Title: မြို့ပြတွင်းကိုယ်ပိုင်ပြဌာန်းမှုတည်ဆောက်ခြင်းသို့မဟုတ် မက္ကဆီကိုစီးတီးဆင်ခြေဖုံးရပ်ကွက်တွင်းက စုပေါင်းနေထိုင်မှုပုံစံတစ်ခု
Author: Sam Law
Topics: Mexico, urbanism
Language: Burmese
Publication: The Autonomist
Date: 2022
Source: https://t.me/theautonomist
Notes: မူရင်းရေးသားသူ - Sam Law. Translator: Azathoths. မူရင်းဆောင်းပါး - https://polarjournal.org/2022/03/31/building-urban-autonomy-the-construction-of-a-communal-form-of-life-in-mexico-citys-peripheries/

လူတို့၏အတူတကွရှင်သန်နေထိုင်ကြခြင်းသည် အာဏာပါဝါမှမွေးထုတ်လိုက်သည့် တစ်ခုတည်းသောမရှိမဖြစ်ရုပ်ဆိုင် ရာအရင်းခံအချက်ဖြစ်ပေသည်။

ဟန်နာအားရင့် (လူ့ဘဝမှ)

အာကာပါဂျင်းဂိုးရပ်ကွက်အိမ်ရာသို့ကျနော်ရောက်တဲ့အချိန်က တနင်္ဂနွေနေ့မနက်စောစောအချိန်ပါ။ အဲဒီနေရာဟာ လူဦး ရေ ၃ထောင်ခန့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဒေသတစ်ခုဖြစ်ပြီး မက္ကဆီကိုစီးတီးရဲ့အရှေ့တောင်ဖက်အစွန်အဖျားဒေသတစ်ခုမှာရှိ ပါတယ်။ အချိန်ကစောနေသေးပြီး အဇ္ဇတာပါလာပါမြို့နယ်(မက္ကဆီကိုစီးတီးရဲ့လူဦးရေအထူထပ်ဆုံး၊ ဒုစရိူက်မှုအထူပြောဆုံးနဲ့ အ ဆင်းရဲဆုံးသောမြို့နယ်တစ်ခု)ရဲ့နိစ္စဓူဝတွေ့မြင်နေကျဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ပျားပန်းခတ်လှုပ်ရှားနေကြပုံကိုတောင် တွေ့မြင်ရခြင်း မရှိသေးပါဘူး။ အာကာပါဂျင်းဂိုးသို့အလည်တစ်ခေါက်ဟာ ထိုဒေသရဲ့ထင်ရှားတဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်တဲ့ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ မီးခိုးရောင်အဆောက်အဦးများကို သေချာအချိန်ပေးပြီးလေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီနေရာကိုရောက်တော့ ရပ်ကွက်လုံခြုံရေးဂိတ်တစ်ခုကိုဖြတ်ခဲ့ရပြီး ဝဲယာနံဘေးမှာသစ်ပင်တွေစိုက်ပျိုးထားတဲ့ လမ်းကျယ်တစ်လျှောက်ဖြတ်သန်းလာခဲ့ ရပါတယ်။ လမ်းတစ်လျှောက်မှာလည်း တောက်ပစွာဆေးသုတ်ထားတဲ့အိမ်များကိုဖြတ်သန်းလာခဲ့ရပြီး စိမ်းလန်းစိုပြေလှတဲ့ရပ် ကွက် စိုက်ပျိုးရေးစီမံကိန်းဆီသို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာမှာ စည်းရိုးခတ်ထားတဲ့သစ်သီးခြံတစ်ခု၊ ဘယဆေးဥယျာဉ်တစ် ခု၊ အပင်စိုက်ခင်းတစ်ချို့နဲ့ ဖန်လုံအိမ်နှစ်လုံးကိုတွေ့ရပါတယ်။ မနက်စောစောဆိုပေမယ့်လည်း မြို့ပြစိုက်ပျိုးရေးကော်မရှင်အဖွဲ့ ဝင် သုံးဆယ်နီးပါးကတော့ ကြိုးစားပမ်းစားနဲ့အလုပ်လုပ်နေကြပါပြီ။ ၎င်းဟာ ကပ်ရောဂါအခြေအနေအရ ရပ်ရွာအစည်းအဝေးမှ ရပ်နားဖို့ဆုံးဖြတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှ ပထမဆုံးပြန်လုပ်တဲ့ စုပေါင်းလုပ်အားစိုက်ထုတ်ပွဲဖြစ်ပါတယ်။ အာကာပါ ဂျင်းဂိုးသို့ ရောက်လာခဲ့ခြင်းဟာ အခြားသောကမ္ဘာတစ်ခုကိုရောက်လာသလိုပါပဲ၊ ရပ်ကွက်ဂိတ်ပေါက်ရဲ့အခြားတစ်ဖက်က မြို့ တော်ကြီးနဲ့ လားလားမျှမသက်ဆိုင်တဲ့နေရာတစ်ခုပါ။

အာကာပါဂျင်းဂိုးရဲ့အဲဒီလိုမျိုးသီးခြားဖြစ်တည်နေမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်သုံးခုတာကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ကြိုးပမ်းမှု ရဲ့ရလဒ်ပါပဲ။ တစ်ပြားမှမရှိချွတ်ခြုံကျနေတဲ့မြို့ထဲကရွေ့ပြောင်းနေထိုင်သူတွေဖြစ်ဖြစ်၊ ဆက်တိုက်တက်နေတဲ့ငှါးရမ်းခနဲ့ကျဆင်း နေတဲ့စီးပွါးရေးကြောင့် မြို့လယ်ကနေလွှင့်စင်လာခဲ့တဲ့မိသားစုတွေပဲဖြစ်ဖြစ်၊ နှစ်ဖက်ဆွေမျိုးများနဲ့အတူ ကျဉ်းမြောင်းလှတဲ့ ဗြောက်သောက်ရပ်ကွက်အပိုင်းတွေမှာနေထိုင်ကြရတဲ့ ကြင်စဦးမောင်နှံတွေပဲဖြစ်ဖြစ်၊ ဒီရပ်ဝန်းထဲလူတွေဝင်လာကြခြင်းဟာ မြို့ပြလူနေမှုဘဝရဲ့ မရှိမဖြစ်အရေးကြီးဆုံးသောလိုအပ်ချက်တစ်ခုဖြစ်တဲ့ နေထိုင်ရေးအတွက်ပါပဲ။ ဒီနေရာဒေသလေးကိုလူတွေ ရောက်လာခါစကတော့ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေတဲ့အပျက်အစီးပုံတွေကြား အနီးအနားကကျောက်ထုတ်စက်ရုံကနေ လွှင့်လာတဲ့ဖုန်မှုန့်တွေကြားမှာ ကဒ်ထူစက္ကူတွေ၊ မီးသွေးခဲတွေ၊ ကားတာယာတွေနဲ့အခြားပစ္စည်းတွေကိုအသုံးပြုပြီး ယာယီနေ ထိုင်ဖို့အတွက်လုပ်ခဲ့ရတယ်။ အဲဒီတုန်းကတော့ အိုးအိမ်ဆိုတာဟာဟိုးအဝေးကြီးကအိပ်မက်တစ်ခုလိုပါပဲ။

ဒေးဗစ်ဆိုတဲ့တစ်ယောက်ဆိုရင် အသက်ရှစ်နှစ်အရွယ်လောက်ကတည်းက သူ့မိသားစုနဲ့အတူ ကားကြီးတစ်စီးမှာပစ္စည်း တွေအကုန် စုပြုံထည့်ပြီး မြို့ရဲ့ဆင်ခြေဖုံးအရပ်တွေကို ခရီးအဝေးကြီးမောင်းလာရင်းဒီနေရာကိုလာခဲ့သူပါ။ သူပြောပုံအရဆိုရင် ဒီနေရာကိုစရောက်လာတော့ စုတ်ပြတ်နေပုံက ထိုင်ငိုချင်လောက်အောင်ကိုဖြစ်ရတယ်ဆိုပဲ။ နှစ်ပေါင်း ၂၇ နှစ်လောက်ရုန်းကန်လာ ခဲ့ပြီးတဲ့ ဒီနေ့မှာတော့ ဖုန်တွေနဲ့ပြည့်နေတဲ့အမှိုက်ပုံဘဝကနေ လှလှပပဆေးသုတ်ထားတဲ့လူနေအိမ်တွေ၊ ပန်းခြံတွေ၊ မက္ကဆီကို စီးတီးရဲ့ သက်တမ်းအရင့်ဆုံး ပင်လယ်ဓါးပြရေဒီယိုဆက်သွယ်ရေးစခန်း၊ ဆေးပေးခန်းနဲ့ ယဉ်ကျေးမှုစင်တာတွေပါရှိတဲ့နေရာတစ် ခုဖြစ်လို့နေပါပြီ။ ထိုသို့သော လူနေမှုပတ်ဝန်းကျင်ရဲ့ရုပ်ဆိုင်ရာပြောင်းလဲမှုဟာ ပိုပြီးလေးနက်တဲ့အရာတစ်ခုရဲ့သက်သေအထောက် အထားအဖြစ်ရှိလို့နေပါတယ်။ ၎င်းကစုပေါင်းဆုံးဖြတ်ခြင်း(collective decision making)၊ သွေးစည်းညီညွှတ်မှု(solidarity)နဲ့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီလို့ဆိုရမယ့် အပြန်အလှန်အမှီသဟဲပြုနေထိုင်ခြင်း(mutual aid) လက်တွေ့နည်းနာများဖြင့် စုစည်းတည် ဆောက်ထားတဲ့ လူအများစုပေါင်းနေထိုင်မှုပုံစံတစ်ခုပါပဲ။ မြိုပြအုပ်ချုပ်မှုပုံစံများကိုချိုးဖျက်ပစ်နိုင်စွမ်းရှိတဲ့ လူနေမှုပုံစံတစ်မျိုး လည်းဖြစ်ပါတယ်။

စည်းစနစ်တကျမရှိလှတဲ့အိုးအိမ်နေရာချထားမှုကြောင့် အစီအစဉ်မကျတဲ့မြို့ပြဧရိယာချဲ့ထွင်မှုဖြစ်လာရတယ်။ အာကာ ပါဂျင်းဂိုးရဲ့ထင်ရှားတဲ့ဝိသေသကိုဖြစ်စေတာက ပုံမကျတဲ့အခြေချမှုသမိုင်းဆိုတာထက် ၎င်းရဲ့ကိုယ့်ကိုယ်ကိုပိုင်စိုးရေးအတွက် ကြိုးပမ်းမှုကြောင့်ပါ။ ထိုအရာရဲ့အတိမ်အနက်နဲ့သက်တမ်းက လက်တင်အမေရိကရှိ မြို့ပြတွင်းကိုယ်ပိုင်ပြဌာန်းရေးအတွက် အရေးပါဆုံးသောအတွေ့အကြုံကောင်းများထဲကတစ်ခုဖြစ်လာစေပါတယ်။ အာကာပါဂျင်းဂိုးကိုအဖွဲ့ဝင်တွေရောက်လာတာဟာ နေစရာရှာဖို့ပါ ဒါပေမယ့်ဒီကိုရောက်တော့ အားလုံးကပန်ချို(Panchos)တွေဖြစ်သွားကြတယ်။ ပန်ချိုဆိုတာ မက္ကဆီကိုမြို့ပြနေ လူထုလှုပ်ရှားမှုရဲ့ရာဒီကယ်ဆန်တဲ့ဖက်ကနေပေါ်ပေါက်လာခဲ့တဲ့ တော်လှန်သောကွန်မြူနစ်အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေကိုခေါ်တာပါ။ ပန်ချိုတွေအတွက်လွတ်မြောက်ရေးတိုက်ပွဲဆိုသည်မှာ ကျင့်ဝတ်-နိုင်ငံရေး(ethico-political)ဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ဒီနေရာ ဒီအချိန်မှာ ဘယ်လိုမျိုးအတူတကွယှဉ်တွဲနေထိုင်ကြမလဲဆိုတဲ့မေးခွန်းအပေါ် လက်တွေ့နည်းလမ်းအားဖြင့်တုံ့ပြန်ခြင်းလည်း ပါဝင် ပါတယ်။ ထို့အတွက်ကြောင့် အခြားသောတော်လှန်ရေးသမားတွေလို နိုင်ငံတော်ရဲ့ပါဝါကိုသိမ်းပိုက်ဖို့ကိုပဲ အားသန်နေတာမျိုး ဒါမှမဟုတ် နိုင်ငံရေးတိုက်ပွဲတွေကို လိုအပ်ချက်များတောင်းဆိုတဲ့လှုပ်ရှားမှုအဖြစ်သို့ရွေ့လျောသွားစေတဲ့ လူမှုရေးဆိုင်ရာလှုပ်ရှား မှုများကိုပဲမှီခိုအားထားနေတာမျိုးထက် ပန်ချိုတို့တတွေဟာ လက်တင်လို una vida digna လို့ခေါ်ကြတဲ့ “သိက္ခာရှိသောဘဝ” အ ခြေအနေမျိုးကိုစုပေါင်းတည်ဆောက်နိုင်စွမ်းရှိတဲ့ လူအဖွဲ့အစည်းရပ်ဝန်းမျိုးကိုပဲတည်ဆောက်နေခဲ့တာပါ။ သူတို့ပြောသလိုပါပဲ “ကျွန်ုပ်တို့တည်ဆောက်နေတာ အိုးအိမ်စီမံကိန်းတွေမဟုတ်ပါဘူး၊ ဘဝရှင်သန်မှုစီမံကိန်းတွေပါ”(No estamos construyendo un proyecto de vivienda, sino un proyecto de vida. We aren’t building a housing project, but a life project.)

စုပေါင်းရှင်သန်နေထိုင်ရေးလက်တွေ့နည်းလမ်းများကို ၎င်းတို့ရဲ့နိုင်ငံရေးဆိုင်ရာစီမံကိန်းများရဲ့ဗဟိုချက်မအဖြစ်ထားလိုက် ခြင်းကြောင့် ပန်ချိုတို့ဟာ နေ့စဉ်ဘဝနဲ့နိုင်ငံရေးတိုက်ပွဲကြားကကွာဟချက်ကိုလျှော့ချပစ်လိုက်နိုင်ပါတယ်။ အာကာပါဂျင်းဂိုးဆိုတဲ့ ဒီနေရာမှာ ဘုံဝါဒဆိုတာက မှေးမှိန်လို့သွားနေတဲ့ယူတိုးပီးရားကြီးတစ်ခုအနေနဲ့ရှိနေတာမဟုတ်ပဲ အဖွဲ့အစည်းရဲ့အတွင်းသားစံတစ် ခုအနေနဲ့ရှိနေပြီး တစ်နည်းနည်းနဲ့ကမ္ဘာကြီးကိုပြန်အစီအစဉ်ချနိုင်မယ့်လုပ်ရပ်အနေနဲ့လည်းရှိနေပါတယ်။ ယခုဆောင်းပါးမှာ ပန်ချို တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းရေးနိုင်ငံရေးလက်တွေ့ကျင့်သုံးပုံ၊ မြို့ပြလူနေမှုဘဝ၏မတည်မငြိမ်ဖြစ်မှုကိုကျော်လွှားနိုင်ဖို့ရန်အတွက် သူတို့ ရဲ့ စုပေါင်းဘဝနေထိုင်မှုပုံစံတည်ဆောက်ရေးနည်းဗျူဟာများကို ဖွဲ့စည်းပုံဖြိုဖျက်ရေးပါဝါ (destituent power) အဖြစ် ကျွန်ုပ်ရှု မြင်သုံးသပ်ထားပါတယ်။ ဤနည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းရေးအတွက်နေ့စဉ်ဘဝကနိုင်ငံရေးဆိုင်ရာလက်တွေ့နည်းလမ်းများ ဟာ နိုင်ငံတော်၊ အချုပ်အခြာအာဏာနဲ့ နိုင်ငံရေးဆိုင်ရာအသိအမှတ်ပြုမှုအပေါ်မှာပဲ အခြေတည်နေတဲ့ အစဉ်အလာနိုင်ငံရေး ပုံစံ များမှ ချိုးဖျက်နိုင်ခဲ့ပါတယ်။ Destituent power သည် နေ့စဉ်ဘဝအစီအစဉ်များနဲ့သက်ဆိုင်ခြင်းမရှိပဲဖြစ်နေတဲ့ စည်းမျဉ်းပုံစံတစ် မျိုးလို့ပြောမယ့်အစား မာချယ်လိုတာရီ(Marcello Tari)ရဲ့စကားငှါးသုံးပြီးပြောရရင် နိုင်ငံရေးဟာစုပေါင်းဖြစ်တည်နေမှုနဲ့ ၎င်းအဖွဲ့ အစည်းရဲ့ ပြတ်သားတဲ့အနုပညာတစ်ရပ်အနေနဲ့ဖြစ်လာတဲ့အခါမှာ ပေါ်ထွက်လာခဲ့တဲ့အများပိုင်အစွမ်း (shared potential) လို့ ဆိုရပါမယ်။ ကိုယ်ပိုင်ပြဌာန်းရေးအတွက်တည်ဆောက်ခြင်းကို ဖွဲ့စည်းပုံဖြိုဖျက်ရေးစုစည်းလှုပ်ရှားမှုအဖြစ်ရှုမြင်မယ်ဆိုရင် ပန်ချို တို့ရဲ့ဘဝရှင်သန်မှုစီမံကိန်းများဟာ မြို့ပြရဲ့အစွန်အဖျားတွေမှာဖြစ်ပေါ်နေတဲ့ပုန်ကန်သူတွေအတွက် လမ်းပြအလင်းရောင်ထွန်းညှိ ပေးလျက်ရှိနေတယ်လို့ကျွန်ုပ်ဆိုချင်ပါတယ်။

ကျွန်ုပ်အနေနဲ့ destituent power အတွက်အယူအဆပိုင်းဆိုင်ရာဖွင့်ဆိုချက်ဋီကာမျိုး ဒါမှမဟုတ် လက်တင်အမေရိကရဲ့ ကိုယ်ပိုင်ပြဌာန်းရေးကြိုးပမ်းမှုသမိုင်းဆိုတာမျိုးတွေနဲ့စတင်မယ့်အစား အဲဒီအသိုင်းအဝိုင်းရဲ့ မြို့ပြစိုက်ပျိုးရေးကော်မရှင်အပေါ် လူ မျိုးခွဲဗေဒနည်းအရချဉ်းကပ်ခြင်းနဲ့ပဲစတင်လိုက်ပါမယ်။ ထိုနည်းသည်လည်းပဲ မနုဿဗေဒလက္ခဏာပါဝင်နေပြီး အတိအကျဖော် ပြထားသောလိုအပ်ချက်များအပေါ်အခြေခံစုစည်းခြင်းထက် ဘဝနေထိုင်မှုပုံစံများကို အရည်အသွေးပြောင်းလဲပေးနိုင်မယ့်နည်း လမ်းများအား နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကနေတဆင့် ရှာဖွေဖော်ထုတ်ခြင်းအားဖြင့်သာ အခြေခံစုဖွဲ့ထားတဲ့လွတ်မြောက်ရေး တိုက်ပွဲသဏ္ဍာန်တစ်ခုအားချဉ်းကပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ပြီးမှသာကိုယ်ပိုင်ပြဌာန်းခွင့်တည်ဆောက်ရေးကို destituent power ပုံစံတစ်မျိုးအဖြစ်အသေးစိတ်သုံးသပ်တင်ပြပါမယ်။ နောက်ဆုံးမှာ ပန်ချိုတို့ရဲ့နိုင်ငံရေးဆိုင်ရာစီမံကိန်းတွေ ဟာ မြို့ပြလူမွဲများရဲ့လူထုကိုယ်စားလှယ်တွေရဲ့ ကျဉ်းမြောင်းလှတဲ့ဘောင်တွေကိုကျော်လွန်စဉ်းစားနိုင်ဖို့ရန် အထောက်အကူပြုတဲ့ ဖွဲ့စည်းပုံအာဏာကိုဖြိုချနိုင်စွမ်းရှိသော လူနေမှုနည်းဗျူဟာ(destituent life strategy)တစ်ရပ်အနေနဲ့ မည်သို့မည်ပုံရှိနေကြောင်း ကိုလေ့လာသုံးသပ်တင်ပြပါမယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်၏အကျိုး

နှစ်စဉ်နှစ်တိုင်း မြို့ပြစိုက်ပျိုးရေးကော်မရှင်က ပေါင်အလေးချိန်ထောင်နဲ့ချီရှိတဲ့ လတ်ဆတ်သောအော်ဂဲနစ်သစ်သီးဝလံ များနဲ့ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းဆွတ်ခူးရပြီး ရပ်ကွက်ထဲသင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ရောင်းချပါတယ်။ ထိုပမာဏဟာ အ ထင်ကြီးလောက်စရာဖြစ်ပေမယ့်လည်း ရပ်ကွက်နေလူထုလိုအပ်တဲ့အာဟာရပမာဏရဲ့ အစိတ်အပိုင်းသေးလေးတစ်ခုကိုသာဖြည့် ဆည်းပေးနိုင်ပါသေးတယ်။ သို့သော်လည်း မြို့ပြစိုက်ပျိုးရေးကော်မရှင်နဲ့ စုပေါင်းလုပ်အားပေးပွဲတို့ရဲ့တန်ဖိုးကို ထွက်ရှိထားတဲ့ စိုက်ပျိုးရေးထုတ်ကုန်ပမာဏနဲ့ တိုင်းတာရမှာမဟုတ်ပဲ ထိုကဲ့သို့သောကိုယ်ပိုင်ပြဌာန်းရေးအတွက် အတူတကွကြိုးပမ်းအားထုတ်မှု လက်တွေ့များကနေ ဘယ်လောက်များများတိုးတက်ပြောင်းလဲမှုရှိလာခဲ့သလဲဆိုတာနဲ့တိုင်းတာရမှာဖြစ်ပါတယ်။

တနင်္ဂနွေမနက်စောစောဆို စိုက်ပျိုးရေးဧရိယာမှာအလုပ်တွေပြည့်နေတာပါပဲ။ ဖန်လုံအိမ်ထဲမှာ ဂျွန်ဒီးရ်(John Deere)ဦး ထုပ်ဆောင်းထားတဲ့ဆယ်ကျော်သက်လူငယ်တစ်ယောက်နဲ့အန်တီကြီးနှစ်ယောက်တို့က ဆလပ်၊ ခရမ်းချဉ်၊ တရုတ်နံနံ၊ ပင်စိမ်းအစ ရှိတဲ့ ဟင်းရွက်ပင်တန်းကြားမှာ ပေါင်းနှုတ်ရင်း၊ မြေဩဇာထည့်ရင်း မြို့ထဲမှာကာကွယ်ဆေးဖြန့်ဝေနေတဲ့အခြေအနေအကြောင်း ပြောဆိုနေကြပါတယ်။ စည်းရိုးဖက်ခြမ်းမှာတော့ အမျိုးသမီးကြီးတစ်သိုက်က ရယ်စရာတွေပြောရင်း အပင်တွေမှာဖြစ်တတ်တဲ့မှို ရောဂါတစ်မျိုးကိုကုသဖို့ အပင်တွေကိုအမြစ်ပေါ်အောင်ဆွဲရင်း ဆေးရည်လောင်းထည့်နေကြတယ်။ ပိုးသတ်ဆေးသုံးစရာမရှိတာ ကိုအကြောင်းပြုပြီး ကန္တာရရှားစောင်းပင်တွေကထုတ်ယူသုံးစွဲနေရာကနေခုဆိုဘယဆေးပင်စိုက်ခင်းလေးပါဖြစ်လာခဲ့ပါပြီ။ အဲဒီ ကနေ ကျွန်ုပ်ရဲ့ဦးတည်ရာကို ပျိုးခင်းတစ်ခင်းဖြစ်လာဖို့ကျောက်ခဲတွေ၊အမြစ်တွေကိုဖယ်ပြီးဘယ်လိုလုပ်ရသလဲဆိုတာ လက်ဟန် ခြေဟန်နဲ့ရှင်းပြနေတဲ့ ဆံပင်ရှည်ရှည်၊အရပ်ပုပုအမျိုးသမီးတစ်ယောက်ဖက်လှည့်လိုက်ပါတယ်။ ကော်မရှင်မှာခုနစ်နှစ်တာအတွေ့ အကြုံရှိပြီးဖြစ်တဲ့ မီရယ်လာဟာ ကော်မရှင်ရဲ့မြေပြင်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သူ(coordinator)တစ်ယောက်ဖြစ်ပြီး သူတာ ဝန်ယူတဲ့အစိတ်အပိုင်းတွေမှာ အဲဒီလိုမျိုးသူ့နဲ့လက်လှမ်းမှီတဲ့အဖွဲ့ငယ်လေးတွေကို သင်ကြားပို့ချမှုတွေပြုလုပ်လေ့ရှိပါတယ်။ ပျိုး ခင်းတွေမှာစိုက်ပျိုးမှာကတော့ Cempasúchil ဂန္ဓမာပန်းပင်တွေဖြစ်ပြီး အဲဒီကနေထွက်ရှိလာမယ့် တောက်ပရွှန်းစိုလှတဲ့လိမ္မော် ရောင်ပန်းပွင့်တွေကို နိုဝင်ဘာလထဲမှာကျင်းပပြုလုပ်မယ့် အသိုင်းအဝန်းရဲ့ကွယ်လွန်သူများရဲ့နေ့( Day of the Dead) အခမ်းအနား မှာ ပြည်သူလူထု၊ တော်လှန်ရေးသမား၊ ဌာနေတိုင်းရင်းသားလူမျိုးစုများနဲ့ သဘာဝပတ်ဝန်းကျင်အတွက်တက်ကြွလှုပ်ရှားသူများရဲ့ အထိမ်းအမှတ်ပုံတူ(alters) တွေမှာဆင်ယင်ဖို့အတွက်ဖြစ်ပါတယ်လို့ မီရယ်လာကကျွန်ုပ်ကိုရှင်းပြပါတယ်။

စုပေါင်းလုပ်အားပေးပွဲနဲ့မြို့ပြစိုက်ပျိုးရေးကော်မရှင်ရဲ့လှုပ်ရှားမှုများဟာ ဒွိအနက်ဆောင်တဲ့ ကိုယ့်ကိုယ်ကိုပိုင်စိုးရေးလက် တွေ့အလုပ်များဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုပိုင်စိုးရေးအတွက်လုပ်နေတဲ့အလုပ်တွေဖြစ်သလို ပင်ကိုယ်သဘာဝကိုကလည်း ကိုယ် ပိုင်ပြဌာန်းမှုအနက်ဆောင်တဲ့လက်တွေ့အလုပ်များလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ စုပေါင်းလုပ်တဲ့အလုပ်တွေက ဘုံပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဈေးကွက်အပေါ်မှီခိုအားထားရမှုကိုလျော့ချနိုင်ဖို့နဲ့ တစ်နေ့မှာလုံးဝလွတ်မြောက်နိုင်ဖို့ပါပဲ။ ထွက်ရှိလာ တဲ့သီးနှံတွေက အသိုင်းအဝန်းတစ်ခုလုံးကိုလောက်ငအောင်ကျွေးထားနိုင်ဦးမှာမဟုတ်ပေမယ့်လည်း ကော်မရှင်က၎င်းအဖွဲ့ဝင်တွေ ကို မြေကြီးနဲ့သူတို့ကြားကဆက်နွယ်မှုတွေကိုပိုမိုသိရှိနားလည်လာအောင် လွတ်လွတ်လပ်လပ်စူးစမ်းရှာဖွေခွင့်ပေးပြီး ၎င်းတို့ထု ဆစ်လိုသောဘုံအနာဂတ်အတွက် အတူတကွစိတ်ကူးကြပါတယ်။ ဒါက၎င်းတို့နဲ့ကျေးလက်ဒေသတွေကြားကကွာဟချက်ကိုဖြည့် ဆည်းနိုင်ခဲ့ပြီး ၎င်းတို့ရဲ့လက်ငင်းလိုအပ်ချက်တွေကို စုပေါင်းလုပ်အားနဲ့ဘယ်လိုမျိုးဖြည့်ဆည်းမလဲဆိုတာကို အတူတကွစူးစမ်း ရှာဖွေနိုင်ဖို့အခွင့်အလမ်းများဖြစ်ပေါ်လာစေပါတယ်။ ကော်မရှင်အစည်းအဝေးတွေက အထွက်တိုးရေးအတွက်လက်တွေ့ချဉ်းကပ် ဆွေးနွေးမှုများဟာ ဒေသခံလယ်သမားများနဲ့ ဌာနေတိုင်းရင်းသားလူမျိုးစုများရဲ့ မြေယာအခြေခံတိုက်ပွဲများအပေါ်သုံးသပ်ဆွေးနွေး မှုများနဲ့ယှဉ်ပြီး ဆွေးနွေးလေ့ရှိတယ်။ အဲဒီလိုမျိုးလက်တွေ့လှုပ်ရှားမှုနဲ့ပိုမိုကျယ်ပြန့်သောနိုင်ငံရေးဦးတည်ချက်ကိုစူးစမ်းရှာဖွေခြင်း တို့ယှက်ငင်နေတာကို မျိုးစေ့စုဆောင်းခြင်းမှာအထင်အရှားတွေ့ရပါလိမ့်မယ်။ မျိုးစေ့တွေကိုလွယ်လွယ်ကူကူဝယ်လို့ရပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေက မျိုးစေ့စုဆောင်းနည်းကိုပိုင်နိုင်နေကြပြီဖြစ်ပြီး အ​တွေ့အကြုံပိုများတဲ့အဖွဲ့ဝင်တွေက အတွေ့အကြုံနည်း သေးတဲ့အဖွဲ့ဝင်သစ်တွေကိုသင်ကြားပို့ချရာမှာလည်း ဆွေးနွေးမှုတွေမှာ ဗီဇပြောင်းမျိုးစေ့တွေကဘယ်လိုကြောင့် ဈေးကွက်အပေါ် မှီခိုမှုတွေဖြစ်လာရသလဲဆိုတဲ့ စားနပ်ရိက္ခာအမှီအခိုကင်းရေးနဲ့ပက်သတ်တာတွေထွေးရောယှက်ငင်ပြီးပါလေ့ရှိတယ်။ ထို့အတွက် ကြောင့် စားနပ်ရိက္ခာစိုက်ပျိုးရေးနဲ့ထုတ်လုပ်ရေးအပေါ်လေ့လာမှုဟာ အမှီအခိုကင်းတဲ့ကိုယ်ပိုင်ပြဌာန်းရေးအတွက် လုပ်တွေ့လှုပ် ရှားမှုပုံစံတစ်မျိုး လို့ဆိုနိုင်တာပါ။ ရုပ်ဝတ္ထုပစ္စည်းလည်ပတ်မှုက ငွေကြေးနဲ့မဟုတ်ပဲ အဖွဲ့ရဲ့ကိုယ်ထူကိုယ်ထစုပေါင်းလုပ်အားနဲ့ ဆက်ဆံရေးအပေါ်မှာပဲမူတည်နေမယ့်အနာဂတ်တစ်ခုအတွက် စုပေါင်းတည်ဆောက်မှုဖြစ်စဉ်တစ်ခုပါပဲ။ စု​ပေါင်းလုပ်အားပေးပွဲ ကနေ ရိုးရိုးရှင်းရှင်းတည်ဆောက်ထားတဲ့ ထိုကဲ့သို့သော အနာဂတ်မှာကိုယ့်အားကိုယ်ကိုးနိုင်ရေးအမြင်များဟာ ကိုယ်ပိုင်ပြဌာန်းမှု အား ကြိုတင်သတ်မှတ်ထားသောကန့်သတ်ချက်များ(open-ended)မရှိသော ဖြစ်တည်လာခြင်း(becoming) အခြေအနေတစ်ခု အဖြစ်ရှိနေစေတယ်။

အခြားတစ်ဖက်မှာလည်း စုပေါင်းဆုံးဖြတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ အထူးပြုသုတမျှဝေခြင်းတို့လိုအပ်သော စုပေါင်း လုပ်ဆောင်ရတဲ့လက်တွေ့လှုပ်ရှားမှုဖြစ်တဲ့အလျောက် မြို့ပြစိုက်ပျိုးရေးကော်မရှင်ဟာ ကိုယ်ပိုင်ပြဌာန်းမှုကိုလက်တွေ့ဖော်ဆောင် နိုင်မယ့် နေ့စဉ်ဘဝရပ်ဝန်းတစ်ခုလည်းဖြစ်ပါတယ်။ အာကာပါဂျင်းဂိုးဒေသခံအိမ်ထောင်စု ၅၉၆ခုကကော်မရှင်အဖွဲ့ဝင်ရှစ်နေရာထဲ ကတစ်နေရာကို အလှည့်ကျတာဝန်ယူပါဝင်ဆောင်ရွက်ကြပြီး မြို့ပြစိုက်ပျိုးရေးတာဝန်တင်မကပဲ ကျန်းမာရေး၊ ကိုယ်ထူကိုယ်ထ လုံခြုံရေးနဲ့ ပညာရေးစတဲ့နယ်ပယ်တွေမှာလည်း ပါဝင်ဆောင်ရွက်ကြရပါတယ်။ ရက်သတ္တပတ်ရဲ့ဗုဒ္ဓဟူးနေ့ညတိုင်းစုစည်းကြပြီး စီမံကိန်းနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေအပေါ် ချဉ်းကပ်ဆွေးနွေးကြတယ်။ ဘာစိုက်ကြမလဲဆိုတာတွေကနေ မှိုရောဂါကျရောက်မှု၊ တိုင်းရင်းဆေးဝါးထုတ်လုပ်မှုအရေးအလုပ်ရုံဆွေးနွေးပွဲတွေ ဒါမှမဟုတ် အိမ်တွင်းအသေးစားစိုက်ခင်းလေးတွေဖော်ဆောင်ရေး ကိစ္စရပ်တွေအထိချဉ်းကပ်ဆွေးနွေးကြပါတယ်။ အဖွဲ့ဝင်ဦးရေ၂၈ယောက်သာရှိတဲ့ဒီရပ်ဝန်းက လစဉ်ကျင်းပတဲ့လူထုအစည်းအဝေး ပွဲထက် ပိုမိုနက်ရှိုင်းစွာနဲ့ ပိုပြီးထိရောက်တဲ့စုပေါင်းဆုံးဖြတ်မှုတွေချမှတ်နိုင်ပါတယ်။ အချိန်ကာလကန့်သတ်ချက်အရ လူထုအစည်း အဝေးပွဲတွေမှာတော့ ဘယ်သူမှတင်ပြခြင်းမရှိသေးတဲ့အမြင်မျိုး၊ ဒါမှမဟုတ်လည်း လူအများတိုက်ရိုက်နားလည်နိုင်မယ့်အမှု ကိစ္စမျိုး သို့မဟုတ် တစ်ခါထဲနဲ့အကျိုးရှိမယ့်ကိစ္စရပ်မျိုးတွေကိုပဲဆွေးနွေးနိုင်ကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ထိုသို့သော နိစ္စဓူဝလက်တွေ့လှုပ်ရှားမှုများဟာသိပ်ပြီးထူးခြားမနေပေမယ့် အလျားလိုက်စုဖွဲ့ထားတဲ့ကိုယ်ထူကိုယ်ထအဖွဲ့အစည်းမျိုးဖြစ်ပြီး ဘဝနေထိုင်မှုစီမံကိန်း ဝါ သိက္ခာရှိသောဘဝအတွက်တိုက်ပွဲရဲ့မျက်နှာစာတစ်ဖက်နဲ့ပက်သတ်တဲ့ဆုံးဖြတ်ချက်တွေကို အဆိုပါစီမံ ကိန်းအား လက်တွေ့ရုပ်လုံးပေါ်လာအောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ကျွမ်းကျင်မှုများရှိတဲ့သူတွေကပဲစုပေါင်းဆုံးဖြတ်ကြတာပါ။

စုပေါင်းဆုံးဖြတ်မှုတင်မက ကော်မရှင်သည် ကိုယ်ပိုင်ပြဌာန်းရေးလက်တွေ့အတွက်မရှိမဖြစ်ရပ်ဝန်းလည်းပဲဖြစ်ပါတယ်။ သိမှုသုတအားပုံစံသွတ်သွင်းခြင်းကိုပယ်ပြီး(de-institutionalization knowledge)စုပေါင်းဘဝနေထိုင်မှုပုံစံ၏အနှစ်သာရကို​ပေး စွမ်းနိုင်မယ့်ဆက်ဆံရေးများကိုတည်ဆောက်နိုင်ခြင်းကြောင့်ပါပဲ။ ကော်မရှင်ကိုဝင်လာကြတဲ့လူအများစုဟာ အလုပ်စလုပ်ဖို့ရာ လုံ လောက်တဲ့အတွေ့အကြုံတွေမရှိကြတဲ့အတွက် ထိုကဲ့သို့သောဆွေးနွေးပွဲများနဲ့ လုပ်အားပေးပွဲတွေက အဖွဲ့ဝင်ဟောင်းတွေဆီကရ တဲ့နှစ်ရှည်လများစုဆောင်းထားခဲ့တဲ့အတွေ့အကြုံတွေ ဒါမှမဟုတ်လည်း ပြင်ပအဖွဲ့အစည်းတွေကလုပ်တဲ့အလုပ်ရုံဆွေးနွေးပွဲတွေ ကနေရခဲ့တဲ့ အတွေ့အကြုံဗဟုသုတတွေကို မျှဝေနိုင်ခွင့်ရှိမယ့်ရပ်ဝန်းတွေပဲဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကော်မရှင်ဟာ ပုံစံ သွတ်သွင်းမှုပယ်ပြီး(deinstitutionalization) လက်တွေ့အသုံးချဗဟုသုတများကို လူအများလွယ်လွယ်အသုံးချနိုင်မည့်အဖြစ်သို့ ပြန်ရောက်စေနိုင်မယ့်ရပ်ဝန်းပါပဲ။ အီဗန်အီလိချ် (Ivan Illich) ရဲ့အမြင်တစ်ခုလို “ပညာရေးကွန်ယက်သည် ဘဝနေထိုင်မှုအချိန် ကာလတိုင်းကို သင်ကြားခြင်း၊ မျှဝေခြင်းနှင့် ဂရုစိုက်ခြင်း တစ်ခုမဟုတ်တစ်ခုအဖြစ်သို့ပြောင်းလဲပေးခြင်းပင်ဖြစ်သည်။” ဆိုသလို ပါပဲ။

ထိုသို့သောသင်ကြားမှုပုံစံများဟာ လူတစ်ယောက်ရဲ့ကျွမ်းကျင်မှုအပေါ်အခြားသူများရဲ့အသိအမှတ်ပြုမှုများရရှိနိုင်မယ့်အ ခွင့်အလမ်းများလည်းဖြစ်လာစေပါတယ်။ ဒီရပ်ဝန်းရဲ့ပြင်ပမှာ လူအများလုပ်နေကြရတဲ့ နည်းပါးလှတဲ့ လုပ်ခစားအလုပ်များဟာ အောက်ကျို့လိုက်နာရခြင်းနဲ့ ကင်းကွာမှု လက္ခဏာအသွင်ဆောင်နေပြီး ကော်မရှင်မှာဆိုရင်တော့ သူတို့ဘာတွေသင်ကြားခဲ့ပြီးမျှဝေ ခဲ့ရသလဲဆိုတာတွေက လူတွေရဲ့အသိအမှတ်ပြုမှုများ ရရှိစေပါတယ်။ ဒီရပ်ဝန်းကစုပေါင်းနေထိုင်မှုပုံစံဟာ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်လက္ခဏာကို ကွယ်ပျောက်သွားစေခြင်းမရှိပဲ အဲဒီလိုဖြစ်စေတာထက် သူရဲ့ကျွမ်းကျင်မှုကို မျှဝေပြီး လူအများအသုံးချနိုင် အောင်လုပ်လိုက်တာနဲ့ ကျွမ်းကျင်မှုရဲ့သိက္ခာနဲ့တန်ဖိုးကိုရရှိစေမှာဖြစ်ပါတယ်။ ဘုံနေထိုင်မှုပြုခြင်း (communization) နှင့်ပတ် သက်ပြီးလွှမ်းမိုးမှုအားကောင်းလှတဲ့ အမည်မသိစာဆိုတစ်ဦးရေးသားခဲ့သော The Call အမည်ရစာစောင်ငယ်ထဲမှာပါခဲ့သလိုပါပဲ၊ “အများနှင့်မတူကွဲပြားမှု(singularity)တိုင်းသည် တူညီစွာတည်ရှိနေတဲ့အရာများရဲ့ ဟန်နဲ့အတိမ်အနက်ကြားရောက်သွားတဲ့အချိန် တိုင်းမှာခံစားရလေ့ရှိတယ်”။ ကော်မရှင်အစည်းအဝေးတွေမှာကျွန်ုပ်ဝင်ထိုင်တိုင်း ပါဝင်လာကြတဲ့လူတွေကို အလုပ်တွေ၊မိသားစု ဝတ္တရားတွေနဲ့ပြည့်နေတာတောင် ဘာကြောင့်အခုလိုအချိန်ကုန်လှတဲ့ကိစ္စတွေမှာပါဝင်ဆောင်ရွက်နေကြသေးတာလဲဆိုတာမကြာ ခဏမေးကြည့်ဖူးပါတယ်။ တစ်ခါတစ်ရံမှာတော့ ကော်မရှင်ရဲ့အသိုင်းအဝန်းအတွက်မျှော်မှန်းထားတဲ့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပန်းတိုင်ကိုရည်ညွှန်းလေ့ရှိကြပြီး များသောအားဖြင့်ပေးတဲ့အဖြေက ကော်မရှင်ရဲ့လက်တွေ့အလုပ်တွေမှာ ၎င်းတို့ရဲ့အတွေ့အကြုံ ကျွမ်းကျင်မှုတွေနဲ့အကျိုးပြုလိုက်တိုင်းခံစားရတဲ့ တစ်သီးပုဂ္ဂလရဲ့ အဓိပ္ပာယ်ပြည့်ဝမှုနဲ့စွမ်းဆောင်နိုင်မှုတို့ကို ရည်ညွှန်းလေ့ရှိကြ တယ်။

ရပ်ကွက်စိုက်ပျိုးမြေဧရိယာမှာလုပ်တဲ့တနင်္ဂနွေမနက်လုပ်အားပေးပွဲက အခြားသောကော်မရှင်တွေရဲ့အလုပ်တွေလောက် ဂုဏ်ပြောင်ချင်မှပြောင်ဦးမှာပါ။ ပြုပြင်ထိန်းသိမ်းရေးကော်မရှင်ဆိုရင် နေရောင်ခြည်စွမ်းအင်သုံး ရေသိုလှောင်စနစ်နဲ့ရေသန့်စင်စ နစ်ကို စောင့်ကြည့်ထိန်းသိမ်းနေပြီး ၎င်းကစည်ပင်ရဲ့ပြတ်တောင်းပြတ်တောင်းရေပေးဝေမှုစနစ်အပေါ်မှီခိုရမှုကို လျှော့ချပေးနိုင်ပါ တယ်။ လုံခြုံရေးကော်မရှင်ဆိုရင်လည်း ကိုယ်ထူကိုယ်ထစုပေါင်းလုံခြုံရေးလက်တွေ့အဖြစ် စုစည်းထားတယ်။ ၎င်းဟာရဲတပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှလုံးဝလွတ်မြောက်နေပြီး အထူးလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ဖွဲ့စည်းမထားတာတောင် အငှါးယာဉ်မောင်းတွေ လိုက်မပို့ချင်လောက်တဲ့ အန္တရာယ်များလှပါတယ်ဆိုတဲ့ဒီရပ်ကွက်မှာ အကြမ်းဖက်မှုများရှိမလာအောင်ထိန်းသိမ်းထားနိုင်ပါတယ်။ လေ့လာသူတစ်ယောက်အနေနဲ့လာတယ်ဆိုပေမယ့်လည်း မီရယ်လာကကျွန်ုပ်ကို ဖန်လုံအိမ်ထဲမှာ မြေဩဇာကျွေးတဲ့အလုပ်ပေး ထားတဲ့အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ်အသုံးဝင်တဲ့လူတစ်ယောက်အဖြစ်ခံစားရတယ်။ ပန်ချိုတို့ရဲ့ပါးစပ်ဖျားမှာစွဲနေတဲ့စကားတစ်ခွန်း က ရပ်ကွက်ရဲ့ အများကောင်းစားရေးလက္ခဏာကိုမီးမောင်းထိုးပြနေပါတယ်၊ “ရဲဘော်တိုင်းအတွက်အလုပ်တစ်ခုရှိရမယ်၊ အလုပ် တိုင်းကိုလုပ်မယ့်ရဲဘော်တစ်ယောက်ရှိနေမယ်”။ အာကာပါဂျင်းဂိုးဒေသမှာ လမ်းတွေဖောက်၊ အိမ်တွေဆောက်၊ ရေမီးသွယ်တန်း ပြီးဖြစ်တာတောင် ဖွဲ့စည်းမှုမပျက်ရှိနေသေးတာဟာ ဘယ်လောက်ပဲမပြောပလောက်စရာဖြစ်နေပါစေ စုပေါင်းလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခြင်းသည် သိက္ခာရှိသောဘဝနဲ့ဘုံနေထိုင်မှုပုံစံတည်ဆောက်မှုဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်မှုဖြစ်တာကို လူတွေကသဘောပေါက်ကြလို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပါဝါသည် ခေါင်းဆောင်မှနောက်လိုက်များဆီသို့သွားနေတဲ့ အထက် အောက်တည်ဆောက်ပုံတစ်ခုမဟုတ်ပဲ နေချင်စရာကောင်းတဲ့ဘဝအခြေအနေမျိုးကို လူတွေကအတူတကွလုပ်ဆောင်လာကြတဲ့ အခါမျိုးမှာ ပေါ်ထွက်လာတဲ့ ငုံလျှိုးနေသောအစွမ်း(potential)မျိုးပဲဖြစ်ပါတယ်။

ကိုယ်ပိုင်ပြဌာန်းမှု၊ ဖွဲ့စည်းမှုဖြိုဖျက်ရေးနှင့် လောကများတည်ဆောက်ခြင်း

ဒါကနိုင်ငံရေးပုံစံသစ်တစ်မျိုးဖြစ်သလားဆိုတာသိပ်တော့မသေချာပါဘူး၊ ဒါပေမယ့် သေချာတာက လူမသိသူမသိမြေအောက်လှုပ်ရှားမှုအဖြစ်နဲ့ နိုင်ငံရဲ့နေရာတိုင်းမှာရှိနေတဲ့ ကျွန်ုပ်တို့လိုအပ်နေတဲ့ နိစ္စဓူဝနိုင်ငံရေးလက်တွေ့ အလုပ်တွေပဲဖြစ်ပါတယ်။ နောက်တစ်ခုသေချာသေးတာက ဒီလိုမျိုး လူလူချင်း၊ နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်ခြင်းနည်းကြောင့် လောကသစ်တစ်ခုကိုကျွန်ုပ်တို့တည်ဆောက်နေခြင်းဖြစ်တယ်ဆိုတာကို အခုကနေစပြီး ကျွန်ုပ်တို့ဆိုနိုင်ပြီဖြစ်ပါတယ်

“နိုင်ငံရေးနည်းသစ်၊ ကမ္ဘာလောကသစ်” ပန်ချို။ ဇာပါတစ္စတာအမျိုးသားလွတ်မြောက်ရေးတပ်တော်မှ

ဦးစီးကျင်းပသော သိက္ခာရှိသောအမျက်(dignified rage)ပွဲတော်က မိန့်ခွန်းကောက်နုတ်ချက်။

မြို့ကြီးပြကြီး(metropolis)ကိုအခြားတစ်နည်းနဲ့သမုတ်ရရင် အရင်းမှဖန်တီးလိုက်တဲ့ ကမ္ဘာကြီးရဲ့ရည်မှန်းချက်များပေါင်း စုဝေးရာဌာနဖြစ်ပြီး အမြတ်ထုတ်ခြင်းလက္ခဏာရှိသောအခြေခံအဆောက်အအုံ၊ ကုန်စည်ထောက်ပံ့ရေးလမ်းကြောင်း၊ လက် အောက်ခံအဖြစ်သွတ်သွင်းခြင်းနည်းလမ်း (mode of subjectification) နဲ့ ဇီဝနိုင်ငံရေး (biopolitics) ဆိုင်ရာအုပ်ချုပ်မှုတို့ပေါင်း စုထားတဲ့ ကမ္ဘာအနှံ့အပြားတည်ရှိနေတဲ့ ပေါင်းစပ်ထားတဲ့ဆက်တိုက်ဖြစ်စဉ်(continuum)ဖြစ်တယ်။ ၎င်းသည် “အခြားသောလော ကများအားလုံးကိုသွတ်သွင်းပိုင်ခွင့်အား ကိုယ့်ကိုယ်ကိုပေးထားပြီး ၎င်းကသာအကြီးအမှူးဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုဖော်ပြခြင်း ဖြင့် ၎င်း၏လုပ်နိုင်စွမ်းကန့်သတ်ချက်ပြင်ပရှိ ဖြစ်နိုင်ချေများအားလုံးကို ငြင်းဆန်ထားသည့်” လောကတစ်ခုဖြစ်သည်(ဒီလာကာဒီ နာနှင့် ဘလက်စတာရေးသည့် ကမ္ဘာများစွာရဲ့ကမ္ဘာ(A World of Many Worlds) မှကောက်နှုတ်ချက်)။ မြို့ကြီးပြကြီးဘဝရဲ့တထီး ထဲကျန်မှု(individuation)နဲ့မရေရာမှုတို့ကြားရောက်သွားသူတွေထဲမှာ တစ်ချို့ကတော့ အီတာလိုကယ်လ်ဗီနို (Italo Calvino) ရဲ့စ ကားလုံးများအတိုင်း “ငရဲကျခံနေရစဉ်မှာ ဘယ်ဟာကငရဲမဟုတ်တဲ့အရာလဲ၊ ဘယ်သူကငရဲသားမဟုတ်တာလဲဆိုတာတွေကို သိရှိ လာအောင်လုပ်ပြီး ၎င်းတို့ကိုတည်မြဲစေတယ်၊ ၎င်းတို့အတွက်ရပ်ဝန်းဖန်တီးပေးတယ်” ဆိုသလိုမျိုး ဘဝကိုအတူတကွရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့သူတွေလည်းရှိပါတယ်။ ကျိုးပဲ့ပျက်စီးနေတဲ့မျက်မှောက်အခြေအနေတွေမှာ လူတွေကိုရှင်ကျန်စေနိုင်တဲ့ ဒီနေရာ ကလက်တွေ့အလုပ်များနဲ့ လူလူချင်းဆက်ဆံရေးပုံစံများဟာ အခြားသောဘဝနေထိုင်မှုပုံစံများကိုပုံပေါ်လာစေပြီး စိတ်ကူးထဲက လောကကို လက်တွေ့ကမ္ဘာသို့ရောက်လာအောင်ဖန်တီးပေးနိုင်မယ့် ကုန်ကြမ်းပစ္စည်းတွေပါပဲ။ ပန်ချိုတွေက သူတို့ရဲ့စီမံကိန်းတွေ ထဲကတစ်ခုဖြစ်တဲ့ အခြားသောအရှိတရားများနဲ့ အခြားသောလောကများကိုတည်ဆောက်ခြင်းကိုဖော်ညွှန်းရာမှာ သူတို့ဆိုလို တာဟာ ရှိပြီးသားဖြစ်တဲ့အာဏာပါဝါကိုစိန်ခေါ်တဲ့နိုင်ငံရေးနည်းလမ်းမဟုတ်ပဲ ကိုယ့်ကိုယ်ကိုပိုင်စိုးမှုနဲ့ ဖွဲ့စည်းပုံပယ်သောလောက တည်ဆောက်ရေးအလားအလာ (destituent world-building potential) ကို နားလည်သဘောပေါက်ခြင်းမျိုးဖြစ်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုဆိုလိုတာပါ။ ကျွန်ုပ်ယခုပြောမယ့်ဟာကလည်း အဲဒီလိုကိုယ်ပိုင်ပြဌာန်းရေးဆိုင်ရာနိုင်ငံရေးပါဝါရဲ့အလုပ်လုပ်ပုံအ ကြောင်းပါပဲ။

အစဉ်အလာအာဏာနဲ့နိုင်ငံရေးပုံစံများမှာ နိုင်ငံတော်ကိုဗဟိုပြုပြီး နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများက အလုပ်လုပ်တယ်လို့ ယူဆကြတယ်။ ၎င်းကတောင်းဆိုမှုများအပေါ်အလေးထားမှုမျိုးဖြစ်လာစေပြီး ထိုတောင်းဆိုမှုများပြုလုပ်သော အပြုခံ (subject) များကိုအသိအမှတ်ပြုမှုဖြစ်လာစေတယ်။ ကိုယ်ပိုင်ပြဌာန်းရေးလှုပ်ရှားမှုတွေကတော့ အာဏာပါဝါကို အဖွဲ့အစည်းတစ်ခုခုရဲ့ပုံစံ တစ်မျိုး၊ နေ့စဉ်ဘဝနဲ့ကင်းကွာနေတဲ့စည်းမျဉ်းစည်းကမ်းများအဖြစ်ရှုမြင်ဖို့ရန်ငြင်းဆန်ပါတယ်။ သူတို့ရဲ့အာဏာပါဝါအပေါ်ရှုမြင်ပုံ က မျက်မှောက်တွေ့ကြုံနေရတဲ့ဘုံပြဿနာများကို အတူတကွရင်ဆိုင်ကြပြီး အချိန်နေရာတစ်ခုခုမှာ သိက္ခာရှိသောဘဝ(una vida digna) တစ်ခုဖြစ်လာဖို့ အတူတကွတည်ဆောက်ကြရာမှာ ပေါ်ပေါက်လာတဲ့ငုပ်လျှိုးနေသောအစွမ်းအဖြစ်ရှုမြင်ကြတယ်။ တိုတို ပြောရရင် ကိုယ်ပိုင်ပြဌာန်းရေးသည် မျက်မှောက်လောကနဲ့မတူတဲ့အခြားသောလောကများဆောက်နိုင်ပြီး ထိုလောကတွင်းက စုပေါင်းဘဝနေထိုင်မှုပုံစံများကိုတည်မြဲနေအောင်ထိန်းသိမ်းပေးသွားနိုင်မယ့် ဘုံတူညီစွာရှိကြတဲ့စွမ်းရည်နဲ့အလားအလာများကိုဖွံ့ ဖြိုးလာစေမယ့်အနုပညာတစ်ရပ်ပါပဲ။

ဒီလိုမျိုးကိုယ်ပိုင်ပြဌာန်းရေးဆိုင်ရာပုံသေနည်းမျိုးပေါ်ထွက်လာတာဟာ ဇာပါတစ္စတာကိုကျေးဇူးတင်ရမှာပါ။ ၁၉၉၄ခုနှစ် ကသူတို့ရဲ့အုံကြွမှုဟာ ဘုံဝါဒခရီးရှည်ကြီးနိဂုံးချုပ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သစ်ရောင်နီပျိုးချိန်ဖြစ်တဲ့ နီယိုလစ်ဘရယ်တို့ က သမိုင်းနိဂုံးဆိုပြီးကြွေးကြော်နေတဲ့ကာလကိုဖြတ်သန်းခဲ့ရပါတယ်။ အဲဒီသမိုင်းနိဂုံးအမြင်နဲ့ဆန့်ကျင်စွာပဲ “အမေ့လျော့ခံမက္ကဆီ ကိုထောင့်ချိုး” ရှုထောင့်ကနေ ကိုယ်ပိုင်ပြဌာန်းရေးနဲ့စုပေါင်းရှင်သန်နေထိုင်မှုနိုင်ငံရေးပရောဂျက်များဖြင့် အရောင်အသွေးစုံလင်စွာ ပေါင်းစုနေထိုင်ရေးသည် ဖြစ်နိုင်ချေရှိကြောင်းဇာပါတစ္စတာတို့ကတိုက်တွန်းခဲ့တယ်။ ပန်ချိုအဖွဲ့လည်းပဲ ဇာပါတစ္စတာအဖွဲ့နဲ့ လျင် လျင်မြန်မြန်ပဲ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ မက္ကဆီကိုစီးတီးရဲ့ အကြီးဆုံးသောလူထုအဖွဲ့အစည်းဖြစ်တဲ့အလျောက် ပန်ချိုအဖွဲ့ဟာ ညီ ညွှတ်ရေးကြိုးပမ်းမှုမှာ အရေးပါတဲ့နေရာကရှိနေခဲ့တယ်။ ၂၀၀၆ခုနှစ်က အာကာပါဂျင်းဂိုးမှာ ဇာပါတစ္စတာအဖွဲ့ရဲ့စစ်ရေးအမိန့်ကို တစ်လအကြာလက်ခံခဲ့တာကနေ ဘယ်သွေးစည်းညီညွတ်ရေးချီတက်ပွဲမှာမဆို အကြီးမားဆုံးသောကိုယ်စားပြုအဖွဲ့ဖြစ်လာသည် အထိ အရေးပါတဲ့နေရာမှာရှိခဲ့တယ်။ အဲဒါထက်အရေးပါတာက ပန်ချိုအဖွဲ့ဟာ ကိုယ်ပိုင်ပြဌာန်းရေးကို လွတ်မြောက်ရေးဆိုင်ရာ ဒေသိယစကားအဖြစ်လျင်မြန်စွာလက်ခံခဲ့ပြီး ၎င်းတို့ရဲ့ကိုယ်ပိုင်နိုင်ငံရေးစီမံကိန်းများကို နားလည်သဘောပေါက်နိုင်စေမယ့်လမ်း ကြောင်းတစ်ခုအနေနဲ့ဖြစ်လာစေခဲ့တာပါပဲ။

ဒီလိုနဲ့ပန်ချိုအဖွဲ့ဟာ ကျယ်ကျယ်လောင်လောင်အော်နေကြတဲ့ နီယိုလစ်ဘရယ်ဈေးကွက်စီးပွါးရေးသို့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအပေါ် မေးခွန်းထုတ်မှုတစ်ခုဖြစ်တဲ့ လက်တင်အမေရိကရဲ့လူမှုရေးဆိုင်ရာတိုက်ပွဲကာလသစ်မှာ နေရာတစ်နေရာရ လာပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်သုံးခုတာကာလအတွင်းမှာ ၁၉၉၄ခုနှစ်ကဇာပါတစ္စတာအုံကြွမှု၊ ဘိုလစ်ဗီးယားရေအရင်းအမြစ်စစ် ပွဲ၊ အာဂျင်တီးနားပီကီတေးရိုးစ်(piqueteros)အုံကြွမှု၊ ဘရာဇီးက”မြေယာမဲ့လုပ်သား”လှုပ်ရှားမှု၊ ကိုလံဘီယာက မင်ဂါ(Minga) လှုပ်ရှားမှု အစရှိတဲ့အာဗျာယာလာ(Abya Yala) ဒေသတစ်လျှောက်ပေါ်ထွက်လာတဲ့ ကိုယ့်ကိုယ်ကိုပိုင်စိုးရေးလှုပ်ရှားမှုများဟာ ရာ စုသစ်အစရဲ့ရောင်နီဦးသည် နိမိတ်ဖတ်ခဲ့သလို သမိုင်းနိဂုံးချုပ်သွားတာ၊ တော်လှန်ရေးတိုက်ပွဲများအဆုံးသတ်သွားတာမျိုးမဟုတ်ပဲ နိုင်ငံရေးနဲ့အာဏာပါဝါကို ချဉ်းကပ်နည်းသစ်များဖြင့်တုံ့ပြန်ရမယ့်ပြဿနာများအဖြစ်သို့ရောက်သွားတဲ့ သမိုင်းအခင်းအကျင်းသစ် ဖြစ်လာတယ်ဆိုတာကိုပြနေပါတယ်။ မတူညီသောနောက်ခံအခြေအနေတွေကနေ ကိုယ်ပိုင်ပြဌာန်းရေးက တုံ့ပြန်မှုတစ်ခုအနေနဲ့ ပေါ်ထွက်လာတာပါ။ နယ်မြေ၊ ထပ်ဆင့်ထုတ်လုပ်ခြင်းခံရသောလုပ်အား(reproductive labor)နဲ့ အုပ်စုအနှောင်အဖွဲ့(communal bonds)တို့ရဲ့အခန်းကဏ္ဍကိုဗဟိုပြုပြီး နိုင်ငံတော်အား နိုင်ငံရေးဆိုင်ရာတိုက်ပွဲများတိုက်ရာရပ်ဝန်းတစ်ခုအနေနဲ့ ဗဟိုမပြုတော့မယ့် ကျင့်ဝတ်ရေးရာ၊ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး “ဖွံ့ဖြိုးတိုးတက်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အရင်း ရှင်စနစ်နဲ့ ခေတ်မီခြင်းတို့ကိုကျော်လွန်ပြီး” လွတ်မြောက်ရေးရပ်ဝန်းတစ်ခုကိုအနက်ဖွင့်ဆိုနိုင်ခဲ့တယ်။(Esteva, Gustavo. The Ho ur of Autonomy, 2015)

လက်တွေ့လှုပ်ရှားမှုကိုအစီအစဉ်ချမှတ်ခြင်းထက်ဦးစားပေးပြီး အစဉ်အလာလူမှုရေးဆိုင်ရာရာဒီကယ်ပြောင်းလဲမှုပုံစံများ ကိုငြင်းဆိုသည့် နိုင်ငံရေးဆိုင်ရာတိုက်ပွဲပုံစံတစ်မျိုးဖြစ်တဲ့အလျောက် ကိုယ်ပိုင်ပြဌာန်းရေးဆိုင်ရာနိုင်ငံရေးလှုပ်ရှားမှုသည် ရာအူးဇီ ဘက်ချီ(Raul Zibechi) ပြောသလို “ဆက်ဆံရေးပုံစံများနဲ့လှုပ်ရှားမှုပုံစံများအကြောင်းပြောနိုင်မယ့်” “ဘာသာစကားအသစ်တစ်ခု” လိုအပ်ပြီး “ဖွဲ့စည်းပုံနဲ့အဖွဲ့အစည်းရဲ့အဆောက်အအုံတို့ကိုစိစစ်ဖို့ရန် အယူအဆဟောင်းများရဲ့အကြပ်အတည်း” ကိုဖြိုဖျက်နိုင်ရန် လိုအပ်တယ်။ ထိုသို့သောအယူအဆပိုင်းဆိုင်ရာဘာသာစကားအသစ်ကိုဖွင့်ဆိုနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းရေး၏အနက်ကိုပေါ်လွင်စေ ဖို့ 19 and 20: Notes for a New Social Protagonism စာအုပ်မှာ Colectivo Situaciones အဖွဲ့ကအလေးအနက်ထားတင်ပြခဲ့ တဲ့ ဖွဲ့စည်းမှုဖြိုဖျက်ရေးပါဝါ (destituent power) အယူအဆက မရှိမဖြစ်အရေးပါတဲ့နေရာမှာရှိနေတယ်။ အဲဒီစာအုပ်မှာ ၂၀၀၁ခု နှစ်ကဖြစ်ခဲ့တဲ့ အာဂျင်တီးနားကအုံကြွမှုနဲ့ အဲဒီအုံကြွမှုရဲ့ထင်ရှားတဲ့အမှတ်သင်္ကေတဖြစ်တဲ့ ”အားလုံးထွက်သွားကြ” ဆိုတဲ့ကြွေး ကြော်သံတို့ကို ရှင်းပြခဲ့ပြီး ထိုသို့သော “အပြုခံမရှိသောအုံကြွမှု(insurrection without subjects)” အယူအဆမျိုးသည် တော်လှန် ရေးအား အချုပ်အခြာအာဏာပုံသစ်တစ်မျိုးအဖြစ်ပြန်လည်တည်ဆောက်တဲ့ ရှေ့ယခင်ကလှုပ်ရှားမှုများရဲ့ ဖွဲ့စည်းပုံဆန်တဲ့အမြင် မျိုးတွေကိုငြင်းပယ်ခဲ့တယ်ဆိုတာကို ဖော်ပြခဲ့တယ်။ ထို့အတွက်ကြောင့် တရားဝင်မှုတစ်ရပ်ဟာ အပြုခံဖြစ်တဲ့လူထုတစ်ရပ်ကို အခြေခံပြီးကိုယ်စားပြုပါတယ်လို့ဆိုတဲ့ အချုပ်အခြာအာဏာပုံစံသစ်တစ်မျိုးကိုပြန်လည်ဖန်တီးတဲ့ ဖွဲ့စည်းပုံဆန်သောပါဝါအာဏာ မျိုးထက် အဲဒီအုံကြွမှုဟာ အချုပ်အခြာအာဏာကိုယ်စားပြုမှုများအားလုံးကို ဖြစ်မလာတော့အောင်လုပ်ပေးတဲ့ ဖွဲ့စည်းပုံဖြိုဖျက် သောပါဝါ(destituent power) ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ ၎င်းသည် ကိုယ်စားပြုခြင်းနဲ့ အချုပ်အခြာအာဏာ၏ပါဝါမှ ကိုယ်ပိုင်ပြ ဌာန်းရေးဆိုင်ရာနိုင်ငံရေးလက်တွေ့များအဖြစ်သို့ပြောင်းသွားတဲ့ ကြီးမားလှတဲ့နိုင်ငံရေးအယူအဆပိုင်းဆိုင်ရာအပြောင်းအလဲတစ်ခု ကို ဖော်ပြနေပါတယ်။

“ထိုသို့သောဖွဲ့စည်းပုံဖြိုဖျက်ရေးအုံကြွမှုမှာ လူထုရဲ့အလားအလာရှိသောပါဝါ(potencia)ကိုပြန်လည်ရှာဖွေတွေ့ရှိ နိုင်ပါတယ်။ အကယ်၍ အချုပ်အခြာအာဏာအင်စတီကျူးရှင်းများအရအလုပ်လုပ်သည့်နိုင်ငံရေးသည် နိုင်ငံတော်မှလာသည့် လူမှုရေးဆိုင်ရာတည်ဆောက်မှုများမှာတည်နေတယ်ဆိုရင်၊ ဖွဲ့စည်းပုံဖြိုဖျက်ရေးလှုပ်ရှားမှုက လူမှုအပြောင်းအလဲလက်တွေ့ လုပ်ဆောင်မှုအတွက် မတူညီသောလမ်းကြောင်းတစ်ခုကိုညွှန်ပြပေးနေသလိုပါပဲ။ ထိုကဲ့သို့သော ဖွဲ့စည်းပုံဖြိုဖျက်ခြင်းသည် နိုင်ငံရေးမဟုတ်သော(apolitical)အရာတစ်ခုမဟုတ်ပါ။ ကိုယ်စားပြုမှုဆိုင်ရာအချုပ်အခြာအာဏာနိုင်ငံရေးအပေါ် ထောက်ခံမှုကို ရပ်တန့်လိုက်ပြီး လက်တွေ့လုပ်ဆောင်မှုများရဲ့အနက်သည် နိုင်ငံတော်မှတစ်ဆင့်သာရရှိနေသည်မဟုတ်တော့ချေ။”

(Colectivo Situaciones 2011, p 52-53)

ဒီနေရာမှာ နိုင်ငံရေးရဲ့ အစဉ်အလာကိုယ်ထည်ကွယ်ပျောက်ခြင်းဟာ နိုင်ငံရေးအဆုံးသတ်တာကိုဆိုလိုတာမဟုတ်ပါဘူး။ Colectivo Situaciones ညွှန်းဆိုခဲ့သလို ကိုယ်စားပြုခြင်းနိုင်ငံရေးများကို ဖွဲ့စည်းပုံဖြိုဖျက်သည့်အပြင် “ကိုယ်စားပြုမှုများထပ်ပြီး ဖြစ်စေရန်သေချာအောင်လုပ်သည့်””လူ့အဖွဲ့အစည်းရဲ့ဦးစီး(social protagonism)”အယူအဆသစ်တစ်ခုရဲ့ သမိုင်းအရပေါ်ပေါက် လာခြင်းကိုရည်ညွှန်းနေတာပါ။ ထိုကဲ့သို့သော “လူ့အဖွဲ့အစည်းရဲ့ဦးစီး”အယူအဆသစ်ပေါ်ပေါက်လာခြင်းရဲ့သော့ချက်ကတော့ ပါဝါ ဟူသည် ဆန္ဒထုတ်ဖော်ခြင်း(protestas)ဆန်သည့် “power over” အသွင်မျိုးမရှိပဲ၊ အတွင်းသားထဲတည်နေပြီး ရုပ်ဆိုင်ရာစွမ်း ဆောင်ရည်များအပေါ်မူတည်တဲ့ အလားအလာစွမ်းရည်(potencia) ဆန်တဲ့ “power to” အသွင်မျိုးဖြစ်ကြောင်း နားလည်သဘော ပေါက်မှုတစ်ခုကြောင့်ပါပဲ။ အဲဒီလူ့အဖွဲ့အစည်းရဲ့ဦးစီးအယူအဆသစ်အတွက် နိုင်ငံရေးဆိုသည်မှာ “နိုင်ငံရေးဆိုင်ရာအဇ္ဈတိက (political subjectivity)”အပေါ်မှီခိုနေရခြင်းမရှိတော့ပဲ“ရှိပြီးသားလွှမ်းမိုးကြီးစိုးဆဲထုံးတမ်းစဉ်လာနေရာမှာ အပြိုင်ကျင့်ဝတ်ထုံး တမ်းများဖန်တီးပေးမယ့် လူ့အဖွဲ့အစည်းရဲ့ဦးစီးအယူအဆသစ်ကို လက်တွေ့ကျင့်သုံးရာမှပေါ်ပေါက်လာတဲ့ ဆန်းသစ်သောအမြင် များထုတ်လုပ်နိုင်စွမ်းအရအလုပ်လုပ်တဲ့ ကျင့်ဝတ်ဆိုင်ရာလက်တွေ့အလုပ်ပဲဖြစ်ပါတယ်”။ ဒီလိုမျိုးပါဝါအပေါ်နက်နက်ရှိုင်းရှိုင်းရှု မြင်ပုံမျိုးဟာ နိုင်ငံရေးဆိုင်ရာပါဝါအပေါ်ရှုမြင်ရာမှာလည်း နိုင်ငံတော်ရဲ့ ကိုယ်စားပြုအင်စတီကျူးရှင်းများမှာတည်နေတဲ့အရာအ ဖြစ်မဟုတ်ပဲ နိစ္စဓူဝလုပ်ငန်းဆောင်တာများမှာတင်ရှိနေတဲ့အရာအဖြစ် ရှုမြင်ပုံမျိုးပါပဲ။ လွတ်မြောက်ခြင်းသည်လည်း အနာဂတ် တစ်ချိန်ချိန်မှာဖြစ်မယ့်ဟာမျိုးမဟုတ်ပဲ မျက်မှောက်ပစ္စုပ္ပန်မှာတင်”ထိုသို့သောဖြစ်နိုင်ချေအတွက် မိမိဘဝကို ရုပ်ဆိုင်ရာအခြေခံ အုတ်မြစ်များအားခိုင်မာနေအောင်လုပ်နေသူများ”ရဲ့လက်ထဲမှာရှိနေပါတယ်။

Colectivo Situaciones ရဲ့လက်ရာများကိုဖတ်ရှုခဲ့စဉ် အီတလီလူမျိုး ကိုယ်ပိုင်ပြဌာန်းရေးဝါဒီတစ်ဦးဖြစ်သူ မာချယ်လို တာရီ(Marcello Tari)ကခုလိုမှတ်ချက်မျိုးပေးခဲ့ပါတယ်။”ဖွဲ့စည်းပုံဖြိုဖျက်ရေးဖြစ်စဉ် (destituent process) ရဲ့အဓိကအကျသော ဝိသေသလက္ခဏာမှာ အင်စတီကျူးရှင်းအသစ်များကိုထပ်မံဖန်တီးတာထက် အပြိုင်လောကများကိုသာ ဖန်တီးတည်ဆောက်နေ တာပဲဖြစ်ပါတယ်”။ ကိုယ်စားပြုခြင်းဆိုင်ရာနိုင်ငံရေးပုံစံများကိုအဆုံးသတ်လိုက်ပြီး သိက္ခာရှိသောဘဝဖန်တီးတည်ဆောက်နိုင်ရန် စုပေါင်းစွမ်းရည်ကိုဖွံ့ဖြိုးလာစေမယ့် ကိုယ်ပိုင်ပြဌာန်းရေးနိုင်ငံရေးလက်တွေ့အလုပ်များအပေါ်အခြေခံထားခြင်းဖြင့် အာကာပါ ဂျင်းဂိုးသည် ဖွဲ့စည်းပုံဖြိုဖျက်ခြင်းဖြစ်စဉ်တလျှောက် တဖြည်းဖြည်းရုပ်လုံးပေါ်လာနေသော လောကတစ်ခုဖြစ်ပေတယ်။

အသက်ရှင်ကျန်ရေးနည်းဗျူဟာမှသည် ဘဝနေထိုင်ရေးစီမံကိန်းများသို့: လူမွဲတို့အရေးလှုပ်ရှားမှု များကိုပြန်လည်သုံးသပ်ခြင်း

“အနောက်တိုင်းအိုင်ဒီယော်လော်ဂျီကအမြဲတစေဖုံးကွယ်ထားချင်သော လျှို့ဝှက်ချက်တစ်ခုမှာ “နိုင်ငံရေး”နဲ့”ဘဝ” ခြားနားခြင်းမရှိဆိုတာပါပဲ။ ရှိနေတာက အတွေ့အကြုံနဲ့နေ့စဉ်ဘဝဟူသည့် မျက်နှာပြင်တစ်ဖက်သာဖြစ်ပြီး ၎င်းသည် ဒုက္ခဆင်းရဲအကြောင်းသဒ္ဒါများတွင်စိမ့်ဝင်တည်ရှိနေပြီး မရေမတွက်နိုင်သောနိုင်ငံရေးမတိုင်မီအခြေအနေ(ante-political) ပုံစံများကတွင်ကျယ်နေစေပြီး ထိုပုံစံများက အချို့နေရာများတွင် အစွန်းနှစ်ရပ်ကွဲအောင်ဖန်တီးသည့် တင်းအားအဖြစ်သို့ရောက်သည်။”

အဆုံးမဲ့မီးမ်(Memes)များ၊ Adrian Wohlleben(2021)

အာကာပါဂျင်းဂိုးတွင်နေထိုင်သူများက ဒီနေရာကိုရောက်လာခြင်းဟာ ကွန်မြူနစ်စီမံကိန်းများအပေါ် နိုင်ငံရေးအရ၊ လက် တွေ့လုပ်ဆောင်မှုများအရပြန်လည်သုံးသပ်ဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းရေးတည်ဆောက်ဖို့ ဆိုတာမျိုးတွေနဲ့သက်ဆိုင်ခြင်းမရှိ ကြောင်း တုံ့ဆိုင်းခြင်းမရှိ ဖြေဆိုကြပါလိမ့်မယ်။ အဲဒါမျိုးတွေထက် ဒီကိုရောက်လာတာဟာ လိုအပ်ချက်အရ (out of necessity) လို့သာဖြေဆိုကြပါလိမ့်မယ်။ အခြားနည်းနဲ့ပြောရရင် သူတို့ဟာ မြို့ပြဘဝရဲ့ အခြေခံအဆင်ပြေရေးပရိဘောဂများ(basic amenit ies)ကို အသုံးပြုပိုင်ခွင့်အနည်းငယ်သာရှိတဲ့ မရေရာတဲ့ဘဝတွေကိုဖြတ်သန်းနေကြရတဲ့ လူမွဲတွေပါပဲ။ သို့သော်လည်း နေရေးအ တွက် ပုံစံမကျတဲ့အိုးအိမ်နေရာချထားတဲ့နေရာကိုရောက်လာတဲ့အခါ အစောပိုင်းနေရာဦးသူတွေက ပထမဆုံးခြေလှမ်းအဖြစ် မြို့ကြီးပြကြီးကပေးလာတဲ့ ဘဝအတွေ့အကြုံတွေကို တက်တက်ကြွကြွရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ရုပ်ဝတ္ထုပစ္စည်းများချို့တဲ့ခြင်းရဲ့ ပြုသမျှနုရတဲ့ဘဝကိုငြင်းဆန်လိုက်ပြီး သူတို့နေထိုင်နေတဲ့ရပ်ဝန်းကို “နေထိုင်ရာအိမ်၊ နိုင်ငံရေးနဲ့ ဘဝတိုက်ပွဲအတွက်”ရပ်ဝန်း တစ်နေရာအဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်။ မြို့ပြသီအိုရီသမား Ananya Roy ဖော်ပြခဲ့တဲ့ “မြို့ပြလူမွဲဝါဒ(subaltern urbanism)” လိုပါပဲ။ ဒါပေမယ့်လည်း မြို့ပြလူမွဲတွေရဲ့လူထုကိုယ်စားလှယ်များရဲ့သုံးသပ်ချက်တွေကိုကြည့်လိုက်ရင် သမားရိုးကျမဟုတ်သော ဒါမှမဟုတ် အစဉ်အလာလူမှုလှုပ်ရှားမှုများအပေါ်မှာပဲ ဥပါဒန်ဖြစ်နေကြပြီး ပန်ချိုအဖွဲ့နဲ့၎င်းတို့ရဲ့နိုင်ငံရေးဆိုင်ရာလွတ်မြောက်ရေး အစီအမံတွေအပေါ် သဘောပေါက်နားလည်ဖို့ကြိုးစားခြင်းမရှိကြပါဘူး။ ဆောင်းပါးနိဂုံးအဖြစ် လူ့ဘဝနဲ့ လောကသစ်များဖန်တီး ခြင်းကိုဗဟိုပြုထားတဲ့ ဖွဲ့စည်းပုံဖြိုဖျက်ရေးဖြစ်စဉ်အပေါ်နားလည်သဘောပေါက်မှုဟာ သမားရိုးကျမဖြစ်တဲ့ ဒါမှမဟုတ် အစဉ်အ လာလှုပ်ရှားမှုဘောင်များကိုကျော်လွန်ပြီး လူမွဲတို့ရဲ့လှုပ်ရှားမှုအတွက်နည်းလမ်းသစ်များဘယ်လိုမျိုးဖန်တီးပေးလဲဆိုတာကို ကျွန်ုပ် လေ့လာတင်ပြပေးပါ့မယ်။

“မြို့ပြလူမွဲများဟာ ပင်ကိုယ်အရပြုသမျှနုနေရတဲ့သားကောင်တွေပါပဲ၊ သူတို့က အရင်းရှင်လူ့အဖွဲ့အစည်းအဆောက်အအုံ ထဲ နေရာတစ်နေရာယူထားတာထက် ဆုတ်ယုတ်နေတဲ့”ဆင်းရဲခြင်းရပ်ဝန်း”မှာပဲချောင်ပိတ်မိနေတယ်”။ အဆိုပါအမြင်မျိုးကို ဦးစွာ တင်ပြခဲ့ကြသူတွေက အမေရိကန်ခေတ်မီဖွံ့ဖြိုးခြင်းဆိုင်ရာသီအိုရီသမားတွေပါ။ အဲဒီအမြင်က မကြာခဏမှတ်ကျောက်တင်ခံရပြီး လဲဖြစ်တယ်။ ယ​နေ့အချိန်ထိ မြို့ပြလူမွဲများအကြောင်းပုံဖော်ရာမှာ အစွန်းရောက်ဘာသာရေးဂိုဏ်းများနဲ့ ရာဇဝတ်ဂိုဏ်းများမှာပါ ဝင်ချင်စိတ်ပြင်းပြကြပြီး လူမှုတည်ငြိမ်ရေးအပေါ်ခြိမ်းခြောက်နေတဲ့ “ရုန်းကန်နေတဲ့အောက်တန်းစားများ”အဖြစ် ခြယ်မှုန်းခဲ့ကြ တာချည်းပါပဲ။ သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ မြို့ပြလူမွဲများက ဘယ်လိုမျိုးကြိုးစားပြီး ဘဝကိုဖြတ်သန်းနေကြသလဲ ဆိုတာကိုပြောပြတဲ့အဆိုတွေကတော့ အထက်ကယူဆချက်ကိုစိန်ခေါ်နေပေမယ့်လည်း များသောအားဖြင့် သမားရိုးကျမဟုတ် သောအသက်ရှင်ကျန်ရေးနည်းဗျူဟာများ သို့မဟုတ် လူမှုရေးဆိုင်ရာလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်ကြပုံတွေမှာပဲ အာရုံစိုက် ထားလေ့ရှိတယ်။

သမားရိုးကျမဟုတ်သောအသက်ရှင်ကျန်ရေးနည်းဗျူဟာအပေါ်လေ့လာမှုက အင်စတီကျူးရှင်းပြင်ပရှိအရာများကို အာရုံ စိုက်ကြလေ့ရှိတယ်။ ဆိုလိုတာက မြို့ပြလူမွဲတွေ အသက်ရှင်ကျန်ရေးအတွက် ဘယ်လိုမျိုးကြိုးပမ်းဆောင်ရွက်ကြသလဲဆိုတာမျိုး တွေ၊ ဆွေမျိုးတော်စပ်မှုကိုအခြေခံထားတဲ့ အပြန်အလှန်ရိုင်းပင်းကူညီမှုကွန်ယက်တွေမှာ ပါဝင်ကြတာတွေကနေ၊ လမ်းဘေးဈေး ဆိုင်တည်သလိုမျိုး သမားရိုးကျမဟုတ်တဲ့ စီးပွါးရေးရှာပုံမျိုးတွေ၊ သို့မဟုတ်လည်း ကိုယ်ထူကိုယ်ထအိုးအိမ်တည်ဆောက်မှုမျိုး အ စရှိတဲ့အရာတွေပါပဲ။ မြို့ပြလူမွဲများရဲ့ ကိုယ်ပိုင်ပြဌာန်းရေးနဲ့ကိုယ်ထူကိုယ်ထဖွဲ့စည်းသောအဖွဲ့အစည်းအပေါ်အလေးထားရာမှာ အ ထက်ကဆိုခဲ့တဲ့ အသက်ရှင်ကျန်ရေးနည်းဗျူဟာများအပေါ်ရှုမြင်ပုံမျိုးသည် ထိုလှုပ်ရှားမှုများ၏နိုင်ငံရေးသဘာဝကို ဖယ်ရှားပစ် လိုက်ပြီး လက်ငင်းလိုအပ်ချက်များကိုဖြည့်ဆည်းရာတွင်လည်း အကန့်အသတ်ဖြစ်ပေါ်စေတယ်။

ပန်ချိုတို့က ၎င်းတို့သည် “အိုးအိမ်စီမံကိန်းများကိုဖန်တီးနေတာမဟုတ်ပါ၊ ဘဝရှင်သန်ရေးစီမံကိန်းများဖန်တီးနေခြင်းဖြစ် ပါတယ်” လို့ဆိုခဲ့တာဟာ အသက်ရှင်ကျန်ရေးနည်းဗျူဟာများအပေါ်မှာပဲအာရုံစိုက်ထားခြင်းသည် မြို့ပြလူမွဲများ၏လှုပ်ရှားမှုများ ကို ရှင်ကျန်ရေးအတွက်သက်သက်သာရွေ့လျောသွားစေပုံမျိုး စိန်ခေါ်ခဲ့တာပါ။ ဘဝရှင်သန်မှုရဲ့ဇီဝနိုင်ငံရေးကို ဖြစ်တည်မှုအရေး သက်သက်သာဖြစ်သွားစေတဲ့ပုံစံမျိုးတွေကို ပန်ချိုတို့ကဆန့်ကျင်ပြီး အရည်အသွေးပြည့်ဝတဲ့နိုင်ငံရေးသဘာဝရှိတဲ့ သိက္ခာရှိသော ဘဝအတွက် ရုန်းကန်ကြိုးစားမှုအတွက်တိုက်တွန်းပါတယ်။ စုပေါင်းဆုံးဖြတ်ခြင်းနဲ့ ကိုယ်ထူကိုယ်ထဖွဲ့စည်းခြင်းတို့လို စုပေါင်း လက်တွေ့လုပ်ဆောင်မှုများကိုဖန်တီးပြီး မိမိတို့ရဲ့အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဖို့ရန်ကြိုးပမ်းခြင်းဖြင့် ပန်ချိုတို့သည် “လက်ငင်းပြဿနာများနဲ့တစ်ဖက်သတ်ကျသောမေးခွန်းများ”ဖြစ်တဲ့ မာချယ်လိုတာရီရဲ့ တစ်ကမ္ဘာလုံးအပေါ် ဖွဲ့စည်းပုံဖြိုဖျက်ရေး ပါဝါကထုတ်လိုက်တဲ့မေးခွန်းမျိုးအဖြစ် ဖော်ထုတ်တင်ပြထားတဲ့”ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်မှာနေထိုင်ကြမလဲ”ဆိုတဲ့မေးခွန်း မျိုးကို လိုအပ်ချက်အရမေးလိုက်ပါတယ်။ ထိုမေးခွန်းရဲ့ ကျင့်ဝတ်-နိုင်ငံရေးဆိုင်ရာ(ethico-political) ဂယက်အနက်ကတော့ ပြ ဿနာကဘယ်လိုပဲလက်တွေ့ကျနေပါစေ “အသက်ရှင်ကျန်ရေးနည်းဗျူဟာ”ဆိုပြီးတင်ပြမယ့်အစား”ဘဝရှင်သန်ရေးနည်းဗျူဟာ” အဖြစ်တင်ပြခြင်းကသာ တော်တည့်မှန်ကန်ပါလိမ့်မယ်ဆိုတာပါပဲ။

ကျွန်ုပ်တို့ပြောတဲ့ ထိုကဲ့သို့သော ဘဝရှင်သန်ရေးနည်းဗျူဟာများရဲ့ ဖွဲ့စည်းပုံဖြိုဖျက်ရေးအလားအလာစွမ်းအားကို လူမှုဗေ ဒပညာရှင်တစ်ဦးဖြစ်တဲ့ Asef Bayat ကလည်းသတိမူမိပါတယ်။ ကုန်ပစ္စည်းပြန်လည်ဖြန့်ဝေခြင်းနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုထိန်း သိမ်းခြင်းတို့လို အသံတိတ်တိုက်ရိုက်လှုပ်ရှားမှုတွေဖြစ်တဲ့ မြို့ပြလူမွဲများရဲ့”သာမန်နိစ္စဓူဝလုပ်ငန်းဆောင်တာများ”အပေါ် သူက အာရုံစိုက်ထားပြီး ထိုကဲ့သို့သောဘဝရှင်သန်ရေးလက်တွေ့လှုပ်ရှားမှုများသည် အင်စတီကျူးရှင်းများကိုသိမ်းပိုက်ဖို့ရာပဲအားသန် နေတဲ့ တော်လှန်သောနိုင်ငံရေးများထက် အသွင်ကူးပြောင်းမှုမှာပို၍ကြီးမားပြီး ရုပ်ဝတ္ထုပစ္စည်းများပြန်လည်ဖြန့်ဝေရာတွင်လည်း ပို၍ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ဆိုတယ်။ သူ့ရဲ့လင်္ကာမြောက်အရေးအသားအတိုင်းဆိုရမယ်ဆိုရင် မြို့ပြ လူမွဲတို့ရဲ့ ဘဝရှင်သန်ရေးလုပ်တွေ့လုပ်ဆောင်ချက်များက “တိတ်တဆိတ်ချဉ်းနင်းဝင်ရောက်လာသောသာမန်ပုဂ္ဂိုလ်များ” အဖြစ် ဖန်တီးလိုက်ပြီး အဓွန့်ရှည်သော၊ လူမှုရေးဆိုင်ရာအပြောင်းအလဲဖော်ဆောင်ပေးမယ့်သေးငယ်သောစွမ်းအားစုတစ်ခုလည်း ဖြစ်ပါ တယ်။

နိစ္စဓူဝလက်တွေ့လုပ်ငန်းဆောင်တာတွေက ဆန္ဒထုတ်ဖော်ခြင်းနေရာမှာအစားထိုးနိုင်တယ်လို့ Bayat ကမှတ်ချက်ပေးခဲ့ပြီး ထိုကဲ့သို့သောစွမ်းအားစုကို “လူမှုရေးလှုပ်ရှားမှု”အဖြစ်မဟုတ်ပဲ “လှုပ်ရှားမှုမဟုတ်သော” အရာ သို့မဟုတ် စုဖွဲ့မှုမရှိသော စုပေါင်း လှုပ်ရှားမှုအဖြစ် ဖော်ပြခဲ့တယ်။ ပန်ချိုအဖွဲ့ဟာ ရွေးကောက်ခံနယ်မြေပြင်ပသို့ဖယ်ထုတ်ခံထားရတဲ့သူတွေကိုစုစည်းပြီး မြို့ပြထဲ ပြန်ရောက်အောင် နိုင်ငံတော်ဆီကနေ အမှတ်အသားတစ်ခုခုသို့မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတစ်ခုခုကို နစ်နာကြေးအဖြစ်တောင်း ဆိုတဲ့ အစဉ်အလာမြို့ပြဆိုင်ရာလူမှုရေးလှုပ်ရှားရေးမှုပုံစံနဲ့ ကိုက်ညီမှုမရှိသော်လည်း ၎င်းကို ဖွဲ့စည်းမှုမရှိသော disorganized ပုံစံအဖြစ် ဖော်ပြရန်လည်းခက်လှတယ်။ တကယ်တော့ သွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတော်နဲ့နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ခြင်းမရှိပဲ ကင်းလွှတ်နေတဲ့အပြင် ပန်ချိုအဖွဲ့ဟာ ၎င်းတို့ရဲ့”ပင်မကျောရိုး”သည် “အဖွဲ့အစည်းနဲ့ သိမှု(consciousness)တို့ကိုဖန်တီးခြင်းသည် လူထုပါဝါဖန်တီးခြင်းပင်ဖြစ်သည်” ဆိုတာကို နားလည်သဘောပေါက်မှုပဲဖြစ်တယ်လို့ဆိုခဲ့တယ်။ အမှန်တကယ်လည်း ဖွဲ့စည်းပုံဖြို ဖျက်ရေးဖြစ်စဉ်ရဲ့ အဓိကကျဆုံးအချက်က ဘဝရှင်သန်ရေးနည်းဗျူဟာသည် တစ်ဦးတစ်ယောက်ချင်းရဲ့ဖန်တီးမှုမဟုတ်ပဲ စုပေါင်း စွမ်းဆောင်နိုင်ချေများကိုစုစည်းထားဖို့လိုအပ်တဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ကြောင်း နားလည်ဖို့လိုတယ်။ ထို့အတွက် ကြောင့် မာချယ်လိုတာရီက ဖွဲ့စည်းပုံဖြိုဖျက်ရေးကို “လူမှုရေးဆိုင်ရာလှုပ်ရှားမှုဝေါဟာရဖြင့်အနက်ဖွင့်ဆိုနိုင်ခြင်းမရှိပါ။ အမှန်တ ကယ်တမ်းတော့ ၎င်းရဲ့ပင်ကိုယ်သဘောသဘာဝကိုက ကိုယ်ပိုင်ပြဌာန်းရေး၊ နေရာချထားရေးနဲ့ ကိုယ်ထူကိုယ်ထအဖွဲ့အစည်း သ ဘောသဘာဝများပါနေပြီးဖြစ်တဲ့အတွက်ကြောင့်ပါပဲ”။ အာကာပါဂျင်းဂိုးသည် လူမှုရေးဆိုင်ရာလှုပ်ရှားမှုလို့ပြောမယ့်အစား ရာအူး ဇီဘက်ခ်ချီရဲ့ သပ်ရပ်တဲ့ဖွင့်ဆိုမှုအတိုင်း “လှုပ်ရှားမှုဆောင်ရွက်နေသောလူ့အဖွဲ့အစည်းတစ်ရပ်” လို့ဆိုတာကပိုသင့်လျော်ပါမယ်။

ဖွဲ့စည်းပုံဖြိုဖျက်ရေးအတွက်စုစည်းလှုပ်ရှားမှုတစ်ခုဖြစ်တဲ့အလျောက် ပန်ချိုအဖွဲ့ဟာ ပုန်ကန်သောသဘောသဘာဝရှိတဲ့ လောကတည်ဆောက်ရေးလက်တွေ့လုပ်ဆောင်ချက်များအတွင်းပါဝင်ခဲ့ပြီး ထိုထဲမှာ စုပေါင်းနေထိုင်ရှင်သန်မှုပုံစံတည်ဆောက် ခြင်းက မြို့ကြီးပြကြီးရဲ့မသေချာမရောမှုများကို ရင်ဆိုင်ဖို့ရန်အတွက် ဘဝရှင်သန်ရေးနည်းဗျူဟာများအဖြစ် ပေါ်ပေါက်လာခဲ့ တယ်။ သူတို့ရဲ့ဘဝရှင်သန်ရေးစီမံကိန်းက ဖွဲ့စည်းပုံဖြိုဖျက်ရေးအတွေ့အကြုံတစ်ခုပါပဲ။ ၎င်းဟာ လူအများစုပေါင်းဖြစ်တည်မှုမှာရှိ တဲ့ သူတို့ရဲ့ဘဝအခြေအနေကို ထိန်းချုပ်နိုင်ဖို့ရန် ရုန်းကန်ကြိုးစားကြရာမှ ဖြစ်ပေါ်လာတဲ့ လက်တွေ့လုပ်ဆောင်ချက်များမှပေါ် ပေါက်လာသော အလားအလာစွမ်းရည်ပဲဖြစ်ပါတယ်။ ဒီရပ်ဝန်းမှာ မြို့ပြလူမွဲများရဲ့ ဘဝရှင်သန်ရေးနည်းဗျူဟာများသည် တစ်သီး ပုဂ္ဂလရှင်ကျန်ရေးအဖြစ်သို့ရွေ့လျောသွားခြင်း ဒါမှမဟုတ်လည်း ခေတ်သစ်နိုင်ငံတော်ရဲ့ကန့်သတ်မှုများကို ငြင်းဆန်ခဲ့ပြီး လောက သစ်များနဲ့ ဘဝနေထိုင်မှုပုံစံသစ်များကိုဖန်တီးနိုင်ခဲ့ပါတယ်။