မားဗီ
ကမ္ဘာကျော် Public Intellectual တစ်ဦးဖြစ်သူ Noam Chomsky ၏ အဆိုအမိန့်များ
Noam Chomsky ဟာ cognitive science ကိုတည်ထောင်ခဲ့တဲ့ဖခင်တစ်ဦးဖြစ်ပြီး analytical philosopher တစ်ဦးဖြစ်တဲ့အပြင် ဘာသာဗေဒပညာရှင်တစ်ဦးလည်းဖြစ်တယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၊ လူမှုဝေဖန်ရေးသမားတစ်ဦးဖြစ်သလို သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်တဲ့ နိုအမ် ချောင်မ်စကီးဟာ ခုဆိုရင် အသက် ၉၂ နှစ်ရှိပြီဖြစ်ပြီး အမေရိကန်သမ္မတဟောင်း Richard Nixon အာဏာရစဉ်က သူ့ကို ထိပ်တန်းရန်သူတော်ကြီး တစ်ဦးအဖြစ်သတ်မှတ်ရလောက်အောင် နိုအမ်ချောင်စကီးရဲ့ အဆိုအမိန့်တွေနဲ့ ကလောင်သွားတွေဟာ ထက်လှတာမို့ အမေရိကန်သမိုင်းရော ၊ ကမ္ဘာ့သမိုင်းမှာပါ သြဇာတိက္ကမ ကြီးမားလှတဲ့ လူသိရှင်ကြား Public Intellectual တစ်ဦးဖြစ်လာခဲ့တယ်။ ဒီ့ထက်ပိုပြီး အရေးပါတာက နိုအမ်ချောင်မ်စကီးဟာ အရင်းရှင်စနစ်နဲ့ ဒီမိုကရေစီရဲ့ အားနည်းချက်တွေကို အစဉ်အမြဲ ဆန့်ကျင်ခဲ့တဲ့ Anarchist တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ ကိုယ့်အနေနဲ့ကတော့ နိုအမ်ချောင်မ်စကီး ပြောတာတွေအားလုံးထဲက အနည်းလောက်ကလွဲလို့ ကျန်တာတွေအားလုံးကို သဘောကျလက်ခံထားပြီး မိမိအားအကျရဆုံး ပြောင်းလဲရေးဝါဒီ (progressive) role model တစ်ဦးပဲ။ ဒါကြောင့် သူ့ရဲ့အထင်ကရ အဆိုအမိန့်တွေထဲက ကိုယ်အမြတ်တနိုးရှိတဲ့ အဆိုအမိန့် တချို့ကို ပြောရရင်...
(ပညာရေး)
မကြာသေးမီအချိန်ကပဲ ကလေးတွေနဲ့ ဆရာဆရာမတွေကို
အကဲဖြတ်မှုလုပ်ဖို့ လိုတဲ့ အစဉ်အလာပေါ်လာခဲ့တယ်။ ဒီလိုနဲ့
စစ်ဆေးအကဲဖြတ်မှုတွေအတိုင်းသာ သင်ကြားလာရပြီးတော့
ကလေးနဲ့ ဆရာဆရာမတွေ ဘယ်လိုရှိသလဲဆိုတာနဲ့ပတ်သတ်
ပြီး အဲ့စစ်ဆေးအကဲဖြတ်မှုတွေကပဲ ဆုံးဖြတ်သုံးသပ်ပေးတယ်။
ဒါဟာ အဓိပ္ပါယ်ရှိတဲ့ ဘယ် သင်ကြားရေး ဖြစ်စဉ်တွေကိုမဆို
လုံးလုံးပျက်စီးစေတာ အသေအချာပဲ။
(ဒါက လက်ရှိ စာမေးပွဲစနစ်နဲ့ သင်ကြားရေးကို ဝေဖန်တာ)
(ပညာရေး)
ကျောင်းတွေတက်နိုင်ဖို့ ချေးငွေအလုံးအရင်းလိုအပ်နေတဲ့
ကျောင်းသားကျောင်းသူတွေဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲ
ဖို့ ရာ အတွေးမရှိကြသလောက်ဖြစ်နေပြီ။ လူတွေဟာ
အကြွေးစနစ်ဆိုတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေတဲ့အခါ
စဉ်းစားတွေခေါ်ဖို့ သူတို့မှာ အချိန်မရတော့ဘူး။
(ဒါက ပညာရေးကို ငွေကြေးနဲ့ အရောင်းအဝယ်လုပ်နေတဲ့
စနစ်မှာ နာမည်ကြီးကျောင်းတွေ ကောလိပ်တွေက
ဘွဲ့ရဖို့ အကြွေးတင်ပြီး rat race ထဲမှာ လည်နေတဲ့
သံသရာကို ဝေဖန်တာ။ ပညာရေးဆိုတာမှာ ပညာရေးကို
ငွေကြေးနဲ့ရောင်းစားနေတဲ့သူတွေ"အကုန်"ချမ်းသာပြီး
အဲ့ပညာရေးကိုဝယ်ယူပြီး ပညာတတ်လာတဲ့"လူတိုင်း"
ချမ်းသာဖို့မလွယ်တာလက်ရှိ ကမ္ဘာ့ထိပ်တန်းနိုင်ငံ
အသီးသီးက ကော်ပိုရိတ်ကျွန်
တွေကို ကြည့်ပြီး သိနိုင်တယ် )
(ပညာရေး)
ယနေ့ခေတ်ကာလမှာ ကျောင်းသားကျောင်းသူတွေအကြွေး
တင်နေကြတာ တွက်လိုက်ရင် ဒေါ်လာ ၁ ထရီလီယံကျော်
ကျော်ရှိတယ်။ဒါဟာ လူတွေ အကြွေးဝယ်ကတ်မှာ တင်တဲ့
အကြွေးထက်ပိုများတယ်။ ဒါဟာ ကောလိပ်ကျောင်းတွေက
အောင်မြင်ပြီးဆုံးလာတဲ့ လူတွေအပေါ်မှာရှိနေတဲ့့ ဝန်ထုပ်
တွေပဲ။ ဒီအကြွေးတွေကြောင့် သူတို့ ပိတ်မိနေကြတယ်။
ပညာရေးအတွက် ပေးရတဲ့ စားရိတ်ဆိုတာ ထိန်းချုပ်တဲ့
နည်းစနစ်တစ်ခုဖြစ်ပြီး ဒီလိုပညာရေးအတွက် ကုန်ကျစားရိတ်
တောင်းတာဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအတွက်
စီးပွားရေးလိုအပ်ချက်တစ်ခု မဟုတ်ဘူးဆိုတာ အသေအချာပဲ။
အရာရာဟာ စပြီး ပြောင်းလဲနေပြီ။ တက္ကသိုလ်တွေ
တည်ဆောက်ပုံကအစ ပြောင်းလဲကုန်ပြီ။ ကမ္ဘာအရပ်ရပ်မှာ
၁၉၇၀ ဝန်းကျင်နဲ့ နောက်ပိုင်း တည်ဆောက်ထူထောင်ခဲ့တဲ့ တက္ကသိုလ်တွေရဲ့ ဒီဇိုင်းကိုက တွေ့ဆုံစည်းဝေးပွဲတွေလုပ်ဖို့
နေရာတွေ မပါဘူး။ ကျောင်းသားကျောင်းသူတွေကို
ခွဲခြားထားပြီး ထိန်းချုပ်မှုအောက်မှုရှိနေစေဖို့ ရည်ရွယ်ချက်
သက်သက်နဲ့သာ ဒီဇိုင်းဆွဲထားတာ ဖြစ်နေပြီ။
ဘာသာရပ်ဆိုင်ရာဌာန အသီးသီးကို ဝင်လာတဲ့ အုပ်ချုပ်ရေး
ဝန်ထမ်းတွေရဲ့ အချိုးကိုပဲကြည့်လိုက်ပါ။ ဆယ်စုနှစ်အနည်း
ငယ်အတွင်းမှာ တဟုန်ထိုး မြင့်တက်လာခဲ့တယ်။ ဒါဟာ
ပညာရေးနဲ့ ဆိုင်တဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘူး။
ငြိမ်ဝပ်ပိပြားအောင် ထားဖို့ ထိန်းချုပ်ရေးနဲ့ ဆိုင်တဲ့ နည်းစနစ်
တွေဆို ပိုမှန်မယ်။
(နိုင်ငံရေးနဲ့ လူမှုရေးနဲ့ စီးပွားရေး)
လူထုကြီးအနေနဲ့ consumerism (များများထုတ် များများသုံး
ဝါဒ) နဲ့ ခံဘက်ကပဲချည်းရှိနေတဲ့ အားနည်းသူတွေ
အပေါ်ထားတဲ့ အမုန်းတရား ကို မဆန့်ကျင်ပဲ ရေလိုက်ငါးလိုက် နေနေမယ်ဆိုရင်၊ အဲ့ဝါဒကြီးကိုမသိလိုက် ဖာသာပြုပြီး
နေနေမယ်ဆိုရင် ဒါမှမဟုတ် အဲ့နောက် အာရုံဝေဝါး
လိုက်ပါနေမယ်ဆိုရင် အင်အာကြီးနေတဲ့သူတွေအနေနဲ့
သူတို့ လုပ်ချင်တာ လုပ်ခွင့်ရနေမှာပဲ။ ရှင်သန်ကျန်ရစ်ခဲ့တဲ့
သူတွေကတော့ အဲ့ကနေရလာတဲ့ အကျိုးရလဒ်ကို ထိုင်တွေး
နေရရုံအဖို့သာ ကျန်ရစ်ခဲ့လိမ့်မယ်။
(သယံဇာတတွေ များများသုံး ၊ ကုန်ပစ္စည်းတွေများများသုံး
ဆိုတဲ့ အရင်းရှင်ဝါဒနဲ့ အားနည်းတဲ့သူတွေကို ဖိနှိပ်တဲ့
ဝါဒကို ဆန့်ကျင်ဝေဖန်တာ)
(နိုင်ငံရေး နဲ့ စီးပွားရေး)
ခေတ်နဲ့လျော်ညီတဲ့ အရင်းရှင်ဝါဒရဲ့ အခြေခံ စည်းမျဉ်းဆိုတာ
ဟာ "အမြတ်" ကို လက်တစ်ဆုပ်စာ လူတွေက ခံစားနေကြချိန်
"ပေးဆပ်မှုတွေ " နဲ့ "ဆိုးကျိုးအလားလာတွေ" ကို လူထုက လက်ခံလာအောင် အတတ်နိုင်ဆုံး သွတ်သွင်းပေးခြင်းပဲ။
(ဒီစကားကို နားလည်ဖို့ Privatizing Profits နဲ့ socializing
losses ရဲ့ ဆက်စပ်အကြောင်းအရာကို နားလည်ထားမှ
ဖြစ်မယ်။ ဒီသဘောတရားကို ပြောရရင် ကုမ္ပဏီတွေဟာ
ရလာတဲ့ အကျိုးအမြတ်ကိုသာခွဲဝေယူကြပြီး ဝန်ထမ်း
တွေကို မျှဝေမှုမရှိပေမယ့် ဘယ်လို ဆုံးရှုံးမှုအလားလာမျိုးကိုမဆိုကျတော့ လုပ်သားဝန်ထမ်းတွေက မျှဝေခံစားရတာမျိုးပါ။ ဥပမာ ကုမ္ပစီတစ်ခု အမြတ်ရတုန်းသာ ဝန်ထမ်းတစ်ဦးစီကို
အမြတ်ရရင် ဘယ်လောက် ရာခိုင်နှုန်းဆိုပြီး မျှဝေတဲ့
profit sharing မရှိပေမယ့် ကုမ္ပဏီက ဒေဝါလီခံတာပဲဖြစ်ဖြစ်
ဝန်ထမ်းအင်အား လျှော့ချတာပဲဖြစ်ဖြစ်လုပ်တဲ့အခါ
အလုပ်ပြုတ်သွားတဲ့ဆိုးကျိုးကိုသာ ဝန်ထမ်းတွေခံစား
လိုက်ရတာမျိုးပါ)
(လူမှုရေး)
လူတိုင်းက အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ပတ်သက်ပြီး
စိတ်ပူကြပါတယ်။အဖြေက လွယ်ပါတယ်။ အကြမ်းဖက်မှုမှာ
ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားပေးနေတာတွေကို ရပ်လိုက်
ကြပါတော့။
(ရခိုင် - ရို / ရခိုင်-ဘင်္ဂလီ အရေးမှာ တချို့လူတွေ အနေနဲ့
အကြမ်းဖက်မှုမှာ တိုက်ရိုက်မပါဝင်ပေမယ့် လိုင်းပေါ်က
တစ်ဘက်ဘက်ကို အားပေးအားမြှောက်လုပ်တာမျိုး ဒါမှမဟုတ်
နှိမ့်ချပုတ်ခတ်တာမျိုး မတွေ့ရဘူးလား။ ဒီလူတွေကိုယ်တိုင်က
အကြမ်းဖက်မှု ကို အားပေးအားမြှောက်လုပ်နေတဲ့သဘောရှိ
တယ်ဆိုတာ ဒီအဆိုအမိန့်က ရည်ညွှန်းပါတယ်)
(လူမှုရေးနဲ့ နိုင်ငံရေး)
ကိုယ်မထောက်ခံ မကြိုက်နှစ်သက်တဲ့ သူတွေအတွက်
လွပ်လပ်စွာပြောရေးဆိုခွင့်ကို မထောက်ခံဘူးဆိုရင်
လွပ်လပ်စွာပြောရေးဆိုခွင့်အပေါ် လုံးလုံးမယုံကြည်ရာကျပါ
တယ်။ (ကိုယ့်အနေနဲ့ cultural relativism (ယုံကြည်မှု၊
ယဉ်ကျေးမှုဓလေ့များအမျိုးမျိုးအား လိုက်လျောညီထွေ
တန်ဖိုးထား နေထိုင်ခြင်း)
ကို အမြဲတမ်း လက်မခံသလိုပဲ နိုအမ်ရဲ့ ဒီတစ်ချက်ကိုတော့
လက်မခံဘူး။ ဘာလို့ဆိုတော့ ကိုယ့်အနေနဲ့ လူအခွင့်အရေး
ချိုးဖောက်နေတဲ့သူတွေနဲ့ ခွဲခြားရေးဖက်ဆစ်အမြင်ရှိသူတွေကို
လူ့အခွင့်အရေးနဲ့ ပြောရေးဆိုခွင့် ပေးသင့်တယ် မထင်လို့ပါ)
(နိုင်ငံရေး)
ဒီမိုကရေစီကို ကန့်သတ်ချုပ်ထိန်းပစ်ဖို့ အထိရောက်ဆုံး
နည်းလမ်းတစ်ရပ်က ဆုံးဖြတ်ချက်ပြုလုပ်ရေးဖြစ်စဉ်ကို
လူထုရှေ့မှောက်ကနေ တာဝန်ခံမှုမရှိတဲ့ (အစိုးရ) အဖွဲ့
အစည်းတွေဆီကို လွှဲပြောင်းပေးလိုက်ခြင်းပါပဲ။ အဲ့အဖွဲ့အစည်း
တွေထဲမှာ ဘုရင်တွေ၊ မင်းသားတွေ (ပဒေသရာဇ်စနစ်)၊
ဘာသာရေးအရ အတန်းအစားခွဲခြားတဲ့စနစ်တွေ၊ စစ်အာဏာ
ရှင်တွေ၊ တစ်ပါတီ အာဏာရှင်စနစ်တွေ၊ လက်ရှိ စီးပွားရေး
ကော်ပိုရေးရှင်းတွေ အပါအဝင်ဖြစ်တယ်။
(လူမှုရေး)
လူထုကို အမိန့်နာခံမှုရှိအောင် လုပ်တဲ့နေရာမှာ အကောင်းဆုံး
နည်းက လက်ခံနိုင်လောက်ဖွယ်ရှိတဲ့ အယူအဆတစ်ခုရဲ့
အတိုင်းအတာကို ကန့်သတ်ထားလိုက်ပြီး အဲ့ ကန့်သတ်
အတိုင်းအတာအတွင်းမှာသာ အသက်ဝင်တဲ့ ငြင်းခုန်မှုကို
လုပ်ခွင့်ပေးထားလိုက်တာပဲ။ အစိုးရကို အဆိုးမြင်တဲ့
သူတွေရဲ့ အယူအဆတွေကိုတောင် သူတို့က အားပေး
တိုက်တွန်းသလိုပြုလိုက်ပါသေးတယ်။ အဲ့လိုနဲ့ လူတွေဟာ
သူတို့မှာ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြောင်း
ယုံကြည်လာကြတယ်။ ဒါပေမယ့် သူတို့ခွင့်ပြုပေးထားတဲ့
ငြင်းခုန်ကွဲလွဲခွင့် အတိုင်းအဆပေါ်မှာ ရှိနေတဲ့
အကန့်အသတ်တွေက ဒီစနစ်ကြီးရဲ့ တစ်ခုလုံးကနေ
ရောင်ယမ်းမှန်းဆမှုတွေကို မွေးဖွာလာစေဖို့
အထောက်အကူဖြစ်နေစေတာ။
(ဒီမိုကရေစီ လူ့ဘောင်မှာ သဘောထားကွဲလွဲခွင့်နဲ့ စပ်လျဉ်းပြီး
အကန့်အသတ်ကို မသိမသာ ပြုထားရင်း အစိုးရလူတန်းစားက
လူထုကို အမိန့်နာခံပြီး အများလက်ခံတဲ့ အယူအဆတွေနဲ့
အတွန်းအတိုက်မရှိ လက်ခံလာအောင် ရိုက်သွင်းတဲ့ အခါ
သုံးတဲ့ ပရိယာယ် တစ်ခုကို ဝေဖန်ထားတာ)
(သူရဲကောင်းမျှော်ဝါဒ)
ကျုပ်တို့အနေနဲ့ သူရဲကောင်းတွေကို ရှာဖို့မလိုဘူး။ ကျုပ်တို့
ရှာဖို့ လိုနေတာ အတွေးအခေါ်ကောင်းတွေပဲ။
(သူရဲကောင်းမျှော်ဝါဒ (ဝါ) မင်းလောင်းမျှော်ဝါဒဆိုတာ
ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး တော်လှန်ပြောင်းလဲ
ရေး လုပ်နိုင်ခြင်းဆိုတာထက် တစ်ဦးတစ်ယောက်ဦးဆောင်
မှုနောက်သာလိုက်ပြီး အမိန့်နာခံ လုပ်ဆောင်လိုမှုဆိုတဲ့
သဘောထား အမှားကို ထောက်ပြထားတာ)