#title ပထမဆုံး စစ်ကျွန်ပညာရေးကို တော်လှန်သော မှတ်တမ်းမတင်ရသေးသည့် Anarchy ညတစ်ည #date 27-01-2018 #source https://www.facebook.com/share/p/Z7qAmsQu36XfMLtL/ #lang mya #pubdate 2025-04-04T08:58:26.777Z #authors Thiha JP #language Burmese ပထမဆုံး စစ်ကျွန်ပညာရေးကို တော်လှန်သော မှတ်တမ်းမတင်ရသေးသည့် Anarchy ညတစ်ည အချိန်ကာလ- ဒီဇင်ဘာလ ၊ ၁၉၉၉ ခုနှစ် နေရာ- သန်လျင် GTI ဖြစ်စဉ်အကျဉ်း- GTI ကျောင်းသားများအား နောက်ဆုံးနှစ်ရောက်ချိန်မှ AGTI လက်မှတ်မပေးပဲ Diploma in Engineering ပေးမည်ဟု ကျောင်းသားထုအား အစမ်းသက်ခံစစ်ကျွန်ဇာတ်သွင်းခြင်းကို ဆန့်ကျင်တော်လှန် အောင်မြင်ခဲ့ခြင်း.. Dip in ပေးမည်ဟု ကြေငြာချိန်တွင် ကျောင်းသား/သူ အားလုံး လက်မှတ်ထိုး ကန့်ကွက်၍ စာအဆင့်ဆင့် တင်ခဲ့တယ်.. သို့သော် အရာမရောက်ခဲ့ပါ.. တင်သည့်စာများကို အဆင့်ဆင့် ဖျောက်ဖျက်ခဲ့ကြတယ်.. ဒါကြောင့် ဆန့်ကျင်သည့် သဘောပြသသည့်အနေဖြင့် စာသင်ခန်းများကို မဝင်ပဲ ဆန္ဒထုတ်ဖေါ်ခဲ့တယ်.. တစ်လခန့် ကြာသွားသော်လည်း ထူခြားမှုမရှိလာလို့ EC အစည်းအဝေး လုပ်ပြီး အပြီးသတ် တောင်းဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်.. #FightForOurRights တစ်လပြည့်တဲ့နေ့မှာ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ကျောင်းဆင်းချိန် ကျောင်းမှမည်သူမျှ မပြန်ပဲ အယောက် ၅၀၀ စလုံး ရုံးခန်းရှေ့ လမ်းပေါ်တွင် ထိုင်၍ ဆန္ဒပြကြတယ်.. ကျောင်းကားအားလုံးကိုလည်း ကျောင်းဝန်းအတွင်း ထည့်ပြီး ကျောင်းဝန်းကြီးရဲ့ ဂိတ်တွေကို ကျောင်းသားတွေရဲ့ သော့တွေနဲ့ ခေတ်ပြီး ကျောင်းကြီးကို သိမ်းပိုက်လိုက်တယ်.. #FuckYourRules နည်းပညာ ညွှန်မှူး၊ ညွှန်ချုပ်တို့ ရောက်လာပြီး ဝေ့လည်ကြောင်ပတ် ဖြောင်းဖျပြောဆိုကြတယ်.. ကိုယ်တိုင်လုပ်ပိုင်ခွင့် မရှိပဲ ဝေ့လည်ကြောင်ပတ်သာ ပြောဆိုတတ်တဲ့ ညွှန်မှူးတွေကို ကျောင်းသားတွေက လှောင်ပြောင်သရော်သဖြင့် အရှက်ကွဲအကျိုးနဲသာဖြစ်ခဲ့ကြတယ်.. အဲလိုနဲ့ မိုးချုပ်လာတဲ့အခါ အိမ်ပြန်မရောက်လာတဲ့ သားသမီးတွေကို စိတ်ပူပြီး အနီးအနားက မိဘတွေ ရောက်လာကြတယ်.. သားသမီးတွေကို အိမ်ပြန်ခေါ်ဆောင်သွားဖို့ ဆရာဆရာမတွေက မိဘတွေကို ပြောဆိုကြတယ်.. ကျောင်းသားတွေကလည်း ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး ကိုယ့်ရပိုင်ခွင့်အတွက် တောင်းဆိုတာပါ ဟု ပြန်လည်းပြောကြားပြီး လွန်ဆွဲကြတယ်.. အချို့မိဘတွေက သဘောပေါက် နားလည်ပြီး အနွေးထည်တွေ ပိုက်ဆံတွေပေးပြီး ပြန်သွားကြတယ်.. အချို့ကလည်း သားသမီးတွေကို ပြန်ခေါ်သွားကြတယ်.. ကျောင်းသားထုအထဲ ထောက်လှမ်းရေးအချို့ ဝင်ထိုင်ကြတာကိုလည်း ကျောင်းသားတွေ ဝိုင်းဖမ်းကြတယ်.. ကျောင်းဝန်းအပြင်မှာ စစ်ကားတွေ လက်နက်အပြည့်နဲ့ ဝိုင်းထားကြတယ်.. ကျောင်းအုပ်ဆရာမကြီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဝင်မဖမ်းသေးတာဖြစ်တယ်.. ထောက်လှမ်းရေးတွေက EC တွေရဲ့ ကိုယ်ရေး file တွေ ကြည့်ပြီး မိဘတွေကို အိမ်တွေမှာ လိုက်ဖမ်းတယ်.. မိဘတွေကို မြို့တော်ခန်းမ မြေအောက်ထဲထည့်ပြီး သားသမီးတွေကို အကြပ်ကိုင်ပြန်ခေါ်ခိုင်းတယ်.. EC တွေ တစ်ယောက်ပြီး တစ်ယောက် မိဘတွေ ပြန်ခေါ်သွားကြတယ်.. #FuckTheGovernment ညကတဖြေးဖြေး ညဉ့်နက်လာတယ်.. ဆောင်းညမှာ အမိုးအကာမရှိတဲ့ ဟင်းလင်းပြင် လမ်းမပေါ်မှာ ယုံကြည်ချက်တွေနဲ့ အချမ်းဒါဏ်ကို အံတုကြတယ်.. မီးပုံအကြီးကြီးလုပ် ပြီး ဝိုင်းထိုင်ကြတယ်.. ကျောင်းသားတွေ ကန်တင်းအားလုံးကိုလည်း သိမ်းလိုက်တယ်.. ကန်တင်းမှာရှိတဲ့ ရေသန့်တွေ မုန့်တွေ ဆေးလိပ်တွေ အားလုံးယူပြီး ဝေပေးကြတယ်.. ဆိုင်ရှင်တွေလည်း ကြည်ကြည်ဖြူဖြူ ပေးပြီး ကူညီကြပါတယ်.. ချစ်သူစုံတွဲတွေက အပျော်ဆုံးဖြစ်လိမ့်မယ်.. ကျောင်းဝန်းကြီးက အကျယ်ကြီးကို.. ညဉ့်လယ်ရောက်တော့ EC တွေ တစ်ယောက်မှ မရှိတော့ဘူး.. လူအင်အားလည်း ၃၀၀ လောက်ပဲ ကျန်တော့တယ်.. တစ်ယောက်တလှည့် ကျောင်းအကြောင်းတွေ ပညာရေးအကြောင်းတွေ ပြောကြရင် ဆောင်းအအေးဒါဏ်ကို ရင်ဆိုင်ဖြတ်သန်းကြတယ်.. #WeAreOne စိတ်ဓာတ်တွေလည်း တဖြေးဖြေး ကျလာတယ်.. မနက်ရောက်လို့မှ မအောင်မြင်ရင် အဖမ်းလည်းခံရနိုင်သလို လိုချင်တဲ့ လက်မှတ်လည်း ဆုံးရှူံးနိုင်တယ် မဟုတ်လား.. အားကိုးရတဲ့ EC တွေကလည်း မရှိတော့ဘူး.. Plan B အနေနဲ့ ပြင်ဆင်ထားတာလည်း မရှိဘူး.. သန်းခေါင်လွန်လို့ မိုးလည်းလင်းတော့မှာဖြစ်တယ်.. ဦးဆောင်သူတွေ မရှိတော့ရင် နောက်ထပ်ဦးဆောင်သူတွေက ထွက်လာရမှာပဲ..အားလုံးဟာ ဦးတည်ချက်တူညီပြီး လုပ်ဆောင်နေတဲ့ သူတွေဖြစ်လို့ အားလုံးဟာ ဦးဆောင်သူတွေပဲ ဖြစ်တယ်.. တစ်ဦးတစ်ယောက် ခေါင်းဆောင်မှုကို အလုံးစုံအားကိုးပြီး ဒီတောင်းဆိုမှု လုပ်ခဲ့တာမှ မဟုတ်တာ.. #NoLeader #NoFollower အာရုဏ်ဦး နွေးထွေးတဲ့နေရောင်ခြည်က ပင်ပန်းနွမ်းနယ်မှုတွေ စိတ်ဓာတ်ကျမှုတွေကို တွန်းလှန်လိုက်ပြီး အားအင်တွေ မျှော်လင့်ချက်တွေ ပြန်ပြည့်လာ ခဲ့ကြတယ်.. အဲဒါနဲ့ နေရောင်ခြည် တဖြေးဖြေး ထွက်ပေါ်နေတဲ့ ကျောင်းဂိတ်စီ ချီတတ်ဖို့ ဆုံးဖြတ်ပြီး ကျောင်းဂိတ်စီကို အားအင်အသစ်တွေ မျှော်လင့်ချက်အသစ်တွေ မလျှော့သောဇွဲတွေနဲ့ ချီတတ်ကြတယ်.. ကိုယ်တိုင်သော့ခတ်ထားတဲ့ ကားလမ်းမကြီးဘေးက ဂိတ်လည်းရောက်ရော ဆရာမကြီးက သားတို့သမီးတို့ အပြင်မထွက်ဖို့ မေတ္တာရပ်ခံတယ်.. အားလုံးနေရောင်ခြည်အောင်မှာ ထိုင်လိုက်ကြတယ်.. ဝန်ကြီးခေါ်ပေးဖို့ ကြွေးကျော် တောင်းဆိုကြတယ်.. မနက်ရောက်တော့ မိဘတွေ တဖွဲဖွဲရောက်လာတယ်.. သားသမီးတွေ ပြန်ခေါ်ကြတယ်.. တချို့လည်း ပြန်သွားတယ်.. အင်အားက ၂၀၀ လောက်ပဲ ကျန်တော့တယ်.. နေကလည်း တဖြေးဖြေး ပူလာတယ်.. မနက် ၈ နာရီလောက် ရောက်တော့ ဆရာမကြီးက သားတို့သမီးတို့ Diamond Hall ကိုသွားကြပါ.. ဝန်ကြီးအခု လာပါ့မယ်ဆိုပြီး သတင်းကောင်းလာပြောပါတယ်.. #United ဝန်ကြီးနဲ့ ကျောင်းသား ၁၀၀ ကျော် ထိပ်တိုက်ပြောဆို ဆွေးနွေးကြတယ်.. ဝန်ကြီးက ကျောင်းသားတွေဘက်က တင်ပြမှုဟာ Reasonable ဖြစ်ရင် သူ့အနေနဲ့ AGTI လက်မှတ်ပြန်ရအောင် အထက်ကို ပြောပြလုပ်ဆောင်ပေးပါမယ်လို့ ဂတိရရှိခဲ့တယ်။ ဆောင်းညတစ်ညမှာ Anarchy ဆန်ဆန်ဖြင့် လူမသိသူမသိ စစ်ကျွန်ပညာရေးကို တော်လှန်အောင်မြင်ခဲ့တဲ့ မှတ်တမ်းဝင်ညကို အတိုချုပ် တင်ပြလိုက်ပါတယ်။