Title: လက်ဝဲဝါဒ သေဆုံးပြီ
Language: Burmese
Source: Original Article: https://theanarchistlibrary.org/library/renzo-connors-the-cryptoliberal-creep-the-left-is-dead-anarchist-individualist-critique-of-the
Notes: Original Author: Renzo Connors
Title: The left is dead (the Crypto Liberal Creep)
Subtitle: Anarchist Individualist critique of the left in Ireland
Translator: Hein Htet Kyaw (Abu Bakr)

“လက်ဝဲဝါဒ သေဆုံးပြီ”

“လွတ်လပ်မှုသည် မည်သည့်လူသားကိုမဆို ပေးနိုင်သော အရာမဟုတ်ပါ။ လွတ်လပ်မှုသည် လူများအတွက် သူတို့လိုချင်သလောက် အရယူရသော အရာဖြစ်သည်။” — James Arthur Baldwin

“ကျွန်တော့်ရဲ့ အခြေခံအမြင်ကတော့ လက်ဝဲဖက်နှင့် လက်ယာဖက်တို့ တစ်ယောက်နဲ့ပတ်သတ်ပြီး တစ်ယောက် ပြောဆိုဝေဖန်နေသမျှဟာ မှန်တယ်လို့ ထင်ပါတယ်။ အမှန်ဖြစ်ရခြင်းအကြောင်းမှာ ၎င်းတို့အကြား တူညီမှုများစွာရှိနေသောကြောင့်ဖြစ်ပါတယ်။” — Bob Black

"အစွန်းရောက်လက်ဝဲ" ဆိုတဲ့ အင်အားစုဟာ ဘယ်တုန်းကမှ "အစွန်းရောက်တဲ့ ပြုပြင်ပြောင်းလဲမှု" တွေကို မဖော်ဆောင်နိုင်ခဲ့တဲ့ အရှုံးသမားသက်သက်သာဖြစ်တယ်။ "အစွန်းရောက်လက်ဝဲ" တွေက လူ့ဘောင်အဖွဲ့အစည်းဟောင်းရဲ့အဆင့်ဆင့်သော ယန္တရားတွေ၊ လူ့ဘောင်အဖွဲ့အစည်းဟောင်းရဲ့ နိုင်ငံရေးပါတီတွေ၊ တပ်ပေါင်းစုတွေ၊ လှုပ်ရှားမှုကမ်ပိန်းတွေနဲ့ သမဂ္ဂစုဖွဲ့မှုတွေကို ပြန်လည်ဖန်တီးနေတာမှာသာ အောင်မြင်ကြတယ်။ အဲ့လိုတည်ဆောက်တဲ့လမ်းစဥ်မှာပဲ လက်ဝဲဝါဒီတွေက သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကိုပါ ဖန်တီးတည်ဆောက်ယူကြတယ်။ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀၊ ၁၉၉၀ ဝန်းကျင်တုန်းက "အစွန်းရောက်လက်ဝဲ" တွေလို့ အများခေါ်ခဲ့ကြတဲ့ အိုင်ယာလန်အလုပ်သမားပါတီက လက်ဝဲဝါဒီတွေဟာ အခုအချိန်မှာ နီယိုလစ်ဘရယ်ဝါဒကို အကောင်အထည်ဖော်ဆောင်သူတွေဖြစ်နေကြပြီ။ တစ်ချိန်က "အစွန်းရောက်လက်ဝဲ" ဟောင်းကြီးတွေဟာ သူတို့ရဲ့ "အစွန်းရောက် လက်ဝဲစကားတွေ" ကို မာစီဒီးကားကြီးတွေ၊ ဒီဇိုင်နာဝတ်စုံကြီးတွေ၊ အစိုးရ(ဝါ)သမဂ္ဂရာထူးတွေနဲ့ လဲလှယ်သွားခဲ့ကြပြီ။ ဒီကနေ့ခေတ်သစ်ရဲ့ လက်ဝဲဝါဒီတွေဟာလည်း သူတို့ရဲ့ ရှေ့က ခေတ်ဟောင်းလက်ဝဲဝါဒီများလို ဖြစ်မယ်ဆိုတာ ယုံမှားသံသယရှိစရာတောင်မလိုပါဘူး။ ဒီကနေ့ခေတ် လက်ဝဲဝါဒီတွေမှာ ရှိသမျှ ပြဿနာတိုင်းဟာ တစ်ခေတ်တစ်ခါက လက်ဝဲဝါဒီတိုင်းမှာလည်း ရှိခဲ့ပါတယ်။ ဒီပြဿနာတွေထဲက တချို့ကို ပေါ်ပျူလစ်ဝါဒ၊ အချောင်သမားဝါဒ (အခွင့်အရေးသမားဝါဒ)၊ နိုင်ငံ‌ရေးရာထူးဖော်ဆောင်ခြင်း(ဖောက်ပြန်ရေးသမား)၊ ပြုပြင်ပြောင်းလဲရေးဝါဒ စသဖြင့်နာမည်တပ်နိုင်ပါတယ်။

ဒီအချက်တွေမှာ ဘယ်အချက်က ပိုအရေးကြီးတယ်ရယ်လို့ မရှိပါဘူး။ ဒီအချက်တွေအားလုံးဟာ ထိရောက်သက်ရောက်မှုတန်းတူဖြစ်ကြတဲ့ အချက်တွေချည်းပါပဲ။ ဒီအချက်တွေဟာ လက်ဝဲဝါဒီတွေထဲက တချို့တလေဆီမှာ ဖြစ်လေ့ဖြစ်ထရှိတာမဟုတ်ပါပဲ လက်ဝဲဝါဒတစ်ခုလုံးမှာကို ဖြစ်တာပါ ဒီအချက်တွေဟာ လက်ဝဲဝါဒီတွေ ကတိအတန်တန်ပေးပြီး လိုချင်နေကြတဲ့ "အစွန်းရောက် အပြောင်းအလဲ" ဖန်တီးရာမှာ လက်ဝဲဝါဒီတွေ ဘာကြောင့်ကျရှုံးရသလဲဆိုတာအပေါ် မတူညီတဲ့အတိုင်းအဆကိုယ်စီနဲ့ သက်ရောက်ပါတယ်။

အခွင့်အရေးသမား/အချောင်သမားဝါဒ

လက်ဝဲဝါဒီတွေဟာ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူ (လူထုဂေါပက) အဖြစ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတစ်ခုရဲ့ပါတီဝင်အဖြစ်ပဲဖြစ်ဖြစ်၊ သမဂ္ဂတစ်ခုခုရဲ့အဖွဲ့ဝင်အဖြစ်ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းဝင်အဖြစ်ပဲဖြစ်ဖြစ် အကြောင်းပြချက်မျိုးစုံနဲ့ ပါဝင်လှုပ်ရှားကြတယ်။ ဒီလှုပ်ရှားရုန်းကန်မှုတွေဟာ အလုပ်ခွင်မှာလည်းဖြစ်နိုင်တယ်။ အိမ်ခြေရာမဲ့တွေနဲ့ အိမ်ရာအခွင့်အရေးအတွက်လည်းဖြစ်နိုင်တယ်။ ကိုယ်ဝန်ဖျက်ချခွင့်အတွက်လည်းဖြစ်နိုင်တယ်။ တစ်ခြားနိုင်ငံတစ်ခုက လူသိများတဲ့ လှုပ်ရှားမှုတစ်ခုကနေ သူတို့နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးပြဖို့ လူတွေရဲ့ ဒေါသတွေကိုဆွယူပြီး ဝင်စီးနေရာဝင်ယူတဲ့ နိုင်ငံခြားလှုပ်ရှားမှုတစ်ခုခုလည်းဖြစ်နိုင်တယ်။ လက်ဝဲဝါဒီတွေက သူတို့လှုပ်ရှားမှု၊ သူတို့ပါတီနဲ့ သူတို့အဆက်အသွယ်တွေ အင်အားကောင်းလာအောင် ကမ်ပိန်းတွေ၊ လှုပ်ရှားမှုတွေ ဖန်တီးပြီး ဆောင်ရွက်ကြတယ်။ အဲ့လိုကနေ သူတို့ဟာ နိုင်ငံရေးရာထူးအရသော်လည်းကောင်း၊ သမဂ္ဂအတွင်းမှာသော်လည်းကောင်း၊ တစ်ကိုယ်ရည်တက်ကြွလှုပ်ရှားမှုအရ နာမည်ကျော်ဇောအောင်မြင်မှုသော်လည်းကောင်း ရလာကြတယ်။

နိုင်ငံ‌ရေးရာထူးဖော်ဆောင်ခြင်း (ဖောက်ပြန်ရေးသမား)

လက်ဝဲသမားအများစုဟာ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ‌ရေးရာထူး/နိုင်ငံရေးအာဏာ တည်ဆောက်ရယူတယ်။ ဒီရာထူးအာဏာဟာ နိုင်ငံရေးအရသော်လည်းကောင်း၊ သမဂ္ဂအတွင်းမှာသော်လည်းကောင်း၊ ပညာရပ်ဆိုင်ရာနယ်ပယ်မှာသော်လည်းကောင်း၊ ဂျာနယ်လစ်အသိုင်းအဝိုင်းမှာသော်လည်းကောင်း၊ အစိုးရနှင့်မသက်ဆိုင်သော အလှူရှင်အခြေပြု အဖွဲ့အစည်းတွေမှာသော်လည်းကောင်း သက်ဆိုင်တယ်။ တချို့လက်ဝဲဝါဒီတွေက သက်ဆိုင်ရာဘာသာရပ်မှာ ကျွမ်းကျင်သူတွေဖြစ်လာကြပြီး အဲ့ဗဟုသုတကို အသုံးချပြီး ရာထူးအာဏာပိုကောင်းအောင် ကြိုးပမ်းကြတယ်။

ပေါ်ပျူလစ်ဝါဒ (လူပြိန်းကြိုက်ဝါဒ)

ပေါ်ပျူလစ်ဝါဒ (လူပြိန်းကြိုက်ဝါဒ)ဟာ လွတ်မြောက်‌ရေးလှုပ်ရှားမှုအတွက် ကျိန်စာပါပဲ။ လူပြိန်းကြိုက်ဝါဒဟာ အဖွဲ့ဝင်အသစ်တွေနဲ့ အားထားရမှုအတွက် ပါတီသော်လည်းကောင်း၊ လှုပ်ရှားမှုသော်လည်းကောင်း၊ ကမ်ပိန်းထောက်ပံ့မှုသော်လည်းကောင်းတို့ရဲ့ အရှုံးအနိုင်ကိုရင်းပြီး လုပ်ရတာကြောင့် အန္တရာယ်များပါတယ်။ လူပြိန်းကြိုက်ဝါဒက လက်ဝဲအဖွဲ့အစည်းတစ်ခုအတွင်းမှာပဲ သူတို့ဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကို ထောက်ခံမလဲ၊ ပူးပေါင်းမလဲ စတဲ့ လုပ်ဆောင်မှု၊ ပရောဂျက်နဲ့ ကမ်ပိန်းတွေအပေါ် များစွာအဆုံးအဖြတ်ပေးတယ်။ လူပြိန်းကြိုက်ဝါဒကို ကိုင်ဆောင်တဲ့ လက်ဝဲဝါဒီတွေက မှားနေရင်တောင်မှ လူကြိုက်များတဲ့နောက်ကို လိုက်ကြမှာပဲ။ အဖွဲ့ထဲကသော်လည်းကောင်း၊ ပါတီကသော်လည်းကောင်း၊ ကမ်ပိန်းထဲကသော် လည်းကောင်း တက်ကြွလှုပ်ရှားသူ (လူထုဂေါပက) တစ်ယောက်က လူပြိန်းကြိုက်ဝါဒကို ကျော်ပြီး လုပ်မိတာနဲ့ သူ့ကို အပြစ်ဒဏ်တွေခတ်ပြီး အမည်းဝိုင်းဖျက်ကြတော့မှာပဲ။ အဲ့သူရဲ့နာမည်ပျက်အောင် သတင်းအမှားတွေ၊ အလိမ်တွေ လျှောက်ဖွတော့တာပဲ။ အဲ့သူရဲ့နာမည်ပျက်အောင် သတင်းအမှားတွေ၊ အလိမ်တွေ လျှောက်ဖွပြီး ဆန့်ကျင်ဖက်အတိုက်အခံသာသာဖြစ်အောင်အထိ လုပ်ကြတော့တာပဲ။ လူပြိန်းကြိုက်ဝါဒကြောင့် ရုန်းကန်မှုများ ပျက်ပြားဆုံးရှုံးခဲ့ရတယ်။ သူတို့ရာထူးနေရာများအတွက် ခြိမ်းခြောက်မှုများ၊
သူတို့ရဲ့လွှမ်းမိုးမှုကို ရှင်းလင်းရန် လှုံ့ဆော်မှုများ သို့မဟုတ် ပရောဂျက်များတွင် အတိုက်အခံများကို ဖယ်ရှားရန်၊ လူတွေကို “လူဆိုး”၊ “သူရူး”၊ “ငကြောင်” သို့မဟုတ် “ဒုက္ခပေးသူများ” ဖြစ်အောင် နာမည်တပ်မှုများ ဒီလိုညစ်ပတ်သောနည်းပရိယာယ်တွေနဲ့
သူတို့ ဗျူဟာများ သို့မဟုတ် အမြင်များကို ဆန့်ကျင်သောလူများကို အထီးကျန်ဖြစ်အောင် လုပ်ကြတယ်။ ဒီလိုလုပ်တာကြောင့် ဘယ်သူကမှ သူတို့ထင်မြင်ချက် သို့မဟုတ် အကြံဉာဏ်များကို နားမထောင်ကြစေရန် ဖြစ်တယ်။

ပြုပြင်ပြောင်းလဲရေးဝါဒ

ဆိုရှယ်လစ်များ၊ မာ့က်စ်ဝါဒီများ၊ လီနင်ဝါဒီများ၊ ထရော်စကီးဝါဒီများနှင့် အချို့သော မင်းမဲ့ဝါဒီများဟု သူတို့ကိုယ်သူတို့ သုံးနှုန်းကြသည့် လက်ဝဲအများစုဟာ တကယ်တော့ လစ်ဘရယ်အရေခြုံများသာြဖစ်ကြတယ်။ ဒီလစ်ဘရယ်ကြောင်များဟာ သူတို့ကို သူတို့ "အစွန်းရောက် အသုံးနှုန်းများနှင့် စောက်အရေမရ အဖက်မရများဖြင့်" အရည်ခြုံထားခြင်းဖြစ်တယ်။ သူတို့က နိုင်ငံတော်ရော အရင်းရှင်စနစ်ကိုရော ဖြုတ်ချရန် သို့မဟုတ် ဖျက်ဆီးလိုခြင်း မရှိကြ။ သူတို့က အဲဒါကို ပြုပြင်ပြောင်းလဲချင်တာ၊ လူတွေအတွက် နည်းနည်းပို “ပိုကောင်း” အောင်လုပ်ချင်ကြတာ။ ဒါကို ငြိမ်းချမ်းစွာနဲ့ ကောင်းကောင်းတွေးခေါ်နိုင်တဲ့ ငြင်းခုံမှုတွေ၊ ချီတက်ဆန္ဒပြမှုတွေနဲ့ စည်းရုံးမှုတွေနဲ့ ငြိမ်းချမ်းစွာ လုပ်ဆောင်နိုင်မယ်လို့ သူတို့ သူငယ်နှပ်စားယုံကြည်နေကြတာ။ ၎င်းတို့ကြွေးကြော်ထားသော “ခုခံမှု” မှာ ငြိမ်းချမ်းရေး၊ ကိုယ်စားလှယ်အဖွဲ့၊ ညှိနှိုင်းမှု၊ နိုင်ငံတော်နှင့် အထက်အရာရှိများနှင့် အပေးအယူလုပ်ခြင်း တို့သာဖြစ်တယ်။

အဖွဲ့ဝင်ပမာဏ ကြီးထွားလာမှုအပေါ် အခြေခံပြီး တခြားတရားဝင်အဖွဲ့အစည်းအားလုံးကဲ့သို့ အလုပ်သမားသမဂ္ဂများဟာလည်း လူပြိန်းကြိုက်ဝါဒနှင့် အထက်တွင်ဖော်ပြထားသော အခြားအချက်များ ကျရောက်နိုင်ခြေများရှိပါတယ်။ အဆိုးဆုံးမှာ သမဂ္ဂအရာရှိများဟာ ရုန်းကန်မှုများကို အားနည်းစေပြီး အခွင့်အာဏာ ဖြတ်တောက်ခြင်း၊ သူဌေးများနှင့် အပေးအယူလုပ်ခြင်း၊ အလုပ်သမားများအတွက် အကောင်းဆုံးရလဒ်ဖြစ်မည့် အရာကို ညှိနှိုင်းဆွေးနွေးသော်လည်း ဤလူ့အဖွဲ့အစည်းကို မပျက်မစီး ထိန်းထားနိုင်စေရန် လက်တွေ့ကျကျ ပံ့ပိုးပေးပါတယ်။

အကောင်းဆုံးသော သမဂ္ဂများဟာ ခေါင်းပုံဖြတ်ခံရခြင်းရဲ့ အခြေအနေများကို မြှင့်တင်ပေးသည့် ပြုပြင်ပြောင်းလဲရေးသမားများဖြစ်ပြီး နေ့စဥ်ပင်ပန်းမှုကို အနည်းငယ်ပိုခံနိုင်ရည်ရှိစေမည့် ပြုပြင်ပြောင်းလဲရေးသမားများသာဖြစ်ပါတယ်။ အဆုံးစွန်အားဖြင့် နိုင်ငံတော်အသိအမှတ်ပြုအလုပ်သမားသမဂ္ဂများဟာလည်း ခေါင်းပုံဖြတ်သူများနှင့် အမြတ်ထုတ်သူများကြား လူမှုငြိမ်းချမ်းမှု ဖန်တီးရေးကို အထောက်အကူဖြစ်စေသော ရလဒ်ဖြင့် အရင်းရှင်စနစ်ရဲ့ စက်ယန္တရားတွင် ခွေးသွားပေါက်များဖြစ်တယ်။

နိုင်ငံတော်အသိအမှတ်ပြုအလုပ်သမားသမဂ္ဂများမှ တော်လှန်တစ်ခုပေါက်ဖွားလာရန် အလားအလာလုံးဝမရှိပါ။

လက်ဝဲနိုင်ငံရေးသမားများရဲ့ရည်ရွယ်ချက်က ၎င်းတို့အနိုင်ရရန် မျှော်မှန်းထားသည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ဖြစ်ပြီး ၎င်းတို့အနေနဲ့ နိုင်ငံတော်အတွက် “အစွန်းရောက်သော အပြောင်းအလဲများ” ပြုလုပ်နိုင်ကာ “ပြည်သူလူထု” အတွက် ပိုမိုကောင်းမွန်သော ဘဝကို ရရှိစေခြင်းဖြစ်တယ်လို့သာ ရှုမြင်ကြတယ်။ ပါလီမန်တွင် “အစွန်းရောက်ပြောင်းလဲမှု” လုပ်ဖို့ လုံလောက်တဲ့ စွမ်းအားမရှိရင် အနည်းဆုံးတော့ အစိုးရကို “အစွန်းရောက်” စိန်ခေါ်မှုတွေ လုပ်လာနိုင်မယ်လို့ ဒီနိုင်ငံရေးသမားတွေက ပြောပါတယ်။

ဒီလို သုံးစားမရတဲ့ နည်းပရိယာယ်တွေရဲ့ ရလဒ်တွေကို လူတွေကောင်းကောင်းသိကြပါတယ်။ လက်ဝဲဝါဒီတစ်ဦး ပါလီမန်မှာ ရွေးကောက်တင်မြှောက်ခံရပါက အစိုးရအား တန်ပြန်အငြင်းပွားမှုများ ပြုလုပ်နိုင်သော်လည်း ယင်းမှာ များသောအားဖြင့် အကျိုးမထူး။

အမေရိကန်စစ်တပ်က Shannon လေဆိပ်အသုံးပြုမှု၊ Mayo ရှိ သဘာဝအရင်းအမြစ်များကို လုယူနေသည့် Shell ရေနံကုမ္ပဏီ၊ အိမ်ရာရရှိရေးတိုက်ပွဲစသည့် ကိစ္စရပ်များကို ဆိုရှယ်လစ် ရွေးကောက်ခံကိုယ်စားလှယ်များ အိုင်ယာလန်တောင်ပိုင်းတွင် အငြင်းအခုံပြုလုပ်နေခဲ့ကြတာကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရဖူးတယ် မဟုတ်ပါလား။

လက်ဝဲပါတီဟာ အာဏာရရန် သို့မဟုတ် အခြားပါတီတစ်ခုနှင့် အာဏာခွဲဝေရန် ထိုင်ခုံအလုံအလောက်ရပါက ၎င်းတို့ရဲ့ “အစွန်းရောက်” အမြင်များကို ရေလောင်းပေးပြီး
လက်ယာဘက်အရှိဆုံး မူဝါဒများကို အကောင်အထည်ဖော်တယ်။

တောင်ပိုင်းရှိ အိုင်ယာလန် အလုပ်သမားပါတီနှင့် မကြာသေးမီက သမိုင်းတွင် ဤအရာကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရတယ်မို့လား၊ အိုင်ယာလန်မြောက်ဘက်ရှိ Sinn Fein နှင့် အိုင်ယာလန်တွင် လည်းမြင်တွေ့ခဲ့ရတယ်မဟုတ်လား။

ပါတီတစ်ခုက အစပြုရန် အလွန်အစွန်းရောက်သော အမြင်များ မဟုတ်ဘဲ ဆိုရှယ်လစ်စနစ်ကို နှုတ်ဝန်ဆောင်မှုပေးတယ်၊ Neo Liberalist မူဝါဒများကို အကောင်အထည်ဖော်ရန် ၎င်းတို့အား မဲပေးခဲ့ကြသလားပဲ။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ပါလီမန် ဆပ်ကပ်ပွဲများတွင် ပါဝင်ကစားကြသည့် နိုင်ငံရေးသမားများဟာ လူထုထောက်ခံမှုမဆုံးရှုံးစေရန်နှင့် လူထောက်ခံမှုကို ပိုရယူနိုင်စေရန် သူတို့ရဲ့ “အစွန်းရောက်ဝါဒ” အမျိုးအစားမှန်သမျှကို နောက်ဆုံးတွင် ဟောပြောခြင်းမှ ရပ်တန့်သွားတဲ့အထိ အလျှော့အတင်းလုပ်ကာ ဖြည်းဖြည်းချင်း ဖောက်ပြန်သူသာ ဖြစ်သွားတယ်။

ရေကိုပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအား တွန်းလှန်ရာတွင် လစ်ဘရယ်အရေခြုံများဟာ ၎င်းတို့ရဲ့ ရှေ့ပြေးနည်းဗျူဟာများကို ပြောင်ပြောင်တင်းတင်း သုံးစွဲကြတာကို ကျွန်ုပ်တို့တွေ့ခဲ့ရတယ်။

အိုင်ယာလန်နိုင်ငံတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများစွာရှိ အိမ်များတွင် ရေမီတာတပ်ဆင်ခြင်းအား အလုပ်သမားလူတန်းစားမှ ရပ်ကွက်များမှ လူများက ခုခံကာကွယ်ခဲ့ကြတယ်။

ခုခံမှုကလည်း ကြိုးကြားကြိုးကြား တောက်လောင်လာတယ်။ မတူကွဲပြားသော ရပ်ကွက်များမှ ဆန့်ကျင်သူများ အချင်းချင်း ပေါင်းစည်းကူညီကြတယ်။

နိုင်ငံရေးသမားများနှင့် သမဂ္ဂဗျူရိုကရက်များဟာ ရုန်းကန်မှုကို အပိုင်စီးရန် ဆန့်ကျင်ဆန္ဒပြနေကြသော ရပ်ကွက်တချို့ကို စိမ့်ဝင်ခဲ့ကြတယ်။

နိုင်ငံရေး ပါတီများဖြစ်တဲ့ Sinn Fein၊ ဆိုရှယ်လစ်ပါတီ၊ ဆိုရှယ်လစ်အလုပ်သမားပါတီ၊ အိုင်ယာလန်ကွန်မြူနစ်ပါတီ၊ Eirigi၊ နဲ့ Unite and Mandate ကဲ့သို့သော သမဂ္ဂများဟာ “Right2Water” ဟူသော မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တီထွင်ပြီး တောင်းဆိုရန် ကြိုးပမ်းသည့် ရုန်းကန်လှုပ်ရှားမှုရဲ့ ထိပ်ဆုံးတွင် ပုဂ္ဂလိကပိုင်ရေကို ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူအားလုံးရဲ့ ကိုယ်စားလှယ်ဖြစ်အဖြစ် ခပ်တည်တည်နေရာယူခဲ့ကြတယ်။

ပါလီမန်နိုင်ငံရေးလမ်းကြောင်းပေါ်၌ ရုန်းကန်လှုပ်ရှားမှုကို တွန်းလှန်ရန် ဤလှုပ်ရှားမှုကို နိုင်ငံရေးနည်းလမ်းအဖြစ် အသုံးပြုခဲ့တယ်။

နေရာတော်တော်များများမှာ နိုင်ငံရေးသမားတွေက လှုပ်ရှားမှုတွေကို အောင်အောင်မြင်မြင် အနုကြမ်းစီးနိုင်ခဲ့ကြတယ်။ တချို့ရပ်ကွက်တွေက လူတွေကတော့ သူတို့ကို ပညာသားပါပါ ကိုင်တွယ်ခဲ့ကြတယ်။

လအနည်းငယ်ကြာတိုင်း Dublin ရဲ့ လမ်းများတစ်လျှောက် "ငြိမ်းချမ်းသောချီတက်ပွဲ"များ ပြုလုပ်ကြတယ်။ ပွဲပြီးခါနီးတိုင်း နိုင်ငံရေးနှင့်ပတ်သက်သော ငြီးငွေ့ဖွယ်ကောင်းသောမိန့်ခွန်းများပါရှိတယ်။

“ငြိမ်းချမ်းသောချီတက်ပွဲ” ကြွေးကြော်သံဖြင့် ချီတက်မှုမပြုသော ဘယ်သူ့ကိုမဆို “မကောင်းတဲ့ဆန္ဒပြသူများ” နှင့် “ဒုက္ခပေးသူများ” အဖြစ် အပုတ်ချခဲ့ကြတယ်။

“ဒုက္ခပေးသူများ” ဟုသူတို့ခေါ်သော လူတို့ဟာ ယာဉ်အသွားအလာများကို ပိတ်ဆို့ခြင်း သို့မဟုတ် အဆောက်အဦများ (များသောအားဖြင့် ဘဏ်များ) သိမ်းပိုက်ပြီး အလုပ်များသောလမ်းများကို ပိတ်ဆို့စေကြတယ်။ ဤနည်းပရိယာယ် အမျိုးအစားများဟာ ၎င်းတို့ရဲ့ ထိန်းချုပ်မှု ကင်းမဲ့ပြီး ၎င်းတို့ရဲ့ လုပ်ဇာတ်နှင့် မကိုက်ညီသောကြောင့် နိုင်ငံရေးသမားများနှင့် မကိုက်ညီပါ။ အလုပ်သမား လူတန်းစား ရပ်ကွက်တွင် ဆန္ဒပြနေစဉ် လူငယ်တစ်ဦးက ဝက်(ရဲ)ကားတစ်စီးကို အုတ်ခဲဖြင့် ပစ်ပေါက်ခဲ့တယ်။ ဆိုရှယ်လစ်ပါတီ နိုင်ငံရေး (လွှတ်တော်အမတ်) လူငယ်တွေကို ဝက်တွေက ဖမ်းဆီး၊ အရေးယူဖို့ တောင်းဆိုတဲ့ လူသိရှင်ကြား တောင်းဆိုပြီး ထိုလူငယ်တွေရဲ့လုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။ ရေမီတာများ တပ်ဆင်နေသည့် ကုမ္ပဏီပိုင် ဗင်ကားများကို မီးရှို့ခြင်းအတွက် အခြားသူများကိုလည်း နိုင်ငံရေးသမားများက ရှုတ်ချခဲ့ကြတယ်။ Right2Water နိုင်ငံသမားများ နှင့် သမဂ္ဂဗျူရိုကရက်များဟာ သူတို့ရဲ့အာဏာအစွန်းအထင်းအတွက် ရေငတ်နေချိန်တွင် အစိုးရမှ ဖန်တီးထားသည့် "ကျွမ်းကျင်သော ရေကော်မရှင်" တွင် ထိုင်ကာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ရေဝန်ဆောင်မှုများကို ပိုင်ဆိုင်ကြောင်း လက်ခံလိုက်တော့တယ်။ အိမ်တွင်းရေအသုံးပြုမှုအတွက် အခကြေးငွေများကို (ယခုအချိန်အထိ) ဆိုင်းငံ့ထားတယ်။ လက်ဝဲနိုင်ငံရေးသမားများနဲ့ ဗျူရိုကရက်များက ၎င်းကို “ကြီးကျယ်သောအောင်ပွဲ” အဖြစ် အောင်ပွဲခံကြတယ်။

ယနေ့အချိန်အထိ Irish Water ကုမ္ပဏီဟာ အိမ်များတွင် ရေမီတာများကို ဆက်လက်တပ်ဆင်ပြီး အိမ်များတွင် ရေအသုံးပြုမှုအတွက် အခကြေးငွေများ ကောက်ယူချင်သည့်အခါ ကောက်ယူရန် နည်းပညာများအား အနာဂတ်အတွက် အုတ်မြစ်ချနေတယ်။ နိုင်ငံရေးသမားနှင့် ဗျူရိုကရက်များဟာ (နေထိုင်ရာလူထုရဲ့) သဘောတူညီချက်မရှိဘဲ ယင်းတို့ကို လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် ရုန်းကန်မှုတစ်ခုလုံးအား ရပ်တန့် (သပိတ်တန့်)စေခဲ့သည်။ ဤနည်းပရိယာယ်များကို လစ်ဘရယ်အရည်ခြုံလက်ဝဲများမှ အကြိမ်ကြိမ်အခါခါ အသုံးပြုခဲ့ကြတယ်။

၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ရေပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို တွန်းလှန်ရန်၊ ၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ၂၀၀၀ ပြည့်လွန်နှစ်များတွင် ဘင်စွပ်စွဲမှုများကို ဆန့်ကျင်ရန်၊ 2010 ခုနှစ်များတွင် အိမ်ခြံမြေအခွန်ကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်း၊ လိင်တူလက်ထပ်ခြင်း နှင့် ကိုယ်ဝန်ဖျက်ချခြင်း ဆန္ဒခံယူပွဲများနှင့် မကြာသေးမီက အိမ်ရာရရှိရေး ကြိုးပမ်းမှုကဲ့သို့သော စသည့် လူကြိုက်များသည့် ရုန်းကန်မှုများတွင် လစ်ဘရယ်အရည်ခြုံလက်ဝဲများဟာ သူတို့ကိုယ်သူတို့ ပြည်နယ် သို့မဟုတ် သူဌေးများ နှင့် ခေါင်းပုံဖြတ်ခံရသည့် လူထုအကြား ဖျန်ဖြေပေးသည့် ဖျန်ဖြေသူအဖြစ် ခပ်တည်တည်နေရာဝင်ယူကြတယ်။ ဤတိုက်ပွဲများအားလုံးဟာ (အချို့သောအကြောင်းအရာများ) လူသိများသောအကြောင်းအရာများဖြစ်ပြီး ရွေးကောက်ပွဲနိုင်ငံရေးအခင်းအကျင်းကို မြှင့်တင်စေခဲ့ကြတယ်။

* * * * *