#title မင်းမဲ့ဝါဒ(အနာခီ)ဆိုတာဘာလဲ #author Thiha JP #date 24-05-2016 #source https://www.facebook.com/share/p/sWep2wd4vp66DBYc/ #lang mya #pubdate 2024-08-10T02:01:03 #topics anarchism #language Burmese မင်းမဲ့ဝါဒ(အနာခီ)ဆိုတာဘာလဲ အာဏာရှင်နဲ့ အဓမ္မအာဏာသဘောဆောင်တဲ့ စံနစ်တွေကို လုံးဝဆန့်ကျင်တဲ့ အတွေးအခေါ်ပညာရပ်ရဲ့ အသည်းနှလုံးလို့ ဆိုနိုင်တာက အနာခီလို့ခေါ်တဲ့ မင်းမဲ့ဝါဒဖြစ်ပါတယ်.. အာဏာရဲ့သဘောဟာ အကျင့်စရိုက် ပျက်ပြား ခြင်းသာဖြစ်စေတဲ့ ရက်စက်ကြမ်းကြုတ်ခြင်းသာ ဖြစ်စေတဲ့ သဘောလို အနာခီတွေက ယူဆပါတယ်.. အနာခီတွေဟာ ရာထူးဂုဏ်သိမ်အမျိုးမျိုးအထက်အောက် ခွဲခြားသတ်မှတ်တဲ့ဥပဒေနဲ့
လူလူချင်းခွဲခြားဆန့်ကျင်တဲ့စံနစ်များကို ရပ်တန့်စေလို ပါတယ်.. ဒီလို ရာထူးဂုဏ်သိမ်အထက်အောက် ခွဲခြားမှုကို ဖယ်ရှားနိုင်ခြင်းဖြင့် လွတ်လပ်မှုကိုရမည် ဖြစ်သလို မည်သူမျှ မည်သူ့ထက်ပိုမိုပြီး အာဏာမရှိတော့မှာ ဖြစ်ပြီး တူညီတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာမယ်လို့ လက်ခံထားကြပါတယ်.. ၂။ ရာထူးဂုဏ်သိမ်အထက်အောက်ခွဲခြားခြင်းဆိုတာဘာလဲ.. ရာထူးဂုဏ်သိမ်အထက်အောက် ခွဲခြားခြင်းကြောင့် အထက်ကိုဖားခြင်း အောက်ခြေကိုဖိခြင်း စတဲ့ နှစ်ဘက်လုံးကို အကျင့်ပျက်စီးစေခြင်းမျိုးဖြစ်ပေါ်စေပါတယ်.. အနာခီ မဟုတ်သူများက ရာထူးဂုဏ်သိမ် အထက်အောက်အဆင့်ဆင့် ခွဲခြားခြင်းဟာ ပေးအပ်ထားတဲ့ တာဝန်အပေါ် လက်ခံနိုင်မှု စွမ်းရည်နဲ့ ပေါ်ပေါက်လာတဲ့ အားထုပ်မှုအပေါ်မူတည်ပြီး ခွဲခြားထားတယ်လို့ များသောအားဖြင့် ဆိုကြပါတယ်.. ရာထူးဂုဏ်သိမ်ခွဲခြားမှုဟာ သဘာဝကျပြီး လူမှုအဖွဲ့အစည်းအပေါ် မျှတမှုရှိတယ်လို့(သို့မဟုက်) လိုအပ်တယ်လို့ ခေတ်အဆက်ဆက် ပုံသွင်းသင်ကြားမှုဖြင့် စောဒကတတ်ကြပါတယ်.. ဒါဟာ ခွဲခြားမှုသာဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် လူနည်းစုက လူ့အဖွဲ့အစည်းကို လိုသလို လှည့်ဖြားနေမှုကို မမြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်.. နိုင်ငံတော်၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်းဟာ ရာထူးဂုဏ်သိမ်အထက်အောက်ခွဲခြားမှုဖြင့် အပေါ်ထပ်အဆောက်အအုံကို လက်တစ်စုပ်စာလူတွေက ချယ်လှယ်ချုပ်ကိုင်နိုင်မှာ ဖြစ်တယ်.. ၃။ သဘာဝကျတဲ့ရာထူးဂုဏ်သိမ်အထက်အောက်ခွဲခြားမှုဆိုတာဘာလဲ.. အနာခီတွေ လက်ခံတဲ့ အထက်အောက်နေရာချထားခြင်းဟာ အဘက်ဘက်ကို သဟဇာတဖြစ်နေရပါမယ်..
အဲ့သလိုပဲ ပါဝင်ပက်သက်နေတဲ့ နှစ်ဦးနှစ်ဘက်ကို ထိခိုက်နှစ်နာမှုမျိုးမရှိစေပဲ ကောင်းကျိုးကိုမျှမျှတတပေးစွမ်းနိုင်မှုရှိရမယ့် သဘာဝကျတဲ့ အထက်အောက်ခွဲခြားမှုကိုပဲ အနာခီတွေ အလိုရှိပါတယ်.. အနာခီတို့ရဲ့ အမြင်မှာ တာဝန်အပေါ်လက်ခံနိုင်မှု ကိစ္စဟာ အာဏာသဘောသက်ရောက်မှုကို မလိုလားပါဘူး.. ရာထူးနေရာဖြစ်ပေါ်မှုမှာ နှစ်ဦးနှစ်ဘက်အတွက် ကောင်းကျိုးပေးနိုင်မှာ ဖြစ်တယ်..
ဥပမာဆိုရလျှင် ဆရာနှင့်ကျောင်းသား မိဘနှင့်သားသမီးတို့ အခြေအနေများဖြစ်တယ်..
မိဘဆရာနဲ့ တပည့်သားသမီး ဆိုတဲ့ အထက်အောက်ဖွဲ့စည်းပုံကသာလျှင် သဘာဝကျတဲ့အထက်အောက်ခွဲခြားမှု ဖြစ်တယ်.. ၄။ ဘာကြောင့် အစိုးရအဖွဲ့အစည်းရဲ့ တိုက်ရိုက်အာဏာဟာဆိုးသွမ်းပြီး မကောင်းဖြစ်ရပါသလဲ.. အစိုးရအဖွဲအစည်းရဲ့ အာဏာဟာ သက်မှတ်ထားသည့် တိကျသော အဖွဲ့အစည်းတခုအား စွမ်းရည်များနဲ့ အာဏာများကိုပေးလိုက်ပြီး အကြမ်းဖက်မှုဖြစ်သော အလုပ်များကို တရားဝင်ပြုလုပ်အသုံးချနိုင်ရန်ဖြစ်သွားလေ့ရှိတယ်.. အစိုးရအဖွဲ့ရဲ့မှန်ကန်တဲ့လုပ်ရပ်လို့ ဆိုရာမှာ လုံးဝ မေးစရာ ? တခုဖြစ်နေပါတယ်.. အဲလို မေးလိုက်ပြန်ရင်လည်း ဖိနှိပ်မှုကိုခံရပြီး လူထုက ယင်းတို့ကိုပေးအပ်ထားတဲ့ အာဏာနဲ့ လူထုကို အကြမ်းဖက်တုန့်ပြန်တတ်ပါတယ်.. ဒါဟာ လက်ရှိ ဖြစ်ပေါ်နေသလို ထက်ဖြစ်ရန် အလားလာများနဲ့လည်း နိုင်ငံတိုင်း နယ်ရာတိုင်း ရင်ဆိုင်နေရပါတယ်.. ၅။ အာဏာဟာ မိမိတို့အား မည်ကဲ့သို့ထိခိုက်နေပါသလဲ.. အစိုးရအာဏာလွမ်းမိုးမှုကြောင့် မိမိရဲ့အခြေအနေမှ ထွက်ပေါ်လာလေ့ရှိတဲ့ မိမိရဲ့အသံ မိမိရဲ့လွတ်လပ်ခွင့်များဟာ ဝေးကွာမေ့လျော့သွားခြင်းများ ဖြစ်ပေါ်လေ့ရှိတယ်.. ရာထူးအဆင့်ဆင့်နဲ့ အစိုးရအဖွဲ့အစည်းရဲ့ စံနစ်အားလုံးဟာ အစိုးရအဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား လုံးဝခြားနားမှုကို ဖြစ်စေပါတယ်.. အာဏာဦးဆောင်မှု အာဏာလွှမ်းမိုးမှုနဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်မှုဟာ ချို့တဲ့နေတဲ့လူထုကို အခြားသောအရာများထက် ၎င်းတို့နဲ့ ပူးပေါင်းစေလိုတက်ပြီး အာဏာကြောင့်ဖြစ်ပေါ်လေ့ရှိတဲ့ အားနည်ချက်တွေကို စိတ်မဝင်စားတဲ့ နိုင်ငံရေးကိုသာ တွန်းပို့နေတတ်ပါတယ်.. ဤသိုဖြင့် မိမိတို့ရဲ့ အသံလေးများဟာ ပျောက်ကွယ်ပြီး လွတ်လပ်ခွင့်များလည်း ပျောက်ဆုံးလာရပါတယ်.. အင်အားနဲ့ဖိနှိပ်တဲ့ပုံစံမျိုးမဟုတ်ပေမယ့် သွယ်ဝိုက်တဲ့သဘောနဲ့ မိမိတို့ရဲ့ ပုဂ္ဂလိကအတွေးအခေါ်များဟာ အရေးပါမှုမရှိတော့ပဲ လူ့ဖွဲအစည်းတခုရဲ့ စွန့်ပယ်ခံရမှုများဖြင်သာ ကြုံနေရပါတော့တယ်.. အဲ့ဒါကြောင့် အာဏာဟာ တိုက်ရိုက် ဖိနှိပ်တက်သကဲ့သို့ပဲ ပြည်ထောင်တခုခုရဲ့တရားစီရင်မှုအောက်မှာ အကြမ်းဖက်ခံရပြီး လွတ်လပ်မှုဟာ လုံးပါးပါးလာရပြီး ပုဂ္ဂလိကအမြင်နဲ့ အတွေးအခေါ်ဟာ အရေးမပါပဲအလဟဿဖြစ်ရပါတော့တယ်.. ၆။ အာဏာအားလုံးဟာ ဖောက်ပြန်မှုများဖြစ်လာနိုင်ပါသလား.. အာဏာအားလုံးဟာ ဖောက်ပြန်တက်ဖို့ အလားလာလုံးဝရှိပါတယ်..ဒါကြောင့် အာဏာသမားများက အာဏာကို မိမိကိုယ်ကိုအပ်နှင်းပြီး တည်မြဲဖို့ ကြိုးစားတက်ကြပါတယ်..
ဒါကြောင့်လည်း အနာခီများကပြောလေ့ရှိပါတယ် အာဏာသည်ဖောက်ပြန်တက်ပြီး လုံးဝပကတိအာဏာသည် လုံးဝပကတိ ဖောက်ပြန်သည်သာ ဖြစ်တယ်..
ဒါကိုလည်းအားလုံးလက်ခံနိုင်စရာဖြစ်ပါတယ်.. ဆိုလိုသည်မှာ အာဏာလက်ဝယ်ရှိနေသူဟာ နောင်တမရတဲ့ အမြင်အသိနဲ့ ၎င်းတို့ရဲ့ အာဏာကိုတည်မြဲအောင် ဖောက်ပြန်မှု မတူညီမှုအချိုနဲ့ မိမိအာဏာတည်ေအောင်လုပ်တတ်ကြပြီး ၎င်းတို့ရဲ့ အဆုံးအထိရှင်သန်အောင် နည်းပေါင်းစုံနဲ့ ပြုလုပ်လေ့ရှိကြောင်း သမိုင်းကြုံတွေ့မှုများဖြင့် ကောက်ချက်ချနိုင်ပါတယ်.. ဖြစ်နိုင်ခြေရှိတဲ့ဖောက်ပြန်မှု ဖယ်ရှားလိုရင် ဖြစ်နိုင်ခြေရှိတဲ့ အာဏာကိုဖယ်ရှားရမှာ ဖြစ်တယ်.. အာဏာဖောက်ပြန်မှုကို ဖယ်ရှားဖို့ အာဏာလက်ဝယ်ယူမှုများနဲ့ လုံးလည်လိုက်နေကြောင်း တွေ့မြင်ရပါတယ်.. ၇။ အနာခီ(မင်းမဲ့ဝါဒီ)များသည်တော်လှန်ရေးကို ထောက်ခံပါသလား.. ခြားနားသောအမြင်များနဲ့ စိတ်ဝင်စားလက်ခံမှုများရှိနေတက်သည်မို့၊
အနာခီများနဲ့ အနာခီအတွေးအခေါ်သမားများအနေဖြင့် တော်လှန်ရေးကို များသောအားဖြင့် ထောက်ခံတက်ကြပြီး၊ ပြုပြင်ရေးဝါဒီများကိုတော့ ဝါဒအတွက် အကြွင်းမဲ့လက်ခံတဲ့သဘောမဟုတ်ပဲ လက်လှမ်းပူးပေါင်းကြပါတယ်.. ပြုပြင်ရေးဝါဒီဟာ ဝါဒအစစ်အမှန်ကို မပေးစွမ်းနိုင်ဟု လက်ခံတက်ကြတာမို့လည်း အကြွင်းမဲ့ လက်ခံခြင်း မပြုလုပ်တာ ဖြစ်တယ်.. ပြုပြင်ရေးဝါဒီများက စစ်မှန်သော ဒီမိုကရေစီစံနစ်ကို မဲပေးမှုစံနစ်များဖြင့်ရနိုင်သည်ဟု လက်ခံတက်ကြ၍လည်းဖြစ်ပါတယ်.. ဘာကြောင့် အနာခီအများစုက တော်လှန်ရေးကို ထောက်ခံကြပါသနည်း?
နိုင်ငံတော်ကို ကြည့်မယ်ဆိုရင် မျက်မြင်ကိုယ်တွေ့ဖြစ်နေတာက လူထုဟာ မဲပေးဖို့ဖြစ်ပါတယ်.. ပြည်ထောင်စုအထက်မှာကျပြန်တော့ အာဏာရသူက အာဏာကို တည်မြဲအောင်လုပ်နေရမှာဖြစ်ပါတယ်.. ၅၁%ဟာ အနာခီများက ရွေးကောက်တင်မြောက်ထား တာပဲဖြစ်ပါစေ များသောအားဖြင့် ဖောက်ပြန်သွားကြမှာပါပဲ၊ ဘာလို့လည်းဆိုတော့ အာဏာက လက်ဝယ်ရှိနေတော့ အာဏာကို တည်မြဲအောင် ကြိုးစာဖို့အားထုက်ဖို့ပဲစိတ်ဝင်စားနေမှာပါ.. အနာခီအများစုဟာ ပြုပြင်ရေးဝါဒီများကို နုနယ်ပြီး စိတ်ကူးယဉ်သာသာလို့ပဲမြင်ကြပါတယ်.. များသောအားဖြင့်အနာခီများဟာ အလုပ်လုပ်တဲ့ အတန်းအစား အလုပ်သမားလယ်သမားအခြေခံ လူတန်းစားအခွင့်အရေးကနေစတင် ထိုးဖောက်ပြီး အရင်းရှင်စံနစ်ကို ကန့်ကွက် ဆန်ကျင်ခြင်းပြုရမယ်လို့ လက်ခံထားကြပါတယ်.. ၈။ တကယ်လို့တော်လှန်ရေးဖြစ်လာရင် အကြမ်းဖက်မှုများဖြစ်လာနိုင်ပါသလား.. အဖြေကတော့ များသောအားဖြင့် ဖြစ်နိုင်ပါတယ်.. တကယ်တော့ အနာခီတွေက ဘယ်လောက်ပဲ ငြိမ်းချမ်းစွာဆန့်ကျင်ရင်တောင်မှ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းက အကြမ်းဖက်နည်းအသုံးပြုပြီး အနာခီတွေကို တိုက်ခိုက်မှာဖြစ်တယ်.. ဆိုလိုတာက အကြမ်းဖက်မှုကို မဖြစ်လာနိုင်အောင် အနာခီများအနေဖြင့် အတက်နိုင်ဆုံး လိုလားကြတယ်.. ပေါ်ပေါက်လာမယ့် အကူးအပြောင်းကာလအတွင်း အနာခီများဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်သော အခြေအနေပေါ် မှုတည်၍ နည်းစဉ်များကို လိုလားကြတယ်.. ဒါပေမယ့် အနာခီများအနေဖြင့် လွတ်လပ်ခွင့်အတွက် တိုက်ခိုက် မှုပြုမှ ရမယ်ဆိုတဲ့ အခြေအနေဖြစ်ပေါ်လာပါက တိုက်ခိုက်ရမယ် ဟုလည်း လက်ခံထားကြသေးတယ်..
ထိုကဲ့ အခြေအနေပေါ်မူတည်၍ အကြောင်းတရားများကြောင့် အသုံးပြုသော လမ်းစဉ်သည် ကွဲပြားကောင်း ကွဲပြားနိုင်သည်ဟုလည်း ယူဆနိုင်ပါတယ်.. အကြမ်းဖက်မှုဖြင့် အကြမ်းဖက်မှုအား ပြန်လည်တုန့်ပြန် လက်စားချေခြင်းသည် တရားမျှတသည်ဟု ယူဆနိုင်တယ်.. ဘာကြောင့်ဆိုသော် သဘာဝမကျ ဖြစ်နေတဲ့ ရာထူးဂုဏ်သိမ်အထက်အောက် အဆင့်အတန်းခွဲခြားသတ်မှတ်ခြင်းအား ပြန်လည် ဆန့်ကျင်မှုဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းဟာ တရားမျှတတယ်..
အနာခီအမြင်ဖြင့် ပြန်လည်တွန်းလှန် ဆန်ကျင်ခြင်းဟာ လူ့အဖွဲ့အစည်းအတွက် သဘာဝမကျတဲ့ မလိုလားအပ်တဲ့ အထက်အောက်ဖွဲ့စည်းမှုအာဏာကို ဆန့်ကျင့်တိုက်ခိုက်မှုအတွက်မျိုးဖြစ်တယ်.. ထိုကဲ့သို့ အကြမ်းဖက်မှုမျိုးကို အနာခီများအနေဖြင့် အလိုအပ်ဆုံးအခြေအနေတစ်ခုသို့ ရောက်မှသာလျှင် အစိုးရကို အကြမ်းဖက်မှု ဆန်တဲ့ တိုက်ခိုက်မှုမျိုး အသုံးပြုကြခြင်းသာဖြစ်တယ်.. အနာခီကွန်မြူနစ်များသည် အစိုးရအဖွဲအစည်းရဲ့ အာဏာ ကြီးစိုးမှုအပေါ် စိတ်ဝင်စားမှုမရှိသော်လည်း ယင်းတို့ရဲ့ အာဏာနှင့်တကွ ၎င်း(အစိုးရအဖွဲ့ အစည်း)တို့အား ဖယ်ရှားလိုသော ဆန္ဒသာ ရှိကြတယ်.. ဤသည်ပင် အနာခီလူမှုအဖွဲအစည်းရဲ့ တော်လှန်မှု စံနစ်ဟာ အခြားသော တော်လှန်မှုစနစ်များနဲ့ ခြားနားနေခြင်းဖြစ်ပါတယ်..(စာရေးသူအာဘော် ။ ။ အနာခီ၏တော်လှန်ရေးသည် အစိုးရအဖွဲအစည်း (သို့မဟုတ်) အာဏာရှင်အဖွဲ့အစည်းတစ်ခုခုအား ဖြုတ်ချလိုခြင်းသာ မဟုတ် အစိုးရအဖွဲ့အစည်း(သို့မဟုတ်) အာဏာရှင်အဖွဲ့အစည်းတစ်ခုခုရဲ့ ၎င်းတို့ ပိုင်ဆိုင်နေသော မလိုလားအပ်သည့် အကျိုးမရှိသော (သို့မဟုတ်) အကျိုးဖြစ်ထွန်းမှု မရှိသော အဓမ္မသဘော ဆောင်သည့် အထိုထိုသော အာဏာအရပ်ရပ်ကိုပါ ဖြုတ်ချလို တွန်းလှန်လို ဆန့်ကျင်လို ခြင်းဖြစ်တယ်။) အမှန်တကယ်တော့ အနာခီ လူမှုအဖွဲ့အစည်းသည် စစ်တပ် ကဲ့သို့သော စစ်အာဏာမျိုးကို ဖန်တီးရယူလိုခြင်းမဟုတ်ပါ..
စစ်တပ်အာဏာဟာ အနာခီတို့ရဲ့ တော်လှန်ရေးအမြင်နဲ့ ပြုမူ ဆောင်ရွက်ပုံများအတွက် ကွဲပြားတယ်.. စစ်တပ်အာဏာတော်လှန်ရေးဟာ ဖြစ်ခဲ့သည်ရှိသော်လည်းအဓမ္မ သဘောဆောင်သော အာဏာရယူမျိုးသာဖြစ်ပြီး စစ်မှန်သော တော်လှန်ရေးအစစ်မဖြစ်နိုင်ပါ စစ်တပ်အာဏာကို လည်း အနာခီများက တော်လှန်ရေးအတွက် အသုံးချ ခြင်းမပြုပါ.. အနာခီတို့ရဲ့ တော်လှန်ရေးဟာ သင်တို့နေ့စဉ် ကြည့်ရှု့နေသော ရုပ်မြင်သံကြားမှ မြင်တွေနေရတဲ့ တော်လှန်ရေးများနဲ့မတူညီပါ.. အကြမ်းဖက်မှုဟာ အကယ်၍ အစိုးရမှ အလုပ်သမားလယ်သမားလူတန်းစား တော်လှန်ရေးကို ရပ်တန့်ရန် နဲ့ အခွင်းအရေးတွေကို လှစ်လျူရှုပြီး အကြမ်းဖက်နှိမ်နင်းလာမှသာ မိမိတို့ဘက်မှ ပြန်လည် အသုံးချခြင်းဖြစ်ပါတယ်.. အနာခီဝါဒရဲ့ ဖခင် မီခိုင်းလ် ဘာကူနင် က အနာခီတို့ရဲ့ တော်လှန်ရေးဟာ အကြမ်းမဖက်နိုင်တဲ့ တော်လှန်ရေးများဖြစ်မည်ဟု လုံးဝ အတပ်မဆို ခဲ့ပါချေ..