Shūsui Kōtoku
ခိုတိုခုရဲ့ ထောင်တွင်းမှပေးစာ
အယ်ဒီတာ မှတ်စု(Robert Graham): ခိုတိုခု (ဒန်ဂျိရို )ရှု့စုအိ (၁၈၇၁-၁၉၁၁)
သည် ဂျပန်ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်မင်းမဲ့ လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် Orthodox Marxist ဆိုရှယ်ဒီမိုကရစ်တစ် တစ်ဦးအဖြစ်စတင်ခဲ့ပေမဲ့ နောက်ပိုင်းတွင် ပါလီမန်ဆိုရှစ်လစ်လမ်းစဥ်မှ စွန့်ခွာကာ ၁၉၀၅ ခုနှစ် တွင် ခွင့်ပြုချက်မဲ့စာပေများ ထုတ်ဝေမှုဖြင့်
ထောင်ကျပြီး လွှတ်မြောက်လာချိန်တွင် မိမိကိုယ်ကိုမင်းမဲ့ဝါဒီတစ်ဦးအဖြစ်ကြေငြာခဲ့သည်။
ထိုနောက်တွင်သူသည် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှမင်းမဲ့ဝါဒီများ နှင့် အခြားစက်မှုလုပ်သားများနှင့် ချိတ်ဆက်ဆက်သွယ်ခဲ့ပြီး ဂျပန်ကို ပြန်ရောက်လာချိန်တွင် Direct Action လှုပ်ရှားမှုကို ဖြန့်ဝေဆော်သြော်ရာတွင် ထင်ရှားလာခဲ့သည်။
သူသည် မင်းမဲ့စာပေများရေးသားထုတ်ဝေခြင်းနှင့် ဥရောပမင်းမဲ့စာပေများဘာသာပြန်ဆို့သည် လုပ်ငန်းစဥ်များတွင် ပါဝင်ခဲ့ပြီး Kropotkin ရဲ့ Conquest of The Bread စာအုပ်မှာလဲ တစ်အုပ်အပါအဝင်ဖြစ်သည်။
သူသည် မကြာခဏဆိုသလို ဂျပန်အာဏာပိုင်များ၏ နှောက်ယှက် ခြိမ်းခြောက်ခြင်းများကို ခံခဲ့ရပြီး
၁၉၁၀ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်သစ္စာဖောက်မှုဖြင့် သူ၏ အပေါင်းအဖော်ဖြစ်သော ခနို စုဂခို နှင့်အတူ အခြားရဲဘော် ၉ ယောက်အပါအဝင် သေဒဏ်ချ မှတ်ခံခဲ့ရပြီး ဇန်နဝရီလ ၁၉၁၁ ခုနှစ်တွင် ကွပ်မျက်ခြင်းခံခဲ့ရပြီး အခြားမင်းမဲ့ရဲဘော်ရဲဘက်များကိုလဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါသည်။ အောက်ပါစာသည် ၁၉၁၀ ဒီဇင်ဘာလတွင် အကျိုးဆောင်ရှေ့နေကို ထောင်တွင်းမှရေးသားပေးပို့ခဲ့သော စာဖြစ်ပြီး ယိုရှီဟာရု ဟာရှီမိုတိုက ဘာသာပြန်ဆိုထားပြီး A Short History of the Anarchist Movement in Japan (Tokyo: Idea စာအုပ်တွင် ၁၉၇၈ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်ကို အယ်ဒီတာမှာ ဆီလျော်အောင် တည်းဖြတ်ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
ခိုတိုခုရဲ့ ထောင်တွင်းမှပေးစာ
ဘယ်လိုပဲ လှုပ်ရှားမှုတွေပဲလုပ်လုပ် မင်းမဲ့တွေရဲ့လှူပ်ရှားမှုဆိုတာနဲ့ ဂန်းတွေ၊ ပစ္စတိုတွေ၊ လက်ပစ်ဗုံးတွေ၊ အကြမ်းဖက်မှုတွေ၊ အာဏာပိုင်တွေကို လုပ်ကြံသတ်ဖြတ်တာလို့ပဲ မြင်နေကြတာဟာ မင်းမဲ့ဝါဒအပေါ်အပြည့်အဝနားမလည်သေးတာပဲဖြစ်တယ်။
တစ်ကယ်တော့ မင်းမဲ့ဝါဒဟာ
ရှေ့နေတို့လဲ သိပြီးသားဖြစ်တဲ့ Lao Tzu တို့ Chunaury Tzu တို့တွေရဲ့ အတွေးအခေါ်နဲ့သိပ်မကွာခြားပါဘူး။
သူတို့ရဲ့ လမ်းညွှန်သင်ကြားချက်တွေက ဘာပြောလဲဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်မှူ၊ ပျော်ရွှင်မှုကိုရဖို့က ကျွန်တော်တို့ကိုယ်တိုင်ပဲကြိုးစားအားထုတ်ရမှာလို့ဆိုတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုလွတ်လပ်မှုနဲ့နေထိုင်တာကိုက လူ့အဖွဲ့အစည်းက ပေးထားတဲ့သဘာဝတရား လူ့သဘောသဘာဝ ဓမ္မတာပဲဖြစ်နေလို ပဲ ဖြစ်တယ်။
အဲ့ဓမ္မတာ တရားဓမ္မအရ ကျွန် တော်တို့ ဟာ အုပ်ချုပ်သူလူတန်းစားမရှိဘဲ လူ့ကျင့်ဝတ်သိက္ခာ၊ စာနာထောက်ထားကိုယ့်ချင်းစာတရားနဲ့ ကိုင်းကျွန်းမီကျွန်းကိုင်မီ
အပြန်အလှန်ဖေးမမှုတွေ(mutual aid) နဲ့ ကျေးလတ်ကွန်မြူးလူနေမှုပုံစံ (communal life) ကို အခြေခံပြီး လူ့ဖွဲ့အစည်းကိုပဲ မှီတည်ဆောက်ရမယ်ဆိုတာ နားလည်သဘောပေါက်ဖို့ပါပဲ။
ဒါကြောင့် မင်းမဲ့ဝါဒီတွေဟာ ဖိနှိပ်မှုကို လက်မခံခြင်း၊ နိုင်ထက်စီးနင်းပြုမှုတွေနဲ့ အကြမ်းဖက်အနိုင်ကျင့်တာတွေကို လက်မခံတာ ငြင်းချက်ထုတ်စရာမလိုအောင် သိသာတဲ့အချက်ပါ။
မင်းမဲ့တွေလောက် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ခုံမင်တာ မင်းမဲ့တွေပဲ ရှိပါလိမ့်မယ်။
တကယ်တမ်းပြောရရင် လုပ်ကြံသတ်ဖြတ်မှုတွေ၊အကြမ်းဖက်မှုတွေဟာ မင်းမဲ့ဝါဒီတွေကြားမှာလည်း ရှိတာမှန်ပါတယ်။ ဒါပေမယ့် မင်းမဲ့ဝါဒီတိုင်း အကြမ်းဖက်သမားတွေလို့တော့ သတ်မှတ်လို့မရပါဘူး။ ဒါ့အပြင် လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေဟာ မင်းမဲ့ဝါဒီတစ်ခုထဲက လာတာမဟုတ်ဘဲ State socialistsတွေ( ဆိုရှယ်လစ်နိုင်ငံတော်ဝါဒီ)
The Republics(ဘုရင်စနစ်ကိုဖြုတ်ချပြီး သမ္မတ
နိုင်ငံတော်ထူထောင်လိုသူတွေ ) The Minkenka မင်ခမ်းခဂိုဏ်း(အရှေ့အာရှပြည်သူ့အခွင့်ရေးလှုပ်ရှားမှု) မျိုးချစ်တွေ ဘုရင့်သစ္စာခံတွေဆီမှာလည်း ရှိတာပါပဲ။ ဒါကြောင့် အဲ့ဒီအစုအဖွဲ့တွေနဲ့နှိုင်းယှဉ်ရင် မင်းမဲ့ဝါဒီတွေရဲ့ အကြမ်းဖက်မှုဟာ နည်းတောင်နည်းနေပါသေးတယ်။ လုပ်ကြံသတ်ဖြတ်မှုကို အကြမ်းဖက်သမားတွေလို့ ခေါင်းစဉ်တပ်ကြေးသာဆိုရင် မျိုးချစ်တွေ ဘုရင့်သစ္စာခံ အလိုတော်ရိတွေလောက် အကြမ်းဖက်တဲ့နည်းကို အသုံးမများပါဘူး။
အကြမ်းဖက်ခြင်း၊ နိုင်ထက်စီးနင်းပြုမှုတွေက အစိုးရ၊ လူချမ်းသာအရင်းရှင်နဲ့ မင်းမျိုးမင်းနွယ်တွေကပဲ စတင်တာဖြစ်တယ်။ အဲ့ဒါကြောင့်သာ အလုပ်သမားတွေ၊ ဖိနှိပ်ခံတွေဟာ မတရားမှုအတွက် အကြမ်းဖက်နည်းလမ်းနဲ့ ပြန်တုံ့ပြန်ကြခြင်းသာ ဖြစ်တယ်။
ပြဿနာက အာဏာပိုင်တွေကို လက်ပစ်ဗုံးလိုအကြမ်းဖက်မှုနည်းလမ်းတွေမသုံးဘဲ မင်းမဲ့တော်လှန်ရေး ဘယ်လိုလုပ်ကြမလဲဆိုတာပဲ။ တော်လှန်ရေးဆိုတာ အခြေခံနိုင်ငံရေးအတွေးအခေါ်နဲ့လူမှု့အဆောက်အဦးတွေကို ပြောင်းလဲခြင်းပဲဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်သူလူတန်းစား အရွေ့အပြောင်းဖြစ်ရုံနဲ့ တော်လှန်ရေး မမည်ဘူး။
ဒါကြောင့် တော်လှန်ရေးဟာ အလိုအလျောက်ဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး တစ်ဦးတစ်ယောက်၊ ပါတီအစုအဖွဲ့လှုပ်ရှားမှုကနေ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးတစ်ရပ်ကို ဘယ်လိုစတင်မယ်၊ ဘယ်လိုရှေ့ဆက်လုပ်ဆောင်မယ်လို့ တရားသေကြိုပြင်ဆင်ထားလို့မရဘူး။
လက်ရှိအခင်းအကျင်းတွေအရ ယနေ့ခေတ် လူ့အဖွဲ့အစည်းဟာ တိုးတက်မှုနဲ့အတူ လူသားဆန်မှု အရည်အသွေးတွေ မြင့်မားလာမှုက အထက်အောက်ဖိနှိပ်မှုယန္တယားတွေဟာ ကြာရှည်မခံနိုင်တော့ဘူး။ လူမှု့အဆောက်အအုံသစ်တွေ ပေါ်ပေါက်လာမှ မလွဲမသွေဖြစ်တယ်။
ဒီလိုဆင့်ကဲပြောင်းလဲမှုတွေရဲ့ အတွင်းမှာ လူတစ်ဦးချင်းစီပြိုင်ဆိုင်မှုတွေ တစ်ဦးပိုင်စနစ် အင်စတီးကျူးရှင်းကြီးတွေ ပြိုလဲပြီးနောက်မှာ လူ့အဖွဲ့အစည်းဟာ မင်းမဲ့ဝါဒီတွေမျှော်မှန်းတဲ့ လွတ်လပ်ပြီးတန်းတူညီမျှတဲ့ လူမှု့အဆောက်အအုံနဲ့အတူ အကြွင်းမဲ့အာဏာနဲ့ ဖိနှိပ်တဲ့နိုင်ငံတော်ဟောင်းကိုဖြိုချပစ်မှာဖြစ်တယ်။ ဒီလို တော်လှန်ရေးမျိုးဆင်နွှဲဖို့ဟာ မင်းမဲ့ဝါဒီတွေရဲ့ မျှော်မှန်းချက်ပဲဖြစ်တယ်။
တော်လှန်ရေးကို ဘယ်လိုဆင်နွှဲရမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရပေမယ့် လူထုရဲ့လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် အပြင် တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတိုင်းဟာ တစ်ဘက်မှာ ဒီလိုဆင့်ကဲပြောင်းလဲမှုကို လက်မခံနိုင်တဲ့ရှေးရိုးစွဲအယူအဆတွေကြောင့် ဖြစ်ပေါ်လာမယ့် ပဋိပက္ခတွေကို ပြန်လည်တုံ့ပြန်တဲ့နည်းလမ်းတွေကိုတော့ ကန့်သတ်ထားရပါမယ်။
တော်လှန်သော မင်းမဲ့လှူပ်ရှားမှုလို့ဆိုရင် မင်းမဲ့ဝါဒီတွေဟာ တော်လှန်ရေးတစ်ရပ်ကို ဝုန်းဒိုင်းစတင်ဖို့ ကြိုးပမ်းနေတာမျိုးမဟုတ်သလို အာဏာအဆောက်အအုံကို
ကိုသဲကြီးမဲကြီးလိုက်တိုက်ခိုက်နေတာမျိုးလည်းမဟုတ်ပါဘူး။ အဲ့ဒီအစား လူတွေရဲ့ သိမှုကို အပြန်အလှန်မျှဝေပြီး ပျိုးထောင်ပေးတာတွေ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင့်တဲ့ ဝန်ဆောင်မှုတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်လာအောင် ပေါ်ပေါက်လာမယ့် တော်လှန်ရေးအရွေ့မှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေသာ မျှဝေပေးတာမျိုးဖြစ်ပါတယ်။
သိမှုကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဇင်းတွေထုတ်ဝေတာ၊ ဆောင်းပါး၊ ပန်းဖလက်၊ အစည်းအဝေးပွဲတွေ စတာတွေနဲ့ လူမှု့ဆင့်ကဲပြောင်းလဲရေးဖြစ်စဉ်မှာ ကြုံတွေ့လာနိုင်ခြေရှိတာတွေကို မျှဝေပြီး ဆိုင်ရာဖြစ်စဉ်အပေါ် ပြင်ဆင်ကြရတာပဲဖြစ်တယ်။
ဒါ့အပြင် အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်အားကောင်းလာအောင်
ကူညီတာကလည်း တော်လှန်ရေးကာလအတွက်သာမကပဲ တော်လှန်ရေးလွန်ကာလအတွင်းမှာလဲ လူ့အဖွဲ့အစည်းအတွင်းစုပေါင်းနေထိုင်ရာမှာပါ အကျိုးရှိစေနိုင်မှာပဲဖြစ်တယ်။
တကယ်လို့ တော်လှန်ရေးကသာ ကောက်ကာငင်ကာ ထဖြစ်ရင် ပြင်ဆင်ထားတဲ့လှုပ်ရှားမှုတွေဟာ အလုပ်ဖြစ်မှာမဟုတ်တော့ဘူးလို့ ပြောကောင်းပြောလိမ့်မယ်။ ငြင်းချက်ပြန်ထုတ်ရရင် အစိုးရဟောင်း၊ စနစ်ဟောင်းတွေဟာ သူတို့ရဲ့ ကျရှုံးခန်း နောက်ဆုံးသောအခြေအနေကို ရောက်ရှိလာချိန်မှာ
အမြင့်ဆုံးသောဖိနှိပ်မှုတွေကိုပြုလုပ်မှာဖြစ်ပေမဲ့ လူ့အဖွဲ့အစည်းအဟောင်းကလဲ ကျွဲကူရေပါ ပြိုကျရစမြဲပဲဖြစ်ပါတယ်။
ဒီအခါ လူမှုဆင့်ကဲဖြစ်စဥ်နဲ့
နဲ့ပတ်သက်ပြီး လုပ်ဟန် နည်းလမ်း
သဘောထား၊ ဗဟုသုတတွေကို သဘောပေါက်ထားတာမျိုးမရှိရင် နဂိုစနစ်ဟောင်းပြိုပျက်သွားပြီး စနစ်သစ်တစ်ခု အစားထိုးဝင်ရောက်လာခဲ့ရင်တောင် လူထုကအံဝင်ခွင့်ကျမလိုက်ပါနိုင်ခံရင် လူ့အဖွဲ့အစည်းဟာ့ အစိုးရဟောင်းစနစ်ဟောင်းနဲ့အတူ ညိုးနွမ်းကြွေခြောက်သွားတက်ပါတယ်၊
အဲ့တာနဲ့ အလားမတူတဲ့ဆန့်ကျင်ဘက်အနေနဲ့ လုပ်နည်းလုပ်ဟန်တွေ ဗဟုသုတတွေ
ကိုသာ နားလည်သဘောပေါက်ပြိး ပြင်ဆင်ထားမယ်ဆိုရင် စနစ်ဟောင်းပြိုကျပျက်စီးတဲ့အခါ လူမှု့ဝန်းကျင်အသစ်ဟာ နွေဦးမှာပွင့်တဲ့ပန်းလို တော်လှန်းရေးအဖူးအပွင့်ကနေ ပွင့်လန်းဝေဆာလာမှာပဲဖြစ်တယ်။
လူ့အဖွဲ့အစည်းတွေ အင်စတီကျူးရှင်းတွေဟာ မရပ်မနားဆင့်ကဲပြောင်းလဲနေတာဖြစ်တဲ့အတွက်
လူသားတွေဟာလည်း အဲ့အေရွ့မှာ လိုက်ပါပြောင်းလဲရတယ်။ ဒီအရွေ့မှာ အကျိုးရှိအောင်၊ ကောင်းမွန်တဲ့အသစ်ဖြစ်အောင် လုပ်ဆောင်နေကြရမှာပဲ။ အဲ့လိုလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းအတွင်း တိုးတက်အောင်ဆောင်ရွက်ပေးတဲ့ကာအတိုကို ပြုပြင်ပြောင်းလဲရေးကာလလို့ ဆိုရမှာဖြစ်ပြီးတော့ ပိုကြီးမားတဲ့လှုပ်ရှားမှုတွေပါလာရင်တော့ တော်လှန်ရေး လို့ အမည်တပ်ရမှာပဲဖြစ်တယ်။ ယိုင်နဲ့ပျက်စီးလာတဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့၊ ပြန်လည်တည်ဆောက်ဖို့ အတွေးအခေါ်သစ်တွေ အမြဲတမ်းထုတ်ဖော်ဖို့လိုအပ်ပါတယ်။ တစ်နည်းဆိုရရင် တော်လှန်ရေးကာလအတွင်း လုပ်နည်းလုပ်ဟန်တွေဟာ မရှိမဖြစ်လိုအပ်တယ်။
တိုးတက်ရေးလုပ်တဲ့အခါ direct actionဆိုတာနဲ့ အကြမ်းဖက်မှုတွေ၊ လက်ပစ်ဗုံးပစ်တာတွေစတဲ့ နည်းလမ်းတွေကိုပဲ တန်းမြင်ကြတယ်။ အလုပ်သမားသမဂ္ဂတွေအဖြစ် တိုးမြှင့်ဖွဲ့စည်းဖို့ လုပ်ဆောင်တဲ့အခါ လွှတ်တော်လို လုပ်ဆောင်မှုနှေးကွေးတဲ့အင်စတီကျူးရှင်းတွေကို မမှီခိုဘဲ ကိုယ်တိုင်ပဲအကောင်အထည်ဖော်ရမှာဖြစ်တယ်။ လွှတ်တော်အမတ်တွေနဲ့ စေ့စပ်ညှိုနှိုင်းပြီးအဆင့်ဆင့်သွားရမယ့် indirect actionအစား အလုပ်သမားတွေကိုယ်တိုင်က direct actionကို ဖော်ဆောင်ရမှာဖြစ်တယ်။ လုပ်ငန်းခွင်နေရာချထားရေးအတွက် အလုပ်သမားဉပဒေ၊ factory law စတာတွေဖော်ဆောင်တဲ့နေရာမှာ လွှတ်တော်ကနေဆောင်ရွက်ပေးဖို့ တောငိးဆိုမယ့်အစား အလုပ်သမားတွေကိုယ်တိုင် စက်ရုံအလုပ်ရှင်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး လိုအပ်ချက်ကို တောင်းဆိုရမှာဖြစ်တယ်။ ညှိနှိုင်းဖို့ ငြင်းဆန်ရင် အထွေထွေသပိတ်ကို ဦးတည်သွားမှာပဲဖြစ်တယ်။ ဒါက direct actionပဲဖြစ်တယ်။ နောက်တစ်နည်းဆိုရင်တော့ လမ်းပေါ်ကဆာလောင်နေတဲ့အလုပ်သမားတွေက အလုပ်ရှင်ဆီက အစားအသောက်လုယူတာကို ထောက်ခံတာလည်း direct actionပါပဲ။
Direct actionကိုပဲ ဦးတည်ပြီး ရွေးချယ်ရုံနဲ့ လွှတ်တော် နည်းလမ်းလုပ်ထုံးလုပ်နည်းတွေ
ကို လုံးဝသွေဖယ်ပြီး လက်မခံဘူးလို့ ယူဆလို့လဲမရပြန်ဘူး။ အဲ့လိုပဲ direct actionဆိုတာနဲ့ အကြမ်းဖက်တာ လူသတ် ဓားပြတိုက် စတာတွေပဲလို့ လဲတရားသေ လှေနားဓားထစ်သတ်မှတ်ထားလို့လဲမရဘူး။
ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုမှာ အိုးအိမ်စီးစိမ်၊ လူ့အသက်တွေ ပျက်စီးဆုံးရှုံးမှုမရှိဘဲ တော်လှန်ရေးဟာ ဆူပူလှူပ်ရှားမှုတွေအဖြစ် ပြောင်းလဲသွားဖို့ မဖြစ်နိုင်ဘူး။ သို့သော် လူချမ်းသာတွေ ၊ အစိုးရတွေရဲ့ ဖိနှိပ်မှုဟာ အမြင့်ဆုံးရောက်လာရင်လဲ လူထုဟာ အဲ့ဒီလို ဒုက္ခတွေ ကျပ်တည်းမှုတွေဖြစ်လာမှာပဲ။ အဲ့အခြေအနေဟာ ဖြစ်ပေါ်လာမယ့်တော်လှန်ရေးကနဦးအစသာဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှုကိုခိုင်မာတည်တံအောင် ထောက်ပံ့ကူညီပေးမဲ့ အခြေအနေတစ်ရပ်သာဖြစ်ပါတယ်။