YPK နှင့် Tangu
သင်းကွဲများ၊ သိုးမဲများ၏ ဇစ်မြစ်ကိုရှာခြင်းသို့မဟုတ် ဂြိုလ်သားဖြစ်ခြင်း သီအိုရီ
Alienation သည် မူရင်း လတ်တင်ဘာသာ တွင် alienatio (Noun) မှ ရွေ့လျော့ဆင်းသက်လာခြင်းဖြစ်ပြီး၊ alienare (Verb) ကင်းကွားခြင်း၊ ဖယ်ခွာခြင်း၊ ဝေးကွာခြင်း၊မနီးစပ်ခြင်း၊ ဟူသော အဓိပ္ပါယ်ရှိပြီး၊ ပထမဆုံး ခရစ်ရှန် သမ္မာ
ကျမ်းစာတွင် တွေ့ရှိခဲ့ရပြီး၊ အခြားသော ဘာသာတရားများတွင်လဲ တူညီသောအနက်နှင့်ကွဲပြားသောအဓိပ္ပါယ်များဖြင့်တည်ရှိနေသည်။ ဗုဒ္ဓဘာသာတွင် လောကီနှင့်လောကုတ္တရာကြား ဖယ်ခွာမှု၊ရုပ်နှင့်နာမ်ကြားခဲဲခြားမှု ၊ ခရစ်ရှန်တွင် ဘုရားနှင့် လူသားကြားကင်းကွာမှုစသည်ဖြစ့် အနက်သဘောကို ဖော်ဆိုသော စကားလုံးဖြစ်သုံးစွဲခဲ့ကြသည်။ ထို့နောက် Renaissance ခေတ် နှင့် စက်မှုတော်လှန်းရေးကာလာများတွင် Alienation သည် စကားလုံးအဓိပ္ပါယ်မပြောင်းလဲသော်လည်း၊ အနက်အသွင်တစ်မျိုးကိုဆောင်သည် စကားလုံးအဖြစ် ပြောင်းလဲသွား သည်။
ဂျာမာန် အတွေးအခါ်ပညာရှင်များဖြစ်ကြသော ဟော့ဘ်ဇ်၊လော့ခ် နှင့် ရူဆိုး တို့သည် သူတို့၏
လူမှုပဋိညာဉ် သီအိုရီ(Social Contract)
အယူအဆများကြားတွင် ထည့်သွင်းရှင်းလင်းလာကြသည်၊ ရူဆိုး၏ အယူအဆသည် လူမှုပဋိညာဥ် (Social Contract) တွင် လူတစ်ယောက်သည်၊ ကိုယ်ပိုင်လွှတ်လပ်ခွင့်နှင့်ကိုယ်ပိုင်ဖြစ်တည်မှု ကို လူ့အဖွဲ့အစည်း ထံ စွန့်လွှတ် အပ်နှံပြီး၊ လူအဖွဲ့စည်းထံမှ ကာကွယ်စောင့်ရှောက်မှုကိုပြန်လည်ရယူချင်းကို ရှင်းလင်းရာတွင်သုံးပြုခဲ့သည်။ သို့သော် ထို့သို Alienation ဖြစ်မှုသည့် ကျေကျေနပ်အဖြစ်ခံခြင်းဖြစ်သည်ဟူသော အယူအဆဖြစ်သည်။ ဟိဂဲ ၏ Alienation အယူအဆသည် ယနေ့ခေတ်အထိ လူဗေဒပညာရပ်အတွက် အရေးပါသော် သီအိုရီတစ်ခုဖြစ်လာခဲ့ ပြီး၊ လူအဖွဲ့အစည်းကိုလေ့လာချဥ်းကပ်ရာတွင် အရေးပါးသော ကရိယာတစ်ခုဖြစ်လာခဲ့ပြီး၊ လူမှု့အဆောက်အအုံပုံစံ ပြောင်းလဲလာမှုများတွင် ကိုလေ့လာရာတွင် အရေးပါသော သီအိုရီ တစ်ခုဖြစ်လာခဲ့သည်။
ရူဆိုး၏ အယူအဆအပေါ်အခြေခံ၍ ဟိဂဲသည် သူ၏ Phenomenology of
Mind စာအုပ်တွင် မူရင်း entausserung ( Surrendering) (စွန့်လွှတ်၊အပ်နှင်းခြင်း) နှင့်
entfremdung (State of Seperation) သင်းကွဲနေခြင်းအခြေအနေ သို့ ကွဲကွာနေခြင်းအခြေအနေ ဟူ၍ ပုံစံနှစ်မျိုးကို ရေးသားခဲ့ပြီး၊ ပထမတစ်မျိုးသည် ရူဆိုးအယူအဆအတိုင်း ကျေကျေနပ်နပ် လက်ခံခြင်းဖြစ်ပြီး၊ ဒုတိယတစ်မျိုးသည့် မနှစ်မြို့ဖွယ်မကောင်းသော တိုက်ရိုက်ဖြစ်ပစေ၊သွယ်ဝိုက်ဖြစ်ပစေ တွန်းပိုးလိုက်သော ဖယ်ခွာခြင်း၊ ကင်းကွာခြင်းမျိုးဖြစ်သည်။ နောက်ပိုင်းတွင် ကားလ်မာ့က်စ် သည် ဟိဂဲအယူအဆပေါ် အခြေခံ၍ ပိုမို တိကျခိုင်မာစွာတည်ဆောက်နိုင်ခဲ့သည်။ သူ၏ ချဥ်းကပ်မှုတွင် (Gattungswesen, 'species-essence') အယူအဆပေါ်အခြေတည်ထားသည်၊ ဆိုလိုရင်းအကျဥ်းမှာ ထုတ်လုပ်ဖန်တီးမှုသည် လူသားတို့၏ တစ်စိတ်တစ်ဒေသ လူ့သဘာဝသဘောတစ်ခုဖြစ်ပြီး၊ estrangement (German: Entfremdung) ဆိုသည်မှာ အဆိုပါ လူ့ သဘာဝ
နှင့် လူသားဆန်သောအစိတ်အပိုင်းတစ်ခုပျောက်ဆုံးသွားခြင်းကို ဆိုလိုပါသည်။
ဘောဂဗေဒနှင့်ဒသာနာဆိုင်ရာစာညွှန်းနှင့် ဂျာမာန်အတွေးအခေါ်အယူအဆ( Economic and Philosophic Manuscripts and The German Ideology) စာအုပ်တွင်ထည့်သွင်းရေးသားခဲ့ပါသည်။
မာ့က်စ်၏ လေ့လာတွေ့ရှိချက်များနှင့် သီအိုရီများသည် ၁၉ ရာစုအစောပိုင်း စက်မှုအရင်းရှင်စနစ် (industrial capitalism) နှင့် ၄င်း စနစ်အပေါ် ဖြစ်တည်လာသော လူတန်းစားအလွှာ (stratified social classes) အတွင် နေထိုင်တွေကြုံရသော အခြေအနေများအပေါ် ကုန်ထုတ်လုပ်ဆက်ဆံရေး (Relations of production)
မှ အခြေခံထားသော်လည်း သူ၏သီအိုရီသည် ယနေ့ခေတ်အထိ မှန်ကန်လျက်ရှိသည်၊
ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စနစ်အောက်တွင် အလုပ်သမားများ၏ အခြေအနေများကိုလေ့လာသော လူမှုဗေဒပညာရှင်များ အဆိုအရ ၄င်းကိုတွေ့ကြုံရမှုများသည် အမှန်တကယ်ပင် ကိုမိုပြင်းထန်ဆိုးရွား ကျယ်ပြန့်
လာကြောင်း တွေ့ရှိခဲ့ကြသည်။
ဤသည်မှအလုပ်သမားများသည် Alienation ဖြစ်ပုံ အဆင့် ၄ ဆင့်ဖြစ် ဆက်စပ်သွားပုံကို ရှင်းပြထားသည်။
( ၁ ) ထုတ်ကုန် မှ ကင်းကွာခြင်း ( From Their Product)
အလုပ်သမားများသည် ၄င်းတို့ထုတ်လုပ်လိုက်သည့် ကုန်ချော
ပစ္စည်းမှ မသက်ဆိုင်မပတ်သက် ကင်းကွာမှုကိုဖြစ်စေသည့်
အကြောင်းမှာ မိမိထုတ်လုပ်လိုက်သော ကုန်ပစ္စည်း မှာ အခြားသူများဆွဲထားသော ဒီဇိုင်း နှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာထုတ်လုပ်ရသောကြောင့် ဖြစ်ပြီး၊ အဆိုပါ ကုန်ပစ္စည်း မှ အကျိုးအမြတ်သည် အရင်းရှင်း၊စက်ရုံပိုင်ရှင်များနှင့်သာ
များနှင့်သာသက်ဆိုင်ပြီး ထုတ်လုပ်သော အလုပ်သမားများမှာ လခစားဝန်ထမ်းများသာ ဖြစ်သောကြောင့်ဖြစ်သည်။
( ၂ ) ထုတ်လုပ်မှုမှ ကင်းကွာခြင်း
(From the act of production)
လုပ်ငန်းဆိုင်ရာ သဘော သဘာဝ အရ ငြီငွေ့ ဖွယ်အဆင့်တစ်ခုကိုပဲ ထပ်ခါတလဲလဲ လုပ်ကိုင်ရခြင်းနှင့် အသစ်အဆန်းကိုတီထွင်ဖန်တီးမှုများမရှိ့သည့် အပြင်
အခြားတစ်ယောက်၏ လုံးဝဥဿုံ ညွှန်ကြားထိန်းချုပ်မှုအောက် အဆင့်ဆင့်တွင် ကိုယ်ပိုင် အကြံဥဏ်၊ စိတ်ဆန္ဒ ဝါသာနာထက် ဝမ်းရေးအတွက်သာ လုပ်အားခလိုအပ်သောကြောင့်သာ လုပ်ရသည့်အလုပ်ဖြစ်လာလေသည်။
( ၃ )
From their Gattungswesen (species-essence)
ကုန်ပစ္စည်းများ ထုတ်လုပ်ပြောင်းလဲပေးရသည့်နေရာတွင်လိုအပ်ချက်အရ ရှိပေးနေရသဖြင့်အလုပ်သမားများသည် ၄င်းတို့၏ စစ်မှန်သောအတွင်းစိတ် ၊ ဆန္ဒများ နှင့် ပျော်ရွှင်မှုရှာဖွေခြင်းမှ ဝေးကွာနေကြသည်။ မာ့စ်အယူအရ အသက်ရှင်ခြင်းသည် ဖန်တီးထုတ်လုပ်ရန်ဆိုသည်နှင့် ပြောင်းပြန် ရှင်းသန်ရန်အလုပ်လုပ်ရသည့်ဆိုသော အခြေအနေတွင်
လူသားဖြစ်တည်မှုအစိတ်အပိုင်းများပေျာက်ဆုံးသွားပြီး၊ ထုတ်လုပ်မှုစနစ်တစ်ခု၏ အစားထိုးနိုင်သော စက်သွား အစိတ်အပိုင်းများအဖြစ်လာလေသည်။
( ၄ ) အခြားအလုပ်သမားများနှင့်ကင်းကွာလာခြင်း (From other workers)
ကုန်ထုတ်လုပ်မှုစနစ်အရ အလုပ်သမားများသည် သူတို့လုပ်အားကို တတ်နိုင်သမျှ အနိမ့်ဆုံးစျေးဖြင့်အပြိုင်အဆိုင်ရောင်းချကြသဖြင့် အလုပ်သမားများ အချင်းချင်းကြားပြိုင်ဆိုင်မှုများက အချင်းချင်း ဝေးကွာစေသည်။ဤသို့ ကင်းကွားမှုသည်အလုပ်သမားများ၏ အတွေ့အကြုံနှင့် ပြဿနာများကို အချင်းချင်း သိမြင်နားလည်လာခြင်းမှ တားဆီးထားသည်။၄င်းသည် မှားယွင်းသော အသိအမြင်များ (False Concuisness)
ဖြစ်ပေါ်လာစေပြီး လူတန်းစားအသိစိတ် (Class Concuisness) ကြီးထွားမှုကို ဟန့်တားပြီး လူထု၊ များစုနှင့်ကင်းကွာမှုကို ဖြစ်စေသည်။ နောင်းပိုင်း သီအိုရီတစ်ချို့ကလဲ အရင်းရှင် စျေးကွက်စီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်လာသော် Commodity Fetishism ရုပ်ဝထ္တုတပ်မှုများ Alienation နှင့် အရင်းရှင်စနစ်၏ထောက်တိုင်ရပ်ဖြစ်လာပြီး၊လူသားတင်မက သဘာဝပတ်ဝန်းကျင်ကပါ၊ ကုန်ထုတ်လုပ်မှုရဲ့ စက်သွားအစိတ်ပိုင်း၊ ကုန်းကြမ်းများအဖြစ်သာ Alienation from Nature ဆိုသောအယူဆအဖြစ် Marshall Berman ရဲ့ Freedom and Fetishism တွင်ထည့်သွင်းလာခဲ့ကြ သည်။
ကားလ်မစ်၏ Alienation Theory ကို အခြေပြု၍ အရင်းရှင်ခေတ်လွန် (Post Capatalism )
ပိုမိုကျယ်ပြန့်ရှုပ်ထွေးလှသော ကင်းကွာခြင်း၊ဖယ်ခွာခြင်းဆိုင်ရာသီအိုရီကို
လူမှုဗေဒပညာရှင် Melvin Seeman က ၁၉၅၉ ခုနစ်တွင် ထုတ်ဝေခဲ့သော “ကင်းကွာမှု၏ အဓိပ္ပာယ်အပေါ် “ (On the meaning of Alienation) ဟူသောခေါင်းစဉ်ဖြင့် စာတန်းတွင် လူမှုရေးဆိုင်ရာကင်းကွာခြင်းကို ခိုင်မာစွာအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ယနေ့ခေတ် လူမှုဗေဒပညာရှင်များက ဤဖြစ်စဉ်ကိုလေ့လာရာတွင် သူတွက်ချက်ပြခဲ့သည့်အချက် ခြောက်ချက်ကို ယနေ့ လူအဖွဲ့အစည်းတွင် လူအများ
မှန်ကန် ခံစားနေရကြောင်းထောက်ခံကြသည်။ ဤ ၆ ချက်မှာတစ်ခုနှင့်တစ်ခုအပြန်အလှန်
ဆက်စပ်နေပြီး ၄င်းတို့မှာ
( ၁ ) ခွန်းအားမဲ့ခြင်း (Powerlessness)
လူတစ်ယောက်ချင်းစီသည် သူတို့ဘဝ၏ အဖြစ်အပျက်များသည် သူတို့မထိန်းချုပ်နိုင်သည့်အနေအထားတွင်ရှိနေသည်ဟု မှတ်ယူလိုက်ကြပြီး နောက်ဆုံးတွင် သူတို့ဘာလုပ်သည်ဆိုသည်မှာ အရေးမကြီးဟု ယုံကြည်လိုက်ကြသည်။ မိိမိကိုယ်ကို ယုံကြည်ချက်ကင်းမဲ့ခြင်း၊ ကိုယ်ဘဝကိုကိုယ့်ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခြင်း။
( ၂ ) လေးနက်မှုမရှိခြင်း (normlessness)
မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့လာခြင်းသည်၊ Social Influence Theory အရ လူတစ်ယောက်၏ ထင်မြင်ယူဆချက်နှင့် အရည်အသွေးများသည် ၄င်း၏ ပတ်ဝန်ကျင်တွင် ဘုံရှိသော စံနှုန်းများနှင့် မကိုင်ညီသောအခါ၊ အဆိုပါ ပတ်ဝန်ကျင်အုပ်စု၏ အလေးနက်ထားစံနှုန်းများမှ ကင်းကွာလာတက်သလို့၊ တစ်ခုပိုသော စံနှုန်းများကြား လိုက်နာ သတ်မှတ်ရန် ကင်းကွာလာကြသည်။
(၃) အဓိပ္ပါယ်မဲ့ခြင်း (Meaninglessness)
ကိုယ်ကိုတိိုင်တွေ့ကြုံခံစားနေရသောအဖြစ်အပျက်တိုကို ကောင်းမွန်စွာနားမလည်နိုင်တော့သလို့၊ မတူညီသော စံနှုန်းများကြား တွင် ဆုံးဖြတ်ရန်ခက်ခဲလာချိန်တွင် ဆုံးဖြတ်ချက်တိုင်း၊ လုပ်ရပ်တိုင်းသည် မိမိအတွက် အဓိပ္ပါယ်မှ ကင်းကွာလာသည်။
( ၄ ) လူမှုရေးမှ ကင်းကွာခြင်း ( Social Isolation)
လူများစု၏
တန်ဖိုးထားမှုများ ၊ ယုံကြည်ခြင်းများ ၊ အတွေ့အကြုံများ မတူညီကြသည့်အခါ (သို့မဟုတ်) အခြားလူများနှင့်အဓိပ္ပာယ်ရှိသော လူမှုပေါင်းသင်းဆက်ဆံရေး မရှိသည့်အခါ သူတို့ဆက်နွယ်ထားသည့် အသိုင်းအဝိုင်းကိုအဓိပ္ပာယ်မရှိဟု ခံစားလာကြပြီး၊ ပင်မရေစီးကြောင်းမှ ခွဲခွာ ကင်းကွာလှကြသည်။
( ၅) မိမိကိုယ်ကိုပျောက်ဆုံးခြင်း မိမိ အဇ္ဇတ နဲ့ မိမိ ကင်းကွာခြင်း၊ (Selfenstrangment)
လူတစ်ယောက်သည် အခြားလူများနှင့် လူမှုစံနှုန်းများ၊ ခေတ်စနစ်နှင့် အလုပ်သဘောအရလိုအပ်ချက်များကိုသာ လိုက်လံ ဖြည့်ဆည်းပေးရင်း ၄င်းတို့၏ကိုယ်ပိုင်စိတ်ဝင်စားမှုများနှင့် ဆန္ဒများ၊ ရပ်တည်ချက်များ ခံယူချက်များမှ ပျောက်ဆုံး ကင်းကွာသွားရသည်။
(၆) ယဥ်ကျေးမှုနှင့်ကင်းကွာခြင်း (Cultural Enstrangment)
Seemen ရဲ့ အဆိုအရ လူတစ်ယောက်ဟာ ပတ်ဝန်ကျင်၊ လူအများစု ပင်မယဥ်ကျေးမှုရေစီးကြောင်းနဲ့ ကင်းကွာသွားချိန်မှာ ရှောင်ဖယ်ပြေးခြင်း လူတောမတိုးတော့ခြင်း သို့ မဟုတ် အသစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားတဲ့ အပြုအမှုနှစ်ခုနှင့် တုန့်ပြန်လေ့ရှိတယ်လိုဆိုပါတယ်။ သို့သော် အဆိုပါ အပြုအမှု နှစ်ခုလုံးသည် မိမိကိုယ်ပိုင်တန်ဖိုး၊ သိမြင်မှုများကို မိမိကိုယ်ပိုင် ရပ်တည်ချက်ဖြင့် လွှတ်လပ်စွာနေထိုင်ကြိုးပမ်းရန် အားထုတ်မှုတစ်ရပ်ဖြစ်ပြီး အထက် ၅ ချက်ထက် အပြုသဘောအကောင်းဆန်သော မှတ်ချက်အဖြင့်တင်ပြထားပါသည်။
ကျမ်းကိုးစာရင်း -
ALIENATION: A THEORETICAL OVERVIEW by Hamid Sarfraz Department of Sociology University of Balochistan 1997
Economic and Philosophic Manuscripts of 1844 Comment on James Mill
Melvin Seeman On The Meaning of Alienation 1959