#title ငါ…
#subtitle ၁ လပိုင်း ၁၅ ရက်၊ ၁၉၂၅။
#author Ko Min Sein (ကိုမင်းစိန်)
#LISTtitle ငါ…
#date 2/19/2026
#uid ငါ…
#source https://theanarchistlibrary.org/library/renzo-novatore-i
#lang mya
#pubdate 2026-03-15T00:00:00
#authors Ko Min Sein (ကိုမင်းစိန်), Renzo Novatore
#topics egoism, individualism,
#language Burmese
ငါက အမြဲတမ်းငါပဲ ဖြစ်ခဲ့သလို ငါက ငါဖြစ်နိုင်တာ တသက်လုံး ဖြစ်နေမှာပဲ။ နေက လမဖြစ်လာနိုင် သလို လက နေမဖြစ်လာနိုင်ဘူး အမှတ်မထင်ဘဲ တစ်စုံတစ်ရာကြောင့် ဖြစ်လာခဲ့ရင်တော့ နေမဟုတ်တော့ဘူး။ အဲ့ဒီ့တော့ ဘယ်ကောင်က ငါ့ရဲ့လမ်းကြောင်းကို လမ်းလွှဲဖို့ တောင်းတနေတာလဲ။
မင်းမှာ အသိစိတ်ရှိရင် မြစ်ကို တာတမံမတည်နဲ့။
သမုဒ္ဒရာထဲကို ရွှင်လန်းစွာ အလောတကြီးသွားနေတာ မင်းမမြင်ဘူးလား။ သူ့ရဲ့ ငြိမ်သက်တဲ့ မြစ်ကြောင်းမှာ ပြင်းထန်စွာ မြူးကြွတဲ့တေးသံနဲ့ တဟုန်ထိုးပြေးနေပါစေ။
ရွှင်းလန်းတက်ကြွဖို့ကောင်းတဲ့ အရာတွေကို ဝမ်းနည်းဖို့ကောင်းအောင် မလုပ်ဖို့ ဝိဇ္ဇာတွေကို ငါပြောမယ်။ အဲ့တာက အကုန်လုံးအတွက် ဒဏ်ရာဖြစ်လိမ့်မယ်။ ဒါပေမယ့် အဆိုးဆုံး အန္တရာယ်ကတော့ လူရဲ့အလှအပကို ထိခိုက်မှုပဲ။
ရှေးဟောင်းခေတ်က နားရှည်တဲ့မင်းမျိုးမင်းနွယ်တွေကို ထပ်ပြောမယ်၊ အကောင်းနဲ့ အဆိုးကို ကျော်လွန်ပြီး လက်ဖျားခါရလောက်အောင် နေဖို့က
သီးသန့်လူတန်းစားတွေအတွက် အခွင့်ထူးတစ်ခုသာ မဟုတ်ဘဲ၊ ခွန်းအားနဲ့ အရသာကောင်းရှိတဲ့ သူတွေအတွက် အခွင့်ထူး… ခွန်အားရှိသမျှ၊ အရသာကောင်းရှိသမျှ။
လူက ပျော်ရွှင်မှုနဲ့ ရယ်မောမှုရဲ့ ဘုရားသခင်ဖြစ်ဖို့က ဘယ်နေ့မှ ရောက်လာမှာလဲ။
လွတ်လပ်ပြီး ခမ်းနားတဲ့ ဧည့်ခံပွဲ တလောကလုံးကို ကျင်းပဖို့ ငါတို့ကို ဘယ်သူက တားမှာလဲ။
ငါတို့ ကြေညာလိုက်ပြီ။
မြစ်တိုင်းကို သူတို့ရဲ့ မြူးကြွတဲ့ တေးသံတွေနဲ့အတူ သမုဒ္ဒရာထဲကို တဟုန်ထိုး စီးဆင်းပါစေ။
နက်ရှိုင်းလှပပြီး ဝမ်းသာဖို့ကောင်းတဲ့ ငါ့ရဲ့ သမုဒ္ဒရာစီကို ငါကသွားတယ်။ ငါ့ဟာဖြစ်နေလို့၊ အတုမရှိတဲ့ ငါ့ဟာ။
ငါ့ရဲ့ ကမ်းပါးနားမှာနေပြီး င့ါရဲ့ ရေစီးကြောင်းကို လာပိတ်ဆို့ရင် ဒုက္ခရောက်ပါစေ။