Title: အိုစုဂိ စခဲ ရဲ့ လူမှုအိုင်ဒီရဲလဇင်
Author: Osugi Sakae
Topic: Japan
Language: Burmese
Date: 1920
Source: Wa Kha Mount. From Robert Graham (Ed.), Anarchism: A Documentary History of Libertarian Ideas; Volume One: From Anarchy to Anarchism (300 CE to 1939). libcom.org
Notes: တန်ဂူး Wakhamount Collective မှ ရေးသားပြန်ဆိုသည်။

အယ်ဒီတာ မှတ်စု(Robert Graham)

၁၉၁၁ ခုနှစ်တွင် ခိုတိုခု ရှုစုအိ ကွပ်မျက်ခံရ​ပြီးနောက်တွင် အိုစုဂိ စခဲ သည် ဂျပန်မင်းမဲ့များ​ကြားတွင် ဦးဆောင် သူတစ်ဦးဖြစ်လာခဲ့သည်။ ခိုတိုခု နှင့် ခါနိုတို့ ကွပ်မျက်ခံရချိန်တွင် အိုစုဂိ သည် အခြားမင်းမဲ့လှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ကျနေချိန်အတွင်းဖြစ်သောကြောင့် အမှုတွဲမခံခဲ့ရပဲ လွှတ်မြောက်ခဲ့လေသည်။ သူသည် လွှတ်လပ်သော ချစ်ခြင်း Free Love အယူအဆကိုဆော်သြော် စည်းရုံးလက်တွေ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အစောဆုံးသော ဂျပန်မင်းမဲ့ ဆင်ဒိကယ်လစ် (Anarcho Syndicalist) တစ်ဦးအဖြစ်ထင်ရှားခဲ့သည်။ ရှရှားတော်လှန်ရေးကို အစောပိုင်းတွင်ထောက်ခံခဲ့သောလည်း ဗော်ရှီဗစ်ဝါဒကို နောက်ပိုင်းတွင် ဝေဖန်ခဲ့ပြီး အိမာဂိုးမန်း(Emma Goldmen) နှင့် အလက်ဇန်းဒါး ဘဒ်မန်း (Alexander Berkmen)တိုရဲ့ ဗော်ရှီဗစ်အာဏာရှင်ထွက်ပေါ်လာခြင်း

ခြင်း(Exposing The Bolshevik Diactorship) အက်ဆေးများကို ဂျပန်ဘာသာ သို့ ပြန်ဆိုခဲ့သည်။

၁၉၂၃ ခုနှစ်တွင် အိုစုဂိ၊ သူ၏ချစ်သူ မင်းမဲ့အမျိုးသမီးဝါဒီ(Anarchist Feminist) အိတို နိုအဲ နှင့် ၆ နှစ်သား အိစုဂိ၏ တူ (၃) ဦးသည် ဂျပန်စစ်တပ်ရဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

အောက်ပါစာသည် ၁၉၂၀ အိုစုဂဲ၏ ကြေညာစာတမ်းများကို ယိုရှီဟာရု ဟာရှီမိုတိုက ဘာသာပြန်ဆိုထားပြီး A Short History of the Anarchist Movement in Japan (Tokyo: Idea စာအုပ်တွင် ၁၉၇၈ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်ကို အယ်ဒီတာမှာ ဆီလျော်အောင် တည်းဖြတ်ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

အိုစုဂိ စခဲ ရဲ့ လူမှုအိုင်ဒီရဲလဇင်

ခရိုပေါ့ကင်း ပြောလေ့ရှိတာက လုပ်သားတစ်ဦးဟာ သူ့ အနာဂတ်မှာ တည်ဆောက်ခြင်တဲ့ အနာဂတ်လူ့အဖွဲအစည်း အတွက် စိတ်ကူးပုံစံ အိုင်ဒီယာတစ်ခုကရှိသင့်တယ်ဆိုတာပဲ၊ အဲ့ဒီလိုမရှိခဲ့ရင် သူ ဟာ တော်လှန်ရေးရဲ့ အသုံးချခံ ကရိယာတစ်ခုဖြစ်သွားပြီး ဘယ်တော့မှ အဲ့တော်လှန်ရေးရဲ့ အရှင်သခင်ဖြစ်တော့မှာ မဟုတ်ဘူး။ ယနေခေတ်တိုင်းအောင် မပြောင်းလဲတဲ့ အမှန်တရားက လုပ်သမားတွေဟာ အာဏာအဆောက်အအုံအဟောင်းကို ဖြိုချတဲ့နေရာမှာ အမြဲ အသုံးချခံခဲ့ရပေမဲ့ လူအဖွဲ့အစည်းသစ်ကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ဘယ်တော့မှ ပါဝင်ခွင့်ဝေစုမရကြဘူး။

တစ်ကယ်လည်းလဲ အလုပ်သမားတွေဟာ အဟောင်းကိုဖြိုချပြီးသွားတာနဲ့ တစ်ခြားသူတွေကို လက်လွဲခဲ့တာကြောင့် အဲ့ဒီ အသစ်တည်ဆောက်တဲ့ လူ့အဖွဲ့အစည်း ဟာ လဲ အဟောင်းလိုပဲ သူတို့နဲ့မသက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်သွားရတာပဲ။

ဒါဟာ အလုပ်သမားတွေကိုယ်တိုင်က အဆင့်ဆင့်သွားလို့တဲ့ လူ့မှုအဖွဲ့အစည်းပုံစံအတိအကျကိုမရှိတာကြောင့်လို ဆိုပေမဲ့ အဟောင်းကိုဖျက်စီးချိန်မှာပါဝင်ခဲ့ရင် အသစ်ကိုဖန်တီးနိုင်ချိန်မှာလဲ ပါဝင်နိုင်မှ တော်လှန်ရေးရဲ့ ပိုင်ရှင် စစ်စစ် ဧကန်ဖြစ်လိမ့်မယ်။

ဆိုပါတော့ အလုပ်သမားတွေမှာ အကြံဥဏ် စိတ်ကူးစိတ်သန်းတွေရှိတယ်ပဲ ထားအုံး အဲ့တာတွေက သူတို့ကိုယ်ပိုင်ဘဝပေးက လာတဲ့အသိတွေမဟုတ်ပဲ အလုပ်သမားမဟုတ်တဲ့ တခြားသူတွေစီကလာတဲ့ အသိတွေဖြစ်နေရင်လဲ သူတို့ဟာ တော်လှန်ရေးရဲ့ ဦးဆောင်သူပိုင်ရှင်သခင်တွေဖြစ်နေမှာမဟုတ်ဘူး၊ ဒါကြောင့်တော်လှန်ရေးရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်စေဖို့ တစ်နည်းအား​ဖြင့် လူဘောင်သစ်ကိုတည်ဆောက်ရာမှာ ပါဝင်ဖို့အတွက် အလုပ်သမားတွေဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာ ကို တော်လှန်ရေးကတည်း တစ်ပါးတည်းရယူထားရမယ်၊ အဲ့အလုပ်ကို အလုပ်သမားတွေ ကိုယ်တိုင်က လုပ်ယူရမှာဖြစ်ပြီး တခြားဘယ်သူတစ်ဦးတစ်ယောက် ကမှ လုပ်ပေးမှာမဟုတ်ပါဘူး။

သင်တို့အနေနဲ့ စောဒက တက်စရာက အကြံအဥဏ်စိတ်ကူး သီအိုရီ ဝါဒ တွေမရှိဘူး ဘယ်လိုပုံစံမျိုးကို အကြံဥဏ် ပေးလဲ ဆိုရင် ဥပမာတွေအများကြီးပဲ၊ မင်းမဲ့ဝါဒလား၊ ဆိုရှယ် ဒီမိုကရေစီ လား၊ ဆင်ဒိကယ်လဆင်လား( Syndicalism) လား ဂလိုက် ဆိုရှယ်လစ်ပုံစံလား (Gulid Socialism) လား စသည့်ဖြင့် ရှိပါတယ်။ ဒါပေမဲ့ လုပ်သားတွေအနေနဲ့ ဘာကိုရွေးချယ်ရမယ်၊ ဒီအချိန်မှာ ဘာကသင့်တော်မယ်ဆိုတာ မသိနိုင်သေးဘူး၊ ဝါဒတစ်ခုချင်းစီဟာ အပေါ်ယံဆန်ဆန် ကြားကောင်းပေမဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ အမြင်မျိုးရှိကောင်း ရှိနိုင်ပါတယ်၊ ဒီအပြင် ဒီ စိတ်ကူးယဥ်သီအိုရီဝါဒ တွေကို မဆန်းစစ်နိုင်ခင်မှာ သူ့ဘဝ သူ့ ဝမ်းစာအတွက် ရုန်းကန်နေရအုံးမှာပဲ၊ ဒါပေမဲ့ သူ့ လုပ်ငန်းခွင်ဝင် အလုပ်လုပ်ပြီးဆိုတာနဲ့ တဖြည်းဖြည်းခြင်း သူရဲ့ နေရာဖြစ်တည်မှုကနေ အရင်းရှင်း နဲ့ အလုပ်သမား​ကြားက ဆက်ဆံရေး၊ နိုင်ငံတော်နဲ့ အရင်းရှင်းတွေကြားက ဆက်ဆံရေး တွေကို တဖြည်းဖြည်း စာတွေအသိမဟုတ်တဲ့ ကိုယ်ပိုင်အသိနဲ့ မြင်လာလိမ့်မယ်၊ အဲ့ဒီကနေ လက်ရှိလူမှုစနစ်ရဲ့ ပျက်ယွင်းနေမှုတွေကို ဆင်ခြင်မိလာပြီး သူရဲ့လွှတ်လပ်တဲ့ စိတ်ဝိညာဉ်က နိုးထလာလိမ့်မယ်၊ အဲ့ဒီအရာက သူရဲ့နေရာဖြစ်တည်မှုထက်ကျော်လွန်ပြီးတော့ သူရဲ့ လုပ်ငန်းခွင့်ဘဝတိုးတက်ရေးကို လက်တွေကျကျပြောင်းလဲဖို့ အားထုတ်လာလိမ့်မယ်။ အဲ့ဒီအချက်ကို ကျွန်တော် အလုပ်သမားတွေကြားမှာ အများအပြားတွေရှိခဲ့ရပြီး၊ ဝါဒတွေစိတ်ကူးအ​တွေးအခေါ် တွေကို လက်မခံခင်အရင်ဆုံး သူရဲ့ နိုးထလာတဲ့ လွှတ်လပ်တဲ့ စိတ်ဝိညာဉ် နဲ့ လူမှုသိမှုတွေကို ချိတ်ဆက်ဖို့ကြိုးစားကြတယ်၊ အလုပ်သမားတွေဟာ ရဲ့ သိမှုဟာ (conciouness) ဟာ အဲ့ဒီစိတ်ကူးသီအိုရီဝါဒတွေကို လက်ခံလိုက်လိုနိုးထလာတဲ့မဟုတ်ပဲ၊ သူ့ရဲ့ လက်တွေ့ဘဝပတ်ဝန်းကျင်ရဲ့ ဖြစ်စဥ် အတွေ့အကြုံ ဥပမာတွေကနေ တွန်းပို့လိုက်လိုပဲ ဖြစ်တယ်။

အိုင်ဒီယာစိတ်ကူးစိတ်သန်းအတွေးအခေါ်တွေဟာ

တွေဟာ ကြီးမားတဲ့အင်အားနဲ့ ထွန်းလင်းနေတဲ့ အလင်းရောင်တစ်ခုပါပဲ ဒါပေမဲ့ အဲ့ဒီအလင်းရောင်ဟာ လက်တွေနဲ့ ကင်းကွာတဲ့ အချိန်မှာ လက်တွေ့မှာမလင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ထွန်းလင်းနေတဲ့ ဝါလုံးခေါင်းထဲသာတဲ့လရဲ့ အလင်းရောင်လို ကြာရင်မှေးမိန်းသွားပါလမ့်မယ်။ အဲ့ဒါဟာ အလုပ်သမားတွေ ကိုယ်တိုင်ကိုယ်ကျတည်ဆောက်ရမဲ့ လူဘောင်သစ်အတွက်အတွေးအခေါ် ဝါဒတွေဟာလဲ အတူတူပါပဲ။ မင်းမဲ့တွေ၊ ဆိုရှယ်ဒီမိုကရစ်တစ် တွေ ဆင်ဒိကယ်လစ်တွေရဲ့ အတွေးအခေါ်ဝါဒတွေဟာ အနောက်တိုင်း ဒါမှမဟုတ် အမေရိကန် အလုပ်သမားတွေရဲ့ လမ်းပြအလင်းအရောင်ဖြစ်ပြီး အဲ့ဒီ အလုပ်သမားထုရဲ့ ကိုယ်ပိုင်အလင်းရောင် အင်အားနဲ့ တည်ဆောက်တာပိုသင့်လျော်ပါတယ်။ အဲ့လိုပဲ သူတို့ရဲ့ လက်တွေဘဝနဲ့ ဂျပန်အလုပ်သမားတွေရဲ့ ရေခံမြေခံအခြေအနေတွေဟာ လဲ သိပ္ပံနည်းကျထည့်သွင်းစဥ်းစားရမဲ့ အချက်အလက်တွေပဲဖြစ်တယ်။

ကျွန်တော်တို့တွေဟာ ကိုယ်ပိုင် အိုင်ဒီယာ အတွေးအခေါ်တွေကို ဖွေရှာကြချိန်မှာ လက်တွေနဲ့ နီးစပ်တဲ့ သဘာဝအတိုင်းဖြစ်တည်ရှင်သန်နိုင်တဲ့ အချက်အလက်တွေကိုသာ ရှာဖွေဖော်ထုတ်ဖို့ပဲလိုအပ်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ဟာ "စစ်မှန်သောယုံကြည်သူတွေအတိုင်းပြုမှုရမယ်၊ စဥ်းစားရင် သံသယရှိရှိပဲ စဥ်းစားရမယ်" (to act like a believer, to think like a sceptic) ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးရမယ်။