်နိုင်တယ်။ ငါလည်း အလားတူလုပ်မှာပဲ။ တချိန် ငါတို့ရဲ့ရုန်းကန်မှုကြီး အောင့်မြင်တဲ့အခါ မင်းရော ငါရော ဖိနှိပ်မှုတွေမရှိတဲ့ လောကကြီးမှာ တန်းတူညီမျှလွတ်လွတ်လပ်လပ်ရှင်သန်ကြမယ်။ ဒါက ဖြစ်ချင်မှလည်း ဖြစ်လာမယ်။
အရေးကြီးတာတော့ လက်တွေ့လက်ရှိမှာ ငါတို့ရုန်းကန်နေဖို့ပဲ။ ဘာလို့ရုန်းကန်နေရသလဲ။ ငါတို့ရဲ့ လွတ်လပ်မှု၊ ငါတို့ရဲ့ မာန်၊ ငါတို့ရဲ့ ဂုဏ်၊ ငါတို့ရဲ့ ရပိုင်ခွင့်တွေအတွက်ပဲ။