Black Freighter
အောင်ဆန်းစုကြည်ကို မင်းမဲ့ဝါဒီတွေ ဘာကြောင့် မထောက်ခံကြတာလဲ?
Why Anarchists Don’t Support Aung San Suu Kyi
ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုဟာ လူထုကျင့်သုံးနေပြီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ဆုံးခန်းတိုင်စေခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကို ဖြုတ်ချပစ်ခဲ့တယ်။တပ်မတော်ဟာ အာဏာသိမ်းခြင်းကို အနုစိတ် လုပ်ဆောင်ခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ တွေ
ဖွဲ့စည်းလာတာတွေ၊ ယခင်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်သား လက်နက်ကိုင်
ခုခံလာနိုင်မှု အခြေအနေတွေကို သိသိသာသာ လျှော့တွက်ထားခဲ့တယ်။ဆယ်စုနှစ်များစွာအတွင်း စစ်အုပ်ချုပ်ရေးအတွင်းကနေ ထွက်ပေါ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) တို့လို အင်အားကြီးမားပြင်းထန်တဲ့ အာဏာရှင်အစိုးရတွေနဲ့ ပက်သက်ပြီး ပြည်သူလူထုအတွက် ကတော့ အစိမ်းသက်သက်ဖြစ်မနေ တော့ပါဘူး။
မကြာခဏဆိုသလို သဘောထားကွဲလွဲကြမယ့် အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှုရဖို့ဆိုတာက ခက်ခဲလှပါတယ်။မြန်မာနိုင်ငံမှာ NLDနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအစိုးရ (NUG)ကို ထောက်ခံကြောင်း ပြောဆိုနေကြပေမယ့် ဒီထောက်ခံမှုတွေကလဲ အသီးသီးကွဲလွဲနေကြပြန်ပါတယ်။
တပ်မတော်ရဲ့ လူမျိုးတုန်းသတ်ဖြတ်လှုပ်ရှားမှုတွေထဲ အောင်ဆန်းစုကြည်နဲ့ NLD ပါဝင်ပက်သက် ရှုပ်ထွေးခဲ့ခြင်းအတွက် လူနည်းစုအဖွဲ့များစွာက ဝေဖန်ရှုံ့ချခဲ့ကြပါ တယ်။NLD နဲ့ တပ်မတော် နှစ်ရပ်စလုံးဟာ ဗမာလူမျိုးစုဖက်မှာပဲ ခိုင်မာအားကောင်းရပ်တည်ခဲ့တာကိုလဲ လူနည်းစုက သိသာခံစားခဲ့ရပါတယ်။ဒီအချက်က ပြည်နယ်အာဏာပိုင်တွေအပေါ် မယုံမကြည်ဖြစ်လာစေပြီး ကိုယ်ပိုင်ခွဲထွက်အုပ်ချုပ်ခွင့်နဲ့အတူ လူနည်းစုစိတ်ဝင်စားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒက ပိုခိုင်မာလာကြပါတယ်။
စစ်အာဏာမသိမ်းမီ ရွေးကောက်စနစ်ကာလများကလဲ “အနိုင်ရသူ အားလုံးယူ”သဘော သက်ရောက်ခဲ့ပြီး တိုင်းရင်းသားပါတီအချို့ မှာ နိုင်ငံရေးအာဏာမှ ထုတ်ပယ်ခံခဲ့ကြရကာ ဗမာကိုယ်စားလှယ်တစ်စုကိုသာ မျက်နှာပေး ရပ်တည်ခဲ့ကြပါတယ်။
၂၀၁၆ ခုနစ် မေလအစောပိုင်း၊အာဏာရခဲ့တဲ့ ရွေးကောက်ပွဲအပြီး ၆လအကြာမှာ NLDဟာ တိုင်းရင်းသားတွေရဲ့ အလေးထားဖွယ်ကိစ္စများကို ရင်ဆိုင်ဖြေရှင်းပေးရန် စိတ်ဆန္ဒမရှိခဲ့ခြင်းအပေါ်လဲ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၏ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၊ ထင်ရှားသည့် ရှမ်းလူမျိုးနိုင်ငံရေးသမား ခွန်ထွန်းဦးက “ တိုင်းရင်းသားတွေဟာ NLDကို မျှော်လင့်ချက်ကြီးစွာ မဲပေးခဲ့ကြတယ်။ဒါပေမယ့် ရလာဒ်က ရခိုင်အရေးမှာ ရှင်းလင်းပေါ်လွင်နေတယ်။NLDကို အားကိုးလို့ မရတော့ဘူး “ လို့ ပြောခဲ့ပါတယ်။
NLDဟာ ၄င်း၏အာဏာသက်တမ်းကို အတိုချုပ်ကြည့်လျှင် ဗမာအကျိုးစီးပွါးကိုသာ ကိုယ်စားပြုတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မကြာခဏရင်ဆိုင်နေခဲ့ရပါတယ်။
၂၀၁၆ ခုနစ်အတွင်းမှာ စစ်တပ်က ဥပဒေမဲ့လုပ်ဆောင်ခဲ့တဲ့ မွတ်ဆလင်၊ရိုဟင်ဂျာ ဆန့်ကျင်ရှင်းလင်း သတ်ဖြတ်ရေး ကမ်ပိန်းမှာ အောင်ဆန်းစုကြည်က တပ်မတော်ကို လက်ညှိုးထိုးဖို့ ငြင်းဆန်လိုက်တာက အကြီးမားဆုံး
ရိုက်ခတ်မှုဖြစ်ခဲ့ပြီး ၄င်းရက်စက်မှုမှ မွတ်စလင်၊ရိုဟင်ဂျာ သောင်းနဲ့ချီပြီး ထွက်ပြေး၊အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်တပ်က နှိပ်စက်သတ်ဖြတ်တာတွေအပြင် မွေးကင်းစကလေး မျိုးတုန်းသတ်ဖြတ်ခံရမှုနဲ့ မုဒိန်းမှုတွေကိုပါ ခံစားရင်ဆိုင်ခဲ့ရတယ်။
တစ်ဖက်မှာတော့ အောင်ဆန်းစုကြည်အစိုးရက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်ပြီး တပ်မတော်အပေါ် ထောက်ပြဝေဖန်ထားတဲ့ သတင်းမီဒိယာတွေကို
နှိပ်ကွပ်ခြင်း၊စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပက်သက်ပြီး ပြောဆိုတာတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ဖြေရှင်းခြင်းတို့ လုပ်နေခဲ့တယ်။
အောင်ဆန်းစုကြည်ဟာ လက်ဝယ်အာဏာကို ဆက်လက်ထိန်းသိမ်းဖို့ အလွန်စိုးရိမ်ကြောင်း သိသာခဲ့တယ်။၂၀၁၇ ခုနစ်မှာ “ အကြမ်းဖက်သမားတွေဟာ သတင်းမှားယွင်းမှုကြီးတွေအတွက် တာဝန်ရှိတယ်” လို့ ပြောဆိုခဲ့ပြီး တပ်မတော်ရဲ့ မျှတတဲ့တရားစီရင်မှုတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဂမ်ဘီယာ သမ္မတနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမှုပြန်ရင်ဆိုင်ရတဲ့အခါ ဂမ်ဘီယာနိုင်ငံဟာ ပြည့်စုံမှုမရှိတဲ့၊အဖြစ်မှန်ကနေ သွေဖီတဲ့ပုံတွေသာ ပို့ပေး
ခဲ့တယ်ဆိုပြီး ရက်စက်ယုတ်မာမှုတွေကို လုံးဝငြင်းဆန်ခဲ့ပါတယ်။ထူးဆန်းတာက ဂြိုလ်တုဓာတ်ပုံအထောက်အထားတွေ မြင်သာစွာ ရှိနေခြင်းက လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် သူမ ငြင်းဆန်နေခြင်းကို ပိုပြီးပေါ်လွင်စေခဲ့တယ်။
အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဖြစ်မှု အပါအဝင် ဆုတံဆိပ်အသီးသီးကို ရုတ်သိမ်းခံခဲ့ရတယ်။နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမြင့်ဆုံးဆု ‘Freedom of Oxfords and Dublin’ အပါအဝင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရုတ်သိမ်းခံခဲ့ရပြီး Queenslandတက္ကသိုလ်မှ သူမနာမည်ပေးထားတဲ့ အဆောက်အဦးကို ဖျက်သိမ်းပစ်ဖို့ပါ တောင်းဆိုခဲ့ကြတယ်။
မည်သို့ပင်ဆိုစေ အောင်ဆန်းစုကြည်ရဲ့ ထင်ပေါ်ကျော်ကြားမှုက အာဏာသိမ်းခံရပြီးနောက်ပိုင်း နိုင်ငံတကာမှာ ပြန်ပေါ်လာပါတယ်။NLD အာဏာဖြုတ်ချခံရအပြီးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုဆုတ်ယုတ်သွားတာကတော့ အမှန်ပင်ဖြစ်ပါတယ်။
Will Howard-Waddingham မှတ်ချက်ပြုတာက “အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာက်ု ချုပ်ကိုင်ထားတဲ့ စစ်တပ်ဖြစ်မနေတာကြောင့် သူ မလိုလားသော်ငြား လူမျိုးတုန်းသတ်ဖြတ်မှုကို တွန်းလှန်နိုင်မည်မဟုတ် “ ဟူ၍ မှတ်ချက်ပြုတယ်။
ခြုံငုံသုံးသပ်ရရင် အောင်ဆန်းစုကြည်ရဲ့ တစ်ခုတည်းသောလုပ်ဆောင်ချက်က အစိုးရမှာ သူမရဲ့နေရာကို ဆက်ထိန်သိမ်းထားဖို့နဲ့ အာဏာကို တပ်မတော်လက်ထဲကနေ တတ်နိုင်သလောက် ထိန်းထားဖို့ ကြိုးပမ်းခဲ့တာသာဖြစ်တယ်လို့ အချို့က ထောက်ပြခဲ့ကြတယ်။
Howard Waddingham မှတ်ချက်ပေးခဲ့သလို လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ပြီး အာဏာရှိသမျှနဲ့ ထိန်းချုပ်ပေးဖို့ မကြိုးစားတာဟာ ရာဇဝတ်မှုသာ ဖြစ်တယ်လို ဆိုပါတယ်။
မည်သို့ဆိုစေ - လူထုကိုကာကွယ်ဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသူကို ဖြုတ်ချ၊အကျဉ်းချထားပြီးနောက်မှာ ရိုဟင်ဂျာတို့ဒုက္ခအပေါ် ပိုပြီး အာရုံစိုက်လာစေခဲ့တယ်။
သို့သော် အောင်ဆန်းစုကြည်နဲ့ NLDကို ဆုံးခန်းတိုင်စေတာက ပြည်ပရှိ လစ်ဘရယ် ဒီမိုကရေစီအဖွဲ့တွေ မနှစ်မြို့ကြတာကြောင့်မဟုတ်ဘဲ ဗမာပြည်သူတွေကိုယ်တိုင်ပါ မကျေမနပ်ဖြစ်လာတာကြောင့်ပဲဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးလို မြို့ပြကြီးတွေမှာ ထောင်နဲ့ချီတဲ့ ဗမာဆန္ဒပြသူတွေကို ပြင်းထန်စွာ ချေမှုန်းခဲ့တာဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် တုန်လှုပ်သွားစေခဲ့ပြီး ၄င်းတို့ကြုံခဲ့ရတဲ့ အတိဒုက္ခရောက်ခဲ့တာတွေကိုပါ ပြန်ပြီး ဖော်ထုတ်လာခဲ့ကြပါတယ်။
လူတွေ အာရုံမစိုက်ခဲ့ကြတဲ့၊မသိခဲ့ရတဲ့ သတ်ဖြတ်မှုတွေ ၊အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့ခဲ့ရတာတွေက သူတို့အတွက် အမြဲ ထိတ်လန့်ဖွယ်ဖြစ်နေတဲ့ အခြေအနေတွေဆိုတာကို ဖော်ထုတ်ပြောပြလာကြတယ်။
ရန်ကုန်ရှိ ဗမာလူငယ်တစ်ဦးက “ အာဏာသိမ်းပြီးကတည်းက ကျတော်တို့ကြုံရတာတွေအကုန် အတူတူပါပဲ။နိုင်ငံတစ်ဝှမ်း ကြေကွဲဖွယ် ဖြစ်ရပ်တွေချည်းပဲ ကြုံနေရတာ။ဗမာ၊ကချင်၊ချင်း .. ဘယ်လူမျိုးစုကပဲ ဖြစ်ဖြစ်ဗျာ .. ကိစ္စမရှိဘူး။အဓိကက မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့အတွက် ကျတော်တို့အတွက် တန်းတူအခွင့်အရေးနဲ့ တန်းတူလွတ်လပ်ခွင့်တွေ လိုအပ်နေပြီ။ဆိုတော့….. ဖက်ဒရယ် ဒီမိုကရေစီဆိုတာ မရှိမဖြစ် လိုပါတယ် “ ဟု ပြော၏။
အောင်ဆန်းစုကြည်နဲ့ NLDအပေါ် ကဲ့ရဲ့ရှုတ်ချမှုတွေကလဲ ယခုအခါ ပိုများလာတယ်။
ရန်ကုန်မှ မင်းမဲ့ဝါဒီတစ်ဦးဖြစ်တဲ့ ကျော်ကျော်မှ “ ဆိတ်ဆိတ်နေတာဟာ အကြမ်းဖက်ခြင်းပါပဲ။ပြဿနာတွေ ရှုပ်ထွေးနေချိန်မှာ သူ တိတ်ဆိတ်နေခဲ့တာဟာ အကြမ်းဖက်မှုကို အားပေးတာပဲ။လူ့အခွင့်အရေးတွေ ၊ လူသားရပိုင်ခွင့်တွေအတွက် ဘာမှဝင်မပြောရင် ဒါဟာ အကြမ်းဖက်သူ ဖြစ်နေတာပဲ “ ပြောသည်။
ဒီမိုကရက်တစ်ခေါင်းဆောင် အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံအမတ်တွေကို ပြန်လွှတ်ပေးပြီး ယခင်အုပ်ချုပ်ရေးစနစ်ဆီ ပြန်သွားဖို့ တောင်းဆိုခဲ့တဲ့ ၁၉၈၈ ကျောင်းသားအရေးတော်ပုံ မျိုးဆက်ဟောင်းတွေဦးဆောင်တဲ့ ဆန္ဒပြသူတွေနဲ့ အထွေထွေသပိတ်အောက်က စည်းလုံးညီညွတ်သော ဆန္ဒပြသူတွေကြား သဘောထားတင်းမာ ကွဲလွဲမှုတွေ ကြီးထွားလာခဲ့တယ်။
အထွေထွေသပိတ်မှ ဆန္ဒပြသူတွေက တပ်မတော်အာဏာ လုံးဝဖျက်သိမ်းရေးသာမက မြန်မာနိုင်ငံတစ်ဝှမ်း ထိန်းကျောင်းနိုင်ခွင့်နဲ့ ဗဟိုအစိုးရရဲ့အခွင့်အာဏာကို ထိန်းသိမ်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြှင့်တင်ဖို့ တောင်းဆိုနေကြတဲ့အတွက် အင်အားပိုမိုကြီးထွားလာခဲ့တယ်။
အောင်ဆန်းစုကြည်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ တရုတ်ဖက်စပ် ကြေးနီမိုင်းတွင်း ပဋိပက္ခစုံစမ်းရေးကိုကြီးကြပ်ဖို့ ၂၀၁၃ခုနစ်မှာ ခန့်အပ်ခံရတဲ့အတွက် ဒီဥပဒေတွေနဲ့ မစိမ်းလှပါဘူး။
အဆိုပါနေရာမှာလဲ နေရာပိုင်ဆိုင်သူ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က ဖော့စဖရပ်စ် မျက်ရည်ယိုဗုံး၊မီးသတ်ပိုက်တွေသုံးပြီး စည်းကမ်းမဲ့ ရက်စက်စွာ ပြင်းပြင်းထန်ထန် ချေမှုန်းနှိမ်နင်းခဲ့တာတောင် အောင်ဆန်းစုကြည်ဟာ စီမံကိန်းကိုပဲ ဆက်လက်လုပ်ဆောင်စေခဲ့တယ်လို့ ပြည်သူကမြင်ခဲ့တယ်။
ယနေ့ကာလ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပြည်သူဟာ အောင်ဆန်းစုကြည်နဲ့ သူမရဲ့ဖြုတ်ချခံအစိုးရအပေါ် စာနာစိတ်အနည်းငယ်သာ ရှိခဲ့တာကို မြင်နိုင်တယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုက လွှတ်တော်အဆင့်ကို လွန်မြောက်သွားပြီလို့ ကျွန်ုပ်တို့ မျှော်လင့်တယ်။
အထက်မှာဆိုခဲ့သလို ပါလီမန်ဒီမိုကရေစီဟာ တပ်မတော်အာဏာကို ဦးစားပေးခဲ့ပြီး မြို့ပြနေလူတန်းစားဟာ လူမျိုးတုန်းသတ်ဖြတ်ခံရတဲ့ လူနည်းစုတွေရဲ့ဒုက္ခတွေအပေါ် သိမြင်ခံစားမပေးနိုင်ခဲ့ကြဘူး။
ကမ္ဘာအဝှမ်း ဖြစ်လေ့ရှိတာက လူထုဟာ အင်အားတစ်စုအပေါ် မျှော်လင့်ချက်နဲ့ ပုံအောထားလိုက်တဲ့အခါ အဲ့ဒီအင်အားစုဟာ သူတို့အောင်ပွဲတွေကိုပဲ အကောင်အထည်ဖော်ပြီး လစ်ဘရယ်တို့အတွက် အပေါ်ယံပဲ ရပ်တည်သွားကြတယ်။
၁၉၉၁ ခုနစ် ၊ အသားအရောင်ခွဲခြားမှု နိဂုံးချုပ်ရေး ဆွေးနွေးကြတဲ့အခါ တိုက်ဖျက်ရေးသမားတွေပြောခဲ့တာက “ အဓိက လွှမ်းမိုးချုပ်ကိုင်ဖို့ သော့ချက်တွေက ဒါကို အဆက်မပြတ် ဖိနှိပ်ပစ်ဖို့ ၊ တက်ကြွပါဝင်ဖို့ ၊ ဖိနှိပ်ခံရသူများနှင့် မသက်ဆိုင်သူများပါ ပါဝင်လာစေဖို့ဖြစ်တယ် “လို့ ဆိုခဲ့ကြတယ်။
ဒီအရာအားလုံးဟာ အရင်းရှင် လူမှုဆက်ဆံရေး တိုးချဲ့မျိုးပွါးမှုကိုသာ ပိုဖြစ်စေခဲ့တယ်။
SACကို ဆန့်ကျင်တဲ့ နားလှည့်ပါးလှည့် ပြောက်ကျားလှုပ်ရှားမှုတွေကိုတော့ ကျွန်ုပ်တို့ ဆန့်ကျင်မှရမယ်။အကြောင်းက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ ကမ္ဘာ့စျေးကွက်တွင်း ကိုယ်ပိုင်အရင်းရှင်စီးပွါးရေးကို အခိုင်အမာမြှုပ်နှံထားပြီး ပြိုင်ဖက်နိုင်ငံတွေလို ရှင်းလင်းစွာ မြင်သာနေတာကြောင့်ဖြစ်တယ်။
မြန်မာနိုင်ငံရှိ လူများစွာမှာ အာဏာသိမ်းမှုမတိုင်မီစနစ်ကို နောက်ကြောင်းပြန်လှည့်လာတာ မြင်ရတာလဲ အားတက်စရာပဲဖြစ်တယ်။
ရန်ကုန်နဲ့ မန္တလေးမှာ မင်းမဲ့ဝါဒီတွေ တိုးပွါးလာကြတာကလဲ အားတက်စရာပါပဲ။
ကျွန်ုတို့ဟာ ကိုယ့်မြို့မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေအတွက် အားပေးထောက်ခံတယ်ဆိုတာ သိသာအောင် လုပ်ဆောင်နေတယ်။ပြည်တွင်းရှိ မြန်မာလူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကိုပြသတဲ့ ခုခံလှုပ်ရှားမှုတွေအကြောင်းလဲ လူမှုကွန်ယက်စာမျက်နှာတွေမှာ မကြာခဏတင်ပေးနေပါတယ်။
လက်ဝဲဝါဒီတွေနဲ့ မင်းမဲ့ဝါဒီတွေဟာ NLDအပေါ် သည်းခံခဲ့ခြင်း (သို့မဟုတ်) NLDဖက် ယိမ်းသယောင် ဖြစ်ခဲ့ကြတာကိုလဲ အမျိုးမျိုးသော လူမှုစာမျက်နှာတွေပေါ် တွေ့ခဲ့ရတယ်။
NLD ကို အားပေးထောက်ခံတာဟာ (ပေါကြောင်ကြောင် မီးအန်းဂျင်း နယ်ချဲ့ဆန့်ကျင်ရေး စတာလင်နစ် ဝါဒီ စစ်ပြန်အလုပ်သမားအဖွဲ့အစည်းက စစ်တပ်ကို ထောက်ခံသလို) မြန်မာကမျိုးချစ်ဝါဒီတွေက တပ်မတော်ကို ထောက်ခံအားပေးတာလောက် အကျည်းတန်စက်ဆုပ်ဖို့မကောင်းပေမယ့် NLD ကို ထောက်ခံအားပေးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။
ဖျက်သိမ်းသင့်တယ် မဆိုလိုပါ။သို့သော် ၄င်းကိုထောက်ခံသူပေါင်းများစွာဟာ လွတ်လပ်ရေးအတွက် မြှုပ်နှံခဲ့ကြပြီး တပ်မတော်ကိုတိုက်ရင်း အသက်တွေပါ စွန့်ခဲ့ကြပြီ။
ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ ဖော်ပြလိုတာက အထင်ရှားဆုံးဖြစ်တဲ့ ခေါင်းဆောင် အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ရာဇဝတ်မှုတွေထဲ ပါဝင်ပက်သက်နေတာကို မြင်သာစေဖို့ဖြစ်တယ်။
မင်းမဲ့ဝါဒီတွေအနေနဲ့ ကျွန်ုပ်တို့ဟာ မည်သည့်ဒုစရိုက် ကြီး/ငယ် မဆို ခွဲခြားဆက်ဆံခြင်းမပြုပါ။
SACကိုသာ အနိုင်ရခဲ့ပြီးရင်လဲ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်အတွင်း အောင်ဆန်းစုကြည်က အခွင့်အာဏာတစ်ခုခု ပြန်လည်ရယူလာမှာကို ဆန့်ကျင်သင့်တယ်။SACကို ဖျက်သိမ်းရာမှာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေကြသော်ငြား လူမျိုးတုန်းသတ်ဖြတ်မှု၊လူမျိုးစုတွေ ဖိနှိပ်ခံရမှုနဲ့ အလုပ်သမား၊လယ်သမား ရပိုင်ခွင့်တွေအတွက် NLDခေါင်းဆောင်တွေဟာ တာဝန်ခံရမယ်။
လူသားလွတ်မြောက်ရေးလမ်းကြောင်းကို ပါတီများနှင့် လွှတ်တော်များတွင် ရှာမတွေ့နိုင်။ပြည်သူတို့ ကိုယ်တိုင် အုပ်ချုပ်မှုဖြင့်သာ ရယူနိုင်ကြောင်း Meanjin မင်းမဲ့ကွန်မြူနစ်များမှ ထပ်လောင်းပြောဆိုလိုက်သည်။