Title: လူသားတို့၏ နောက်ဆုံးအဆင့် ဥာဏ်အလင်းပွင့်မှုသည် မင်းမဲ့ဝါဒသာဖြစ်ပေသည်။
Author: Kyaw Zaya Lin
Topic: anarchism
Language: Burmese
Publication: AntiFascist in Burma
Date: 20-02-2022
Source: https://www.facebook.com/share/p/VkZosLLamLATqyXz/?mibextid=WC7FNe

လူသားတို့၏ နောက်ဆုံးအဆင့် ဥာဏ်အလင်းပွင့်မှုသည် မင်းမဲ့ဝါဒသာဖြစ်ပေသည်။

လူ့သမိုင်းစကတည်းကာမှ ယခုအချိန်ထိ ရာစုနှစ်၊ ထောင်စုနှစ်ပေါင်းများစွာ ဖြတ်သန်းမှုများအောက်တွင် လူသားတို့သည် စနစ်များစွာကိုဖန်တီးသလို၊ စနစ်များစွာကို ပယ်ဖျက်ခဲ့သည်။ သမိုင်းဦးဘုံမြေခေတ်မှစတင်၍ ကျွန်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်၊ နယ်ချဲ့စနစ်၊ ပစ္စည်းမဲ့အာဏာရှင်စနစ်၊ အရင်းရှိအာဏာရှင်စနစ်၊ ဖက်ဆစ်အာဏာရှင်စနစ်၊ စသဖြင့် ပုံစံမျိုးစုံ စနစ်ပေါင်းများစွာကိုဖြတ်သန်းလာသလို လက်ရှိလည်း ထိုစနစ်များထဲမှတချို့ကို ကျင့်သုံးနေဆဲဖြစ်၏။

လူတို့သည်တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၊လူမျိုး၊ဘာသာ စသောအရာများသာမက ဝါဒရေးရာအရလည်း ခြားနားမှုများပေါ်ပေါက်လာသည်။ မတူခြားနားမှုများစွာနှင့် လူသားများစွာတို့သည် ဤကမ္ဘာမြေပေါ်တွင်ပင် ရန်သူများသဖွယ် ဤကမ္ဘာမြေပေါ်တွင်ပင် သက်ရှိမျိုးစိတ်ကွဲများသဖွယ် အပြန်အလှန် မာန်ဖီရင်းတိုက်ခိုက်ရင်း အချိန်ကုန်ခဲ့သည်မှာ ယနေ့ထိတိုင်ပင်။

မင်းမဲ့ဝါဒီတို့၏အမြင်မှာမူ ရိုးရှင်းသည်။ စောက်ပိုမပါပေ။ နိုင်ငံတော်မရှိပေ။ ကမ္ဘာကြီးသာရှိသည်။ လူမျိုးဟူသည်မရှိပေ။ လူသားတို့သာရှိသည်။ ဘာသာတရားဟူသည်မရှိပေ။ ယုံကြည်မှုသာရှိသည်။ ထို့အတွက်လည်း မင်းမဲ့ဝါဒီတို့သည် စောက်ပိုများဖြင့် စောက်ပြသနာတက်ချိန်အလွန်လျော့နည်းသွားသည်။

မင်းမဲ့ဝါဒီဖြစ်ဖို့ဘာတွေလိုအပ်လဲ

သင့်အားတပါးသူမှ ဖိအားပေး အုပ်ချုပ်စေခိုင်းခြင်းကို အလိုမရှိပါက သင်သည်မင်းမဲ့ဝါဒီဖြစ်နိုင်ပါပြီ။ သင်ကိုယ်တိုင်လည်း တပါးသူအား ဖိအားပေး အုပ်ချုပ်စေခိုင်းလိုစိတ် မရှိရန်လိုအပ်သည်။ ဤကား အခြေခံအကျဆုံးအချက်ဖြစ်သည်။ မင်းမဲ့အချို့သည် ကြောင်သူတေ်ာဆန်ကြသည်။ မင်းမဲ့ဝါဒီဟုမိမိကိုယ်မိမိသမုတ်ကာ အာဏာရှင် ဘုရင်ကြီးဖြစ်ချင်ကြသည်။ ၎င်းတို့သည် စိတ်ကူးယဉ်နေသော သူငယ်နှပ်စားများပင်။ “လုပ်စမ်း..သွားလိုက်စမ်း”စသဖြင့် အမိန့်အာဏာတို့အား တပ်မက်နေသူသည် မင်းမဲ့ဝါဒီမဖြစ်နိုင်။ အနေအစားချောင်၍ မင်းမဲ့ဟန်ဆောင်ခြင်းသာဖြစ်သည်။ “အခွန်မဆောင်လို၍ မင်းမဲ့ဟန်ဆောင်ခြင်းသာဖြစ်၏။” မင်းမဲ့ဝါဒီဖြစ်ဖို့ကလွယ်ပါသည်။ မင်းမဲ့ဝါဒအတိုင်းရှင်သန်ဖို့ကခက်သည်။ ဤကိုလူငယ်အများသိရှိနားလည်ဖို့လိုအပ်သည်။ မင်းမဲ့တို့၏ရန်သူမှာ အာဏာဖြစ်သည်။ အကူညီတောင်းခြင်းသည်လက်ခံနိုင်သော်ငြား အမိန့်ပေးခြင်းအား တစ်သက်စာပယ်ဖျက်ရမည်။ ဤမှသာ သင်သည် ရယ်စရာသတ္တဝါအဖြစ်မှ လွတ်မြောက်နိုင်မည်။

မင်းမဲ့ဝါဒနှင့်ဘာသာရေး

မင်းမဲ့တို့တွင် ဘာသာမရှိ ယုံကြည်မှုသာရှိသည်ဟု ကျနော်ပြောဖူးသလိုပင် ဘာသာကိုးကွယ်မှုသည် အရေးပေးစရာမလိုသော အရာတစ်ခုဖြစ်သည်။ မင်းမဲ့အများစုမှာ ရုပ်ဝါဒီများဖြစ်သော်ငြားလည်း စိတ်ဝါဒီများ၊ ဘုရာသခင်ဝါဒီများလည်း မင်းမဲ့ဝါဒအပေါ်သက်ဝင်ယုံကြည်နိုင်ပေသည်။ သင်၏ယုံကြည်မှုသည် သင်၏ယုံကြည်မှုသာဖြစ်၏။ သင်၏ယုံကြည်မှုနှင့် ပလဲနံပမသင့်ရုံနှင့် တစ်ဖက်သား အကျိုးစီးပွားနှင့် အသက်ခန္ဓာအား တိုက်ခိုက်ဖျက်စီးရန် မတွေးဖို့သာလိုအပ်သည်။ စေတန်အားကိုးကွယ်လိုပါကကိုးကွယ်လို့ရသည်။ မာရ်နတ်အား ရှိခိုးလိုပါကရှိခိုးလို့ရသည်။ ဗုဒ္ဓအား ဦးတိုက်လိုပါကဦးတိုက်လို့ရသည်။ သင်ယုံကြည်ရာလုပ်ရပ်သည် အခြားသောလူသားများအား ဘေးဒုက္ခမသင့်စေပါက၊ အကျိုးမယုတ်စေပါက လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ ဤကားမင်းမဲ့တစ်ယောက်ထားအပ်သည့် စိတ်နေစိတ်ထားဖြစ်၏။ မင်းမဲ့တစ်ယောက်သည် မိမိနှင့် မတိုက်ဆိုင်သောကိစ္စတစ်ခုကို ဝေဖန်ကန့်ကွက်ရှုံ့ချခွင့်ရှိသော်ငြား တိုက်ခိုက်ဖျက်စီးရန်မူ လုံလောက်သော အကြောင်းပြချက်လိုအပ်သည်။ မည်သို့ဆိုစေကာမူ လူသားအများစုသည် ကိုယ်နဲ့မတူကိုယ့်ရန်သူသမုတ်လေ့ရှိသောကြောင့် မင်းမဲ့တို့သည် ကာကွယ်ရေးအား အထူးကြိုးစားသင့်သကဲ့သို့ လူ့အဖွဲ့အစည်းအတွင်း ရှင်သန်ရာတွင် အမြဲသတိရှိရမည်။ကာကွယ်တုန့်ပြန်ဖို့ အင်အားရော အရည်အချင်းရော သတ္တိရောလိုအပ်ပေသည်။ ထို့ကြောင့်လဲ အသိဥာဏ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အမြဲတိုးတက်နေဖို့ကြိုးစားသင့်သည်။ ဘာကူနင်ကိုယ်တိုင်က ထာဝရဘုရားဟူသည်မရှိ ရှ်ိပါကရှင်းပစ်ရမည်ဟု

ကျမ်းတစ်စောင်ရေးသားခဲ့ခြင်းသည်။ သက်ဝင်သူတို့အားရန်သမုတ်ခြင်းမဟုတ် ဘုရားသခင်အားရန်သမုတ်ခြင်းဖြစ်သည်။ မင်းမဲ့တို့၏ရန်သည် အာဏာတစ်ရပ်ဖြစ်သည်။ မင်းမဲ့တို့၏ရန်သည် နိုင်ငံတော်ဖြစ်သည်။ နိုင်ငံသားများမဟုတ်။ မင်းမဲ့တို့၏ ရန်သည် နတ်ဘုရားများဖြစ်သည်။ ကိုးကွယ်သူများမဟုတ်။ မင်းမဲ့တို့၏ရန်သည် အစွန်းရောက်လူမျိူးကြီးဝါဒဖြစ်သည်။ လူသားများမဟုတ်။ မင်းမဲ့တို့သည် လူသားများထဲမှ အဖော်ရွေဆုံး လူသားအဆန်ဆုံး လွပ်လပ်သူ လူသားများသာဖြစ်သည်သာပင်။