Title: မင်းမဲ့ခြင်းအကြောင်းတရား အိတို နိုအဲ
Author: Ito Noe
Topic: Japan
Language: Burmese
Date: 1921
Source: Wa Kha Mount. From Robert Graham (Ed.), Anarchism: A Documentary History of Libertarian Ideas; Volume One: From Anarchy to Anarchism (300 CE to 1939).
Notes: Michi နှင့် Tengu (Wakhamount Collective) မှ ပြန်ဆိုရေးသားသည်။

အယ်ဒီတာ မှတ်စု(Robert Graham)

အိတို နိုအဲ ( ၁၈၉၅-၁၉၂၃) သည် ဂျပန် မင်းမဲ့ အမျိုးသမီးဝါဒီ တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ အိုဆုဂီ ဆခအဲနှင့် ရဲဘော်ရဲဘက်ဖြစ်လာခဲ့ပြီး နှစ်ယောက်လုံးဟာ ၁၉၂၃ ခုနှစ်မှာ ဂျပန်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ သူမသည် ဂျပန်အမျိုးသမီး စာပေလိုက်စားသူအသိုင်းအဝိုင်းမှာ ရှေ့ပြေးဉီးဆောင်သူတစ်ယောက်ဖြစ်ခဲ့ပြီး Emma Goldman ၏စာပေများကိုလည်း ဂျပန်ဘာသာသို့ပြန်ဆိုခဲ့သည်။ အောက်ပါ ကောက်နှုတ်ချက်များသည် ၁၉၂၁ ခုနှစ် Rodo Undo(အလုပ်သမားလှုပ်ရှားမှု)စာဆောင်တွင် ထုတ်ဝေခဲ့သော သူမ၏ “The Facts of Anarchy” ဆောင်းပါးမှ ထုတ်ယူထားခြင်းဖြစ်သည်။ အိတို နိုအဲက ဂျပန်နိုင်ငံရှိ ဆင်းရဲသားလယ်သမားတို့ နေထိုင်ရာရွာများသည် အပြန်အလှန်သဘောတူညီချက် (mutual agreement) နှင့် အပြန်အလှန်ကူညီထောက်ပံ့မှုစနစ် ကျွန်းကိုင်းမီကိုင်းကျွန်းမီ (mutual aid)ကို အခြေပြုထားသော မင်းမဲ့လူ့အဖွဲ့အစည်းကို လက်တွေ့ကျင့်သုံးနေထိုင်နေသည့်ပုံစံဖြစ်သည်ဟု ထောက်ပြခဲ့ပါသည်။ အောက်ပါဆောင်းပါးသည် “A short history of the Anarchist Movement in Japan”တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ဆောင်းပါးဖြစ်ပြီး ယိုရှိဟာရု ဟရှိမိုတိုမှ ဘာသာပြန်ဆိုခဲ့ကာ editor(Robert Graham) မှ ဆီလျော်အောင် ပြန်လည်တည်းဖြတ်ပြန်ဆိုထားခြင်းဖြစ်သည်။

မင်းမဲ့ခြင်းအကြောင်းတရား အိတို နိုအဲ

မင်းမဲ့ကွန်မြူနစ်ဝါဒစံနှုန်းဟာ အမှန်တကယ် လက်တွေ့မဖော်ဆောင်နိုင်တဲ့ စိတ်ကူးသက်သက်မျှသာဖြစ်တယ်ဆိုပြီး စော်ကားမော်

ကေားပြောဆိုမှုတွေကို မကြာခဏကျမတို့ကြားဖူးကြပါတယ်။ ဗဟိုအစိုးရရဲ့ အထောက်အပံ့မပါပဲနဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူသီးတဲ့ ယုံကြည်မှုတစ်ခုကို လူတိုင်းက စွဲကိုင်ထားကြတယ်။ အထူးသဖြင့် ဆိုရှယ်လစ်ဝါဒီအချို့က “anarchism dream” (မင်းမဲ့တွေရဲ့ စိတ်ကူးအိပ်မက်)ကို လှောင်ပြောင်ကြတက်ကြတယ်။ အထင်သေးကြတယ်။ ကျမအတွက်ကတော့ ဒါက စိတ်ကူးယဉ်အိပ်မက်မဟုတ်ပဲ ကျမတို့ရဲ့ ဘိုးဘေးဘီဘင်တွေဆီကနေ အမွေအဖြစ်လက်ဆင့်ကမ်းလာခဲ့ပြီးတော့ ကျေးလက်ဒေသက ရွာငယ်လေးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်တာကို အမှန်တကယ် လက်တွေ့ကျင့်သုံးနေထိုင်နေကြတယ်လို့ ပြောလိုပါတယ်။ တစ်ချို့ဝေးလံခေါင်ဖျားပြီး တိုးတက်တယ်လိုခေါ်ဆိုကြတဲ့ ယဉ်ကျေးမှုတောင်မထွန်းကားတဲ့ အရိုင်းတောဆန်တဲ့ ရွာငယ်လေးတွေမှာ ရိုးရှင်းတဲ့ စနစ်ရှိပြီးတော့ ရွာသူရွာသားတွေရဲ့ လူမှုနေထိုင်မှုကလည်း အ​​ပြန်အလှန်သဘောတူညီမှု​ တွေကို

အခြေခံထားတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ ဒီလို လူသားတွေရဲ့ လိုအပ်ချက်ကြောင့် ဖြစ်လာရတဲ့

သဘာဝအတိုင်း ကိုင်းကျွန်းမီကျွန်းကိုင်းမီ အပြန်အလှန်ကူညီထောက်ပံ့တဲ့ စနစ်က စီမံအုပ်ချုပ်တဲ့ ယန္တရားအဖွဲ့အစည်းတွေ မရှိခင်ကတည်းက ရှိနေတာဖြစ်ပြီးတော့ ယနေ့ခေတ် တွေမှာလည်း နိုင်ငံတော် အုပ်ချုပ်မှုယန္တယားနဲ့အပြိုင် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

ကျမရဲ့ မွေးရပ်မြေရွာကလေးမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အချက်တွေနဲ့ ပုံဖော်ပြီးတော့ ပြောပြချင်ပါတယ်။ ကျမတို့ရွာမှာ အိမ်ခြေ ၆ဝ ကနေ ၇ဝခန့်ရှိပြီးတော့ အိမ်ခြေစုစုပေါင်းကို လူမှုရေးအသင်းအဖွဲ့ ၆ ဖွဲ့အနေနဲ့ ခွဲလိုက်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ အဲ့ဒီ ၆ ဖွဲ့က လိုအပ်သလို စုစည်းဆောင်ရွက်ကြတယ်။ အထက်ကနေ အမိန့်ပေးညွှန်ကြားမှုတွေ၊ အုပ်ချုပ်ရေးအရာရှိတွေ မရှိပါဘူး။ ဒီလို ဘိုးဘေးတွေဆီကနေ အမွေရခဲ့တဲ့ ရပ်သူရွာသားအချင်းချင်း ရိုင်းပင်းကူညီလိုတဲ့စိတ်ဓာတ်ကြောင့် ဒုက္ခရောက်နေချိန်မှာ အပြန်အလှန်ကူညီ ဖေးမ ထောက်ပံ့ကြခြင်းဖြစ်ပါတယ်။

ရွာမှာ အစည်းအဝေးလုပ်ပြီဆိုရင် လူအားလုံး မိမိအတွေးအခေါ်ကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ ရွာသားတွေက ကိုယ်ထင်တာပြောဖို့ ရှိန်တာ၊ကြောက်တာမျိုး ခံစားရတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးမရှိပါဘူး။ ရွာသူကြီးနဲ့ နေ့စားအလုပ်သမား၊လယ်သမားတွေကြား ဖိနှိပ်ခွဲခြားမှုမရှိသလို မောက်မာတာ၊ အောက်ကျို့ရတာတွေလည်း မရှိပါဘူး။

ဆုံးဖြတ်ချက်တွေကို ဘယ်လိုချကြသလဲဆိုတော့ အားလုံးအတူတူ ဆုံးဖြတ်ကြပါတယ်။ ယေဘုယျအားဖြင့် ဆုံးဖြတ်ချက်ချရာမှာ လက်တွေ့ကျပြီးတော့ ရှင်းလင်းတိကျတဲ့အချက်တွေကို မရမချင်းအကြေအလည်​ ဆွေးနွေးကြသလို

အားလုံးကလည်း မိမိသိထားတဲ့ ဗဟုသုတ၊အကြံဉာဏ်တွေကို ပြောဆိုဝေမျှကြမယ်တဲ့အတွက် အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်ကို အလိုအလျောက်ချမှတ်ပြီးသား ဖြစ်ပါတယ်။

ရွာသားတစ်ယောက်က နာမကျန်းဖြစ်လို့ အိပ်ရာထဲလဲသွားရင် သက်ဆိုင်ရာအသင်းအဖွဲ့ကို အကြောင်းကြားရပါတယ်။ အဖွဲ့ဝင်ရွာသားတွေက နေမကောင်းဖြစ်နေတဲ့ရွာသားအိမ်ကို စုရုံးရောက်ရှိလာပြီး တစ်ယောက်က ဆရာဝန်သွားပင့်တယ်၊ အခြားတစ်ယောက်က ဆွေမျိုးတွေကို အကြောင်းကြားတယ်၊ အခြားသူတွေက လိုအပ်တဲ့ဝေယျာဝစ္စမှန်သမျှကို ဆောင်ရွက်ပေးတယ်၊ နေပြန်ကောင်းလာတဲ့အထိအောင်ကို ပြုစုပေးကြပါတယ်။

အမျိုးသမီးတွေ ကလေးမီးဖွားတဲ့အခါမှာလည်း ရွာအဖွဲ့အစည်းက မိန်းမတွေက ရောက်လာပြီးတော့ ကလေးမိခင် မွေးဖွားပြီး အလုပ်ပြန်လုပ်လာနိုင်တဲ့အထိ စောင့်ရှောက်ပေးပါတယ်။ ဘယ်အရာမဆို အကူအညီလိုတဲ့အခါတိုင်း ရွာက မငြီးမညူပဲ ထင်းခွေမ​ကြုံ ရေခပ်ကြုံ အတုံအလှန့်သဘောမျိုးနဲ့ ဝိုင်းဝန်းအပြန်အလှန် ကူညီ

ထောက်ပံ့ပေးကြတယ်။

ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်လို့ အချို့မိသားစုတွေကို အကူအညီမပေးချင်တဲ့အခါတွေလည်းရှိပါတယ်။ အဲ့လိုကျရင်လဲ နောက်ကွယ်မှာ အတင်းတုပ်ကြပေမဲ့ အကူအညီပေးဖို့ကိုတော့ ဘယ်တော့မှ လက်မတွန့်၊မငြင်းဆန်ကြပါဘူး။ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ရွာရဲ့အလုပ်ကို ခွဲခြားထားကြပါတယ်။

စီမံခန့်ခွဲ့ရတဲ့အလုပ်တွေကိုတော့ ရွာသားတွေက ခွဲဝေပြီးတော့ တာဝန်ယူရပါတယ်။ အမြဲတန်းလုပ်ရမယ့်အလုပ်တွေဆိုရင်တော့ တာဝန်ယူတဲ့သူ အဆင်ပြေဖို့အတွက် အလှည့်ကျတာဝန်ယူတဲ့စနစ်ကို ကျင့်သုံးပါတယ်။ လူမှုရေးအသင်းအဖွဲ့ဝင်တွေဟာ ရွာသားတစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှုဟာ အတင်းအကျပ်စေခိုင်းမှုကြောင့် စိတ်ဆန္ဒမပါပဲနဲ့ ဆောင်ရွက်ရတာမဟုတ်ပါ။ ကိုယ်ပိုင်အသိစိတ်ဓာတ်ကြောင့် ကျရာတာဝန်ကိုဆောင်ရွက်ကြရတာဖြစ်ပြီး အထက်က ကြီးကြပ်ရတာ၊ အမိန့်ပေးရတာမျိုးတွေ မလိုအပ်ပါဘူး။

ရွာရဲ့ အရေးကြီးတဲ့ ကိစ္စအခြင်းအရာတစ်ခုကို ဆောင်ရွက်ဖို့အတွက် အဖွဲ့အစည်းတစ်ခုကိုဖွဲ့​

ပြီးပြီးအဆိုရင် အဲ့ကိစ္စကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းဆောင်ရွက်ပြီးတဲ့အခါမှာ အဲ့ဒီ

အဖွဲ့က အလိုအလျောက် ပယ်ဖျက်သွားပါတယ်။ ရွာထဲမှာဖွဲ့ထားတဲ့ အဖွဲ့ငယ် ၆ ဖွဲ့ကတော့ အဖွဲ့အစည်းမဟုတ်ပဲနဲ့ တစ်အိမ်တစ်ယောက် ကိုးစားပြုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ရွာအတွက်တော့ ရဲတွေဟာ သိပ်

အရေးမပါပါဘူး။ အငြင်းပွားရန်ဖြစ်တာတွေကို များသောအားဖြင့် ကျေးရွာလူထုကပဲ ကိုင်တွင်ဖြေရှင်းပါတယ်။ ဥပမာအားဖြင့် မိသားစုတစ်စု စုံတွဲတစ်တွဲက ပစ္စည်းတစ်ခုခုကို ခိုးပြီးတော့ အခိုးခံရတဲ့သူမှာလည်း သက်သေအထောက်အထား အခိုင်အလုံရှိတယ်ဆိုရင် အခိုးခံရတဲ့မိသားစုက အဆိုပါစုံတွဲကို ရွာရဲ့ရှေ့မှောက်ကို ဆင့်ခေါ်ပြီးတော့ ဆူပူကြိမ်းမောင်းပါတယ်။ နောက် နောင်

အလားတူ ပြစ်မှုကို ကျူးလွန်ပါက မိမိတို့ရွာကနေ နှင်ထုတ်ခြင်းခံရမယ်ဆိုပြီး ကြိမ်းလိုက်ပြီး သူခိုးရော၊ အခိုးခံရတဲ့သူကော ခိုးရာပါပစ္စည်းကိုပြန်အပ်ပြီး ကျေအေးလိုက်ကြပါတယ်။

ရွာ မှ နှင်ထုတ်ခြင်း(ရွာပြင်ထုတ်ခြင်း) မတတ်သာတဲ့ အဆုံးမှ ကျင့်သုံးရတဲ့ အပြစ်ပေးခြင်းဖြစ်တယ်။

တစ်စုံတစ်ယောက်က အပြစ်ဒဏ်ခံရရင် အဲ့ဒီသူနှင့် ဘယ်သူကမှ အဆက်အသွယ်မလုပ်ရဲကြဘူး၊

အဲ့တာကြောင့်လဲ အဲ့လို အပြစ်ပေးမှုကို လေးနက်မှု၊ ပြင်းထန်မှုကို စဉ်းစားပြီးတော့ မှ ဝိုင်းဝန်းဆုံးဖြတ်စဥ်းစားပြီး ချမှတ်

ဆောင်ရွက်ကြတာများပါတယ်။ ကျမသိသလောက် ဒီလိုကြီးလေးတဲ့အပြစ်ဒဏ်ကို

မိသားစုတစ်စုစုကို ချမှတ်လိုက်တာကို အခုအထိမကြားမိသေးပါဘူး။

ကိုယ့်အကျိုးစီးပွားအတွက်ပဲရှေ့တန်းတင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ မြို့ပြလူနေမှုဘဝဟာ ကျေးလက်နေထိုင်မှုဘဝနဲ့ အသားကျနေတဲ့ ရွာသားတွေအတွက်တော့ သည်းမခံနိုင်စရာပါ။

မွဲတေမှုကလွဲရင် ဘာမျှော်လင့်ချက်မှမရှိတဲ့နေရာဒေသမှာ ကျေးရွာသူရွာသားတွေကြား အချင်းချင်း ကူညီရိုင်းပင်းပြီးတော့ နေထိုင်ခြင်းဟာ ပိုပြီးတော့တောင် ပြည့်စုံကုံလုံပြီးတော့ နွေးထွေးပျူငှာလှပါတယ်။