#title ဟေးမားကဒ်အာဇာနည်များနှင့် မေဒေး​နေ ဖြစ်ပေါ်လာပုံ #author Wakhamount Collective #SORTtopics May Day, history #date May 1, 2022 #source [[https://www.facebook.com/Wa-Kha-Mount-105048322188288/][Wa Kha Mount]] #pubdate 2022-05-24T07:09:47 #notes တို့မှ ထုတ်နုတ်ပြန်ဆိုရေးသားသည်။ တန်ဂူး Wakhamount Collective #lang mya #language Burmese #notoc 1 ၁၈၈၇ ခုနှစ်တွင် ချီကာဂိုတွင် မင်းမဲ့ဝါဒီ ၄ ဦး သေဒဏ်ပေးခံခဲ့ရပြီး တစ်ဦးမှာ၂၁ နှစ်အရွယ် အငယ်ဆုံးတစ်ယောက်မှာ ထောင်ထဲမှာ ပင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ကျန် ၃ ဦးကို ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး၊နောက်ပိုင်းတွင် မြို့ဝန် အက်ဂတ်က ဘက်လိုက်သောဂျူရီများနှင့် သက်သေမခိုင်လုံ အမှုဆင်ထားသော တရားစီရင်ချက်များကြောင့် ၃ ဦးလုံး လွှတ်ငြိမ်ချမ်းသာခွင့်ရခဲ့လေသည်။ အစိုးရကတော့ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုများကို တရားဥပဒေနဲ့ညီအ​ရေးယူဆောင်ရွက်သည်ဟု ခေါင်းစဥ်တပ်ပြီး မင်းမဲ့ဝါဒီများနှင့်တူ မင်းမဲ့ဝါဒ ကိုပါ Thet ရန်ကြိုးပမ်းအားထုတ်ခဲ့သော်လဲ မအောင်မြင်ခဲ့ပေ။ အကြောင်းအရင်း နောက်တစ်ချက်အ​ပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပေါ်လာသော မေလ ၁ ရက်တွင် တစ်နေ့ အလုပ်ချိန် ၈ နာရီရရှိခွင့်အတွက် အလုပ်သမား ၄ သိန်းကျော် တောင်းဆိုတိုက်ပွဲဝင်ခဲ့သော သပိတ်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သော ကုန်သွယ်ရေးသမဂ္ဂ (Trade Union) မှ မင်းမဲ့ဝါဒီများကို ရဲတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်မှုဖြင့် စွပ်စွဲ၍ မတရားဖမ်းဆီး သေဒဏ်ပေးခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ အဆိုပါသေဒဏ်ပေးခြင်းခံခဲ့ရသော သူများအား အောက်မေ့အမှတ်ရစေရန် အလုပ်သမားများမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေကို နှစ်စဥ်ကျင်းပ ခဲ့ကြခြင်းဖြစ်ပါသည်။ အလုပ်လုပ်ချိန် ၈ နာရီသာသတ်မှတ်ရေး သပိတ်တိုက်ပွဲဟာ မေလ ၄ ရက်နေမှာ ဗုံးပေါက်ကွဲမှု ရဲများနဲ့ အထိကရုန်းဖြစ်မှုတွေနဲ့ ​ ရပ်တန့် သွားခဲ့ရပါတယ်၊ သပိတ်တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ သူတွေကို ဖမ်းဆီး အရေးယူခဲ့ပြီး အခင်းဖြစ်ပွားခဲ့တဲ့နေရက်မှာ သပိတ်မှာရှိမနေခဲ့တဲ့ သူတွေဟာ တရားခွင်မှာ သူတို့ရဲ့ နိုင်ငံရေးခံယူချက် အတွက်ပဲ ကြိုပေးခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ၇ ​ယောက်က Samuel Fielden (ဆန်မြူရယ် ဖလ်ဒင်း) ဓမ္မဆရာ (Methodist pastor) အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ၊ Albert Parsons ( အဲလ်ဘတ် ပါဆမ်) (အပတ်စဥ်ထုတ်မင်းမဲ့ ဂျာနယ် The Alarm ထုတ်ဝေသူနှင့် အယ်ဒီတာ) , Louis Lingg (လူးစ် လင်း) (ထောင်တွင်းကိုယ်ကိုကိုယ်သတ်သေသွားသူ ) August Spies (အောဂတ် စပိုင်) (The Arbeiter-Zeitung, ဂျာမန် ဘာသာဖြစ်ထုတ်ဝေသော မင်းမဲ့ နှင့် အလုပ်သမား သတင်းစာ အယ်ဒီတာ) Michael Schwab (မိုက်ကယ် ဆရ်ဝက်) (The Arbeiter-Zeitung သတင်းစာတွဲဖက် အယ်ဒီတာ) Adolph Fischer (အဒေါ့ဖ် ဖစ်ရှာ) ( The Arbeiter-Zeitung သတင်းစား တွင် Layout ရေးဆွဲသူ), George Engel (ဂျော့ အန်ဂဲ) ( International Working People's Association IWA အဖွဲ့ဝင်) တို့နှင့် ထောင်ဒဏ် ၁၅ နှစ်ချခံရ​ပြီးနောက်ပိုင်း လွှတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော Oscar Neebe (The Arbeiter-Zeitung သတင်းစားတွဲဖက်တည်ထောင်သူ) တို့ဖြစ်သည်။ နိုဝင်ဘာလ ၁၁ ရက်နေ ၁၈၈၇ တွင် ပါဆန် (Parson) စပိုက်(Spies) အယ်ဂယ် (Engel) နှင့် ဖ(စ်)ရှာ Fisher တို့ကို ချီဂကို တရားရုံးက ကြိုးမိန့်ချ သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ စျပန ကို လူပေါင်း ၆ သိန်း တက်ရောက်ခဲ့ပြီး နီဘီ (Neebee) ဆ(ရ်)ဝဘ် (Schwab) နှင့် ဖီလ်ဒင်းတို့ ကို လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေကိုဆက်တိုက် ပြုလုပ်ခဲ့ကြပါတယ်။ ဇွန် လ ၂၆ ရက်နေ့ ၁၈၉၃ တွင် သက်သေမခိုင်လုံ၍ ကွင်းလုံးကျွတ် လွှတ်မိန့်ကို ၆ နှစ်အကြာတွင်ပြန်လည်လွှတ်မြောက်လာခဲ့သည်။ နောက်ပိုင်းတွင် အထိကရုဏ်းထိန်းရေးတာဝန်ခံ ရဲတပ်ဖွဲ့ ကပတိန် ဘွန်ဖစ်ဒယ် (Captain Bonfield) အတွက်အလုပ်လုပ်ပေးနေသော သူတစ်ဦးမှ ဗုံးကိုခွဲခဲ့ပြီး သပိတ်ကိုပြီးပြတ်အောင် နောက်ကွယ်မှ စတီးစက်ရုံပိုင်ရှင်များ မှ ပူးပေါင်းခွင်ဆင်ဆောင်ရွက်ခဲ့သည် ဆိုသော သတင်းများလဲ ထွက်လာခဲ့သည်။ သူတို့၏ တရားရုံး၌ ရှောက်လဲထွက်ဆိုချက်များသည် ယခုအချိန်အထိ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖတ်မှုများဆိုသော စကားလုံးကို မေးခွန်ထုတ် စိိန်ခေါ်လျက်ရှိနေပြီး၊တရားခွင်အတွင်းလျောက်လဲချက်များကို စုစည်းမှတ်တမ်းတင်ခဲ့သော စွပ်စွဲသူနှင့်စွပ်စွဲခံ၊ ချီဂါကိုမင်းမဲ့များ၏ ထင်​ပေါ်ကျော်ကြား မိန့်ခွန်းများသည် မင်းမဲ့ဝါဒီနှင့် မင်းမဲ့ဝါဒကို စိတ်ဝင်စားသူတိုင်း မဖြစ်မနေဖတ်သင့်သော သမိုင်းဝင်လျောက်လဲချက်များဖြစ်ဟု တင်ပြအပ်ရင်း မေးဒေးနေ့အားဂုဏ်ပြုရေးသား အပ်ပါသည်။ *** အကိုးကား From the “the Haymarket Martyrs.” “Lucy Parsons” by William Katz. From Anarchist Origin of May Day from WSM From The Accused the Accusers: The Famous Speeches of the Chicago Anarchists in Court