Thiha JP
Zapatistas မိတ်ဆက်
Mexico ရဲ့ အရှေ့တောင်အရပ်မှာရှိတဲ့ Chiapas အရပ်ဒေသက ဆေးရွက်ကြီးစိုက်တောင်သူတွေဟာ စပိန်ကိုလိုနီကျွန်ပြုမှုမှစကာ မျက်မှောက်မက္ကစီကို ဗဟိုအစိုရလက်ထက်အထိ သူတို့ရဲ့လွတ်လပ်မှုကိုထိပါးတဲ့ ဘယ်လို ဖိနှိပ်မှုမျိုး ဂုတ်သွေးစုပ်မှုမျိုုးမှ လက်မခံပဲ ခေတ်အဆက်ဆက် တော်လှန်တွန်းလှန်ခဲ့ကြပါတယ်။ ဒီဆေးရွက်ကြီးတောင်သူတွေဟာ သူတို့ရဲ့ အမိမြေနဲ့ သူတို့ရဲ့လွတ်လပ်ခွင့်ကို ဘယ်သူ့သြဇာအာဏာအောက်မှ မဦးညွန့်ပဲ ကာကွယ်နေထိုင်ခဲ့ကြတယ်။
သူတို့ရဲ့ လူ့အဖွဲ့အစည်လေးဟာ မည်သူမှ တောင်ယာမပိုင်ဆိုင်ကြပဲ စုပေါင်းလုပ်ကိုင်စားသောက်ကြတဲ့ ဘုံအဖွဲ့အစည်းလေးဖြစ်တယ်။ ဒီထူးဆန်းတဲ့ ဆေးရွက်ကြီးစိုက်တောင်သူတွေအကြောင်း ပြောမယ်ဆိုရင် Zapatistas ဆိုတဲ့နာမည်တစ်ခုကို ယဉ်ပါးဖို့ လိုပါလိမ့်မယ်။ Zapatistas ဆိုတာ တော်လှန်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်တယ်။ Zapatistas ဆိုတာ ယောင်္ကျားတွေ မိန်းမတွေ ကလေးတွေအပြင် သူတို့နဲ့အတူယှဉ်တွဲနေထိုင်တဲ့ တိရိစ္ဆာန်တွေ အားလုံးလည်း ဖြစ်တယ်။ Zapatistas ဆိုတာ တောင်သူလယ်သမားတွေလည်း ဖြစ်တယ်။ Zapatistas ဆိုတာ တောင်ယာလယ်ခင်းတွေဖြစ်သလို တောတောင်ရေမြေ မိခင်ကမ္ဘာကြီးလည်း ဖြစ်တယ်။ ဒါကယ်တော့ Zapatistas ဆိုတာ Chiapas ကတောင်သူတွေ အသွေးအသားထဲစီးဝင်နေတဲ့ လူမှုတော်လှန်ရေးအတွေးအခေါ် ဖြစ်တယ်။ Chipas အရပ်ဒေသကက ဆေးရွက်ကြီးတောင်သူတွေဟာ 1883 ကနေစပြီး Zapatistas မြေအောက်အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြတယ်။ Zapatistas တွေဟာ လူအမျိုးမျိုး ဘာသာစကားအမျိုးမျိုး ယဉ်ကျေးမှုအမျိုးမျိုးကိုလည်း ကိုယ်စားပြု တော်လှန်သူတွေလို့ ခံယူကြတာမို့ လူကြီးလူငယ်ယောင်္ကျားမိန်းမကလေး မရွေး မျက်နှာမှာ Mask တွေတပ်ကြလေ့ ရှိတယ်။
Zapatistas တွေရဲ့ ခေတ်အဆက်ဆက် သီးသန့်ဘုံအဖွဲ့အစည်းဆန်ဆန်ဖြစ်တည်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအချို့က စစ်အေးခေတ်မှာ စိတ်ဝင်တစား ဖြစ်လာကြတယ်။ Zapatistas တွေကလည်း သူတို့ရပ်တည်မှုကို ကမ္ဘာကြီးကို ပြသကြတယ်။
ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ ဒီမိုကရေစီအရေး၊ လွတ်လပ်ခွင့်၊ ယဉ်ကျေးရေး၊ အစားအသောက်ဖူလုံရေး၊ ကျန်းမာရေးဆောင့်ရှောက်မှုပြည့်စုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အခွင့်အရေးပြည့်ဝရေး၊ ပညာရေးအဆင့်မြင်မားရေး တို့ကို အဓိကထားဖြည့်စီးကြဖို့ ကမ္ဘာနိုင်ငံအသီးသီးနဲ့ မက္ကစီကိုအစိုးရကို တောင်းဆိုခဲ့တယ်။ စစ်အေးအလွန်1994 January လမှာတော့ Zapatistas တွေဟာ လူသားရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အဝပေးဖို့ ပျက်ကွက်နေတဲ့ အာဏာပိုင်အစိုးရစီတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း မျက်နှာဖုံးတပ်ဒီတောင်သူလူတစုဟာ ကမ္ဘာကြီးကို ကြေငြာခဲ့တယ်။
Ya Basta..Ya Basta..
ဆေးဝါးမလုံမလောက် ရောဂါအနာတရခံစားမှုတွေဟာ တော်လောက်ပါပြီ၊ အစားရေစာ ချို့တဲ့မှုတွေ တော်သင့်ပါပြီ၊ ဖိနှိပ်ချုပ်ချယ် ညှင်းပန်းနှိပ်စက်တာတွေ တော်လောက်ပါပြီ ဒါတွေကို နှစ်ကာလကြာမြင့်စွာ ဖြည့်စီးပေးဖို့ ပျက်ကွက်နေတဲ့ မက္ကစီကိုအစိုးရအား Zapatistas တွေက တရားဝင်တိုက်ခိုက်မယ်လို့ ကြေငြာခဲ့တယ်။ မက္ကစီကိုအစိုးရကလည်း တင့်ကားတွေ လေယဉ်တွေ အမြှောက်တပ်တွေနဲ့ Zapatistas တွေကို အင်တိုက်အားတိုက်ချေမှုန်းလို့ ၁၂ ရက်ကြာသွားတဲ့အခါ မက္ကစီကိုပြည်သူတွေဟာ လူထုအုံကြွမှုအဖြစ် လမ်းပေါ်ထွက်လာကြပါတယ်။
ပြည်သူတွေဟာ Zapatistas ရဲ့တောင်းဆိုမှုတွေကို အစိုးရက လက်ခံဆောင်ရွက်ပေးဖို့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေဖြင့် ငြိမ်းချမ်းရေး တရားမျှတရေးတို့ကို Zapatistas တွေအတွက် တောင်းဆိုလာကြပါတယ်။ လူထုအုံကြွမှုကြောင့် မက္ကစီကိုလွှတ်တော်က အပစ်အခတ်ရပ်ဆဲပြီး Zapatistas တွေနဲ့ ဆွေးနွေးမယ်လို့ ကြေငြာခဲ့ရတယ်။ Zapatistas တွေဟာ မက္ကစီကိုနိုင်ငံသားတွေရဲ့ လေးစားချစ်ခင်ခြင်း ခံရသူတွေဖြစ်လာတယ်။
အစိုးရဟာ နောက်ဆုံးတော့ Zapatistas တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုပေးခဲ့ရပြီး Zapatistas တွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ရပါတော့တယ်။ Zapatistas တွေဟာ စစ်ပြီးတဲ့နောက် အခြားမက္ကစီကန်တွေနဲ့ အတူတကွ အေးချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြတယ်။
Chinpas အရပ်ဒေသဟာလည်း Zapatistas တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာခဲ့တယ်။
Zapatistas တွေဟာ ဒေသအတွင်း ဆေးရုံတွေ ကျောင်းတွေ အိမ်တွေ အလုပ်တွေကို ကိုယ်တိုင်တည်ဆောက်ခဲ့ကြတယ်။ သူတို့ရဲ့ အစိုးရကိုလည်း သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြတယ်။ သူတို့အစိုးရဟာလည်း ကောင်းမွန်တဲ့ အစိုးရဖြစ်တယ်။ အစိုးရလုပ်ငန်းတွေကို သူတို့ဟာ အတူတကွ စုပေါင်းပြီး လုပ်ဆောင်ကြသလို ဆုံးဖြတ်ချက်များကိုလည်း ပြည်သူများက ဆွေးနွေးဆုံးဖြတ်ကြတယ်။ ခေါင်းဆောင်မရှိ အထက်လူကြီးမရှိ အလျားလိုက် လူ့အဖွဲ့စည်းကို တည်ထောင်ကြတယ်။ မက္ကစီကိုရဲ့ အခြားပြည်နယ်တွေကသူတို့ရဲ့ အလျားလိုက်အုပ်ချုပ်မှုကို စိတ်ဝင်တစားလေ့လာလာကြတဲ့ အပြင် အခြားနိုင်ငံတွေကပါ စိတ်ဝင်စားလေ့လာတာကြောင့် Zapatistas တွေဟာ သူတို့အုပ်ချုပ်ရေးတွေကို သင်ပြလေ့ကျင့်ပေးတာတွေ လုပ်လာရပါတယ်။ Zapatistas လူ့အဖွဲ့အစည်းလေးဟာ ငွေကြေးမချမ်းသာကြတဲ့ တောင်သူတွေသာလျှင်ဖြစ်တယ်။ ဒါပေမယ့် သူတို့ဟာ မည်သည့်အာဏာမှ ဖိစီးမှုမရှိပဲ လွတ်လပ်စွာ စုပေါင်းရှင်သန်ကြတဲ့ လူအဖွဲ့အစည်းလေးတစ်ခုအနေဖြင့် ယနေ့အထိ ဖန်တီးတည်ထောင်နိုင်ခဲ့ကြောင်းကို ခေတ်သစ်ကမ္ဘာကို Message ပို့ အသိပေးထားပါတော့တယ်။