George Katiaficas
၁၉၈၀ ဂွမ်ဂျူး လူထုအုံကြွမှု
တောင်ကိုးရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင် အနောက်တိုင်းလိုလားသူ အာဏာရှင် ဗိုလ်ချုပ်ကြီး ချွန်းဒူဟွမ်း (Chun Doo Hwan) ကို ဆန့်ကျင်သည့် တစ်ပတ်ကြာ လူထုအုံကြွမှုသမိုင်း။ သွေးထွက်သံယို နဲ့ဖိနှိပ်ခံခဲ့ရပေမယ့်လည်း အာရှတလွှားမှာ ဒီမိုကရေစီအခွင့်အရေးများစွာကို ရယူနိုင်စေခဲ့တဲ့ အလားတူ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပေါ်ပေါက်လာအောင်လှုံ့ဆော်ပေးခဲ့တဲ့ တော်လှန်ရေးကြီးပဲဖြစ်ပါတယ်။
လွန်ခဲတဲ့ ရာစုနှစ် နှစ်ခုအတွင်းမှာ သာမန်လူထောင်ပေါင်းများစွာ ပူးပေါင်းပြီး တော်လှန်ခဲ့ကြတဲ့ ထူးခြာတဲ့ ဖြစ်ရပ်နှစ်ခုရှိပါတယ်။ ထိုဖြစ်ရပ်တွေကတော့- ၁၈၇၁ခုနှစ် ပါရီကွန်မြူနတီ နှင့် ၁၉၈၀ ဂွမ်ဂျူး ပြည်သူ့အုံကြွမှုတို့ပဲဖြစ်ပါတယ်။
ဒီမြို့နှစ်ခုလုံးမှာဆိုရင်တော့ လက်နက်မဲ့နိုင်ငံသားတွေဟာ သူတို့ရဲ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေတဲ့ကြားမှ မြို့ပြနေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး "တရားဥပဒေစိုးမိုးရေး" ပြန်လည်ထူထောင်ရန် ကြိုးပမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော လူတွေဟာ အဆိုပါ တော်လှန်ရေးလှုပ်ရှာမှုမှာ နိုင်ငံရေးအင်အားစုကြီးရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ကြပြီး သမားရိုးကျ အစိုးရအုပ်ချုပ်မှု ပုံစံများကိုထိထိရောက်ရောက် လုံလုံလောက်လောက် အစားထိုးနိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ လွတ်မြောက်ရေးရတဲ့အချိန်အပိုင်းအခြားမှာ ရာဇဝတ်မှုနှုန်းများကလည်း သိသိသာသာကို ကျဆင်းသွားကြသလို လူတွေကလည်းတစ်ဦးနဲ့တစ်ဦးအရင်ကမကြုံဘူးသေးတဲ့ သွေးသောက်ဆက်ဆံရေးရှိခဲ့ကြပါတယ်။
ပါရီနှင် ဂွမ်ဂျူး ရှိ ကွန်မြူနတီများ၏ လွတ်မြောက်ရေးဖြစ်ရပ်မှန်တွေဟာ လူသားတွေဟာ စည်းမျဉ်းစည်းကမ်းတင်းတင်းကျပ်ကျပ်နှင့် တရားမျှတမှုကို ထိန်းသိမ်ဖို့အတွက် ခိုင်မာသောအစိုးရများ မရှိမဖြစ်လိုအပ်တဲ့ မကောင်းဆိုးဝါးတွေဖြစ်တယ် ဆိုတဲ့ ဒဏ္ဍာရီကို ဆန့်ကျင်နေတာပဲဖြစ်ပါတယ် ။ ဤလွတ်မြောက်ရေးကာလမှာ နိုင်ငံသားများရဲ့ အပြုအမူဟာ ကိုယ်ပိုင်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ မွေးရာပါစွမ်းရည်ရှိကြောင်းပြနေသလိုပဲဖြစ်ပါတယ် ။ တကယ်တော့ ရက်စက်ကြမ်းကြုတ်မှု နဲ့ တရားမျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်တာဟာ အစိုးရမရှိတဲ့ ပြည်သူတွေမဟုတ်ဘဲ အာဏာနဲ့ ချုပ်ကိုင်တဲ့ အစိုးရပဲဖြစ်ပါတယ်။
ဂွမ်ဂျူး အဖြစ်အပျက်တွေဟာ တောင်ကိုရီးယားအာဏာရှင်ပြီးနောက်မှပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ Park Chung-Hee ( ပတ် ချောင်ဟီး) ဟာ သူ့ရဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ Park ကွယ်လွန်ပြီးနောက် ဝမ်းသာပီတိဖြစ်နေကြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့ကြပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ကြီး Chun Doo-Hwan က အာဏာသိမ်းလိုက်ပြီး ဆန္ဒပြပွဲတွေဆက်လက်ပြုလုပ်နေမယ်ဆိုရင် အကြမ်းဖက်သည့်နည်းလမ်းသုံးပြီး ဖြေရှင်း မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဂွမ်ဂျူး မြို့ကလွဲလို့ ကျန်တဲ့ ကိုရီးယားတစ်ဝှမ်းလုံးမှာ လူတွေက အိမ်ထဲတွင်သာ နေခဲ့ကြတယ်။ အမေရိကန်၏ခွင့်ပြုချက်ဖြင့် စစ်အစိုးရသစ်ဟာ ဂွမ်ဂျူကို သင်ခန်းစာတစ်ခုပေးရန် အတွက် အတွေ့အကြုံ အရင့်ဆုံး လေထီးတပ်သား အချို့ကို စစ်မဲ့ဇုန် ၏ ရှေ့တန်းကနေစေလွှတ်ခဲ့ပါတယ်။ ဤတပ်များ ဂွမ်ဂျူး သို့ရောက်ရှိပြီးသည်နှင့် သူတို့ဟာ လူထုကို မထင်မှတ်ထားတဲ့ နည်တွေနဲ့ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ မေလ ၁၈ ရက် နံနက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှမှာဆိုရင်တော့ အထူးဒီဇိုင်းထုတ်ထားတဲ့ တပ်ဖွဲ့တွေဟာ အကာအကွယ်မဲ့ ကျောင်းသားမျာရဲ့ ခေါင်းဆောင်များကို ဖြိုခွဲခဲကြပါတယ်။ ဆန္ဒပြသူတွေ ဘေးလွတ်ရာကိုပြေးလွှားစုရုံးလာစဉ် လေထီးတပ်သားတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်- "တပ်သားတစ်စုက ကျောင်းသားတစ်ဦးစီကို အသီးသီး တိုက်ခိုက်ကြတယ်။သူတို့တွေခေါင်းကို ရိုက်ကြတယ်။နောက်ကျောကို နင်းပြီးကန်ကြတယ်။ မျက်နှာကို ကန်ကျောက်ကြတယ်။ ဒီလိုလုပ်ပြီးတဲ့အခါမှာ ခံရတဲ့ကျောင်းသားဟာ ဆော့စ့်တွေပေနေတဲ့အဝတ်လိုပါဘဲ ( သွေးအလိမ်းလိမ်းနဲ့ ) လို့ Lee Jae-Eui (လီဂျယ်အီ) ရဲ့ Kwangju Diary ဂွမ်ဂျူ မှတ်စုစာအုပ် - သေဆုံးခြင်းကိုကျော်၍ ၊ ခေတ်၏အမှောင်ကိုကျော်လွန်ခြင်း ၊ စာမျက်နှာ ၄၆ မှာရေးသားထားခဲ့ပါတယ်။ အလောင်းတွေကို ကုန်တင်ကာတွေပေါ်မှာ စုပုံထားပြီး စစ်သားများက ဆက်လက်ရိုက်နှက် ကန်ကျောက်ခဲ့ကြပါတယ်။ ညအချိန်မှာလေထီးတပ်သားတွေက တက္ကသိုလ်များစွာမှာ စခန်းချခဲ့ကြပါတယ်။ ကျောင်းသားတွေက ပြန်လည်တိုက်ခိုက်ရာတွင် စစ်သားတွေကသူတို့ရဲ့ သေနတ်က လှံစွပ်တွေကိုအသုံးပြုကာ တိုက်ခိုက်ကြပြီး လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးတယ် ။ဖမ်းဆီးခံရတဲ့ အများစဟာ ကိုယ်လုံးတီးချွတ်ထားတာ၊ မုဒိမ်းကျင့်ခံရတာအပြင်နောက်ထပ်ရက်စက်ကြမ်းကြုတ်ခြင်းမျိုးစုံနဲ့ နှိပ်စက် တာတွေကို ခံခဲ့ရပါတယ်။ စစ်သားတစ်ယောက်က ဖမ်းထားတဲ့ ကျောင်းသားတွေကို လှံစွပ်နဲ့ ရိုက်ပြီး "ဒါက Viet Cong အမျိုးသမီး တွေရဲ့ ရင်သား လေးဆယ်ကို ဖြတ်ဖူးတဲ့ လှံစွပ်ပဲ"လို့အော်ရင်း ရိုက်နှက်ခဲ့ပါသေးတယ်။ လေတပ်သားတွေရဲ့ လွန်ကဲတဲ့ တုံ့ပြန်မှုမှုတွေကြောင့် ပြည်သူတစ်ရပ်လုံး ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။ လေတပ်သားတွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်လာကြပြီးသူတို့ကိုတားဖို့ ကြိုးပမ်းခဲ့တဲ့ ရဲစခန်းရဲ့ ပြန်ကြားရေး ဒါရိုက်တာတောင် ဓားနဲ့ ထိုးသတ်ခဲ့ကြပါတယ်။ [Kwangju Diary ဂွမ်ဂျူ မှတ်စုစာအုပ်,စာမျက်နှာ ၇၉]
ပြင်းထန်စွာ ရိုက်နှက်မှုများနဲ့ ရာနှင့်ချီသော ဖမ်းဆီးမှုများကြားမှာတောင် ကျောင်းသားတွေဟာ ဆက်လက်စုဖွဲ့ပြီးကျားကုတ်ကျားခဲ ပြန်လည်တိုက်ခိုက်ကြပါသေးတယ်။ နောက်တစ်နေ့ မြို့တွင်း စည်းရုံးရေးဆင်းချိန်မှာ ဆန္ဒပြသူများကြားမှာ ကျောင်းသားဦးရေ နည်းပါးသွားလောက်အောင် အလွှာပေါင်းစုံမှ လူများကပါပါဝင်လာကြပါတယ်။ [မေ ၁၈ Kwangju ဒီမိုကရက်တစ်အုံကြွမှု, စာမျက်နှာ. ၁၂၇] ဒီလိုလူထုပါဝင်လာမှုဟာ တော်လှန်ပုန်ကန်မှုတွေမှာ စံထားရလောက်အောင် ရှေးကရှိခဲ့တဲ့ ပညာတတ်နှင့်မတတ်သူ ခွဲခြားမှုတွေကိုပါ ကျော်လွန်ခဲ့တဲ့ ပထမဆုံးလှုပ်ရှားမှုကြီးဖြစ်လာပါတယ် ။ လေတပ်သာတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို တစ်ဖန်ပြန်လည်ပြုလုပ်ခဲ့ကြပြီး လမ်းမပေါ်မှာ တွေ့သမျှ လူတိုင်းကို တိုက်ခိုက်ပြီး ဒဏ်ရာရစေ ကာ အသက်ဆုံးရှုံးစေ ခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူများနဲ့ သွေးထွက်လွန်သူများကို လိုက်လံကူညီကြတဲ့ တက္ကစီသမားများနဲ့ဘတ်စ်ကား ယာဉ်မောင်းများကိုပါဓားထိုးတာ ၊ ရိုက်နှက်တာမျိုးပြုလုပ်ကြပြီး တစ်ခါတစ်ရံ သေဆုံးစေတဲ့အထိ အကြမ်းဖက်လုပ်ရပ်များကိုလုပ်ခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူတွေကို လွှတ်ပေဖို့ လျှို့ဝှက်ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း လှံစွပ်တွေနဲ့ ထိုးခဲ့ကြပါတယ်။ [Kwangju Diary, စာမျက်နှာ.၁၁၃] ရဲအများအပြား က အိမ်ကို ပြန်ကြပြီး စစ်တပ်က ဆန္ဒပြသူတွေကို အတင်းအကြပ် ပစ်ခတ်ဖို့အမိန့်ပေးတာကိုလည်း ရဲမှူးက ငြင်းဆိုခဲ့ပါတယ်။
လူများက ကျောက်တုံးများ၊ဘတ်တံများ၊ ဓားများ၊ ပိုက်များ၊ သံတုံးများနဲ့ တူများဖြင့် လုံထိန်းရဲ ၁၈၀၀၀ နှင့် လေထီး ၃၀၀၀ ကျော်တို့ကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ လူအများအပြား သေဆုံးခဲ့ပေမယ့်လည်း မြို့တော်ဟာ တိတ်ဆိတ်ငြိမ်သက်မသွားပဲ ဆက်လက်တော်လှန်ကြဆဲပဲဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့မှာ တရားဝင်မီဒီယာများနှင့်မတူဘဲ တိကျသောသတင်းတွေ တင်ပြတဲ့ Militants' Bulletin အမည်ရှိသတင်းစာတစ်စောင် ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ညနေ ၅ နာရီ ၅၀ မိနစ်မှာ ရဲအတားအဆီးပေါ်ကို လူ ၅၀၀၀အုပ်စုကြီးက ကျော်တက် လာခဲ့ကြပါတယ်။ လေတပ်သားတွေက ၎င်းတို့ကို ပြန်မောင်းထုတ်တဲ့အခါမှာ ပြန်လည်စုရုံးကာ လမ်းပေါ်မှာ ထိုင်နေခဲ့ကတယ် ။ အဲ့ဒီနောက် စစ်တပ်အုပ်စုထဲကနေ ရဲတွေကိုခွဲထုတ်ဖို့ ကိုယ်စားလှယ်ရွေးခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ လူဦးရေ ၇၀၀,၀၀၀ ကျော်ရှိတဲ့ မြို့မှာ လူ ၂၀၀,၀၀၀ ကျော်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမားများ၊ လယ်သမားများ၊ ကျောင်းသားများနှင့် အလွှာပေါင်းစုံမှ လူများစုပေါင်ထားသောလူအူပ်ကြီးနှင့် အတူ ဘတ်စ်ကားကိုးစီး၊ တက္ကစီနှစ်ရာကျော် ဟာ မြို့လယ်စျေးဝယ်ဧရိယာဖြစ်တဲ့ ကွန်မန် လမ်းမ (Kumnam Avenue) တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ တစ်ဖန် တပ်သားများက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့တစ်မြို့လုံးက ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ ညဘက်မှာတော့ ကား၊ ဂျစ်ကား၊ အငှားယာဉ်များနှင့် အခြားယာဉ်များကို မီးရှို့ပြီးစစ်တပ်တပ်ဖွဲ့တွေ ဆီကို တွန်းပို့ကြပါတယ်။ ညနေခင်းမှာစစ်တပ်ဘက်က အကြိမ်ကြိမ် တိုက်ခိုက်ပေမယ့်လည်း ဒီမိုကရေစီ ရင်ပြင်ဘက် ဟာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့သာ ရှိနေပါတယ်။ ရထားဘူတာရုံဘက်ပိုင်းမှာတော့ ဆန္ဒပြသူအများအပြား သေဆုံးခဲ့ပြီး ဒီမိုကရေစီရင်ပြင်နဲ့ ကပ်လျက် ပြည်နယ်ခန်းမမှာတော့ တပ်သာတွေက လူစုလူဝေးကို M-16 များနဲ့ ပစ်ခတ်ခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။
ဆင်ဆာဖြတ်ထားသော မီဒီယာများ( သတင်းမှန်မထုတ်ပြန်သောမီဒီယာများ ) ကတော့ သတ်ဖြတ်မှုတွေကို အစီရင်ခံရန် ပျက်ကွက်ခဲ့ပါတယ်။အဲဒီ့ အစား ၎င်းတို့လုပ်ကြံဖန်တီးထားတဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုများနဲ့ ရဲတပ်ဖွဲ့၏အသေးအဖွဲလုပ်ရပ်များအကြောင်း မှားယွင်းသောသတင်းများသာ ထုတ်ပြန်ခဲ့ကြပါတယ်။ တပ်မတော်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ပြခြင်းမရှိခဲ့ပါဘူး။ ညက သတင်းတွေ ထပ်ပြီး အစီရင်ခံဖို့ ပျက်ကွက်ခဲ့ပြီးတဲ့နောက်မှာတော့ MBC မီဒီယာ အဆောက်အဦကို ထောင်နဲ့ချီတဲ့ လူတွေက ဝိုင်းရံခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ ဘူတာရုံ စီမံခန့်ခွဲရေးမှူးနဲ့ အစောင့်တပ်သားတွေက ဆုတ်ခွာသွားကြပြီး လူအုပ်ကြီးက အထဲကို တိုးဝင်လာပါတယ်။ အသံလွှင့်ဖို့မဖြစ်နိုင်တဲ့ အတွက် လူတွေက အဆောက်အအုံကို မီးရှို့တယ်။လူထုဟာ အဆောက်အအုံများကို ပါးနပ်စွာ ပစ်မှတ်ထား တာပဲဖြစ်ပါတယ်။
" မနက် ၁ နာရီမှာ ပြည်သူတွေက အခွန်ရုံးကို အလုံးအရင်းနဲ့ဝင်လာကြပြီး ပရိဘောဂတွေကိုဖျက်ဆီးကာ မီးရှို့ခဲ့ကြပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် သုံးသင့်တဲ့ အခွန်ငွေတွေကို တပ်မတော်နဲ့ လက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုပြီး ပြည်သူတွေကိုသတ်ဖြတ်တဲ့နေရာမှာ သုံးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရဲစခန်းနဲ့ တခြားအဆောက်အဦးတွေကိုတော့ ဒီတိုင်းထားပြီး ရုပ်သံလွှင့်ဌာနနဲ့ အခွန်ရုံးတွေကို မီးရှို့တာဟာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုပါပဲ။” [မေ ၁၈ Kwangju ဂွမ်ဂျူ ဒီမိုကရက်တစ်အုံကြွမှု, စာမျက်နှာ. ၁၃၈]
အခွန်ရုံးနဲ့သတင်းမီဒီယာ အဆောက်အအုံနှစ်ခုအပြင် အလုပ်သမား ကြီးကြပ်ရေးရုံး၊ ပြည်နယ်ခန်းမကားဒိုင်နဲ့ ရဲကား ၁၆ စီးတိုကိုပါ မီးရှိဖျက်ဆီးခဲ့ကြပါတယ်။ ဘူတာရုံမှာ နံနက် ၄ နာရီခန့်ေလာက်က နောက်ဆုံးတိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ စစ်သားတွေက လူစုလူဝေးကို M-16 တွေ ထပ်မံအသုံးပြုတိုက်ခဲ့တာကြောင့် ရှေ့တန်းက လူတွေ အများအပြား သေဆုံးခဲ့ပါတယ်။ တချို အလောင်းတွေကို စစ်တပ်က သယ်ဆောင်သွားဖို တက်လာကြပေမယ့် မယုံနိုင်လောက်တဲ့ခွန်အားတွေနဲ့ ပြည်သူတွေက အောင်နိုင်ခဲ့ပြီး စစ်တပ်က အလျင်အမြန် ဆုတ်ခွာသွားခဲ့ရပါတော့တယ်။
မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီမှာတော့ လူတစ်သိန်းကျော်က ကူမမ်ရိပ်သာမှာလေထီးတပ်သားတွေနဲ့ ထပ်မံပီးတော့ ရင်ဆိုင်ရပြန်ပါတယ်။ လူတချိုက Asia Motors (စစ်တပ်ကန်ထရိုက်တာ) ကိုသွားပြီးေတာ့ သူတိုရဲ့မော်တော်ကားတွေကို သိမ်းသင့်တယ်လို လူတစ်စုက ကြွေးကြော်ခဲ့ပါတယ်။ လူဒါဇင်အနည်းငယ်မျှ ထွက်သွားပြီးတဲ့နောက်မှာတော့ ခုနစ်ဦးသာ ပြန်ထွက်လာခဲ့ပါတယ် (မည်ကဲ့သို မောင်းရမည်ကို သိသော ပြည်သူအရေအတွက်အတိအကျ)။ အဲ့ယာဉ်မောင်းတွေရဲ့ အပြန်ပြန်အလှန်လှန် ပြေးဆွဲမှုတွေကြောင့်ပဲ မကြာမီအချိန်မှာပဲ သံချပ်ကာယာဉ်တွေ အပါအဝင် ကားအစီးရေ ၃၅၀ က ပြည်သူတွေရဲ့ လက်ထဲကို ရောက်ရှိလာပါေတာ့တယ်။ အဆိုပါ သိမ်းယူထားသော ကားများကို မြိုအနှံ မောင်းနှင်ပီးတော့ ဆန္ဒပြသူတွေက လူထုကို စုစည်းပီးတော့ တော်လှန်ပုန်ကန်မှု ပျံ့နှံဖိုအတွက် အနီးနားမှာရှိတဲ့ မြိုရွာတွေကိုလည်း သွားရောက်ခဲ့ကြပါေသးတယ်။ တချို ထရပ်ကားတွေကတော့ ကိုကာကိုလာစက်ရုံကနေပီး မုန့်နဲ့ အချိုရည်များကို ယူဆောင်လာခဲ့ကြတယ်။လူထုက စစ်တပ်နဲ့ စေ့စပ်ညှိနှိင်းဖိုအတွက် စေ့စပ်ညှိနှိင်းရေးမှူးတွေကိုလည်း လူစုလူဝေးထဲက ရွေးချယ်ပြီးတော့ စစ်တပ်သို စေလွှတ်ခဲ့သော်လည်း စစ်တပ်ရဲ့ရုတ်တရက်ဆန်တဲ့ သေနတ်သံတွေက ထူထဲတဲ့ လေထုကို ထိုးဖောက်ဝင်ရောက်ပီးတော့ ငြိမ်းချမ်းတဲ့ အခြေချမှုအတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးသွားစေခဲ့ပါတယ်။ ဆယ်မိနစ်ကြာအောင် စစ်တပ်က သိမ်းကျုံးပစ်ခတ်ခဲ့ပြီး အဲ့လို ရက်စက်ကြမ်းကြုတ်မှုအတွင်းမှာ ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး ပြည်သူ ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတော့တယ်။
ပြည်သူတွေက မြန်မြန်ပဲ ပြန်တုံပြန်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်နာရီအကြာမှာတော့ရဲစခန်းကို လက်နက်တွေနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ပြည်သူတွေ ပိုမိုဖွဲစည်းပီးတော့ ရဲနဲ့အမျိုးသားစောင့် လက်နက်တိုက်တွေကိုလည်း ဝင်ရောက်စီးနင်းခဲ့ပီးတော့ ဗဟိုအချက်နှစ်ချက်မှာ စုဝေးခဲ့ကြပါတယ်။ Hwasun မှာရှိတဲ့ ကျောက်မီးသွေးတွင်းလုပ်သားတွေရဲ့ အကူအညီနဲ့ ဆန္ဒပြသူတွေက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း အမြောက်အမြားရရှိခဲ့ကြပါတယ်။ [မေ 18 Kwangju ဒီမိုကရက်တစ်အရေးတော်ပုံ၊ p.143]
အထည်အလိပ်လုပ်သားဖြစ်တဲ့ အမျိုးသမီး ခုနစ်ဦးက ဘတ်စ်ကားပေါ်မှာ ရိုင်ဖယ်နဲ့ ခဲယမ်းမီးကျောက် ရာပေါင်းများစွာနဲ့အတူ ဖမ်းမိခံခဲ့ရပီးတော့ Kwangju သို ပြန်ပိုခံခဲ့ရပါတယ်။ Changsong၊ Yoggwang နဲ့ Tamyang ခရိုင်များတွင် အလားတူ လက်နက်ဖမ်းဆီးရမိမှုများကလည်း ဖြစ်ပွားခဲ့ပြန်ပါတယ်။ လှုပ်ရှားမှုသည် Hwasun၊ Naju၊ Hampyung၊ Youngkwang၊ Kangjin၊ Mooan၊ Haenam၊ Mokpo တွင် လျှင်မြန်စွာ ပျံ့နှံသွားပြီး ကိုရီးယားအနောက်တောင်ဘက်ရှိ အခြားတစ်ဆယ့်ခြောက်ခုထက်မနည်းတဲ့ နေရာတွေကိုပါပျံ့နှံခဲ့ပါသေးတယ်။ [မေ 18 Kwangju ဒီမိုကရက်တစ်အုံကြွမှု, p. 164] ပုန်ကန်မှု လျင်မြန်စွာ ပြန့်ပွားမှုက ကိုယ်ပိုင်အစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစပြုမှုအတွက် ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို ပြသတဲ့ နောက်ထပ် လက္ခဏာတစ်ခုလည်းဖြစ်နေပါတော့တယ်။ Chunju နဲ့ Seoul မှာ လူထုအုံကြွမှုကို ဆောင်ကြဉ်းဖို မျှော်လင့်ထားပေမယ့် တချို ဆန္ဒပြသူတွေက အဝေးပြေးလမ်းမကြီးတွေ၊ ကားလမ်းတွေနဲ့ ရထားလမ်းတွေကို ပိတ်ဆိုထားတာကြောင့် တပ်ဖွဲဝင်များက ငြင်းဆန်ခဲ့ကြပါတယ်။စစ်တပ်ရဲ့ရဟတ်ယာဉ် တွေနဲ့ ပစ်ခတ်မှုတွေက Kwangju သိုရောက်ရှိဖို ကြိုးပမ်းနေတဲ့ Hwasun နှင့် Yonggwang ခရိုင်များမှ လက်နက်ကိုင်ဆန္ဒပြပြည်သူများကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ စစ်တပ်ကသာ မီဒီယာကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မထားပဲ ခရီးသွားလာမှုကိုပါ ကန့်သတ်မထားခဲ့ဘူးဆိုရင် ထိုတော်လှန်ပုန်ကန်မှုက တနိုင်ငံလုံး အုံကြွမှုကြီး ဖြစ်သွားနိုင်ပါတယ်။
အရှိန်အဟုန်ပြင်းပြင်းနဲ့ ယခင်အစိုးရတွေထက် ပိုမိုပီး ဒီမိုကရေစီအသွင် ကူးပြောင်းလာခဲ့ပါတယ်။ Kwangju Park နှင့် Yu-tong Junction တွင် စုဝေးပြီး တိုက်ခိုက်ရေး နဲ့ ခေါင်းဆောင်မှုတိုကို ဖွဲစည်းခဲ့ပါတယ်။ စက်သေနတ် တွေကို ခရိုင်ခန်းမ (တပ်မတော်ကွပ်ကဲမှုဌာနချုပ်) ကို သယ်ဆောင်ခဲ့ပါတယ်။ ညနေ ၅း၃၀ မှာတော့ တပ်မတော်က ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။ ည ၈ နာရီလောက်မှာ လူတွေက မြိုကို ချုပ်ကိုင်ထားပီး နေရာတိုင်းမှာလည်း အားပေးသံတွေ ပဲ့တင်ထပ်နေခဲ့ပါတော့တယ်။ ၎င်းတို၏ ဒုတိယကမ္ဘာစစ်ကလက်နက် တွေက တပ်မတော်ထက် အဆပေါင်းများစွာ ခေတ်နောက်ကျနေခဲ့သော်လည်း ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနှင့် အနစ်နာခံမှုတွေကတော့ တပ်မတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာသာလွန်မှုထက် ပိုမိုအားကောင်းခဲ့ပါတယ်။
လွတ်လပ်တဲ့ ကွန်မြူနတီသည် ခြောက်ရက် ကြာမြင့်ခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ နေ့စဉ်စည်းဝေးပွဲတွေက နှစ်ပေါင်းများစွာကြာအောင် မကျေမနပ်ဖြစ်ပြီး သာမန်ပြည်သူတွေရဲ့ နက်နဲတဲဘဆန္ဒများကို သတိပြုခဲ့ကြတယ်။ ဒေသခံပြည်သူတွေရဲ့ အစုအဖွဲတွေက စည်းမျဥ်းစည်းကမ်းတွေကို ထိန်းသိမ်းထားခဲ့ပြီးတော့ ပြည်သူများအတွက် တစ်မျိုးတစ်မည်ဖြစ်တဲ့ လူမှုရေး စီမံခန့်ခွဲမှုပုံစံသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ အစောပိုင်းနှစ်ပေါင်းတစ်ရာကျော်လောက်ကပဲရစ်ကွန်မြူနတီကို ဖြိုခွင်းခဲ့တဲ့ မေလ ၂၇ ရက် နေ့မှာ၊ Kwangju Commune သည် သူရဲကောင်းဆန်စွာ ခုခံခဲ့သော်လည်း စစ်အင်အားရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရပါတယ်။ 1980 ခုနှစ်မှာ ရက်စက်စွာ ဖိနှိပ်ခံခဲ့ရပေမယ့်လည်း နောက်ခုနစ်နှစ်အကြာ အထိ လှုပ်ရှားမှုကို ဆက်လက် ရုန်းကန်ခဲ့ရပြီး 1987 ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအုံကြွမှု တစ်ရပ်ကို ပြုလုပ်ခဲ့နိုင်ပီး နောက်ဆုံးတွင် တောင်ကိုရီးယားတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုကို အနိုင်ရခဲ့ပါတယ်။
စစ်သင်္ဘော Potemkin ကဲ့သိုပင်၊ Kwangju မှပြည်သူများသည် 1894 Tonghak ပုန်ကန်မှုနဲ့1929 ကျောင်းသားပုန်ကန်မှုမှစပီး 1980 အရေးအခင်းအထိ တောင်ကိုရီးယားတွင် တော်လှန်မှုထွန်းကားလာကြောင်း ထပ်ခါတလဲလဲ အချက်ပြမီးမောင်းထိုးခဲ့ကြတယ်။ ပါရီကွန်မြူနတီနဲ့ စစ်သင်္ဘော Potemkin ကဲ့သိုပင်၊ Kwangju ရဲ့ သမိုင်းဆိုင်ရာ အရေးပါမှုသည် နိုင်ငံတကာတွင်သာမကပဲ ကိုရီးယား (သိုမဟုတ် ပြင်သစ်၊ သိုမဟုတ် ရုရှား) တွင်ပါအရေးပါခဲ့ပါတယ်။ ၎င်း၏ အဓိပ္ပါယ်နဲ့ သင်ခန်းစာတွေက အရှေ့နှင့် အနောက်၊ မြောက်နှင့် တောင်နှင့် တူညီစွာ ကောင်းမွန်စွာနဲ့ သက်ရောက်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် လူထုအုံကြွမှုကြီးက ဤအစောပိုင်း တော်လှန်ရေးသင်္ကေတများကဲ့သိုပင် ကမ္ဘာနှင့်အဝှမ်း ဂယက်ရိုက်ခတ်နေပြီဖြစ်ပီးတော့ အရှေ့အာရှတခွင်မှာလည်း အခြေခံဒီမိုကရေစီအခွင့်အရေးများကို ဆယ်စုနှစ်များစွာ ဖိနှိပ်ခံခဲ့ရပြီးနောက်တွင် တော်လှန်ပုန်ကန်မှုများနှင့် အုံကြွမှုများသည် ဒေသကို ပြောင်းလဲစေခဲ့ပါတယ်။ ဥရောပမှာရှိတဲ့ 1989 တော်လှန်မှုတွေက လူသိများပေမယ့်လည်း Eurocentrism က ၎င်းတို၏ အာရှတိုက်သားတွေရဲ့ နားလည်မှုကို မကြာခဏ တားဆီးပေးပါတယ်။။ Kwangju အုံကြွမှုအပြီး ခြောက်နှစ်အကြာမှာတော့ ဖိလစ်ပိုင်တွင် မားကိုစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ Aquino နှင့် Kim Dae-Jung တိုသည် အမေရိကန်မှာ တစ်ယောက်နှင့်တစ်ယောက် သိခဲ့ကြပြီးတော့ Kwangju ရဲ့ အတွေ့အကြုံတွေက မနီလာတွင် လှုပ်ရှားမှုကို လှုဆော်ပေးခဲ့ပါတယ်။
အာရှတခွင်လုံးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လူထုလှုပ်ရှားမှုများ ပေါ်လာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးကို 1987 ခုနှစ်တွင် ထိုင်ဝမ်တွင် အနိုင်ရခဲ့ပီးတော့။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ် မတ်လမှာ ကျောင်းသားတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေက ရန်ကုန်မြိုလမ်းမများပေါ်ထွက်၍ လူထုပါ၀င်မှုများသော လှုပ်ရှားမှုကြီးကို ပြုလုပ်ခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုတွေကြားထဲက ထိုလှုပ်ရှားမှုက သမ္မတ ဦးနေဝင်းကို ၂၆ နှစ်ကြာ အုပ်ချုပ်ပြီးတဲ့နောက်မှတော့ ရာထူးက ဖြုတ်ချနိုင်ခဲ့ပါတော့တယ်။ နောက်နှစ်တွေမှာတော့ တရုတ်နိုင်ငံရမှာရှိတဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြွေးကြော်ခဲ့ကြပြီး တီယန်မင်ရင်ပြင်တွင် ပစ်ချခံရပီး နှစ်အတော်ကြာ အမဲလိုက်ခြင်းခံခဲ့ရပါတယ်။ နီပေါရဲ့အလှည့်က နောက်တစ်ခုဖြစခဲ့တယ်။ ၁၉၉၀ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ခုနစ်ပတ်ကြာ ဆန္ဒပြမှုတွေက ဘုရင်ကို ဒီမိုကရေစီအစိုးရစနစ်အဖြစ် ပြောင်းလဲရန် တွန်းအားပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် မေလတွင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးက ရက်ပေါင်း နှစ်ဆယ် အစာငတ်ခံ ဆန္ဒပြ ခဲ့သော ဖြစ်ရပ်နဲ့ ကြုံတွေ့ရပီးတဲ့ နောက် နိုင်ငံ မှာ ထိုင်းနိုင်ငံ ဖြစ်သည် ။ စစ်တပ် မှ လမ်းပေါ်ထွက် ဆန္ဒပြ မှုများကို နှိမ်နှင်း ပြီး ရက်စက် ကြမ်းကြုတ်မှု ကြောင့် ပြည်သူ ဒါဇင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ Suchinda Krapayoon ကိုလည်း ရာထူးကဆင်းခိုင်းနိုင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားတွင် ကျောင်းသားများက “ပြည်သူ့အာဏာ တော်လှန်ရေး” ကို တောင်းဆိုခဲ့ပြီး ဆူဟာတိုကို ဖြုတ်ချနိုင်ခဲ့ပြန်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက အမေရိကန် သတင်းထောက်တစ်ဦးရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြည်သူ့အာဏာ ဆောင်ပုဒ်ကို ဖိလစ်ပိုင်နိုင်ငံမှ လက်ခံကျင့်သုံးခဲ့ကြောင်း၊ အများသူငှာ နေရာကို သိမ်းပိုက်ခြင်း၏ နည်းဗျူဟာ ဆန်းသစ်တီထွင်မှုကဲ့သိုပင် ဖိလစ်ပိုင်မှ လက်ခံကျင့်သုံးခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးကို 1987 ခုနှစ်တွင် ထိုင်ဝမ်တွင် အနိုင်ရခဲ့ပီးတော့။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ် မတ်လမှာ ကျောင်းသားတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေက ရန်ကုန်မြိုလမ်းမများပေါ်ထွက်၍ လူထုပါ၀င်မှုများသော လှုပ်ရှားမှုကြီးကို ပြုလုပ်ခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုတွေကြားထဲက ထိုလှုပ်ရှားမှုက သမ္မတ ဦးနေဝင်းကို ၂၆ နှစ်ကြာ အုပ်ချုပ်ပြီးတဲ့နောက်မှတော့ ရာထူးက ဖြုတ်ချနိုင်ခဲ့ပါတော့တယ်။ နောက်နှစ်တွေမှာတော့ တရုတ်နိုင်ငံရမှာရှိတဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြွေးကြော်ခဲ့ကြပြီး တီယန်မင်ရင်ပြင်တွင် ပစ်ချခံရပီး နှစ်အတော်ကြာ အမဲလိုက်ခြင်းခံခဲ့ရပါတယ်။ နီပေါရဲ့အလှည့်က နောက်တစ်ခုဖြစခဲ့တယ်။ ၁၉၉၀ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ခုနစ်ပတ်ကြာ ဆန္ဒပြမှုတွေက ဘုရင်ကို ဒီမိုကရေစီအစိုးရစနစ်အဖြစ် ပြောင်းလဲရန် တွန်းအားပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် မေလတွင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးက ရက်ပေါင်း နှစ်ဆယ် အစာငတ်ခံ ဆန္ဒပြ ခဲ့သော ဖြစ်ရပ်နဲ့ ကြုံတွေ့ရပီးတဲ့ နောက် နိုင်ငံ မှာ ထိုင်းနိုင်ငံ ဖြစ်သည် ။ စစ်တပ် မှ လမ်းပေါ်ထွက် ဆန္ဒပြ မှုများကို နှိမ်နှင်း ပြီး ရက်စက် ကြမ်းကြုတ်မှု ကြောင့် ပြည်သူ ဒါဇင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ Suchinda Krapayoon ကိုလည်း ရာထူးကဆင်းခိုင်းနိုင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားတွင် ကျောင်းသားများက “ပြည်သူ့အာဏာ တော်လှန်ရေး” ကို တောင်းဆိုခဲ့ပြီး ဆူဟာတိုကို ဖြုတ်ချနိုင်ခဲ့ပြန်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက အမေရိကန် သတင်းထောက်တစ်ဦးရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြည်သူ့အာဏာ ဆောင်ပုဒ်ကို ဖိလစ်ပိုင်နိုင်ငံမှ လက်ခံကျင့်သုံးခဲ့ကြောင်း၊ အများသူငှာ နေရာကို သိမ်းပိုက်ခြင်း၏ နည်းဗျူဟာ ဆန်းသစ်တီထွင်မှုကဲ့သိုပင် ဖိလစ်ပိုင်မှ လက်ခံကျင့်သုံးခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။