Title: ကမ္ဘာ့အမျိုးသမီးများနေ့ရဲ့ တော်လှန်သော အတွေးအခေါ်
Author: Hein Htet Kyaw
Language: Burmese
Publication: AntiFascist in Burma
Date: 07-03-2022
Source: https://www.facebook.com/share/p/3VubZWgw1XVqNBVu/?mibextid=WC7FNe

အမျိုးသမီးတွေရဲ့ လွတ်လပ်မှုဟာ ဘာသာရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ကုန်ထုတ်လုပ်မှုအရဖြစ်စေ မဟာဖိုဝါဒကြီးစိုးတဲ့ အမျိုးသားများနဲ့ မဟာဖိုဝါဒီ ရှေးရိုးစွဲ အမျိုးသမီးတွေကြောင့် အမြဲကန့်သတ်ခံရလေ့ရှိတယ်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ သိမှုမြင့်မားမှု အနေအထားကို ကျွန်တော်တို့ဟာ အမျိုးသမီးတွေ ဘယ်လောက်ထိ လွတ်လပ်နေပြီလဲဆိုတာအပေါ်ကနေ ရှုမြင်ရမှာဖြစ်တယ်။ ဒါကြောင့်လဲ ဂျာမဏီမာ့က်စ်ဝါဒီ ဒီမိုကရက်တစ်ဆိုရှယ်လစ်တစ်ဦးဖြစ်တဲ့ Rosa Luxemburg က ဒီလိုပြောခဲ့တာဖြစ်တယ်။ “Women’s freedom is the sign of social freedom” တဲ့၊

ဒီနေရာမှာ အမျိုးသမီးတွေဟာ ဘယ်ကနေ လွတ်မြောက်တာလဲဆိုတာဟာ အရေးပေးဆွေးနွေးရမယ့်အရာဖြစ်တယ်။ အမျိုးသားတွေအောက်ကနေလား၊ အာဏာရှင်လူတစ်စုအောက်နေလား၊ အမျိုးသား၊ အမျိုးသမီးကစလို့ ဘယ်လိင်ဖြစ်တည်မှုရှိနေသူမဆိုကို လွှမ်းမိုးထားနိုင်တဲ့ မဟာဖိုဝါဒဆီကနေလား၊ အဆိုပါ မဟာဖိုဝါဒရဲ့ ပုံဖော်မှုကြောင့် ဖြစ်တည်လာခဲ့တဲ့ ဘာသာတရားတွေ၊ ယဥ်ကျေးမှုတွေကစလို့ ထုံးတမ်းအစဥ်အလာတိုင်းကနေ လွတ်မြောက်တာလား စတာတွေကိုတော့ အသေအချာ စဥ်းစားရပါလိမ့်မယ်၊

ကျနော့်အမြင်တော့ အပေါ်က အရာတွေအားလုံးအပြင် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေကိုပါ တိုက်ဖျက်ရမှာဖြစ်ပါတယ်။

ဒါကြောင့်လဲ မင်းမဲ့ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်တဲ့ Emma Goldman က ဒီလို‌လေး ပြောခဲ့ဖူးပါတယ်။ “I demand the independence of woman, her right to support herself; to live for herself; to love whomever she pleases, or as many as she pleases. I demand freedom for both sexes, freedom of action, freedom in love and freedom in motherhood.”

ဆိုလိုရင်းကတော့

လိင်နှစ်မျိုးလုံးအတွက် လွတ်လပ်မှု၊ လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ ချစ်ခြင်း‌မေတ္တာ၌ လွတ်လပ်မှုနှင့် မိခင်ဘဝတွင် လွတ်လပ်မှုကို တောင်းဆိုတယ်။ အမျိုးသမီးတစ်ဦး၏လွတ်လပ်မှု၊ သူ့ကိုယ်သူ ထောက်ပံ့ပိုင်ခွင့်၊ မိမိအတွက် အသက်ရှင်ခြင်း၊ သူနှစ်သက်တဲ့သူကို ချစ်ခင်တွယ်တာခြင်း ဒါမှမဟုတ် နှစ်သက်သလောက် ချစ်ခွင့်ရှိမှုတို့ကို ကျွန်မ တောင်းဆိုတယ်တဲ့၊

ဒီနေ့ဟာ အမျိုးသမီးနေ့ဖြစ်တာမို့ အမျိုးသားတွေနဲ့မဆိုင်တာ မဟုတ်ပါ၊ အမျိုးသမီးတိုင်းနှင့်လည်း မဆိုင်ပါ။ အထူးသဖြင့် မဟာဖိုဝါဒနှင့် အမျိုးသမီးဖြစ်တည်မှုနဲ့ အမျိုးသမီးလွတ်လပ်မှုတို့ကို မနှစ်သက်သူ ရှေးရိုးစွဲ မဟာဖိုဝါဒရဲ့ ကျေးကျွန်တွေဟာ ဒီကနေ့မှာ ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတွေထဲ မပါနိုင်ပါ။

ဒါကြောင့်လဲ မင်းမဲ့ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်တဲ့ Emma Goldman က ဒီလို‌လေး ပြောခဲ့ဖူးပါတယ်။ “လူ့အဖွဲ့အစည်းတွင် အဆိုးရွားဆုံးအရာမှာ မသိမှု အဝိဇ္ဇာ မောဟသာဖြစ်သည်” တဲ့၊

ဒါကြောင့်လဲ မဟာဖိုဝါဒရဲ့လွမ်းမိုးမှုကို ခံထားရတဲ့ အမျိုးသားတေွ၊ အမျိုးသမီးတွေ၊ တခြားလိင်ဖြစ်တည်မှုတွေနဲ့ ယဥ်ကျေးမှု၊ ဓလေ့စရိုက်၊ ဘာသာတရားတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုကို ပိတ်ကာနေတဲ့ ရှေးရိုးစွဲဖက်ဆစ်အတွေးအခေါ်ဖြစ်ပြီး အာဏာရှင်ဆန်ဆန် ကျင့်ဝတ်တစ်ခုလို ဖြစ်နေတာကို ကျနော်တို့ သိထားဖို့ လိုပါမယ်။ ဒီလိုသိမှုကို ရတဲ့အခါမှသာ ကျနော်တို့ဟာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှု၊ တခြားလိင်ဖြစ်တည်မှုတွေရဲ့ လွတ်လပ်မှုနဲ့ အမျိုးသားတွေရဲ့ လွတ်လပ်မှုတို့အတွက် မှန်ကန်တဲ့ နည်းလမ်းနဲ့ ရပ်တည်ပေးနိုင်မှာ ဖြစ်တယ်။

ဒီလို စစ်မှန်တဲ့ လွတ်လပ်မှုအတွက် ရပ်တည်ဖို့ရာ သိမှုအဆင့်အတန်းတစ်ခုနဲ့ သတ္တိတို့ရှိဖို့လိုပါတယ်။

ဒီသဘောတရားကိုလည်း Emma Goldman က ပြောခဲ့ဖူးပါတယ်။ “လူတို့ဟာ သူတို့ လိုချင်တပ်မက်နိုင်သော အသိဉာဏ်နှင့် သတ္တိရှိသလောက် ထိုက်တန်သော လွတ်လပ်ခွင့်သာရှိလေသည်” တဲ့။

ဆိုလိုတာကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ သိမှုအပေါ် လိုက်ပြီး သူသတ်မှတ်ထားတဲ့ လွတ်လပ်မှုစံဟာ မြင့်မားလာမှာဖြစ်ပါတယ်။ အမျိုးသမီးဖြစ်နေလို့ အမျိုးသားတွေကို မုန်းတီးရမယ်ဆိုသူများရဲ့ အသိဥာဏ်ဟာ မဟာဖိုဝါဒရဲ့ လွှမ်းမိုးမှုရှိနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ တခြားလိင်ဖြစ်တည်မှုရှိသူတွေအကြားက ကွဲပြားခြားနားမှုနဲ့ မဟာဖိုဝါဒရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ တခြားလိင်ဖြစ်တည်မှုရှိသူတွေအကြားက ကွဲပြားခြားနားမှုတွေကို နားလည်နိုင်မှာ မဟုတ်ပါ။

ဒီအချက်ကို သိနားလည်ခဲ့တဲ့ Emma Goldman ကတော့ မဟာဖိုဝါဒရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ တခြားလိင်ဖြစ်တည်မှုရှိသူတွေအကြားက ပေါင်းစည်းညီညွတ်နေမှုကို အခုလိုမျိုး ဖော်ပြသွားခဲ့ပါတယ်။

“A true conception of the relation of the sexes will not admit of conquered and conquered; it knows of but one great thing; to give of one’s self boundlessly, in order to find one’s self richer, deeper, better.” တဲ့။

ဒီလိုအတွေးအခေါ် တော်လှန်ရေးမျိုးဟာ ခုချိန်မှာ မြန်မာ့လူ့အဖွဲ့အစည်းမှာ တကယ့်ကို လိုအပ်နေပါတယ်။

ကျနော် တောက်လျှောက်ကိုးကားလာတဲ့ Emma Goldman ကိုပဲ ဆက်လက်ပြီး ကိုးကားတင်ပြပါရစေ၊

“တကယ်တော့ တော်လှန်ရေးဆိုတာဟာ လက်တွေ့လုပ်ဆောင်မှုတွေအဖြစ်သို့ ပြောင်းလဲသွားသော တွေးခေါ်မြော်မြင်မှုသက်သက်တွေပါ” ပဲ။

တကယ့်လက်တွေ့ဘဝတော်လှန်ရေးအတွက် ကျနော်တို့မှာ တိကျပြတ်သား‌တဲ့ ‌အတွေးအခေါ်တော်လှန်ရေး‌တစ်ခုရှိဖို့ လိုအပ်ပါတယ်။

ကမ္ဘာကျော် မင်းမဲ့ဝါဒီ Noam Chomsky ပြောသလိုပဲ။

“The means you choose are designed for the ends you have in mind” တဲ့။

ကျွန်တော် ရွေးချယ်ထားတဲ့ တော်လှန်ရေးနည်းလမ်းတွေဟာ ကျွန်တော်စိတ်ထဲက စိတ်ကူးစံတွေနဲ့ ကိုက်ညီအောင် ပုံဖော်ထားတာပါပဲတဲ့။

ကျွန်တော့်အတွက်ကတော့ မတူညီတဲ့ လိင်ဖြစ်တည်မှုတိုင်းဟာ မဟာဖိုဝါဒ၊ ထိုမဟာဖိုဝါဒရဲ့လွှမ်းမိုးမှုကို ခံထားရတဲ့ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်းနဲ့ တခြားလိင်ဖြစ်တည်မှုရှိသူတိုင်းဟာ ခေတ်နှောက်ပြန်ဆွဲနေသူတွေဖြစ်ပြီး မတူညီတဲ့ လိင်ဖြစ်တည်မှုတိုင်းရဲ့နောက်ကွယ်က လွတ်လပ်မှုကို ချစ်မြတ်နိုးနေသူတိုင်းဟာ ကျွန်တော့် မိတ်ဆွေတွေသာဖြစ်တယ်။ မဟာဖိုဝါဒနဲ့ မိတ်ဖွဲ့ထားတဲ့ ရိုးရာယဥ်ကျေးမှုဓလေ့စရိုက်တွေ၊ ဘာသာတရားနဲ့ လူ့အဖွဲ့အစည်းတိုင်းဟာ ကျနော့်လို လွတ်လပ်မှုကို ချစ်မြတ်နိုးသူအတွက် ရန်သူတွေသာ ဖြစ်ပါတယ်။

ဘာလို့ဆို ကျွန်တော့်စိတ်ကူးစံထဲမှာ မတူညီတဲ့ လိင်ဖြစ်တည်မှုတိုင်းရဲ့ အတိုင်းအဆမရှိ လွတ်လပ်စွာဖြစ်တည်ခွင့်၊ တစ်ဦးရဲ့ လွတ်လပ်မှုအပေါ် တစ်ဦးက လေးစားသမှုပြုမှုတို့ဟာ သိမှုမြင့် လူ့အဖွဲ့အစည်း‌ရဲ့ စံနှုန်းတွေ ဖြစ်နေလို့ပါပဲ။


အပ္ပမညာဖြင့်

သိမှုမြင့် လူ့အဖွဲ့အစည်းဆီသို့

ဟိန်းထက်ကျော်

Abu Bakr