Title: ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်ဝါဒ
Language: Burmese
Publication: The Autonomist
Date: 2011
Source: https://t.me/theautonomist
Notes: Translated by – Azathoths. See attached PDF for printing.

    I. နိဒါန်း

    II. အမျိုးသားနိုင်ငံတော်

      က. အခြေခံ

        1. အမျိုးသားနိုင်ငံတော်နှင့် ပါဝါ

        2. နိုင်ငံတော်နဲ့၎င်းရဲ့ဘာသာရေးဇာစ်မြစ်

        3. ဗျူရိုကရေစီယန္တရားနဲ့အမျိုးသားနိုင်ငံတော်

        4. အမျိုးသားနိုင်ငံတော်နဲ့တသားတည်းဖြစ်ခြင်း

        5. အမျိုးသားနိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း

      ခ.အမျိုးသားနိုင်ငံတော်ရဲ့သဘောတရားရေးရာအုတ်မြစ်

        1. အမျိုးသားရေးဝါဒ

        2. ယထာဘူတသိပ္ပံ(Positivist Science)

        3. လိင်အခြေပြုဝါဒ

        4. သက်ဝင်ယုံကြည်မှု

      ဂ. ကာ့ဒ်လူမျိုးစုနဲ့အမျိုးသားနိုင်ငံတော်

    III. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်

      က. လူတိုင်းပါဝင်ဆောင်ရွက်နိုင်ခြင်းနဲ့အရောင်အသွေးစုံလင်သောနိုင်ငံရေးအခင်းအကျင်း

      ခ. လူ့အဖွဲ့အစည်းအမွေအနှစ်နဲ့ စုပုံလာခဲ့သောသမိုင်းသုတ

      ဂ. ကျင့်ဝတ်နဲ့နိုင်ငံရေးဆင်ခြင်သိ(Ethic and Political Awareness)

      ဃ. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်

      င. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်

      စ. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ပါဝါပိုင်ဆိုင်ရေးပဋိပက္ခ

      ဆ. တကမ္ဘာလုံးအတိုင်းအတာရှိဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်အဆောက်အအုံ

      ဇ. အနှစ်ချုပ်

    IV. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ရဲ့နိယာမများ

    V. အရှေ့အလယ်ပိုင်းရှိလူထုအရေးပြဿနာများနဲ့ အလုပ်ဖြစ်နိုင်မယ့်ဖြေရှင်းနည်း

I. နိဒါန်း

နှစ်ပေါင်းသုံးဆယ်ကျော်တိုင်အောင် ကာဒစ်စတန်အလုပ်သမားပါတီ(PKK)ဟာ ကာ့ဒ်လူမျိုးစုရဲ့တရားဝင် အခွင့်အရေးများအတွက် တိုက်ပွဲဝင်လျက်ရှိနေခဲ့တယ်။ လွတ်မြောက်ရေးအတွက်တိုက်တဲ့ကျွန်ုပ်တို့ရဲ့တိုက်ပွဲတွေက “ကာ့ဒ်အရေးပြဿနာ” ကို အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအပေါ်သက်ရောက်မှုရှိမယ့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ တစ်ရပ်ဖြစ်စေပြီး ကာ့ဒ်အရေးပြဿနာအတွက်အဖြေတစ်ခုကို ထုတ်ပေးနိုင်ပါလိမ့်မယ်။

PKK ပါတီစတင်တည်ထောင်ခဲ့တဲ့ ၁၉၇၀ခုနှစ်ကာလများရဲ့ နိုင်ငံတကာ သဘောတရားရေးရာနဲ့နိုင်ငံရေးပိုင်း ဆိုင်ရာနောက်ခံအနေအထားက အင်အားကြီးနိုင်ငံနှစ်ခုကြားကစစ်အေးတိုက်ပွဲအနေနဲ့၊ ဆိုရှယ်လစ်ဝါဒနဲ့အရင်းရှင်ဝါ ဒကြားကအားပြိုင်မှုဝိသေသရှိတယ်။ PKK ပါတီကိုတော့ ထိုအချိန်ကာလက ကမ္ဘာတစ်ဝန်းလုံးမှာအရှိန်တက်နေတဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုကစေ့ဆော်ပေးခဲ့တယ်။ ထိုပေးထားချက်အခြေအနေအောက်မှာ ကျွန်ုပ်တို့မွေးရပ်မြေရဲ့ တမူထူးခြားသောအခြေအနေများနဲ့ကိုက်ညီမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်ုပ်တို့ PKK အနေနဲ့ ကာ့ဒ်အရေးပြဿနာကို လူမျိုးစုအရေးနဲ့ အမျိုးသားနိုင်ငံတော်အရေးပြဿနာသက်သက်မျှသာ ရှုမြင်ခဲ့တာ မဟုတ်ပါ။ ကျွန်ုပ်တို့ယုံကြည်တာက လူ့အဖွဲ့အစည်းလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရှင်သန်ရေးစီမံကိန်းတစ်ခုကိုပါ။ ထိုမျှော်မှန်းချက်က ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေကို ၁၉၉၀ခုနှစ်ကတည်းက အနက်ဖွင့်ပေးနေခဲ့တယ်။

ကာ့ဒ်အရေးပြဿနာနဲ့ ကမ္ဘာတစ်ဝန်းလုံးအပေါ်ခေတ်သစ်အရင်းရှင်စနစ်ရဲ့ကြီးစိုးခြယ်လှယ်မှုကြားက ဆက် နွယ်နေတဲ့အချက်တွေကိုလည်း ကျွန်ုပ်တို့သိနားလည်ထားပါတယ်။ ထိုဆက်နွယ်မှုအပေါ် မေးခွန်းထုတ်ခြင်း၊ စိန်ခေါ် ခြင်းတို့မရှိပဲ ဖြေရှင်းနည်းကပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ အဲလိုမလုပ်ရင်ကျွန်ုပ်တို့အနေနဲ့တခြားသောအရာတစ်ခု အပေါ်ထပ်ပြီးမှီခိုနေရတာပဲဖြစ်လာမှာပါ။

အခုထိတော့ ကာ့ဒ်အရေးကိစ္စလိုမျိုး သမိုင်းနဲ့ လူ့အဖွဲ့အစည်းအခြေခံအုတ်မြစ်များမှာ နက်နက်ရှိုင်းရှိုင်းအ မြစ်တွယ်နေတဲ့ လူမျိုးစုအရေးနဲ့ အမျိုးသားနိုင်ငံတော်အရေးပြဿနာများအတွက် အလုပ်ဖြစ်နိုင်စရာဖြေရှင်းနည်း တစ်ခုသာရှိတယ်လို့ထင်ရတယ်။ ၎င်းဟာထိုစဉ်ကအရင်းရှင်စံအရ ခေတ်မီဖွံ့ဖြိုးခြင်းပါရာဒိုင်းဖြစ်တဲ့ အမျိုးသားနိုင်ငံ တော်တစ်ခုထူထောင်ခြင်းပါပဲ။

ဒါကိုကျွန်ုပ်တို့မယုံကြည်ပါဘူး။ မည်သည့်အသင့်သုံးနိုင်ငံရေးလမ်းပြမြေပုံကမှ အရှေ့အလယ်ပိုင်းလူထုရဲ့ အ ခြေအနေကို ခိုင်မြဲစွာတိုးတက်သွားစေနိုင်စွမ်းရှိမယ်မထင်ဘူး။ အရှေ့အလယ်ပိုင်းဒေသမှာ ပြဿနာပေါင်းသောင်း ခြောက်ထောင်ဖြစ်နေရတာကလည်း အမျိုးသားရေးဝါဒနဲ့ အမျိုးသားနိုင်ငံတော်တွေကြောင့်ပဲမဟုတ်ပေလား?

အဲဒါကြောင့် ထိုပါရာဒိုင်းရဲ့သမိုင်းနောက်ခံကိုအနီးကပ်အကဲဖြတ်ကာ အမျိုးသားရေးဝါဒထောင်ချောက်မမိပဲ အရှေ့အလယ်ပိုင်းဒေသအခြေအနေများ တိုးတက်ကောင်းမွန်လာစေမယ့် ဖြေရှင်းနည်းတစ်ခုကို ဖော်ထုတ်နိုင်မလား ဆိုတာ ကြည့်လိုက်ကြရအောင်။

II. အမျိုးသားနိုင်ငံတော်

က. အခြေခံ

အခြေတကျနေထိုင်လာတာနဲ့အမျှ လူတွေဟာ သူတို့နေထိုင်ရာဒေသရဲ့ နယ်မြေဒေသအယူအဆတစ်ခုကို စတွေး မိလာကြတယ်။ နယ်မြေတိုးချဲ့ရေးနဲ့ နယ်မြေအပိုင်းအခြားပါပဲ။ များသောအားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ မြေမျက်နှာသွင် ပြင်အရဆုံးဖြတ်တယ်။ နေရာတစ်နေရာမှာအခြေချနေထိုင်လာခဲ့တဲ့ မျိုးနွယ်တူလူစု(clans)နဲ့ မျိုးနွယ်စုရွာ(tribes) တို့က အချိန်ကာလအတိုင်းအတာတစ်ခုကြာလာတဲ့အခါမှာ တူညီနေသောဝိသေသနဲ့ မွေးရပ်မြေဆိုတဲ့အယူအဆတစ်ခု ဖွံ့ဖြိုး လာတယ်။ မွေးရပ်မြေလို့၎င်းတို့သတ်မှတ်တဲ့နယ်မြေရဲ့အနားသတ်က နယ်နိမိတ်ဖြစ်မလာသေးပါဘူး။ ကူးသန်းရောင်း ဝယ်ရေး၊ ယဉ်ကျေးမှု ဒါမှမဟုတ် ဘာသာစကားတို့ကို နယ်နိမိတ်အရကန့်သတ်ခြင်းမရှိသေးဘူး။ နယ်မြေဆိုင်ရာအနား သတ်နယ်နိမိတ်ဟာ အချိန်အတော်ကြာထိအောင် ပြောင်းလွယ်ပြင်လွယ်ရှိခဲ့တယ်။ အဲဒီလိုနေလာပြီးတော့ နေရာတိုင်းလို လိုမှာ ပဒေသရာဇ်တည်ဆောက်ပုံတွေပေါ်ထွက်လာခဲ့တယ်။ ရောမအင်ပါယာ၊ ဩစတြီးယန်း-ဟန်ဂေးရီးယန်းအင်ပါယာ၊ အော်တိုမန်အင်ပါယာ၊ ဗြိတိသျှအင်ပါယာ အစရှိတဲ့ မင်းအဆက်ဆက်အုပ်စိုးတဲ့သက်ဦးဆံပိုင်စနစ် ဒါမှမဟုတ် လူမျိုး ပေါင်းစုံရှိတဲ့မဟာအင်ပါယာကြီးတွေက ကြိမ်ဖန်များစွာနယ်နိမိတ်ပြောင်းလဲခြင်းနဲ့အတူ မတူညီသောဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုပုံစံများရှိသော အင်ပါယာကြီးတွေအနေနဲ့ပေါ်ထွက်လာခဲ့တယ်။ ပဒေသရာဇ်တည်ဆောက်ပုံအခြေခံ အရ အင်ပါယာများအနေနဲ့ ၎င်းတို့ရဲ့အာဏာကို နေရာအနှံ့မှာတည်ရှိနေတဲ့ သေးငယ်သောဆင့်ပွါးပါဝါအင်အားစုများ* အပေါ်သို့ လိုအပ်သလိုဖြန့်ကျက်ထားနိုင်တဲ့အတွက်ကြောင့် အင်ပါယာကြီးတွေဟာ အချိန်အတော်ကြာသည်အထိတည် တံ့ခဲ့ပြီး နိုင်ငံရေးဆိုင်ရာအပြောင်းအလဲတွေများစွာဖြစ်ပေါ်လာခဲ့တယ်။(*secondary power, နိုင်ငံတော်ကို ပါဝါရဲ့မူလအ ရင်းအမြစ်အဖြစ်သတ်မှတ်မယ်ဆိုရင် ပဒေသရာဇ်စနစ်ရဲ့ မြို့စား၊ ရွာစားစတဲ့အင်အားစုတွေကို ဆင့်ပွါးပါဝါအင်အားစုများ အဖြစ်သတ်မှတ်နိုင်ပြီး ထိုအင်အားစုတွေက ပါဝါအရင်းအမြစ်ဖြစ်တဲ့ နိုင်ငံတော်ရဲ့လက်အောက်မှာရှိပေမယ့် သီးခြားနယ် မြေတစ်နေရာမှာ ထိုက်သင့်တဲ့ကိုယ်ပိုင်စိုးမိုးမှုရှိသလို ဗဟိုအစိုးရနဲ့ပဋိပက္ခဖြစ်နိုင်တဲ့အပြင် ဗဟိုအစိုးရအတွက် အာဏာ ကန့်သတ်မှုကိုလည်းဖြစ်စေနိုင်တဲ့အလားလာရှိတယ်။ - ဘာသာပြန်သူ)

1. အမျိုးသားနိုင်ငံတော်နှင့် ပါဝါ

အမျိုးသားနိုင်ငံတော်များပေါ်ထွက်လာခြင်းနဲ့အတူ ကူးသန်းရောင်းဝယ်ရေး၊ စီးပွါးရေး၊ ဘဏ္ဍာရေးစတဲ့ကဏ္ဍ တွေကို နိုင်ငံရေးမှာပါဝင်ဖို့တွန်းအားပေးခဲ့ပြီး ၎င်းတို့ရဲ့ပါဝါကို အစဉ်အလာနိုင်ငံတော်အဆောက်အအုံထဲသို့ထည့်သွင်းခဲ့ပါ တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ကျော်လောက်က စက်မှုတော်လှန်ရေးကနဦးကာလတွေမှာပေါ်ပေါက်လာခဲ့တဲ့အမျိုးသားနိုင် ငံတော်ကတော့ တစ်ဖက်မှာအတားအဆီးမရှိဓနဥစ္စာစုပုံမှုရှိနေသလို နောက်တစ်ဖက်မှာလည်း အလျင်အမြန်ထိုးတက်နေ လာနေတဲ့လူဦးရေအပေါ် အထိန်းအကွပ်မဲ့သွေးစုပ်အမြတ်ထုတ်မှုရှိနေပါတယ်။ ထိုတော်လှန်ရေးကနေပေါ်ထွက်လာခဲ့တဲ့ ဘူဇွာလူတန်းစားဟာ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတော်အဆောက်အအုံတွေမှာဝင်ပါချင်ကြတယ်။ ထို့အ တွက်ကြောင့်ပဲ သူတို့ရဲ့ဘောဂဗေဒစနစ်သစ်ဖြစ်တဲ့ အရင်းရှင်စနစ်ဟာ အမျိုးသားနိုင်ငံတော်သစ်မှာ နဂိုမူလပါဝင်တဲ့အ စိတ်အပိုင်းတစ်ရပ်အနေနဲ့ရှိနေတာပါ။ ထိုအမျိုးသားနိုင်ငံတော်ဟာ မျိုးနွယ်စုရွာပါဝါလည်ပတ်ပုံနဲ့ အခွင့်အရေးလက်ဆင့် ကမ်းခြင်းတို့အပေါ်အခြေတည်ထားတဲ့ပဒေသရာဇ်အဆောက်အအုံဟောင်းကိုဖြိုဖျက်ပြီး ရှိသမျှမျိုးနွယ်တူအစု (clans) နဲ့ မျိုးနွယ်စုရွာ​တွေ(tribes)အားလုံး အမျိုးသားနိုင်ငံဆိုတဲ့ခေါင်းစဉ်အောက်မှာစုစည်းထားမယ့် အမျိုးသားနိုင်ငံတော်သဘော တရားသစ်တစ်ခုကိုအစားထိုးနိုင်ဖို့ ဘူဇွာတွေနဲ့ အရင်းရဲ့စွမ်းအား(power)ကိုလိုအပ်တယ်။ ထိုနည်းအားဖြင့် အရင်းရှင် စနစ်နဲ့ အမျိုးသားနိုင်ငံတော်တို့ဟာ တစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ်ဆက်နွယ်လာပြီး တစ်ခုမရှိပဲအခြားတစ်ခုတည်ရှိဖို့မဖြစ် နိုင်သလောက်ပဲ။ ထိုအကျိုးဆက်ကြောင့်ပဲ နိုင်ငံတော်က သွေးစုတ်အမြတ်ထုတ်မှုကို တားဆီးခြင်းမရှိယုံတင်မက အားပေးကူညီနေသလိုတောင်ဖြစ်နေရတာပါ။

အမျိုးသားနိုင်ငံတော်ကိုပါဝါရဲ့အမြင့်ဆုံးပုံစံအဖြစ်ရှုမြင်ဖို့လိုပါတယ်။ အခြားနိုင်ငံတော်ပုံစံတွေကထိုမျှလောက်ပါ ဝါရှိမနေဘူး။ အကြောင်းရင်းတွေထဲကတစ်ခုကတော့ လူလတ်တန်းစားအထက်လွှာနဲ့ လက်ဝါးကြီးအုပ်ခြင်းတို့က ပိုပိုပြီး နီးကပ်စွာဆက်နွယ်လာကြတာကြောင့်ပဲဖြစ်တယ်။ အမျိုးသားနိုင်ငံတော်ကိုက ပြည့်ပြည့်စုံစုံဖွံ့ဖြိုးပြီးသော လက်ဝါးကြီး အုပ်မှုပုံစံပါပဲ။ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုဆိုင်ရာ၊ ဘဏ္ဍာရေးနဲ့ အာဏာအစရှိတဲ့ကဏ္ဍတွေကို တစ်စုတစ်စည်း တည်းလက်ဝါးကြီးအုပ်ခြင်းအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ ၎င်းအပြင် အတွေးအခေါ်ရေးရာလက်ဝါးကြီးအုပ်မှုကိုလည်း အာဏာလက်ဝါးကြီးအုပ်ခြင်းရဲ့ မမြင်ရသောအစိတ်အပိုင်းတစ်ရပ်အဖြစ်ရှုမြင်သင့်တယ်။

2. နိုင်ငံတော်နဲ့၎င်းရဲ့ဘာသာရေးဇာစ်မြစ်

နိုင်ငံတော်ရဲ့ဘာသာရေးဇာစ်မြစ်အကြောင်းကို “The Roots of Civilization” မှာ အသေးစိတ်ဆွေးနွေးခဲ့ပြီး ပါပြီ။ ခေတ်ပြိုင်နိုင်ငံရေးအယူအဆတွေမှာ ဘာသာရေး ဒါမှမဟုတ် ဘာသာရေးဆိုင်ရာအယူအဆ ဒါမှမဟုတ် တည် ဆောက်ပုံဆိုင်ရာ ဇာစ်မြစ်တွေရှိကြပါတယ်။ တကယ်တော့သေချာကြည့်ရင် ကိုးကွယ်ရာဘာသာနဲ့ နတ်ဘုရားမှအပ် နှင်းကြောင်းစိတ်ကူးယဉ်မှုတွေက သမိုင်းမှာပထမဆုံးလူမှုလက္ခဏာများကို ယူဆောင်လာခဲ့ပေးတာကိုတွေ့ရမှာပါ။ ၎င်းက မျိုးနွယ်စုရွာအများအပြားနဲ့ အခြားသောနိုင်ငံတော်အကြိုလူ့အဖွဲ့အစည်းများအား အတွေးအမြင်အရစုစည်း ကြခြင်း(ideological glue)ကိုဖြစ်စေပြီး ၎င်းတို့ရဲ့တည်ရှိမှုအား လူ့အဖွဲ့အစည်းအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တယ်။

နိုင်ငံတော်အဆောက်အုံပီပီပြင်ပြင်ဖွံ့ဖြိုးလာပြီးနောက်ပိုင်းမှာ နိုင်ငံတော်၊ အာဏာနဲ့ လူ့အဖွဲ့အစည်းတို့ကြား က အစဉ်အလာဆက်နွယ်မှုဟာ တဖြည်းဖြည်းအားလျော့လာပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက တူညီနေသောဝိသေ သလက္ခဏာများ တဖြည်းဖြည်းပျောက်ဆုံးလာခြင်းကိုအရင်းခံ၍ မြင့်မြတ်သော ဒါမှမဟုတ် နတ်ဘုရားတို့မှအပ်နှင်း ခြင်းအယူအဆနဲ့လက်တွေ့များကပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းက သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အာဏာရှင်စနစ်တို့လို အာဏာအဆောက်အအုံပုံစံတွေမွေးထုတ်ပေးလိုက်တယ်။ နိုင်ငံတော်နဲ့၎င်းရဲ့အာဏာသည် နတ်ဘုရားတို့အလိုဆန္ဒနဲ့ ဥ ပဒေသအရပေါ်ထွက်လာရခြင်းဖြစ်ပြီး နတ်ဘုရားတို့ရဲ့တန်ခိုးတော်ကြောင့် အုပ်ချုပ်ရေးပိုင်းကလူတွေဟာ ရှင်ဘုရင် တွေဖြစ်လာကြပါတယ်။ သူတို့ကမဟာပထဝီမြေပေါ်က နတ်ဘုရားတို့အပ်နှင်းသောအာဏာကိုကိုယ်စားပြုကြတယ်။

ယနေ့ခေတ်သစ်နိုင်ငံတော်အများစုဟာ ၎င်းတို့ရဲ့လောကီဆန်ခြင်းဂုဏ်ကိုဖော်လေ့ရှိကြပြီး ဘာသာရေးနဲ့ရော ထွေးမှုကို ဖြတ်တောက်လိုက်ပြီဖြစ်ကာ ဘာသာရေးကနိုင်ငံတော်ရဲ့တစ်စိတ်အပိုင်းမဟုတ်တော့ဘူးလို့ဆိုကြတယ်။ အဲဒါကတစ်ဝက်လောက်ပဲမှန်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သာသနာ့ကိုယ်စားလှယ်တို့က နိုင်ငံရေးနဲ့လူမှု ရေးဆိုင်ရာဆုံးဖြတ်ချက်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတော့ပေမယ့် နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာအတွေးအခေါ်များနဲ့ ယင်းအတွေးအခေါ်များဖွံ့ဖြိုးတိုးတက်မှုတွေမှာလွှမ်းမိုးထားခြင်းအားဖြင့် ထိုဆုံးဖြတ်ချက်တွေမှာလွှမ်းမိုးလျက်ရှိနေ ပါသေးတယ်။ ထို့အတွက်ကြောင့် လောကီသီးသန့်ဝါဒ (secularism) သို့မဟုတ် တူရကီမှာဆို laicism လို့ခေါ်တဲ့၎င်း က ဘာသာရေးအငွေ့အသက်များပါနေသေးကြောင်းတွေ့နိုင်ပါတယ်။ နိုင်ငံတော်နဲ့ဘာသာရေးကို နိုင်ငံရေးဆိုင်ရာဆုံး ဖြတ်ချက်အရခွဲခြားထားတာဖြစ်ပါတယ်။ ၎င်းကသဘာဝအလျောက်ပေါ်လာတာမဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ အာ ဏာနဲ့နိုင်ငံတော်ဆိုသည်မှာ တစ်စုံတစ်ရာကအပ်နှင်းထားတဲ့၊ သို့မဟုတ် နတ်ဘုရားတို့မှအပ်နှင်းထားတဲ့အရာတစ်ခု လိုဖြစ်နေရသေးတာပါ။ လောကီသီးသန့်နိုင်ငံတော် ဒါမှမဟုတ် လောကီသီးသန့်ပါဝါဆိုတဲ့ယူဆချက်တွေက ဒွိဟ ဖြစ်စရာရှိနေဆဲပါပဲ။

အမျိုးသားနိုင်ငံတော်က ဘာသာရေးအခြေခံတန်ဖိုးအဟောင်းများဖြစ်ကြတဲ့ အမျိုးသားနိုင်ငံ၊ အမိမြေ၊ နိုင်ငံ တော်အလံ၊ နိုင်ငံတော်သီချင်းနဲ့ အခြားသောအရာများနေရာမှာအစားထိုးဖို့ တန်ဖိုးအချို့ကိုလည်းဖြန့်ဝေထားတယ်။ အထူးသဖြင့် စည်းလုံးညီညွတ်သောနိုင်ငံတော်နဲ့ စည်းလုံးညီညွတ်သောအမျိုးသားနိုင်ငံလိုအယူအဆမျိုးတွေက ရုပ် ခန္ဓာရှိတဲ့နိုင်ငံရေးအဆောက်အအုံအဖြစ်ကို ကျော်လွှားနိုင်ဖို့အထောက်အကူပြုပေမယ့် ၎င်းဟာလည်းပဲ အကြိုနိုင်ငံ တော်ကာလကလူ့အဖွဲ့အစည်းရဲ့ နတ်ဘုရားအမည်နာမအောက်မှာ ညီညွတ်ကြသလိုမျိုးပါပဲ။ “တစ်စုံတစ်ရာမှအခွင့် အာဏာကိုအပ်နှင်းသော” ခေါင်းစဉ်အောက်မှာ တူညီစွာရှိနေကြတယ်။

အတိတ်ကာလမှာ မျိုးနွယ်စုရွာတစ်ရွာက အခြားမျိုးနွယ်စုရွာတစ်ရွာကိုသိမ်းပိုက်လိုက်ရင် သိမ်းပိုက်ခံမျိုး နွယ်စုက အနိုင်ရရှိသူမျိုးနွယ်စုရဲ့နတ်ဘုရားကို ကိုးကွယ်ကြရပါတယ်။ ထိုဖြစ်စဉ်ကိုကျွန်ုပ်တို့က ကိုလိုနီပြုခြင်းဖြစ် စဉ်လို့ခေါ်ဆိုပြီး ဒါမှမဟုတ်လည်း တသားတည်းဖြစ်အောင်သွတ်သွင်းခြင်းဖြစ်စဉ်လို့တောင် ခေါ်ဆိုနိုင်ပါသေးတယ်။ အမျိုးသားနိုင်ငံတော်ဆိုသည်မှာ ဗဟိုအာဏာစုစည်းသောနိုင်ငံတော်ပုံစံဖြစ်ပြီး ၎င်းနဲ့အတူ တစ်စုံတစ်ရာမှအပ်နှင်းသ ယောင် အယောင်ဆောင်ထားသောတန်ဖိုးများက လူ့အဖွဲ့အစည်းကိုလက်နက်ဖြုတ်သိမ်းလိုက်ပြီး စစ်အင်အားအသုံး ပြုခွင့်ကို လက်ဝါးကြီးအုပ်ထားလိုက်ပါတော့တယ်။

3. ဗျူရိုကရေစီယန္တရားနဲ့အမျိုးသားနိုင်ငံတော်

အမျိုးသားနိုင်ငံတော်က ၎င်းရဲ့ရုပ်ဆိုင်ရာအခြေခံများ(နိုင်ငံသား)ကို ကျော်လွန်သွားပြီဖြစ်တဲ့အလျောက် ရှိပြီး သားအင်စတီကျူးရှင်းများတင်မကတဲ့အင်စတီကျူးရှင်းများကိုလိုအပ်လာပါတယ်။ ၎င်းရဲ့ကိုယ်ပိုင်ထပ်ဆောင်းအင်စတီ ကျူးရှင်းများဖြင့် ၎င်းရဲ့သဘောတရားအခြေခံများကိုသာမက ဥပဒေရေးရာ၊ ဘောဂဗေဒရေးရာနဲ့ ဘာသာရေးဆိုင်ရာ အ ဆောက်အုံ(structure)များကိုပါ ကာကွယ်ထားဖို့ရာလိုအပ်လာပါတယ်။ ထိုအကျိုးဆက်ကြောင့်ထွက်ပေါ်လာတဲ့အမြဲကြီး ထွားလာနေသော အရပ်ဖက်နဲ့စစ်ဖက်အင်စတီကျူးရှင်းများက ငွေကုန်ကြေးကျများလှသည့်အပြင် ၎င်းတို့က ရုပ်လွန်နိုင် ငံတော်(transcendent state)အပေါ်သာသစ္စာခံထားပြီး၊ အဲဒါက ဗျူရိုကရေစီယန္တရားကို လူထုရဲ့အထက်စီးမှာပဲ ပိုပိုပြီးရှိ နေစေပါတယ်။

ခေတ်သစ်ဥရောပကာလမှာတော့ နိုင်ငံတော်က ၎င်းရဲ့ဗျူရိုကရေစီယန္တရားအား လူမှုအဖွဲ့အစည်းရဲ့အလွှာတိုင်းသို့ လိုအပ်သလိုထိုးသွင်းနိုင်ခွင့်ရှိသွားခဲ့ပါတယ်။ ကင်ဆာလိုပဲ သူ့သက်တမ်းတစ်လျှောက်လုံး လူအဖွဲ့အစည်းကို ကိုက်ဖြတ် စားသောက်နေခဲ့တယ်။ ဗျူရိုကရေစီယန္တရားနဲ့အမျိုးသားနိုင်ငံတော်တို့က တစ်ခုမရှိပဲတစ်ခုတည်ရှိမနေနိုင်ဘူး။ အမျိုးသား နိုင်ငံတော်ကအရင်းရှင်စနစ်ခေတ်သစ်အသွင်(capitalist modernity)ရဲ့ကျောရိုးဖြစ်နေမယ်ဆိုရင် ၎င်းဟာ သေချာပေါက် သဘာဝလူ့အဖွဲ့အစည်းအတွက် လှောင်ချိုင့်ဖြစ်နေမှာပဲ။ ၎င်းရဲ့ဗျူရိုကရေစီယန္တရားက စနစ်ချောချောမွေ့မွေ့လည်ပတ် ရေး၊ ကုန်ထုတ်လုပ်မှုအခြေခံများ ခိုင်မာစေရေး၊ နောက်ပြီး အထောင်အထည်ရှိသောဆိုရှယ်လစ်ဖြစ်စေ စီးပွါးရေးလုပ် လို့ကောင်းတဲ့ပုံစံပဲဖြစ်စေ သက်ဆိုင်ရာအမျိုးသားနိုင်ငံတော်ရဲ့ ဘောဂဗေဒကဏ္ဍဆောင်ရွက်သူတို့ရဲ့ အကျိုးစီးပွါးဖြစ် ထွန်းစေရေးခိုင်မာသေချာအောင်လုပ်ပေးပါတယ်။ အမျိုးသားနိုင်ငံတော်က အရင်းရှင်စနစ်အတွက် လူ့အဖွဲ့အစည်းအား ကျုံးသွင်းထားလိုက်ပြီး ၎င်းရဲ့မူလကသဘာဝအုတ်မြစ်များနဲ့ကင်းကွာသွားစေပါတယ်။ လူ့အဖွဲ့အစည်းရှိပြဿနာများကို ထိန်းချုပ်ဖြေရှင်းလိုသည့် ဆန်းစစ်မှုများအနေဖြင့် ထိုဆက်သွယ်ချက်အား စေ့စေ့စပ်စပ်ကြည့်ရှုဖို့ရန်လိုပါလိမ့်မယ်။

4. အမျိုးသားနိုင်ငံတော်နဲ့တသားတည်းဖြစ်ခြင်း

အမျိုးသားနိုင်ငံတော်ဟာသူ့ရဲ့နဂိုမူလပုံစံမှာကိုကလူမှုဖြစ်စဉ်များအားလုံးကိုလက်ဝါးကြီးအုပ်ဖို့ရည်ရွယ်ခဲ့ပြီ လူမှု လက္ခဏာအရောင်အသွေးစုံလင်ခြင်းကို တားဆီးထားခဲ့တယ်။ ထိုချဉ်းကပ်ပုံမျိုးက လူမှုလက္ခဏာတစ်သားတည်းဖြစ်စေ ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုဆီ ဦးတည်စေတယ်။ ၎င်းကအရင်းရှင်စနစ်အတွက် လူ့အဖွဲ့အစည်းရဲ့အတွေးအခေါ်များနဲ့ လုပ် အားတို့ကိုသွေးစုပ်ဖိနှိပ်ထားတဲ့အပြင် လူတွေရဲ့ဦးနှောက်တွေကိုပါ ကိုလိုနီပြုထားတယ်။ ၎င်းဆက်လက်တည်မြဲရေးအ တွက် စိတ်ဓါတ်၊ သိမှုဆိုင်ရာအယူအဆများနဲ့ယဉ်ကျေးမှုပုံစံများအားလုံးကို တသားတည်းဖြစ်စေတယ်။ ၎င်းက အမျိုး သားယဉ်ကျေးမှုတစ်ခုထဲ၊ အမျိုးသားရေးလက္ခဏာတစ်ခုထဲ၊ နောက်ပြီးကိုးကွယ်ယုံကြည်ရာဘာသာရေးအဖွဲ့အစည်းတစ် ခုထဲသာရှိစေလိုတယ်။ ထို့အတွက်ကြောင့် ပြည်သူလူထုတသားရှိစေခြင်းကိုလည်း အာဏာနဲ့အတင်းအကြပ်ပြုလုပ်ထား တယ်။ ထိုသို့တသားတည်းပြုထားခြင်းကိုအခြေခံပြီး နိုင်ငံသားဆိုတဲ့အယူအဆကိုတည်ဆောက်ထားတယ်။ ခေတ်သစ်ရဲ့ နိုင်ငံသားဖြစ်ခြင်းဆိုသည်မှာ ပုဂ္ဂလိကကျွန်ပြုမှုမှ နိုင်ငံတော်အဆင့်ကျွန်ပြုခြင်းသို့ အသွင်ကူးပြောင်းသွားသောအနက် အဓိပ္ပာယ်မှတပါး အခြားမရှိချေ။ ခေတ်သစ်ရဲ့ ထိုကျေးကျွန်အစုအဝေးကြီးသာမရှိရင်လည်း အရင်းရှင်စနစ်အတွက် သွေး စုပ်အမြတ်ထုတ်စရာရှိမည်မဟုတ်ပါချေ။ အမျိုးသားရေးလက္ခဏာတသားတည်းပြုထားသောလူ့အဖွဲ့အစည်းက သမိုင်း တလျှောက် လူမှပြုလုပ်ထားသောလူ့အဖွဲ့အစည်းအဖြစ်ဆုံးဖြစ်ပြီး ၎င်းက”လူမှုအဆောက်အအုံတည်ဆောက်ခြင်း*”ရဲ့အ ကျိုးရလဒ်ပါပဲ။ (*social engineering project)

ထိုရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အင်အားသုံး၍ဖြစ်စေ၊ စီးပွါးရေးမက်လုံးများသုံး၍ဖြစ်စေယေဘုယျအား ဖြင့်ပြုလုပ်လေ့ရှိပြီး ၎င်းက လူနည်းစုဝင်များ၊ ယဉ်ကျေးမှုများ သို့မဟုတ် ဘာသာစကားများကို ရုပ်ပိုင်းဆိုင်ရာပျက်သုဉ်း ခြင်းတို့ ဖြစ်စေခြင်း ဒါမှမဟုတ်လည်း အင်အားသုံး၍တသားတည်းဖြစ်စေခြင်း အကျိုးရလဒ်ကိုသာဖြစ်ပေါ်စေပါတယ်။ သမိုင်းရဲ့နောက်ဆုံးနှစ်ပေါင်း၂၀၀ကျော်ကာလအတွင်းမှာ အမျိုးသားနိုင်ငံတော်ရဲ့စိတ်ကူးသက်သက်အရှိတရားများနဲ့ကိုက် ညီမှုရှိတဲ့အမျိုးသားနိုင်ငံများကိုအင်အားသုံးဖန်တီးခြင်းအားခြယ်မှုန်းပြသနေတဲ့ ဥပမာတွေအပြည့်ပါပဲ။

5. အမျိုးသားနိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း

အမျိုးသားနိုင်ငံတော်က သာမန်လူများရဲ့ကံကြမ္မာအရေး ဂရုတစိုက်ရှိကြတယ်လို့ဆိုလေ့ရှိကြတယ်။ အဲဒါမှန်ကန် ခြင်းမရှိပါဘူး။ အမျိုးသားနိုင်ငံတော်ကတကယ်တော့ တကမ္ဘာလုံးဆိုင်ရာအရင်းရှင်စနစ်ရဲ့ အမျိုးသားနိုင်ငံအစိုးရသာဖြစ် တယ်။ ၎င်းဟာ အရင်းရဲ့အုပ်စိုးခြယ်လှယ်ခြင်းအဆောက်အအုံမှာ ကျွန်ုပ်တို့ထင်ထားတာထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းဆက် စပ်နေတဲ့ အရင်းရှင်စနစ်ခေတ်သစ်ရဲ့လက်အောက်ခံဖြစ်တယ်။ ၎င်းကအရင်းရဲ့ကိုလိုနီယန္တရားပဲ။ အမျိုးသားရေးကိုဘယ် လောက်ပဲကိုယ်စားပြုပါတယ်ပဲဆိုဆို အမျိုးသားနိုင်ငံတော်က အရင်းရှင်စနစ်ရဲ့သွေးစုတ်အမြတ်ထုတ်ခြင်းဖြစ်စဉ်ကိုသာ သစ္စာခံထားတာပါ။ အရင်းရှင်စနစ်ခေတ်သစ်ထဲက ကြောက်မက်ဖွယ်ရာပြန်လည်ဖြန့်ဝေရေးစစ်ပွဲများအတွက် ထိုသို့သော ရှင်းလင်းချက်မှတပါးအခြားမရှိချေ။ ထို့အတွက်ကြောင့် အမျိုးသားနိုင်ငံတော်ဟာ သာမန်ပြည်သူလူထုဖက်မှာရှိနေတာမ ဟုတ်ပါဘူး။ ၎င်းကသာမန်ပြည်သူလူထုရဲ့ရန်သူဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာလက်ဝါးကြီးအုပ်မှုတွေကို အမျိုးသားနိုင်ငံများရဲ့ သံတမန်များက ညှိနှိုင်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အခြားသောအမျိုးသားနိုင်ငံများရဲ့အသိအမှတ်ပြုမှုမရှိပဲ အမျိုးသားနိုင်ငံတစ်ခုကရှင်ကျန် ဖို့မဖြစ်နိုင်ချေ။ အကြောင်းရင်းကို တကမ္ဘာလုံးဆိုင်ရာအရင်းရှင်စနစ်ရဲ့တွေးခေါ်ယူဆပုံကိုကြည့်ပြီးသိနိုင်ပါတယ်။ ကျစ် ကျစ်လစ်လစ်တည်ဆောက်ထားတဲ့ အရင်းရှင်စနစ်ကိုယ်ထည်ကနေထွက်ခွါဖို့ကြိုးစားတဲ့အမျိုးသားနိုင်ငံတိုင်း ဆာဒမ်ဟူ စိန်အစိုးရရဲ့အဖြစ်မျိုးကိုကြုံတွေရပါလိမ့်မယ်။ အဲလိုမဟုတ်ရင်လည်း စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်ခြင်းနည်းလမ်းသုံးပြီး ဒူး ထောက်လာအောင်လုပ်ကြလိမ့်မယ်။

ဆက်လက်ပြီး တူရကီပြည်ထောင်စုကနေ အမျိုးသားနိုင်ငံတော်ရဲ့ဝိသေသလက္ခဏာဥပမာများကို ဆွဲထုတ်ကြည့် လိုက်ကြရအောင်။

ခ.အမျိုးသားနိုင်ငံတော်ရဲ့သဘောတရားရေးရာအုတ်မြစ်

အတိတ်မှာ အမျိုးသားနိုင်ငံတော်ရဲ့သမိုင်းကို ထိုနိုင်ငံတော်ကအုပ်စိုးသူများရဲ့သမိုင်းကြောင်းနဲ့ တန်းတူဖော်ပြ လေ့ရှိတယ်။ ထိုသို့ဖော်ပြခြင်းက၎င်းတို့ကို ”တစ်စုံတစ်ရာမှအပ်နှင်းသော” အရည်အချင်းနဲ့ပြည့်စုံသလိုဖြစ်သွားအောင် လုပ်ရာရောက်တယ်။ အမျိုးသားနိုင်ငံတော်တွေပေါ်ပေါက်လာခြင်းနဲ့အတူ လုပ်ပုံလုပ်နည်းတွေကပြောင်းလဲမှုတော့ရှိလာ ပါတယ်။ အခုဆိုရင် နိုင်ငံတော်ကိုယ်ထည်တစ်ခုလုံးက စိတ်ကူးစံဖြစ်လာပြီး “တစ်စုံတစ်ရာမှအပ်နှင်းသော”အဆင့်ရောက် သည်အထိတိုးတက်လာတယ်။

1. အမျိုးသားရေးဝါဒ

အမျိုးသားနိုင်ငံတော်ကို အကောင်အထည်ရှိသောနတ်ဘုရားတစ်ပါးအဖြစ်နှိုင်းယှဉ်မယ်ဆိုရင် အမျိုးသားရေးဝါဒ က၎င်းရဲ့ဘာသာရေးပဲဖြစ်ပါတယ်။ ကြည့်ရတာအကောင်းဖက်ရှိနေတဲ့အချက်တစ်ချို့ကိုဖယ်လိုက်ရင် အမျိုးသားရေးဝါဒ နဲ့ အမျိုးသားနိုင်ငံတော်တို့ဟာ ရုပ်လွန်ဝိသေသလက္ခဏာများ(metaphysical characteristics)ရှိကြပါတယ်။ ထိုပေးထား ချက်များအောက်မှာ အရင်းရှင်တို့ရဲ့အကျိုးအမြတ်နဲ့ ဓနဥစ္စာစုပုံလာခြင်းတို့က ပဟေဠိဆန်သောအမျိုးအစားတစ်ခုအဖြစ် ပေါ်ထွက်လာတယ်။ ထိုဝေါဟာရများရဲ့နောက်ကွယ်မှာ အင်အားသုံးအကြပ်ကိုင်ခြင်းနဲ့သွေးစုပ်အမြတ်ထုတ်ခြင်းတို့အခြေ ခံထားသော ရှေ့နောက်မညီတဲ့ဆက်ဆံရေးကွန်ယက်ရှိတယ်။ သူတို့ရဲ့ပါဝါပိုင်ဆိုင်ရေးကြိုးပမ်းမှုတွေက အမြင့်ဆုံးအကျိုး အမြတ်ရရှိရေးအတွက်ဝန်ဆောင်မှုပေးတယ်။ ထိုရှုမြင်ပုံအရဆိုအမျိုးသားရေးဝါဒက ဘာသာရေးယောင်စံနှုန်းများကိုတ ရားဝင်မှုရှိစေရေးအတွက်ပေါ်ပေါက်လာတာပါ။ သူ့ရဲ့တကယ့်တာဝန်က တစ်စုံတစ်ရာရဲ့အခွင့်အာဏာအပ်နှင်းထားသော မြင့်မြတ်ခြင်းရှိသလောက်နီးပါးအမျိုးသားနိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့နေရာတိုင်းမှာစိမ့်ဝင်နေတဲ့ နိုင်ငံတော်ဆိုင်ရာသ ဘောတရားရေးရာအမြင်များကိုဝန်ဆောင်မှုပေးဖို့ပါပဲ။ ဝိဇ္ဇာ၊ သိပ္ပံနယ်ပယ်နဲ့ လူမှုဆင်ခြင်သိ(social awareness)တို့ဟာ သီးခြားရပ်တည်နေခြင်းရှိမနေပါဘူး။ ထို့အတွက်ကြောင့် စစ်မှန်သောသိမှုဆိုင်ရာအလင်းပွင့်မှုရှိစေရေးက အရင်းရှင်စနစ် ခေတ်သစ်သရုပ်ရဲ့ထိုအစိတ်အပိုင်းများကို အခြေခံကျကျဆန်းစစ်အကဲဖြတ်ဖို့လိုတာပါ။

2. ယထာဘူတသိပ္ပံ(Positivist Science)

ယထာဘူတသို့မဟုတ် လက်တွေ့ဇောင်းပေးသိပ္ပံပညာပုံစံများရဲ့ပါရာဒိုင်းက အမျိုးသားနိုင်ငံတော်ရဲ့နောက်ထပ်သ ဘောတရားရေးရာအမာခံကျောရိုးများကိုဖန်တီးပေးပါတယ်။ ၎င်းက အမျိုးသားရေးအတွေးအခေါ်သာမက ဘာသာရေး ပုံစံတစ်မျိုးအနေနဲ့ဖြစ်လာနေတဲ့ လောကီသီးသန့်ဝါဒကိုလည်းအားဖြည့်ပေးနေတယ်။ အခြားတစ်ဖက်မှာလည်း ၎င်းဟာ အရင်းရှင်စနစ်ခေတ်သစ်ရဲ့ သဘောတရားရေးရာအခြေခံအုတ်မြစ်များထဲမှတစ်ခုဖြစ်သလို ၎င်းရဲ့တရားသေအယူအဆ တွေက လူမှုသိပ္ပံပညာရပ်အပေါ်မှာလည်းခိုင်ခိုင်မာမာလွှမ်းမိုးထားပါသေးတယ်။ ယထာဘူတဝါဒကို အရာဝတ္ထုရဲ့ သွင်ပြင် ပုံပန်းအပေါ် တင်းတင်းကြပ်ကြပ်ကန့်သတ်ထားပြီး ရုပ်ဝတ္တုရဲ့သွင်ပြင်သည် အကောင်အထည်ရှိရမည်ဟုဆိုသော ဒဿန ဆိုင်ရာချဉ်းကပ်ပုံတစ်မျိုးအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်တယ်။ ယထာဘူတဝါဒမှာ အသွင်အပြင်ကအရှိတရားဖြစ်တဲ့အ တွက်ကြောင့် အသွင်အပြင်မရှိတဲ့အရာဝတ္ထုတွေကို အရှိတရားလို့ခေါ်ဆိုနိုင်ခြင်းမရှိပါ။ ကျွန်ုပ်တို့သိထားတဲ့အတိုင်းပဲ ကွမ် တမ်ရူပဗေဒ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒရဲ့အချို့သောနယ်ပယ်များနဲ့ တွေးခေါ်ယူဆခြင်းကိုယ်၌ရဲ့လိုရင်းကိုက အရှိတရားဟာ မြင်နိုင်သိနိုင်စွမ်းအလွန်လောကမှာလည်းရှိကြောင်းပြောနေပါတယ်။ အကဲဖြတ်သူနဲ့ အကဲဖြတ်ခံကြားကဆက်သွယ်ချက် မှာ အမှန်တရားကအတိုင်းအတာတစ်ခုအထိနားလည်ရခက်နေပြီး ၎င်းဟာမည်သည့်ရုပ်ပိုင်းဆိုင်ရာတိုင်းတာမှုမျိုး၊ ဖွင့်ဆို ချက်မျိုးတွေနဲ့မှ အံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ ယထာဘူတဝါဒက၎င်းကိုငြင်းဆိုပြီး ထို့အတွက်ကြောင့် ရှေးခေတ်ကာလ က ရုပ်ထုကိုးကွယ်သလိုမျိုးပဲ ရုပ်ထုတွေရဲ့နေရာမှာအရှိတရားရဲ့ပုံရိပ်ကို အစားထိုးကိုးကွယ်နေကြတာဖြစ်ပါတယ်။

3. လိင်အခြေပြုဝါဒ

အမျိုးသားနိုင်ငံတော်ရဲ့နောက်ထပ်သဘောတရားရေးရာအမာခံကျောရိုးကတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာစိမ့် ဝင်နေတဲ့ လိင်အခြေပြုဝါဒပါပဲ။ ၎င်းတို့ရဲ့အာဏာဆက်လက်တည်မြဲရေးအတွက် လူမှုဖွံ့ဖြိုးပြီးခေတ်ရဲ့စနစ်တွေက လိင် အခြေပြုဝါဒကိုကိုင်စွဲထားပါတယ်။ လိင်အခြေပြုဝါဒက အမျိုးသမီးများအပေါ်သွေးစုတ်အမြတ်ထုတ်မှုကို အတင်းအ ကြပ်ပြုလုပ်ပြီး အမျိုးသမီးထုကို အဖိုးတန်သောတန်ဖိုးနည်းလုပ်အားအစုအဝေးအဖြစ်သတ်မှတ်တယ်။ သားသမီးမွေး ပေးနိုင်ပြီး အမျိုးသားများအတွက်မျိုးဆက်ပြန့်ပွါးရေးကိုဆောင်ရွက်ပေးနိုင်တာကြောင့် အမျိုးသမီးများကို အဖိုးတန်အ ရင်းအမြစ်အဖြစ်လည်းသတ်မှတ်တယ်။ ထို့အတွက်ကြောင့် အမျိုးသမီးများကို လိင်ဖျော်ဖြေခံအနေဖြင့်ရော ရောင်းကုန် အဖြစ်ပါသတ်မှတ်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးများက အမျိုးသားများအာဏာတည်မြဲရေးအတွက်ကိရိယာမျှသာဖြစ်ပြီး အလွန်ဆုံးဖိုကြီးစိုးသောလူ့အဖွဲ့အစည်းရဲ့အသုံးအဆောင်ပစ္စည်းအနေနဲ့သာရှိတယ်လို့သတ်မှတ်တယ်။

တစ်ဖက်မှာ အမျိုးသားနိုင်ငံတော်ရဲ့လူ့အဖွဲ့အစည်းကလိင်အခြေပြုဝါဒဟာ အမျိုးသားများရဲ့ပါဝါကိုပိုပြီးအင်အား ကောင်းစေပြီး အခြားတစ်ဖက်မှာတော့ အမျိုးသမီးများကိုဖိနှိပ်ခြင်းဖြင့် ၎င်းရဲ့လူအဖွဲ့အစည်းကို ကိုလိုနီပြုလိုက်ပါတယ်။ ထိုရှုထောင့်အရ အမျိုးသမီးများကိုနိုင်ငံတစ်နိုင်ငံအနေနဲ့သဘောထားနိုင်တယ်။

လူမှုဖွံ့ဖြိုးခြင်းသမိုင်းမှာ ဖိုကြီးစိုးခြင်းက အထက်အောက်တည်ဆောက်မှုအစဉ်အလာအဆောက်အအုံကိုတောင့် တင်းခိုင်မာစေပြီး အမျိုးသားနိုင်ငံတော်အား လိင်အခြေပြုဝါဒနဲ့အားဖြည့်ပေးလိုက်တယ်။ လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်း ရှိုင်းအမြစ်တွယ်နေတဲ့လိင်အခြေပြုဝါဒဟာ အမျိုးသားရေးဝါဒလိုပဲ အမျိုးသားနိုင်ငံတော်ရဲ့ သဘောတရားရေးရာထုတ် ကုန်တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့လူအဖွဲ့အစည်းအပေါ်အန္တရာယ်ပေးနိုင်စွမ်းက အရင်းရှင်စနစ်ထက်မလျော့ပါဘူး။ ထိုအဖြစ် မှန်ကိုဖိုဝါဒကနည်းလမ်းပေါင်းစုံသုံးပြီးဖုံးကွယ်ဖို့ကြိုးစားတယ်။ပါဝါဆက်ဆံရေးများအားလုံးနဲ့နိုင်ငံတော်ရဲ့သဘောတရား ရေးရာများကို လိင်အခြေပြုဝါဒအယူအဆများနဲ့အမူအကျင့်တို့ကအားဖြည့်ပေးထားတာပါ။ အမလိင်ကိုဖိနှိပ်ထားခြင်း မရှိပဲလူ့အဖွဲ့အစည်းတစ်ခုလုံးကိုဖိနှိပ်လို့မရပါဘူး။ အမျိုးသားနိုင်ငံတော်လူ့အဖွဲ့အစည်းအတွင်းက လိင်အခြေပြုဝါဒဟာ တစ်ဖက်မှာအဖိုတွေရဲ့ပါဝါကိုအမြင့်ဆုံးဖြစ်စေပြီး အခြားတစ်ဖက်မှာတော့ အမလိင်ကိုဖိနှိပ်ခြင်းမှတစ်ဆင့် လူ့အဖွဲ့အ စည်းအား အခြေအနေအဆိုးဆုံးသော၎င်းရဲ့ကိုလိုနီဖြစ်အောင်လုပ်လိုက်ပါတယ်။ ထို့အတွက်ကြောင့် အမလိင်က အမျိုး သားနိုင်ငံတော်အတွင်းအဆိုးဝါးဆုံးနေရာမှာရှိနေတဲ့ သမိုင်းဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ကိုလိုနီနိုင်ငံဖြစ်ပါတယ်။ အာဏာအား လုံးနဲ့ နိုင်ငံတော်သဘောတရားရေးရာများက လိင်အခြေပြုစိတ်နေစိတ်ထားနဲ့အမူအကျင့်ကနေအစပြုတာပါ။ အမျိုးသမီး များအပေါ် ကျွန်ပြုခြင်းက အနက်နဲဆုံးနဲ့ပိပိရိရိဟန်ဆောင်ထားသောလူမှုနယ်ပယ်တစ်ခုဖြစ်ပြီး ထိုနယ်ပယ်မှာ အလုံးစုံ သောကျွန်ပြုမှု၊ ဖိနှိပ်မှုနဲ့ ကိုလိုနီပြုခြင်းတို့ကအကောင်အထည်ပေါ်ကြတယ်။ အရင်းရှင်နစ်နဲ့အမျိုးသားနိုင်ငံတော်က ဒါကိုကောင်းကောင်းသိပါတယ်။ အမလိင်ကိုသာကျွန်ပြုမထားရင် ကျန်တဲ့ကျွန်ပြုမှုပုံစံတွေကဖြစ်မလာနိုင်ဘူး။ အရင်း ရှင်စနစ်နဲ့အမျိုးသားနိုင်ငံတော်က စနစ်အတွင်းအနက်ရှိုင်းဆုံးသွပ်သွင်းထားတဲ့ ကြီးစိုးသောအဖိုလိင်ရဲ့အမှတ်သင်္ကေတပဲ။ ထိုထက်ရဲဝံ့ပွင့်လင်းစွာပြောမယ်ဆိုရင် အရင်းရှင်စနစ်နဲ့အမျိုးသားနိုင်ငံတော်က အာဏာရှင်သွေးစုပ်သူအဖိုလိင်ရဲ့ လက် ဝါးကြီးအုပ်ခြင်းပါပဲ။

4. သက်ဝင်ယုံကြည်မှု

လောကီသီးသန့်နိုင်ငံတော်လို့ဆိုပေမယ့် အမျိုးသားရေးဝါဒနဲ့ဘာသာရေး ရောနှောထားတဲ့အရာတစ်ခုကိုသုံးပြီး လိုရာရောက်အောင်လုပ်ဖို့ဝန်မလေးပြန်ဘူး။ အကြောင်းရင်းကတော့ရှင်းပါတယ်။ လူ့အဖွဲ့အစည်းအချို့ဒါမှမဟုတ် ထိုလူ့ အဖွဲ့အစည်းတွေရဲ့တစ်စိတ်တစ်ပိုင်းတွေမှာ ကိုးကွယ်ရာဘာသာက အရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေသေးတာကြောင့်ပဲဖြစ် တယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာကဒီအပိုင်းမှာအကောင်းဆုံးဥပမာဖြစ်မှာပါ။

သို့သော်လည်း ဘာသာရေးကခေတ်သစ်မှာ အစဉ်အလာပုံစံမရှိတော့ပါဘူး။ ယုံကြည်မှုပြင်းထန်သည်ဖြစ်စေ မပြင်းထန်သည်ဖြစ်စေ အမျိုးသားနိုင်ငံတော်အတွင်းမှာ လူအဖွဲ့အစည်းအတွက် ဘာသာရေးရဲ့လုပ်ငန်းတာဝန်တွေမရှိ တော့ပါဘူး။ အမျိုးသားနိုင်ငံတော်ကခွင့်ပြုတာတွေကိုပဲလုပ်လို့ရပါတော့တယ်။ ၎င်းရဲ့ရှိရင်းစွဲလွှမ်းမိုးနိုင်စွမ်းနဲ့ ၎င်းရဲ့အ သုံးဝင်မှုတို့က အမျိုးသားရေးဝါဒအတွက်စည်းရုံးလှုံ့ဆော်ရာမှာ အလွဲသုံးစားလုပ်နိုင်စရာတော့ဖြစ်နေတယ်။ အမျိုးသား နိုင်ငံတော်က အဲဒါကိုမျက်စေ့ကျတာပါ။ အချို့နေရာတွေမှာဆို ဘာသာရေးကအမျိုးသားရေးဝါဒကိုယ်စား ဆောင်ရွက်ပေး ရတာတွေရှိတယ်။ အီရန်မှာဆိုရှီးယိုက်ဂိုဏ်းက အထက်မြက်ဆုံးအိုင်ဒီယော်လော်ဂျီလက်နက်တွေထဲကတစ်ခုဖြစ်တယ်။ တူရကီမှာတော့ ဆွန်နီဂိုဏ်းက အလားတူအစွမ်းမျိုးရှိပေမယ့် အကန့်အသတ်အချို့ရှိပါတယ်။

ဂ. ကာ့ဒ်လူမျိုးစုနဲ့အမျိုးသားနိုင်ငံတော်

အမျိုးသားနိုင်ငံတော်နဲ့၎င်းရဲ့သဘောတရားရေးရာအခြေခံများကို စကားပုလ္လင်ခံခဲ့အပြီးမှာ ကာ့ဒ်လူမျိုးစုအတွက် သီးခြားလွတ်လပ်သောကာ့ဒ်အမျိုးသားနိုင်ငံတော်ထူထောင်ရေးဟာ ဘယ်လောက်တောင်အဓိပ္ပာယ်မဲ့လှသလဲဆိုတာကို သိနိုင်ပါတယ်။

နောက်ဆုံးဆယ်စုနှစ်တွေမှာ ကာ့ဒ်လူမျိုးတွေကသူတို့ရဲ့တည်ရှိမှုအပေါ် အသိအမှတ်ပြုရေးအတွက် လွှမ်းမိုးကြီး စိုးဆဲပါဝါကြီးများရဲ့ဖိနှိပ်မှုကိုခုခံနေကြရယုံသာမက သူတို့လူ့အဖွဲ့အစည်းအားမြေရှင်ပဒေသရာဇ်တို့ရဲ့ချုပ်ကိုင်မှုမှ လွတ် မြောက်ရေးအတွက်လည်းတိုက်နေရပါတယ်။ ထို့အတွက်ကြောင့် နှောင်ကြိုးဟောင်းနေရာမှာ အသစ်တစ်ခုလဲပြီး ပိုပြီး တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်တာမျိုးက အဓိပ္ပာယ်မရှိပါဘူး။ ၎င်းဟာ အရင်းရှင်စနစ်ခေတ်သစ်ရဲ့ပေးထားချက် တွေထဲမှာ အမျိုးသားနိုင်ငံတော်အခြေခံခြင်းက ဘာအဓိပ္ပာယ်သက်ရောက်သလဲဆိုတာပါပဲ။ အရင်းရှင်စနစ်ခေတ်သစ် သရုပ်ကိုဆန့်ကျင်ခြင်းမပြုပဲ လူထုရဲ့လွတ်မြောက်ရေးက အမှန်တကယ်ဖြစ်မလာနိုင်ပါဘူး။ ထို့အတွက်ကြောင့် ကာ့ဒ်အ မျိုးသားနိုင်ငံတော်ထူထောင်ရေးဟာ ကျွန်ုပ်အတွက်ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး။

သီးခြားလွတ်လပ်သောအမျိုးသားနိုင်ငံတော်အတွက်အရေးဆိုခြင်းက အုပ်စိုးသူလူတန်းစားအတွက်အကျိုးအ မြတ်ရရှိစေလိုခြင်းကိုအရင်းခံထားပါတယ်။ သို့မဟုတ်လည်း ဘူဇွာတွေရဲ့အကျိုးစီးပွါးအတွက်ပေါ့။ ၎င်းဟာသာမန်ပြည် သူလူထုရဲ့အကျိုးစီးပွါးအတွက်တော့မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ထပ်နိုင်ငံတော်တစ်ခုကိုထူထောင်ခြင်းက နောက်ထပ်မတရားမှုများကိုဖန်တီးသလိုဖြစ်ပြီး လွတ်လပ်​ခွင့်ကိုအရင်ထက်ပိုပြီးတားဆီးချုပ်ကိုင်မှုတွေပဲဖြစ်လာမှာဖြစ် တယ်။

ကာ့ဒ်အရေးပြဿနာအတွက်ဖြေရှင်းနည်းက ထို့အတွက်ကြောင့် အရင်းရှင်စနစ်ခေတ်သစ်ကိုအားလျော့သွားစေ မယ့် သို့မဟုတ်လည်းတွန်းလှန်နိုင်မယ့်ချဉ်းကပ်နည်းအပေါ်အခြေခံသင့်တာဖြစ်တယ်။ ကာ့ဒ်အရေးပြဿနာမှာ သမိုင်း ဆိုင်ရာအကြောင်းရင်းများ၊ လူမှုရေးဆိုင်ရာတမူထူးခြားသောအင်္ဂါရပ်နဲ့ လက်တွေ့ဖွံ့ဖြိုးတိုးတက်မှုတို့အပါအဝင် နိုင်ငံ​ လေးနိုင်ငံမှာ နယ်မြေကွဲပြားတည်ရှိနေမှုစတဲ့ အချက်များရှိနေတာကြောင့် ဒီမိုကရေစီနည်းလမ်းအရချဉ်းကပ်မှုက မရှိမ ဖြစ်လိုအပ်ပါတယ်။ အဲဒါအပြင် အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီကင်းမဲ့နေတဲ့အဖြစ်လည်းရှိနေတာကြောင့် ကာ့ဒ် လူမျိုးများအခြေချရာနေရာဟာ မဟာဗျူဟာကျတဲ့ပထဝီအနေအထားဖြစ်နေတာကလည်း ကံကောင်းတယ်လို့ဆိုရပါ မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာ့ဒ်လူမျိုးတွေရဲ့ ဒီမိုကရက်တစ်စီမံကိန်းအောင်အောင်မြင်မြင်နဲ့ရှေ့ဆက်နိုင်ရင် အရှေ့ အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းရေးအတွက် အထောက်အကူပြုမှာဖြစ်တယ်။ ထိုစီမံကိန်း ကို ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်လို့ခေါ်ဆိုနိုင်ပါတယ်။

III. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်

ထိုသို့သောအုပ်ချုပ်ရေးဒါမှမဟုတ်စီမံခန့်ခွဲရေးပုံစံကိုနိုင်ငံတော်မဟုတ်သောနိုင်ငံရေးဆိုင်ရာစီမံခန့်ခွဲမှု သို့မဟုတ် နိုင်ငံတော်မရှိသောဒီမိုကရေစီစနစ်အဖြစ်ခေါ်ဆိုနိုင်ပါတယ်။ ဒီမိုကရက်တစ်ကျကျရှိသော အရေးကိစ္စဆုံးဖြတ်ခြင်းဖြစ်စဉ် ကို အရပ်ဖက်အုပ်ချုပ်ရေးပုံစံထဲကဆုံးဖြတ်ခြင်းဖြစ်စဉ်တွေနဲ့မရောထွေးမိဖို့လိုတယ်။ ဒီမိုကရေစီစိုးမိုးနေစဉ်မှာ နိုင်ငံ တော်ကစီမံခန့်ခွဲရေးရာပိုင်းကိုပဲထမ်းဆောင်ပါတယ်။ နိုင်ငံတော်က ပါဝါကိုအခြေပြုပြီး ဒီမိုကရေစီက စုပေါင်းညှိနှိုင်းထား တဲ့ဘုံသဘောတူညီမှုအပေါ်အခြေတည်တယ်။ တစ်ချို့အစိတ်အပိုင်းတွေမှာ ဆန္ဒမဲအရဆုံးဖြတ်တာမျိုးရှိနိုင်ပေမယ့် နိုင်ငံတော်ရဲ့ဌာနတွေကအဓိကအားဖြင့် အမိန့်အရဆုံးဖြတ်ရပါတယ်။ ဒီမိုကရစီစနစ်တွေမှာတော့ တိုက်ရိုက်ရွေးကောက် ပွဲများအရကျင့်သုံးတယ်။ အာဏာဗဟိုမှာစုစည်းနေဖို့ နိုင်ငံတော်က ဥပဒေရေးရာနည်းလမ်းများအသုံးပြုရပြီး ဒီမိုကရေစီ စနစ်မှာတော့ ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်ခြင်းကိုအခြေခံပါတယ်။

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်ဝါဒဟာ မတူညီသောနိုင်ငံရေးအစုအဖွဲ့တွေအတွက် တံခါးဖွင့်ထားပါတယ်။ ၎င်းကို လိုအပ်သလိုချိန်ညှိနိုင်ပြီး ယဉ်ကျေးမှုမတူကွဲပြားခြင်းအားလက်ခံသော၊ လက်ဝါးကြီးအုပ်ခြင်းမရှိသော၊ စုပေါင်းဆုံးဖြတ် ထားတဲ့ဘုံသဘောတူညီမှုအခြေခံသောနိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ဂေဟစနစ်နဲ့ဖမ်းမနစ်ဝါဒတန်ဖိုးများကိုအလေးထားမှု ကပင်မကျောရိုးဖြစ်တယ်။ ထိုသို့သောကိုယ့်အရေးကိုယ်စီမံခန့်ခွဲမှုပုံစံအတွက် အရင်းအမြစ်များကို လက်ဝါးအုပ်ခြင်းအ စား တိုးပွါးစေခြင်းဖြင့် လူ့အဖွဲ့အစည်းရဲ့လိုအပ်ချက်ပေါင်းစုံကိုဖြည့်ဆည်းပေးနိုင်မယ့် အပြိုင်ဘောဂဗေဒစနစ်တစ်ခုလို အပ်ပါလိမ့်မယ်၊

က. လူတိုင်းပါဝင်ဆောင်ရွက်နိုင်ခြင်းနဲ့အရောင်အသွေးစုံလင်သောနိုင်ငံရေးအခင်းအကျင်း

လူ့အဖွဲ့အစည်းရဲ့ ပဋိပက္ခရှိသောစုဖွဲ့မှုအရ နိုင်ငံရေးအစုအဖွဲ့များအနေနဲ့ဒေါင်လိုက်စုဖွဲ့မှုရော အလျားလိုက်စုဖွဲ့မှု ပါလိုအပ်လာတယ်။ ဗဟိုနိုင်ငံရေးအစုအဖွဲ့၊ တိုင်းဒေသကြီးဆိုင်ရာအစုအဖွဲ့နဲ့ ဒေသန္တရအစုအဖွဲ့တို့ကအဲဒီလိုမျှခြေယူထား ဖို့လိုတယ်။ ၎င်းတို့ကိုယ်တိုင်ကသာ ၎င်းတို့ရဲ့သီးခြားလက်တွေ့အခြေအနေများကိုကိုင်တွယ်နိုင်မှာဖြစ်ပြီး နက်ရှိုင်းတဲ့၎င်း တို့ရဲ့လူမှုပြဿနာများအတွက် သင့်လျော်တဲ့ဖြေရှင်းနည်းများကိုထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာအသင်း အပင်း များရဲ့အကူအညီဖြင့် မိမိရဲ့ယဉ်ကျေးမှု၊ လူမျိုးစုသို့မဟုတ်အမျိုးသားရေးလက္ခဏာများကိုဖော်ပြခြင်းက သဘာဝ အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်။ သို့သော်လည်း ထိုအခွင့်အရေးအတွက် လူမျိုးစုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အသိုင်း အဝန်းတစ်ခုလိုအပ်ပါတယ်။ အမျိုးသားနိုင်ငံတော်ဖြစ်စေ၊ သမ္မတစနစ်နိုင်ငံတော်ဖြစ်စေ၊ ဒီမိုကရက်တစ်နိုင်ငံတော်ဖြစ် စေ၊ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က နိုင်ငံရဲ့အရေးကိစ္စသို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာအစဉ်အလာများကို ညှိနှိုင်း ဆောင်ရွက်ဖို့တံခါးဖွင့်ထားတယ်။ တန်းတူညီမျှအပြိုင်တည်ရှိခွင့်ကိုပေးထားတယ်။

ခ. လူ့အဖွဲ့အစည်းအမွေအနှစ်နဲ့ စုပုံလာခဲ့သောသမိုင်းသုတ

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ဟာ လူ့အဖွဲ့အစည်းရဲ့သမိုင်းအတွေ့အကြုံနဲ့ စုပေါင်းအမွေအနှစ်တွေကနေပေါ် ပေါက်လာခြင်းဖြစ်ပါတယ်။ စိတ်ကူးပေါက်သလိုပေါ်လာခဲ့တဲ့ခေတ်သစ်နိုင်ငံရေးစနစ်မျိုးမဟုတ်ပဲ သမိုင်းနဲ့အတွေ့အကြုံ များစွာတို့ကိုဖြတ်သန်းပြီးမှပေါ်ပေါက်လာတာဖြစ်တယ်။ ၎င်းဟာလူ့အဖွဲ့အစည်းဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့အကြုံက နေမွေးဖွားလာတဲ့သားလောင်းဖြစ်ပါတယ်။

ပါဝါလက်ဝါးကြီးအုပ်ထားဖို့ နိုင်ငံတော်က ဗဟိုစုစည်းခြင်းဖက်ကိုသာအမြဲဦးတည်နေတယ်။ ဒီမိုကရက်တစ်ကွန် ဖက်ဒရိတ်စနစ်ကတော့ ဆန့်ကျင်ဖက်ပါပဲ။ လက်ဝါးကြီးအုပ်ခြင်းမရှိပဲ လူ့အဖွဲ့အစည်းကိုနိုင်ငံရေးရဲ့ဗဟိုချက်မှာထားခြင်း မျိုးပါ။ လူ့အဖွဲ့အစည်းရဲ့စုံလင်များပြားသောဂုဏ်ရည်ရှိသောအဆောက်အအုံမျိုးက အာဏာဗဟိုစုစည်းမှုပုံစံများအားလုံး နဲ့ဆန့်ကျင်ဖက်ပါ(heterogeneous structure)။ ပြတ်သားတဲ့ဗဟိုအာဏာစုစည်းမှုကလူ့အဖွဲ့အစည်းအားပြိုကွဲစေတယ်။ မှတ်မိနိုင်သလောက်သမိုင်းတစ်လျှောက်မှာ လူ​တို့ဟာ မျိုးနွယ်တူအစု၊ မျိုးနွယ်စုရွာနဲ့ အခြားသောဖက်ဒရယ်ဂုဏ်ရည်ရှိ လူ့အဖွဲ့အစည်းများလိုလျော့လျော့ရဲရဲစုဖွဲ့ပုံမျိုးသာအမြဲဖွဲ့စည်းကြတယ်။ ဒီနည်းနဲ့ သူတို့ရဲ့အတွင်းပိုင်းကိုယ်ပိုင်ပြဌာန်းမှုကို ထိန်းသိမ်းထားတာဖြစ်တယ်။ အင်ပါယာကြီးရဲ့အစိုးရယန္တရားကတောင် သာသနာရေးအာဏာပိုင်များ၊ မျိုးနွယ်စုကျေးရွာ ကောင်စီ စတာမျိုးတွေလို ၎င်းတို့နဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာ အမျိုးအစားစုံလင်လှသောကိုယ်တိုင်စီမံခန့်ခွဲရေးနည်းလမ်း တွေကိုအသုံးပြုခဲ့တယ်။ သက်ဦးဆံပိုင်နိုင်ငံမှာလည်းအဲဒီအတိုင်းပါပဲ၊သမ္မတစနစ်နိုင်ငံတွေတောင်အဲဒီနည်းလမ်းကိုအသုံး ပြုတယ်။ အရေးကြီးတာက ဗဟိုအာဏာစုစည်းပါတယ်ဆိုတဲ့ အင်ပါယာကြီးတွေတောင်မှ ကိုယ်ပိုင်ပြဌာန်းခြင်းရဲ့ဖွဲ့စည်း ပုံကိုအသုံးပြုတယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်။ ဗဟိုအာဏာစုစည်းတဲ့ပုံစံက လူ့အဖွဲ့အစည်းလိုချင်တဲ့စီမံခန့်ခွဲမှုပုံစံမ ဟုတ်ပါဘူး။ ၎င်းကအာဏာလက်ဝါးကြီးအုပ်ခြင်းကိုတည်မြဲစေရေးအတွက်ပေါ်ပေါက်လာရတာပဲဖြစ်တယ်။

ဂ. ကျင့်ဝတ်နဲ့နိုင်ငံရေးဆင်ခြင်သိ(Ethic and Political Awareness)

လူ့အဖွဲ့အစည်းအား အတန်းအစားအရအမျိုးအစားခွဲခြားပြီး ပုံသေနည်းတစ်ချို့ကိုအခြေခံကာဝေါဟာရသမုတ် ခြင်းက အရင်းရှင်စနစ်လက်ဝါးကြီးအုပ်ခြင်းကြောင့်ပါပဲ။ လူ့အဖွဲ့အစည်းမှာ သင်ကဘာလဲဆိုတာအရေးမကြီးပါဘူး၊သင် ဘာပုံပေါက်နေလဲဆိုတာပဲအရေးကြီးတာပါ။ လူ့အဖွဲ့အစည်းရဲ့အနုမာနကင်းကွာမှု(putative alienation)ကြောင့် နိုင်ငံရေး မှာတက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းကနေလူတွေတဖြည်းဖြည်းသွေးအေးလာပြီး နိုင်ငံရေးအပေါ်မျှော်လင့်ချက်ပျက်သုဉ်း ခြင်း(disenchantment with politic)ဖြစ်လာတယ်။ သို့သော်လည်း လူ့အဖွဲ့အစည်းတွေက အနှစ်သားအရ နိုင်ငံရေးဆန် ပြီးစံတန်ဖိုးများအပေါ်အားသန်ကြပါတယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ သဘောတရားရေးရာနဲ့ စစ်ရေးဆိုင်ရာလက်ဝါးကြီးအုပ် မှုတွေက အစွန်းထွက်လုပ်အားတန်ဖိုးများစုပုံလာရေးအတွက်သာကြိုးပမ်းကြတဲ့အဆောက်အအုံတွေပါ။ ၎င်းတို့ကတန်ဖိုး တွေကိုဖန်တီးမပေးပါဘူး။ တော်လှန်ရေးသည်လည်းပဲ လူ့ဘောင်သစ်ကိုတည်ဆောက်မပေးနိုင်ပဲ လူ့အဖွဲ့အစည်းအတွင်း က နိုင်ငံရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာကွန်ယက်များကိုသာလွှမ်းမိုးနိုင်စွမ်းရှိတာပါ။ ကျင့်ဝတ်အခြေခံနိုင်ငံရေးလူ့အဖွဲ့အ စည်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ်သာအရာရာမူတည်ပါတယ်။

အရင်းရှင်စနစ်ခေတ်သစ်က နိုင်ငံတော်ကိုဗဟိုအာဏာစုစည်းစေကြောင်းရှေ့မှာဆိုခဲ့ပြီးပါပြီ။ လူ့အဖွဲ့အစည်းအ တွင်းဗဟိုပြုထားတဲ့ နိုင်ငံရေးနဲ့စစ်ရေးအာဏာအပေါ် လူထုရဲ့လွှမ်းမိုးမှုကိုတားဆီးပိတ်ပင်လိုက်ပြီဖြစ်တယ်။ သက်ဦးဆံ ပိုင်ဘုရင်စနစ်အတွက် ခေတ်သစ်အစားထိုးစနစ်ဖြစ်တဲ့အမျိုးသားနိုင်ငံတော်က အားနည်းပြီး ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကိုချန်ထားခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာတည်ငြိမ်အေးချမ်းရေးကဘူဇွာတို့ရဲ့လူတန်းစား စိုးမိုးမှုအဖြစ်သာသွယ်ဝိုက်အဓိပ္ပာယ်ရတယ်။ ဗဟိုအစိုးရမှာပဲအာဏာကဖွဲ့စည်းထားပြီး ခေတ်သစ်ရဲ့ အခြေခံစီမံခန့်ခွဲမှု ပုံစံခွက်ဖြစ်လာတယ်။ အဲဒါကဒီမိုကရေစီနဲ့ ပြည်ထောင်စုရဲ့အနှစ်သာရနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သွားပါတယ်။

ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့ “ဒီမိုကရက်တစ်ခေတ်သစ်သရုပ်”က ကျွန်ုပ်တို့သိရှိထားပြီးဖြစ်တဲ့ အရင်းရှင် စနစ်ခေတ်သစ်သရုပ်ရဲ့အပြိုင်ပုံကြမ်းတစ်ခုကိုရည်ညွှန်းပါတယ်။ ၎င်းရဲ့အခြေခံနိုင်ငံရေးပါရာဒိုင်းကို ဒီမိုကရက်တစ်ကွန် ဖက်ဒရိတ်ဝါဒအပေါ်အခြေခံတည်ဆောက်ထားတယ်။ ဒီမိုကရက်တစ်ခေတ်သစ်သရုပ်က ကျင့်ဝတ်အခြေခံနိုင်ငံရေးလူ့ အဖွဲ့အစည်းရဲ့အမိုးဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေက တသားတည်းစည်းလုံးညီညွှတ်နေဖို့လိုတယ်လို့ မှားယွင်းစွာတွေး နေမိသရွေ့တော့ ကိုယ်ပိုင်ပြဌာန်းခြင်းအယူအဆကို နားလည်သဘောပေါက်ဖို့ဝေးနေဦးမှာပဲဖြစ်တယ်။ ခေတ်သစ်သမိုင်း ဆိုသည်မှာ နှစ်ပေါင်းလေးရာကျော်အကြာ စိတ်ကူးယဉ် စည်းလုံးညီညွှတ်သောလူ့အဖွဲ့အစည်းရဲ့အမည်နာမအရကျူးလွန် သောယဉ်ကျေးမှုနဲ့ရုပ်ပိုင်းဆိုင်ရာမျိုးသုဉ်းပျောက်ကွယ်စေခြင်းသမိုင်းပါပဲ။ လူမှုဗေဒခွဲတစ်ခုဖြစ်တဲ့ဒီမိုကရက်တစ်ကွန် ဖက်ဒရိတ်ဝါဒက ထိုသမိုင်းရဲ့အပြိုင်သဘောတရားတစ်ခုဖြစ်ပြီး အရေးကြုံရင်တိုက်ပွဲဝင်ဖို့ဝန်မလေးခြင်းအပါအဝင် လူ မျိုးစု၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာအရောင်အသွေးစုံလင်မှုအပေါ်မှာလည်းအခြေတည်ထားတယ်။ စီးပွါးပျက်ကပ်က အရင်းရှင်စနစ်အမျိုးသားနိုင်ငံတော်ရဲ့မွေးရာပါအကျိုးဆက်တစ်ခုဖြစ်ပါတယ်။ အမျိုးသားနိုင်ငံတော်အပြောင်းအလဲအ တွက် နီယိုလစ်ဘရယ်တွေရဲ့ကြိုးပမ်းဆောင်ရွက်သမျှတွေကအလုပ်မဖြစ်ဘူးဆိုတာ အရှေ့အလယ်ပိုင်းဒေသကဥပမာပါ ပဲ။

ဃ. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်

စီမံခန့်ခွဲရေးနဲ့ပါဝါကျင့်သုံးခြင်းတို့အပေါ် ဗဟိုအာဏာစုစည်းခြင်းနဲ့ဗျူရိုကရက်ဆိုင်ရာအမြင်မျိုးတွေနဲ့အပြိုင် လူ့ အဖွဲ့အစည်းအတွင်းရှိအုပ်စုဝင်တိုင်းနဲ့ မတူညီသောယဉ်ကျေးမှုလက္ခဏာရှိသူတိုင်း ဒေသန္တရအစည်းအဝေးများ၊ အထွေ​ထွေညီလာခံနဲ့ကောင်စီတွေမှာ မိမိသဘောထားအားထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိစေမယ့် နိုင်ငံရေးကိုယ်ပိုင်စီမံခန့်ခွဲမှုပုံစံတစ် ခုကို ကွန်ဖက်ဒရိတ်ဝါဒကထုတ်ဖော်ပေးပါတယ်။ ဒီမိုကရေစီအားထိုသို့နားလည်ပုံမျိုးက လူ့အဖွဲ့အစည်းရဲ့အလွှာတိုင်းပါ ဝင်နိုင်မယ့် နိုင်ငံရေးရပ်ဝန်းတစ်ခုကိုဖန်တီးပေးနိုင်ပြီး မတူကွဲပြားသောနိုင်ငံရေးအစုအဖွဲ့များရဲ့အခင်းအကျင်းတစ်ခုပေါ် ထွက်လာစေပါတယ်။ ထိုနည်းအားဖြင့်လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ နိုင်ငံရေးဆိုင်ရာသမူဟဖြစ်စဉ်ကိုလည်း ၎င်းကတိုးမြှင့် ပေးတယ်။ နိုင်ငံရေးကနေ့စဉ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ နိုင်ငံရေးမရှိပဲနိုင်ငံတော်ရဲ့အကြပ်အတည်းကိုဖြေရှင်း ဖို့မဖြစ်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးကို နိုင်ငံတော်က ပြည့်ပြည့်ဝဝကိုယ်စားပြုနိုင်ခြင်းမရှိတာကြောင့် ထိုအကြပ် အတည်းကိုအားကောင်းနေစေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီဘောင်ထဲကဖွင့်ဆိုတဲ့ ဖက်ဒရယ် သို့မဟုတ် ကိုယ်ပိုင်စီမံခန့်ခွဲရေးဝေါဟာရရဲ့အနက်ကိုပြန်လည်ဖွင့်ဆိုဖို့လိုတယ်။ ၎င်းတို့ရဲ့အနှစ်သာရကို အမျိုးသားနိုင်ငံ တော်အတွင်းက အထက်အောက်တည်ဆောက်ပုံရှိစီမံခန့်ခွဲခြင်းအနေဖြင့်မရှုမြင်သင့်ပဲ လူ့အဖွဲ့အစည်းရဲ့ ထုတ်ဖော်ခြင်းနဲ့ ပါဝင်ဆောင်ရွက်ခြင်းတို့အတွက် အဓိကကျတဲ့ကိရိယာအဖြစ်ရှုမြင်သင့်ပါတယ်။ ၎င်းကလူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးဂုဏ် သတ္တိကိုတိုးမြှင့်ပေးပါလိမ့်မယ်။ ဒီအတွက်ကျွန်ုပ်အနေနဲ့သီအိုရီအယူအဆအကြီးကြီးတွေမလိုပါဘူး။ လူမှုအရေးဆောင် ရွက်သူများရဲ့ ကိုယ့်ကိုယ်ကိုပိုင်စိုးခွင့်ကို စနစ်အရပိုအားကောင်းစေပြီး အသိုင်းအဝန်းရဲ့အစုအဖွဲ့များအတွက်အခြေအနေ များဖန်တီးပေးခြင်းဖြင့် သက်ဆိုင်ရာလူမှုလိုအပ်ချက်များကိုဖော်ပြနိုင်ခွင့်ပေးလိုတဲ့ဆန္ဒတစ်ခုသာလိုအပ်ပါတယ်။ လူမှု ရေးနဲ့နိုင်ငံရေးအဖွဲ့များ၊ ဘာသာရေးအသိုင်းအဝန်းများ ဒါမှမဟုတ်လည်း သိမှုဆိုင်ရာအရွေ့များအားလုံးအတွက် သက် ဆိုင်ရာဒေသန္တရဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်တွေမှာ မိမိတို့အရေးကိစ္စကို ကိုယ်တိုင်ထုတ်ဖော်နိုင်မယ့်ရပ်ဝန်းတစ် ခုအားဖန်တီးပေးခြင်းကို အားလုံးပါဝင်ဆောင်ရွက်နိုင်သောဒီမိုကရေစီစနစ် (participatory democracy) လို့လည်းခေါ်ပါ တယ်။ ထိုကဲ့သို့သောဒီမိုကရေစီစနစ်မျိုးက နက်နက်ရှိုင်းရှိုင်းကိုယ်တိုင်ပါဝင်ဆောင်ရွက်ရလေ အစွမ်းထက်လေပါပဲ။ အမျိုးသားနိုင်ငံတော်ကဒီမိုကရေစီနဲ့ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပြီး ဆန့်ကျင်သလိုတောင်ဖြစ်နေချိန်မှာ ဒီမိုကရက် တစ်ကွန်ဖက်ဒရိတ်စနစ်က ဒီမိုကရေစီအဓွန့်ရှည်တည်မြဲရေးကိုတည်ဆောက်ပေးနိုင်ပါတယ်။

ကိုယ်တိုင်ကလည်းဖက်ဒရယ်ဂုဏ်သတ္တိရှိနေတဲ့လူမှုကဏ္ဍဆောင်ရွက်သူများဟာ အားလုံးပါဝင်သောဒီမိုကရေစီ စနစ်ရဲ့ကလာပ်စည်းတွေပါပဲ။ ၎င်းတို့ကအခြေအနေအပေါ်မူတည်ပြီး အစုအဖွဲ့သစ်များသို့မဟုတ် ဖက်ဒရေးရှင်းသစ်များ အဖြစ်သို့စုဖွဲ့နိုင်ကြတယ်။ အားလုံးပါဝင်ဆောင်ရွက်နိုင်သောဒီမိုကရေစီစနစ်ရှိ နိုင်ငံရေးယူနစ်များသည် အနှစ်သာရမှာ လည်း ဒီမိုကရက်တစ်နည်းကျကျရှိပါတယ်။ ဤနည်းအားဖြင့်ဒီမိုကရေစီလို့ကျွန်ုပ်တို့ခေါ်တဲ့စနစ်ဟာ ဒေသန္တရအဆင့်မှ နိုင်ငံတကာအဆင့်အထိ နိုင်ငံရေးအလျဉ်မပြတ်ဖြစ်စဉ်(continuous political process)ဘောင်ကနေ ဒီမိုကရက်တစ်ကျ ကျရှိသောဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်နည်းလမ်းဖြစ်လာပါတယ်။ ထိုလုပ်ငန်းစဉ်က လူ့အဖွဲ့အစည်းရဲ့လူမှုအ ဆောက်အအုံအပေါ်သက်ရောက်မှုရှိပြီး တသားတည်းစည်းလုံးညီညွှတ်စေလိုတဲ့အမျိုးသားနိုင်ငံတော်နဲ့ ပြဒါးတစ်လမ်းသံ တစ်လမ်းဖြစ်သွားစေတယ်။ တသားတည်းဖြစ်စေဖို့က အင်အားသုံးပြီးအတင်းအကြပ်ပြုလုပ်မှဖြစ်နိုင်တာပါ။ အဲဒီလိုအ တင်းအကြပ်ပြုလုပ်တာကလည်းလွတ်လပ်ခွင့်ကိုဆုံးရှုံးစေပါတယ်။

ဆုံးဖြတ်ချက်တွေက ဒေသန္တရအဆင့်မှာပြုလုပ်တာဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်ုပ်ဖော်ပြခဲ့ပြီးပါပြီ။ ထိုသို့ဆုံး ဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်တွေရဲ့ စဉ်းစားပုံနည်းလမ်းတွေကလည်း နိုင်ငံတကာအရေးကိစ္စတွေနဲ့ ဆက်စပ်မှုရှိဖို့လိုပါ တယ်။ ကျေးရွာများနဲ့မြို့ပြရပ်ကွက်များမှာတောင်မှ ကိုယ်ပိုင်ပြဌာန်းခြင်းအဆောက်အအုံ(confederated structure)လို အပ်တယ်ဆိုတဲ့အချက်ကို ကျွန်ုပ်တို့အနေနဲ့နားလည်ဖို့လိုတယ်။ လူ့အဖွဲ့အစည်းရဲ့နေရာတိုင်းမှာ ကိုယ့်အရေးကိုယ်စီမံခွင့်ရှိ စေဖို့လိုပြီး အလွှာတိုင်းမှာလည်းအားလုံးလွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်ရှိဖို့လိုတယ်။

င. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်

အမျိုးသားနိုင်ငံတော်ဟာ အနှစ်သားအရ စစ်အင်အားနဲ့ကျားကန်ထားတဲ့အဆောက်အအုံတစ်ခုပါ။ အမျိုးသားနိုင် ငံတော်ဆိုသည်မှာလည်း ပြည်တွင်းပြည်ပစစ်ရေးပဋိပက္ခများရဲ့အကျိုးဆက်ထုတ်ကုန်သာဖြစ်တယ်။ ရှိသမျှအမျိုးသားနိုင် ငံတော်တွေအားလုံး သဘာဝအတိုင်းအလိုအလျောက်ပေါ်လာခဲ့တာမဟုတ်ကြပါဘူး။ ၎င်းတို့အားလုံးမှာစစ်ဖြစ်ခဲ့တဲ့မှတ် တမ်းတွေရှိကြတာချည်းပဲ။ နိုင်ငံတော်ထူထောင်ခြင်းအဆင့်အတွက်ကိုပဲပြောနေတာမဟုတ်ပါဘူး။ အမျိုးသားနိုင်ငံတော် က လူ့အဖွဲ့အစည်းတစ်ခုလုံးအားစစ်ပုံသွင်းခြင်း(militarization)အပေါ်အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့အရပ်သားအုပ်ချုပ်မှုဆိုတာက စစ်ဖက်ဆိုင်ရာယန္တရားရဲ့တွဲဖက်ယန္တရားသာဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီစနစ် မှာ ၎င်းရဲ့စစ်ဖက်ဆိုင်ရာအဆောက်အအုံကို ဒီမိုကရေစီနဲ့လစ်ဘရယ်ဝါဒဆေးရောင်လေးခြယ်ပြီး ထိုအချက်ကိုကျော်လွန် နိုင်ဖို့ကြိုးစားပါတယ်။ သို့သော်လည်း အဲဒီလိုလုပ်ခြင်းဖြင့် စနစ်ရဲ့ပင်ကိုယ်အရဖြစ်ပေါ်လာခဲ့တဲ့အကြပ်အတည်းများအ ထွဋ်အထိပ်ရောက်စဉ်မှာ အာဏာရှင်ဆန်ဆန်ဖြေရှင်းနေရတဲ့အဖြစ်ကိုရှောင်လွဲနိုင်ခြင်းမရှိပါဘူး။ ဖက်ဆစ်နည်းလမ်းအား ဖြင့်ပါဝါကျင့်သုံးခြင်းသည် အမျိုးသားနိုင်ငံတော်ရဲ့ပင်ကိုယ်သဘာဝဖြစ်ပြီး ဖက်ဆစ်ဝါဒကအမျိုးသားနိုင်ငံတော်ရဲ့အစစ် မှန်ဆုံးသရုပ်သကန်ပါပဲ။

ထိုသို့စစ်ပုံသွင်းခြင်းကိုကိုယ့်ကိုယ်ခုခံပိုင်ခွင့်ပေးခြင်းအားဖြင့်သာတွန်းလှန်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်ကာကွယ်ရေး ယန္တရားမရှိတဲ့ လူ့အဖွဲ့အစည်း(အသိုင်းအဝန်း)တွေက မိမိရဲ့လက္ခဏာ၊ ဒီမိုကရက်တစ်ကျကျဆုံးဖြတ်ချက်ချမှတ်နိုင်သော စွမ်းရည်နဲ့ နိုင်ငံရေးသဘာဝတို့ကိုဆုံးရှုံးရနိုင်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်းတစ်ခုရဲ့ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်က စစ် ရေးကဏ္ဍတစ်ခုတည်းကိုသာဆိုလိုတာမဟုတ်ပဲ မိမိရဲ့လက္ခဏာ၊ နိုင်ငံရေးဆင်ခြင်သိနဲ့ ဒီမိုကရေစီကျင့်သုံးခြင်းတို့အား ထိန်းသိမ်းကာကွယ်ထားနိုင်ရေးအတွက်လည်းအရေးတကြီးလိုအပ်ပါတယ်။ ဒါကိုနားလည်မှ ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်အ ကြောင်းကိုဆက်လက်ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။

ထိုနောက်ခံအခြေအနေအောက်မှာ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ကို ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့်ရှိသောလူ့အဖွဲ့ အစည်းစနစ်အဖြစ်သမုတ်နိုင်ပါတယ်။ ပေါင်းစုထားသောကိုယ်ပိုင်ပြဌာန်းမှုကွန်ယက်(confederate network)ဖြင့်သာ လက်ဝါးကြီးအုပ်ခြင်းများရဲ့ကမ္ဘာလုံးအတိုင်းအတာအရစိုးမိုးခြယ်လှယ်မှုနဲ့ အမျိုးသားနိုင်ငံတော်စစ်ဝါဒတို့ကိုတွန်းလှန်နိုင် မယ့်အခြေခံကောင်းတစ်ခုကိုရရှိနိုင်မှာဖြစ်တယ်။ လက်ဝါးကြီးအုပ်ခြင်းကွန်ယက်ကိုတွန်းလှန်နိုင်ဖို့ တူညီစွာအစွမ်းရှိကြ တဲ့ပေါင်းစုထားသောလူမှုရေးဆိုင်ရာကိုယ်ပိုင်ပြဌာန်းမှုကွန်ယက် (network of social confederacies) တစ်ခုကိုတည် ဆောက်ရမှာဖြစ်ပါတယ်။

၎င်းကဘာကိုအထူးသဖြင့်အဓိပ္ပာယ်ရနေလဲဆိုတော့ ကွန်ဖက်ဒရိတ်စနစ်ရဲ့လူမှုရေးပါရာဒိုင်းတွေမှာ ပြည်တွင်း ပြည်ပလုံခြုံရေးကဏ္ဍတစ်ခုတည်းမှတပါး စစ်တပ်က စစ်ရေးအတွက်လက်ဝါးကြီးအုပ်ခြင်းဖြစ်မလာနိုင်တာပါပဲ။ ၎င်းကို ဒီမိုကရက်တစ်ကျသောအင်စတီကျူးရှင်းများကတိုက်ရိုက်ထိန်းချုပ်ပါတယ်။ လူ့အဖွဲ့အစည်းကိုယ်တိုင်က၎င်းရဲ့တာဝန်ဝ တ္တရားတွေကိုသတ်မှတ်ပေးနိုင်မယ်။ ၎င်းရဲ့ဝတ္တရားတွေထဲကတစ်ခုကတော့ လူ့အဖွဲ့အစည်းရဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် အားပြည်တွင်းပြည်ပခြယ်လှယ်မှုများမှကာကွယ်ရေးဖြစ်တယ်။ စစ်ဦးစီးတာဝန်ကို နိုင်ငံရေးဆိုင်ရာအင်စတီကျူးရှင်းများ နဲ့ ကွန်ဖက်ဒရိတ်အစုအဖွဲ့တွေကတန်းတူညီမျှစွာဆုံးဖြတ်ရပါတယ်။

စ. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်နဲ့ပါဝါပိုင်ဆိုင်ရေးပဋိပက္ခ

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်မှာဘယ်လိုပါဝါပြိုင်ဆိုင်မှုမျိုးအတွက်မှနေရာမရှိပါဘူး။ သဘောတရားရေးရာ နယ်ပယ်မှာထိုအချက်ကပိုပြီးမှန်ကန်ထင်ရှားပါတယ်။ ပါဝါလွှမ်းမိုးခြင်း(hegemony)နိယာမများကို များသောအားဖြင့် ရှေးရိုးစဉ်လာလူ့အဖွဲ့အစည်းတွေကသာကျင့်သုံးကြတာပါ။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာတော့ ပါဝါလွှမ်းမိုးခြင်းနဲ့အိုင် ဒီယော်လော်ဂျီလွှမ်းမိုးခြင်းတို့ကိုခွင့်မပြုပါဘူး။ ဒီမိုကရက်တစ်ကျသောကိုယ်ပိုင်စီမံခန့်ခွဲခြင်းဘောင်အကန့်အသတ်ကို ကျော်လွန်တဲ့ ထုတ်ဖော်ပြောဆိုခြင်းတွေက ကိုယ်တိုင်စီမံခန့်ခွဲရေးနဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို ယုတ္တိကင်းမဲ့ စေပါတယ်။ လူ့အဖွဲ့အစည်းရဲ့အရေးကိစ္စများကိုစုပေါင်းကိုင်တွယ်ဖြေရှင်းခြင်းက နားလည်မှု၊ အမြင်မတူကွဲပြားခြင်းအ ပေါ်လေးစားမှုနဲ့ ဒီမိုကရက်တစ်ကျသောဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်းတို့လိုအပ်ပါတယ်။ ဒါကအရင်းရှင်စနစ်ခေတ် သစ်ဘောင်ထဲက ခေါင်းဆောင်မှုအပေါ်နားလည်သဘောပေါက်ပုံမျိုးနဲ့ကွဲပြားနေပါတယ်။ အရင်းရှင်စနစ်ခေတ်သစ်ရဲ့ အ မျိုးသားနိုင်ငံတော်လက္ခဏာဆောင်တဲ့ ဗျူရိုကရက်တစ်ထင်ရာဆုံးဖြတ်ပုံမျိုးက ကျင့်ဝတ်အခြေခံဒီမိုကရက်တစ်ကွန်ဖက် ဒရိတ်ခေါင်းဆောင်မှုမျိုးနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်မှာ အယူဝါဒရေးရာတ ရားဝင်မှု(ideological legitimization)မလိုအပ်တဲ့အတွက် ပါဝါပိုင်ဆိုင်ရေးပဋိပက္ခကလည်းရှိလာနိုင်စရာအကြောင်းမရှိ ပါ။

ဆ. တကမ္ဘာလုံးအတိုင်းအတာရှိဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်အဆောက်အအုံ

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ဟာ ဒေသန္တရနယ်ပယ်ကိုအလေးထားသော်လည်း တကမ္ဘာလုံးဆိုင်ရာကွန် ဖက်ဒရိတ်စုဖွဲ့မှုကိုလျစ်လျူရှုထားခြင်းမရှိပါ။ ကျွန်ုပ်အနေဖြင့် ကွန်ဖက်ဒရိတ်စုဖွဲ့မှုအရ အမျိုးသားအရပ်ဖက်အသိုင်းအ ဝန်း(national civil societies)အတွက်ရပ်ဝန်းတစ်ခုဖန်တီးပြီး ပါဝါနိုင်ငံကြီးတွေရဲ့ဦးဆောင်မှုအောက်မှာ အမျိုးသားနိုင်ငံ တော်များစုဖွဲ့ထားတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ခြားနားတဲ့စုဖွဲ့မှုရပ်ဝန်းတစ်ခုလိုအပ်ပါတယ်။ ဤနည်းအားဖြင့် ကမ္ဘာကြီးရဲ့ ငြိမ်း ချမ်းရေး၊ ဂေဟစနစ်အရေး၊ တရားမျှတမှုအရေးနဲ့ ကုန်ထုတ်စွမ်းအားစတဲ့အရေးကိစ္စတွေမှာပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ် ချက်တွေချမှတ်နိုင်ပါလိမ့်မယ်။

ဇ. အနှစ်ချုပ်

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ဟာ အမျိုးသားနိုင်ငံတော်မှစီမံခန့်ခွဲခြင်းနဲ့ခြားနားတဲ့ ကိုယ့်အရေးကိုယ်စီမံခြင်း ဖြစ်ပါတယ်။ သို့ရာတွင် အခြေအနေအချို့မှာ ကိုယ့်အရေးကိုယ်စီမံခြင်းရဲ့ အချက်အချာကိစ္စရပ်များကို နိုင်ငံတော်က ဝင်ရောက်စွက်ဖက်ခြင်းမရှိရင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကဖြစ်နိုင်ပါတယ်။ ထိုသို့စွက်ဖက်မှုများရှိလာခဲ့ရင် အ ရပ်သားအသိုင်းအဝန်း(လူ့အဖွဲ့အစည်း)ရဲ့ကိုယ့်ကိုယ်ခုခံပိုင်ခွင့်ကအသက်ဝင်လာမှာဖြစ်တယ်။

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ကမည်သည့်အမျိုးသားနိုင်ငံတော်နဲ့မှအကြောင်းမဲ့စစ်ခင်းနေမှာမဟုတ်ပေမယ့် တသားဖြစ်အောင် သွပ်သွင်းဖို့ကြိုးစားတဲ့အမှုကိုလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ နိုင်ငံတော်ကိုတော်လှန်ဖြုတ် ချတာ ဒါမှမဟုတ် နိုင်ငံတော်အသစ်တစ်ခုထူထောင်တာက အပြောင်းအလဲကိုအဓွန့်ရှည်အောင်လုပ်နိုင်ခြင်းမရှိဘူး။ ခရီး ရှည်ကြီးဖြတ်သန်းလာခဲ့အပြီးမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်လုပ်ငန်းစဉ်ကနေတစ် ဆင့်သာအပြည့်အဝပုံပေါ်နိုင်မှာဖြစ်တယ်။

အရပ်သားလူ့အဖွဲ့အစည်းရဲ့ဒီမိုကရေစီအရေးကြိုးပမ်းမှုအတွက် နိုင်ငံတော်ကိုယတိပြတ်ငြင်းဆန်ခြင်းကအလုပ် မဖြစ်သလို အပြည့်အဝအသိအမှတ်ပြုခြင်းကလည်းအလုပ်မဖြစ်ပါဘူး။ နိုင်ငံတော်၊ အထူးသဖြင့်အမျိုးသားနိုင်ငံတော်ကို ကျော်လွှားနိုင်ရေးကရေရှည်စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က ၎င်းရဲ့လူမှုအရေးကိစ္စရပ်များအားဖြေရှင်းနိုင်စွမ်းကိုသက်သေပြပြီးတာနဲ့ နိုင်ငံတော်ကိုကျော်လွှားနိုင်မှာဖြစ်တယ်။ ခုလိုပြောနေတာကလည်း အမျိုးသားနိုင်ငံတော်ကိုလက်ခံရမယ်လို့ဆိုလိုတာမ ဟုတ်ပါဘူး။ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က ၎င်းရဲ့ခုခံကာကွယ်ရေးကိုအမြဲအသင့်ပြင်ထားမှာဖြစ်တယ်။ ဒီမိုက ရက်တစ်ကွန်ဖက်ဒရေးရှင်းကိုလည်း သီးခြားနယ်မြေတစ်နေရာမှာပဲစုဖွဲ့ဖို့ကန့်သတ်မထားပါဘူး။ လူ့အဖွဲ့အစည်းက တောင်းဆိုလာတဲ့အခါ နယ်စပ်ဖြတ်ကျော်ကွန်ဖက်ဒရိတ်စုဖွဲ့မှုတွေကအမှန်တကယ်ဖြစ်လာမှာပါ။

IV. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ရဲ့နိယာမများ

  1. လူထုရဲ့ကိုယ့်အရေးကိုယ်စီမံပိုင်ခွင့်ထဲမှာမိမိတို့ကိုယ်ပိုင်နိုင်ငံတစ်ခုထူထောင်ခြင်းလဲပါဝင်ပေမယ့် နိုင်ငံထူထောင် ခြင်းက လူထုရဲ့လွတ်လပ်ခွင့်ကိုပိုတိုးလာစေမှာမဟုတ်ပါဘူး။ အမျိုးသားနိုင်ငံတော်များစုဖွဲ့ထားတဲ့ကုလသမဂ္ဂကို ကြည့်ရင် အဲဒါကအလုပ်မဖြစ်တာမြင်သာပါတယ်။ အလားတူပဲအမျိုးသားနိုင်ငံတော်က မည်သည့်လူမှုဖွံ့ဖြိုးတိုး တက်မှုအတွက်ကိုမဆိုကြီးစွာသောအတားအဆီးဖြစ်လာနေပြီး ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က အဖိနှိပ်ခံ လူထုအတွက်ခြားနားသောပါရာဒိုင်းပါပဲ။

  2. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ဟာ နိုင်ငံတော်မှမဟုတ်သောလူမှုရေးပါရာဒိုင်းဖြစ်ပါတယ်။ ၎င်းကိုနိုင်ငံတော် မှထိန်းချုပ်ထားခြင်းမရှိဘူး။ တစ်ချိန်ထဲမှာပဲ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်သည် ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုဆိုင်ရာစုဖွဲ့ခြင်းနဲ့ဆိုင်တဲ့အအောက်အအုံပုံကြမ်းဖြစ်တယ်။

  3. ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က အောက်ခြေလူတန်းစားများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခွင့်အပေါ်အခြေ ခံထားပါတယ်။ ၎င်းရဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်က ၎င်းနဲ့သက်ဆိုင်တဲ့လူ့အဖွဲ့အစည်းနဲ့တသားတည်း ဖြစ်ပါတယ်။ အထက်ပိုင်းအဆင့်က အထွေထွေညီလာခံသို့ကိုယ်စားလှယ်လွှတ်ပြီးတင်ပြလာတဲ့ အသိုင်းအဝန်းရဲ့ ဆန္ဒသဘောထားများအား ညှိနှိုင်းဆောင်ရွက်ခြင်းကိုသာလုပ်ဆောင်ပါတယ်။ အချိန်ကန့်သတ်ချက်အရ၎င်းဟာ ကိုယ်စားပြုအင်စတီကျူးရှင်းဖြစ်သလို စီရင်ဆုံးဖြတ်ရေးအင်စတီကျူးရှင်းလည်းဖြစ်တယ်။ သို့သော်လည်းအ ခြေခံဆုံးဖြတ်ခြင်းပါဝါကအောက်ခြေလူတန်းစားအင်စတီကျူးရှင်းတွေမှာပဲတည်ပါတယ်။

  4. အရှေ့အလယ်ပိုင်းဒေသမှာ အရင်းရှင်စနစ်နဲ့၎င်းရဲ့အင်ပါယာပါဝါဖြင့် ဒီမိုကစီစနစ်ကိုသွတ်သွင်းလို့မရနိုင်ပါဘူး။ ၎င်းသည်ဒီမိုကရေစီကိုပျက်စီးစေပါတယ်။ အောက်​ခြေလူတန်းစားဒီမိုကရေစီစည်ပင်ပြန့်ပွါးရေးကသာမူလအ ခြေခံဖြစ်တယ်၊ ထိုနည်းကသာ အရောင်အသွေးစုံလင်သော လူမျိုးစု၊ ဘာသာရေးနဲ့ ကွဲပြားသောလူတန်းစား တို့အရေးကိုင်တွယ်ဖြေရှင်းနိုင်မယ့်ချဉ်းကပ်နည်းတစ်ခုဖြစ်ပါတယ်။ ၎င်းက လူ့အဖွဲ့အစည်းရဲ့အစဉ်အလာကွန် ဖက်ဒရိတ်အဆောက်အအုံနဲ့လည်းအဆင်ပြေနိုင်ပါတယ်။

  5. ကာဒစ္စတန်ရဲ့ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ဟာ အမျိုးသားရေးဝါဒကိုလည်းဆန့်ကျင်ပါတယ်။ ရှိပြီးသားနိုင် ငံရေးအရသတ်မှတ်သောနယ်နိမိတ်ဘောင်များကိုမေးခွန်းထုတ်ခြင်းမပြုပဲ ကာဒစ္စတန်နယ်မြေတစ်ကြောမှာ ဒီမို ကရေစီဖွံ့ဖြိုးစေခြင်းဖြင့် လူထုရဲ့ခုခံပိုင်ခွင့်ဖြစ်ထွန်းလာစေရေးရည်ရွယ်တယ်။ ကာ့ဒ်အမျိုးသားနိုင်ငံတော်ထူ ထောင်ရေးအတွက်ရည်ရွယ်ခဲ့သည်မဟုတ်ပါ။ ကျွန်ုပ်တို့ရဲ့လှုပ်ရှားမှုသည် အီရန်၊ တူရကီ၊ ဆီးရီးယားနဲ့အီရတ်တို့ မှာ ကာ့ဒ်တစ်မျိုးသားလုံးအတွက်တံခါးဖွင့်ပေးထားမယ့် ဖက်ဒရယ်အဆောက်အအုံတစ်ခုကိုဖန်တီးပြီး တစ်ဆက် ထဲမှာပဲ ကာဒစ္စတန်နယ်မြေလေးဌာနကို ကွန်ဖက်ဒရိတ်ပေါင်းစုနိုင်ရေးရည်ရွယ်ပါတယ်။

V. အရှေ့အလယ်ပိုင်းရှိလူထုအရေးပြဿနာများနဲ့ အလုပ်ဖြစ်နိုင်မယ့်ဖြေရှင်းနည်း

အမျိုးသားရေးဆိုင်ရာပြဿနာများဟာ အရင်းရှင်စနစ်ခေတ်သစ်ကြောင့်ဖြစ်ရတဲ့နိမိတ်ယောင် (phantasm)တစ် ခုလို့ဆိုတာထက် အရင်းရှင်စနစ်ခေတ်သစ်က လူ့အဖွဲ့အစည်းအတွင်းသို့ အမျိုးသားရေးပြဿနာများကိုသွတ်သွင်းလိုက် တယ်လို့ဆိုတာကပိုသင့်တော်ပါတယ်။ ဘာသာရေးအခြေပြုလူ့အဖွဲ့အစည်းနေရာမှာ အမျိုးသားနိုင်ငံကအစားဝင်ယူလိုက် တာဖြစ်တယ်။ တကယ်လို့အမျိုးသားနိုင်ငံတစ်ခုက ဖိနှိပ်သောသဘာဝရှိသည့်လက်ဝါးကြီးအုပ်ခြင်းအသွင်ကိုဆက်လက် ဆောင်မထားလိုပါက အမျိုးသားလူ့အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ကူးပြောင်းရာမှာ အရင်းရှင်စနစ်ခေတ်သစ်ကို​ ကျော် လွှားနိုင်ဖို့လိုပါတယ်။

အရှေ့အလယ်ပိုင်းမှာလိုတာထက်ပိုပြီးအမျိုးသားရေးကိုဇောင်းပေးတာကပြဿနာဖြစ်နိုင်သလို စုပေါင်းပိုင်ဆိုင် သောအမျိုးသားရေးလက္ခဏာကိုလျစ်လျူရှုခြင်းကလည်းပြဿနာဖြစ်စေပါတယ်။ ထို့အတွက်ကြောင့် ထိုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ သဘောတရားနည်းနဲ့မဟုတ်ပဲသိပ္ပံနည်းကျကျဆောင်ရွက်ဖို့လိုပြီး အမျိုးသားနိုင်ငံတော်ထူထောင် ဖြေရှင်းတာထက် ဒီမိုကရေစီနိုင်ငံနဲ့ဒီမိုကရက်တစ်ကျသောဘုံစုဖွဲ့နေထိုင်မှုဝါဒ(democratic communalism)အယူအဆ များကိုအခြေခံပြီးကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ ထိုချဉ်းကပ်မှုမှာပါဝင်တဲ့အကြောင်းအရာတွေက ဒီမိုကရေစီခေတ်သစ် ရဲ့ အခြေခံကျသောအစိတ်အပိုင်းတွေပါပဲ။

ပြီးခဲ့တဲ့ရာစုနှစ်၂ခုတာကာလမှာ အမျိုးသားရေးဝါဒနဲ့ အမျိုးသားနိုင်ငံတော်ထူထောင်လိုခြင်းတိမ်းညွှတ်မှုတွေက အရှိန်အဟုန်မြင့်လာနေပါတယ်။ အမျိုးသားရေးပြဿနာကမပြေလည်နိုင်သေးတဲ့အပြင် ထိုအသိုင်းအဝန်းရဲ့နေရာတိုင်းမှာ အဲဒီပြဿနာကပိုပိုဆိုးလို့လာနေပါတယ်။ အရင်းရှင်တွေကလည်း အကျိုးရှိမယ့်ပြိုင်ဆိုင်မှုကိုပျိုးထောင်ပေးရမယ့်အစား အမျိုးသားနိုင်ငံတော်ခေါင်းစဉ်အောက်မှာပြည်တွင်းပြည်ပစစ်ပွဲများဖြစ်လာအောင်ပဲတို့မီးရှို့မီးလုပ်ပေးနေတယ်။

ဘုံစုဖွဲ့နေထိုင်မှုဝါဒအယူအဆများဟာအရင်းရှင်ဝါဒနေရာမှာအစားထိုးနိုင်မယ့်အပြိုင်သဘောတရားတစ်ခုဖြစ်ပါတယ်။ ပါဝါလက်ဝါးကြီးအုပ်ရေးအတွက်ပြိုင်ဆိုင်မှုများဖြစ်မလာနိုင်တဲ့ ဒီမိုကရက်တစ်အမျိုးသားနိုင်ငံကိုယ်ထည်ကနေ တဆင့် တစ်ချိန်ကမြင့်မြတ်သောစစ်ပွဲများနဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုများရှိခဲ့သောထိုမြေအတွက် ငြိမ်းချမ်းရေးကိုသယ် ဆောင်လာပေးနိုင်မှာဖြစ်ပါတယ်။

ယခုတင်ပြမယ့်အကြောင်းအရာဟာ လူမျိုးလေးရပ်နဲ့ဆက်စပ်နေပါတယ်။ အာရပ်လူမျိုး၊ ပါရှားလူမျိုး၊ တာ့ခ် လူမျိုးနဲ့ ကာ့ဒ်လူမျိုးတို့ပါပဲ။ လူနည်းစုလူများစုဟူ၍ခွဲခြားသတ်မှတ်ခြင်းကမသင့်တော်ဘူးလို့ကျွန်ုပ်ယူဆတဲ့အတွက် ကြောင့် ထိုလူမျိုးစုတွေကိုအမျိုးအစားမခွဲခြားတော့ပါဘူး။ သို့သော်လည်းလူဦးရေအချိုးအစားအရအဓိကကျသောလူမျိုး အနေနဲ့တော့ကျွန်ုပ်ဆိုပါမယ်။ သက်ဆိုင်ရာအကြောင်းအရာတွေမှာ အလားတူအသုံးအနှုန်းမျိုးကိုပဲအသုံးပြုသွားပါမယ်။

  1. အာရပ်အသိုင်းအဝန်းကအမျိုးသားနိုင်ငံ ၂၀ကျော်ကွဲနေပြီး စစ်ပွဲတွေကသူတို့အသိုင်းအဝန်းကိုဒုက္ခပေးနေတယ်။ ၎င်းကထိုအသိုင်းအဝိုင်းရဲ့ယဉ်ကျေးမှုတန်ဖိုးများကင်းကွာခြင်းဖြစ်စေပြီးအာရပ်အမျိုးသားရေးပြဿနာပြေလည် ရေးမျှော်လင့်ချက်ကင်းမဲ့စေပါတယ်။ ထိုအမျိုးသားနိုင်ငံတွေကနိုင်ငံတကာစီးပွါးရေးအသိုင်းအဝန်းထဲတောင်ဝင် ရောက်ခြင်းမရှိခဲ့ဘူး။ အဲဒါတွေက အာရပ်လူမျိုးအသိုင်းအဝန်းရဲ့ဖြေရှင်းဖို့ခက်တဲ့အခြေအနေတွေပါပဲ။ ဘာသာ ရေးကကျောထောက်နောက်ခံပြုထားတဲ့ မျိုးနွယ်စုအမျိုးသားရေးဝါဒနဲ့အတူ ဖိုကြီးစိုးသောလိင်အခြေပြုစိတ်နေ စိတ်ထားက ထိုလူ့အဖွဲ့အစည်းမှာနေရာမလပ်စိမ့်ဝင်နေတာကြောင့် အဲဒီလူ့အဖွဲ့အစည်းဟာ ရှေးရိုးစွဲပြီးမျက်ကန်း ယုံကြည်မှုများရှိနေတယ်။ အာရပ်တွေအနေနဲ့ ၎င်းတို့ရဲ့ပြည်တွင်းပြည်ပပြဿနာများကိုဖြေရှင်းနိုင်မယ့် အာရပ် အမျိုးသားရေးဖြေရှင်းနည်းတစ်ခုကိုဖော်ထုတ်နိုင်မယ်လို့ဘယ်သူမှမထင်ကြဘူး။ သို့သော်လည်း ဒီမိုကရေစီစည် ပင်ထွန်းကားခြင်းနဲ့ ဘုံစုဖွဲ့နေထိုင်ရေးအယူအဆအရချဉ်းကပ်မှုတွေက ထိုပြဿနာအတွက်အဖြေတစ်ခုတော့ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအပေါ်အာရပ်အမျိုးသားနိုင်ငံတော်တွေကယှဉ်ပြိုင်ဖက်အနေနဲ့သ​ဘော ထားပြီး၎င်းတို့ရဲ့ပျော့ကွက်လည်းဖြစ်နေခြင်းက နိုင်ငံတကာအထောက်အပံ့ပေးထားတဲ့ပါဝါလွှမ်းမိုးခြင်းရဲ့အကျိုး ဆက်ကြောင့်သာမကပဲ နောက်ထပ်အကြောင်းရင်းတစ်ခုက အစ္စရေးရဲ့သန်သန်မာမာရှင်သန်နေသောဒီမိုကရေစီ စနစ်နဲ့ ဘုံစုဖွဲ့နေထိုင်မှုအင်စတီကျူးရှင်းတွေကြောင့်လဲဖြစ်တယ်။ ဒီဖက်နောက်ဆုံးရာစုနှစ်တွေမှာ အာရပ်အမျိုး သားအသိုင်းအဝန်းက ပြင်းထန်တဲ့အမျိုးသားရေးဝါဒနဲ့အစ္စလာမ်ဝါဒကြောင့်တဖြည်းဖြည်းချည့်နဲ့လာပါပြီ။ သို့ပေ မယ့် သူတို့နဲ့မစိမ်းလှတဲ့ ဒီမိုကရက်တစ်နိုင်ငံတစ်ခုအပေါ်နားလည်ထားသလို ဘုံစုဖွဲ့နေထိုင်မှုဆိုရှယ်လစ်ဝါဒအရ စုစည်းညီညွှတ်နိုင်ကြမယ်ဆိုရင် စိတ်ချရပြီး၊ အဓွန့်ရှည်တည်တံ့သွားမယ့်ဖြေရှင်းနည်းတစ်ခုကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

  2. တာ့ခ်လူမျိူးနဲ့တုခ်မန်းလူမျိုးတို့ကလွှမ်းမိုးနိုင်စွမ်းရှိသောနောက်ထပ်လူမျိုးစုတွေပါပဲ။ သူတို့ကအာရပ်တွေနည်း တူ ပါဝါနဲ့အိုင်ဒီယော်လော်ဂျီအပေါ်နားလည်သဘောပေါက်ပုံချင်းတူကြတယ်။ သူတို့ကတင်းကြပ်တဲ့အမျိုးသား နိုင်ငံတော်ဝါဒီများဖြစ်ကြပြီး ဘာသာရေးနဲ့အမျိုးသားရေးအယူအစွဲပြင်းထန်ကြသူတွေဖြစ်တယ်။ တာ့ခ်လူမျိုးနဲ့ တုခ်မန်းလူမျိုးတို့က လူမှုဗေဒရှုထောင့်အရကြည့်မယ်ဆိုရင် တော်တော်လေးကိုကွဲပြားကြပါတယ်။ တုခ်မန်းလူ မျိုးစုနဲ့ တူရကီမင်းမျိုးမင်းနွယ်တို့ရဲ့ကြားကဆက်ဆံရေးဟာ ဘဲဒိုးအင်း(Bedouin)လူမျိုးစုနဲ့အာရပ်စော်ဘွားတို့ရဲ့ ကြားကတင်းမာတဲ့ဆက်ဆံရေးလိုပါပဲ။ သူတို့ထဲမှာဒီမိုကရေစီနဲ့ဘုံစုဖွဲ့နေထိုင်မှုစနစ်တို့နဲ့သဟဇာတရှိပြီးအလား အလာရှိတဲ့လူတန်းစားအလွှာတစ်ခုရှိတယ်။ သူတို့နိုင်ငံရဲ့ပြဿနာတွေကလည်းအတန်ငယ်ရှုပ်ထွေးပါတယ်။ ပါဝါ ပြိုင်ဆိုင်မှု၊ ပြင်းထန်သောအမျိုးသားရေးဝါဒ၊ ဖိုဝါဒကြီးစိုးသောလိင်အခြေပြုဖိနှိပ်မှုတို့ကနေရာအနှံ့အပြားရှိနေ ပြီး ရှေးရိုးအလွန်စွဲသောလူ့အဖွဲ့အစည်းပါပဲ။ မိသားစုကိုနိုင်ငံတော်ရဲ့အသေးဆုံးကလာပ်စည်းအဖြစ်ရှုမြင်ကာ တစ်သီးပုဂ္ဂလရော အင်စတီကျူးရှင်းတွေကပါအဲဒီအတိုင်းကျင့်သုံးကြတယ်။ တူရကီနဲ့တုခ်မန်းတို့ကပါဝါလွှမ်းမိုး ရေးကြိုးစားနေကြပြီး အခြားလူမျိုးစုတွေကတော့ တင်းကြပ်တဲ့လက်အောက်ခံသွပ်သွင်းခြင်းပေါ်လစီအောက် မှာကျရောက်နေရပါတယ်။ တူရကီနိုင်ငံရဲ့ဗဟိုစုစည်းတဲ့ပါဝါအဆောက်အအုံနဲ့တင်းမာတဲ့နိုင်ငံရေးအယူဝါဒတို့က ကာ့ဒ်အရေး ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ယနေ့တိုင်အတားအဆီးဖြစ်နေတယ်။ သူ့ရဲ့လူ့အဖွဲ့အစည်းမှာ နိုင်ငံ တော်မှတပါး အခြားသောအပြိုင်တည်ရှိနိုင်စရာဟူ၍မရှိလို့ယုံကြည်အောင်လုပ်ထားတယ်။ တစ်သီးပုဂ္ဂလနဲ့နိုင်ငံ တော်ရဲ့ကြား မျှခြေယူစရာမလို၊ လိုက်နာခြင်းကသာအမွန်မြတ်ဆုံးသီလလို့ခံယူထားတယ်။

    ထိုအခြေအနေနဲ့ခြားနားစွာပဲ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်က တူရကီနိုင်ငံမှာရှိတဲ့လူမျိုးစုအသိုင်းအဝန်း များအားလုံးအတွက် ၎င်းတို့ရဲ့အမျိုးသားရေးပြဿနာများကိုဖြေရှင်းနိုင်မယ့်သင့်တော်တဲ့နည်းလမ်းကိုပေးနိုင်ပါ တယ်။ အသိုင်းအဝန်းကိုအခြေခံတဲ့ ဒီမိုကရက်တစ်တူရကီကွန်ဖက်ဒရေးရှင်းစီမံကိန်းက နိုင်ငံတွင်းစည်းလုံးညီ ညွတ်မှုကိုပိုအားကောင်းစေပြီး အိမ်နီးချင်းနိုင်ငံများနဲ့ပါ ငြိမ်းချမ်းစွာအတူယှဉ်နေထိုင်နိုင်မယ့်အခြေအနေများကို ဖန်တီးပေးနိုင်ပါတယ်။ လူမှုရေးသွေးစည်းညီညွတ်မှုဖြစ်လာတဲ့အခါ နယ်နိမိတ်အပိုင်းအခြားရဲ့မူလအဓိပ္ပာယ်က ပျောက်ဆုံးသွားလိမ့်မယ်။ ပထဝီနယ်နိမိတ်များရှိနေပေမယ့် ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများက တစ်သီး ပုဂ္ဂလနဲ့ဘယ်အသိုင်းအဝန်းတို့မဆို အစစ်နီးပါးသွေးစည်းညီညွတ်မှုကိုဖန်တီးပေးနိုင်ပါတယ်။ တူရကီနိုင်ငံသာ ဒီမိုကရက်တစ်ကျသောကွန်ဖက်ဒရိတ်စုဖွဲ့မှုမျိုးဖြစ်လာခဲ့ရင် ၎င်းကကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရက်တစ်ခေတ် သစ်သရုပ်အတွက်အထောက်အကူပြုနေမှာဖြစ်ပါတယ်။

  3. ကာ့ဒ်အမျိုးသားလူ့အဖွဲ့အစည်းကတော်တော်ကိုရှုပ်ပါတယ်။ ကာ့ဒ်လူမျိုးတွေက ကမ္ဘာပေါ်မှာကိုယ်ပိုင်နိုင်ငံမရှိ တဲ့အကြီးဆုံးလူမျိုးစုပါပဲ။ ကျောက်ခေတ်သစ်ကာလကတည်းက အဲဒီနေရာမှာအခြေချနေထိုင်လာခဲ့ကြတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးတဲ့အပြင် တောတောင်ထူထပ်သောပထဝီအားသာချက်ကိုသုံးပြီး မိမိကိုယ်ကိုခုခံ နိုင်တာကြောင့် ဌာနေလူမျိုးစုများအဖြစ်ခေတ်အဆက်ဆက်နေလာခဲ့နိုင်တယ်။ ကာ့အမျိုးသားအရေးပြဿနာ ဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်နိုင်ငံထူထောင်ခွင့်ကနေစတင်ပေါ်ပေါက်လာတာပါ။ အခြားလူမျိုးစုတွေက သူတို့ကိုသွပ် သွင်းဖို့ကြိုးစားခဲ့တယ်၊ ပျက်သုဉ်းစေဖို့ကြိုးစားခဲ့တယ်၊ နောက်ဆုံးသူတို့ရဲ့ဖြစ်တည်မှုကိုပါ ပြတ်ပြတ်သားသား ငြင်းဆန်နေတယ်။ ကိုယ်ပိုင်နိုင်ငံတော်မရှိခြင်းရဲ့ ကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိပါတယ်။ နိုင်ငံတော်အခြေခံ ထားတဲ့လူမှုဖွံ့ဖြိုးတိုးတက်ခြင်းကင်ဆာဆဲလ်တွေက ထိုလူ့အဖွဲ့အစည်းအား အတိုင်းအတာတစ်ခုအထိသာဝါးမျို နိုင်ပြီး အဲဒါကအရင်းရှင်စနစ်ခေတ်သစ်ကိုကျော်လွန်ပြီး အပြိုင်လူမှုအယူအဆများလက်တွေ့ဖြစ်နိုင်မယ့်အကျိုး ရှိတယ်။ သူတို့အခြေချနေထိုင်ရာဒေသကို နိုင်ငံလေးနိုင်ငံရဲ့နယ်နိမိတ်တွေကပိုင်းခြားလိုက်တဲ့အတွက်ကြောင့် ကာ့ဒ်တွေအတွက်မဟာဗျူဟာကျတဲ့ပထဝီအနေအထားဖြစ်လာတယ်။ ကာ့ဒ်လူမျိုးတွေကနိုင်ငံတော်ပါဝါကိုအ သုံးပြုပြီးအမျိုးသားလူ့အဖွဲ့အစည်းတစ်ခုထူထောင်နိုင်ခွင့်မရခဲ့ပါဘူး။ အီရတ်ကီကာဒစ္စတန်လို့ခေါ်တဲ့နိုင်ငံရေးအ ဆောက်အအုံတစ်ခုရှိပေမယ့်လည်း ၎င်းကအမျိုးသားနိုင်ငံတော်တစ်ခုမဟုတ်ပဲ နိုင်ငံတော်ယောင် (parastate) တစ်ခုမျှသာဖြစ်တယ်။

    ကာဒစ္စတန်ဒေသဟာ အာမေးနီးယန်းလူမျိုးစုနဲ့ အာမေးနီးယန်းလူမျိုးစုငယ်လေးများမျိုးသုဉ်းသတ်ဖြတ်ခြင်းမခံ ရခင်က သူတို့ရဲ့ဌာနေလည်းဖြစ်ခဲ့ပါတယ်။ အာရပ်နဲ့တာ့ခ်အုပ်စုငယ်လေးတွေလည်းရှိတယ်။ ထိုဒေသမှာ မတူ ညီသောသက်ဝင်ယုံကြည်မှုနဲ့ကိုးကွယ်ရာဘာသာတို့က ယနေ့ထိတိုင်အတူယှဉ်တွဲနေထိုင်လျက်ရှိတယ်။ ထိုဒေသ မှာ ရှေးဦးမျိုးနွယ်တူအစုနဲ့မျိုးနွယ်စုရွာယဉ်ကျေးမှု (clan and tribal culture) အရိပ်အယောင်များဆက်လက် တည်ရှိနေပြီး မြို့ပြယဉ်ကျေးမှုကိုတော့တွေ့ရဖို့ခက်ပါတယ်။

    ထိုပေးထားချက်တွေကဒီမိုကရေစီနိုင်ငံရေးစုဖွဲ့မှုပုံစံအတွက်ရေခံမြေကောင်းများဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍ မှာစုပေါင်းလုပ်ဆောင်ကြသလို ၎င်းကရေသယံဇာတနဲ့စွမ်းအင်ကဏ္ဍမှာလည်း ကုန်ထုတ်လုပ်ရေးအတွက်အ ကောင်းဆုံးစံနမူနာနည်းလမ်းများလည်းဖြစ်တယ်။ အဲဒါကကျင့်ဝတ်အခြေခံနိုင်ငံရေးလူ့အဖွဲ့အစည်းတစ်ခုဖြစ် လာဖို့အတွက်လည်းရေခံမြေခံကောင်းဖြစ်တယ်။ ဖိုကြီးစိုးသောအယူအဆတွေတောင်မှအိမ်နီးချင်းတွေလောက် အမြစ်တွယ်နိုင်ခြင်းမရှိဘူး။ အမျိုးသမီးများရဲ့လွတ်လပ်ရေးနဲ့တန်းတူညီမျှမှုတို့ကိုပင်မကျောရိုးထားတဲ့ဒီမိုကရေ စီလူ့ဘောင်တစ်ခုကိုထူထောင်ဖို့လည်းအဆင်ပြေတယ်။ ၎င်းဟာသဘာဝပတ်ဝန်းကျင်နဲ့သဟဇာတရှိတဲ့ဒီမိုက ရက်တစ်နိုင်ငံတစ်ခုနဲ့အတူ ဒီမိုကရေစီခေတ်သစ်ပါရာဒိုင်းတစ်ခုဖန်တီးနိုင်မယ့်အခြေအနေကောင်းများကိုပါပေး စွမ်းနိုင်ပါတယ်။ အမျိုးသားနိုင်ငံတော်အရေးပြဿနာမှာအကြပ်ရိုက်နေတဲ့အခါ လူမျိုးပေါင်းစုံအခြေခံတဲ့ ဒီမိုက ရက်တစ်နိုင်ငံထူထောင်ခြင်းကအကောင်းဆုံးစံနမူနာနည်းလမ်းပါပဲ။ ထိုပုံစံအား အိမ်နီးချင်းနိုင်ငံများပါကျင့်သုံး ရန်စည်းရုံးခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ပြီး ဒီမိုကရေစီခေတ်သစ်မှာမတူညီတဲ့ နည်းလမ်းတစ်ခုကိုဖန်တီးနိုင်ဖို့အခွင့်အလမ်းများရရှိလာမှာဖြစ်တယ်။ ထို့အတွက်ကြောင့် ကာ့ဒ်လူမျိုးတို့ရဲ့လွတ် လပ်ရေးနဲ့ သူတို့လူ့အဖွဲ့အစည်းမှာဒီမိုကရေစီရှင်သန်နိုင်ရေးက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးနဲ့၎င်းရဲ့အသိုင်း အဝန်းများအားလုံးအတွက်လွတ်မြောက်ရေးကိုပါယူဆောင်လာပေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

  4. ပါးရှန်းဒါမှမဟုတ်အီရန်နိုင်ငံရဲ့မျက်မှောက်ပြဿနာရင်းမြစ်များက လူမှုဖွံ့ဖြိုးတိုးတက်ခြင်းသမိုင်းနဲ့အရင်းရှင်စ နစ်ခေတ်သစ်သရုပ်တို့ရဲ့စွက်ဖက်မှုများမှပေါ်ပေါက်ခြင်းဖြစ်ပါတယ်။ ၎င်းတို့ရဲ့မူလအမျိုးသားရေးလက္ခဏာများ ဟာ အစ္စလာမ်ဘာသာရဲ့ဆင့်ပွါးကူးယူခြင်းကြောင့်ပျောက်ဆုံးခဲ့ရတဲ့ ဇိုရိုယက်စတာနဲ့ မစ်ဿရာယဉ်ကျေးမှုတို့မှ ပေါက်ဖွားလာခဲ့တာပါ။ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့အတူ ဂရိအတွေးအခေါ်အယူအဆ တစ်ချို့ရဲ့ သမူဟအသွင်ရှိတဲ့ မာနီခီဘာသာ(Manichaeism)ဟာလည်း လူမှုဖွံ့ဖြိုးပြီးခေတ်ရဲ့လွှမ်းမိုးကြီးစိုးသော

    အယူဝါဒများကိုကျော်လွန်နိုင်ခြင်းမရှိခဲ့သလို ပုန်ကန်ယဉ်ကျေးမှုတစ်ခုကိုပျိုးထောင်ပေးခဲ့တာအပြင်မပိုခဲ့ဘူး။ ဒီလိုနဲ့၎င်းကအစ္စလာမ်ယဉ်ကျေးမှုမှာ ရှီးယိုက်ဂိုဏ်းခွဲတစ်ခုပေါ်လာစေခဲ့ပြီး ၎င်းက လူမှုဖွံ့ဖြိုးပြီးခေတ်ရဲ့ နောက် ဆုံးမှပေါ်လာတဲ့အယူဝါဒဖြစ်ပါတယ်။ အခုဆိုရင်အီရန်မှာ ရှီးယိုက်အမြင်အယူအဆများကိုအခြေခံကာ အရင်း ရှင်စနစ်ခေတ်သစ်ရဲ့အခြေခံများကို ၎င်းတို့လူ့အဖွဲ့အစည်းအတွင်းဖန်တီးနိုင်ဖို့ကြိုးစားနေပါတယ်။

    အီရန်လူ့အဖွဲ့အစည်းကလူမျိုးပေါင်းစုံ၊ ဘာသာတရားပေါင်းစုံရှိပြီး ယဉ်ကျေးမှုစုံလင်ကြွယ်တဲ့နိုင်ငံပါ။ အရှေ့အ လယ်ပိုင်းမှာတွေ့နိုင်သမျှ အမျိုးသားရေး၊ ဘာသာရေးလက္ခဏာတွေအားလုံးအဲဒီမှာတွေ့နိုင်တယ်။ ထိုသို့အ ရောင်အသွေးစုံလင်ပုံမျိုးက၊ သိမ်မွေ့နက်နဲတဲ့ဘာသာရေးအခြေခံအမျိုးသားရေးဝါဒကိုပျိုးထောင်ပေးပြီး အုပ်စိုး သူတို့ရဲ့အကျိုးစီးပွါးကိုထိခိုက်လာတဲ့အခါမှာ ခေတ်သစ်နဲ့မလျော်ညီတဲ့ဝါဒဖြန့်မှုတွေကို အသုံးချဖို့ဝန်မလေးတဲ့ ဘာသာရေးအုပ်စိုးမှုရဲ့လွှမ်းမိုးခြယ်လှယ်သောသဘာဝနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ ရှေးရိုးစွဲလူ့အဖွဲ့ အစည်းက တော်လှန်သောအယူအဆတွေနဲ့ဒီမိုကရေစီတိမ်းညွှတ်မှုတွေကိုစုပ်ယူထားပြီး အာဏာရှင်အစိုးရက ပညာသားပါပါနဲ့ထိုနိုင်ငံကိုအုပ်ချုပ်နေတယ်။ အမေရိကန်နဲ့ဥရောပရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေက ဒီနိုင်ငံအတွက်အ လုပ်မဖြစ်ပါဘူး။

    အီရန်မှာထိုသို့ပြင်းထန်တဲ့ဗဟိုချုပ်ကိုင်မှုရှိတယ်ဆိုပေမယ့်လည်း အောက်ခြေလူတန်းစားထဲမှာတော့ ဖက်ဒရယ် စနစ်တစ်မျိုးထွန်းကားနေပါသေးတယ်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအခြေခံများနဲ့ အဇာရစ်(Azeris)၊ ကာ့ဒ်၊ ဘယ်လုချီ(Baluchis)၊ အာရပ်နဲ့ တုခ်မန်းတို့လိုဖက်ဒရယ်အစိတ်အပိုင်းများပေါင်းဆုံမိတဲ့အခါ ဒီမိုကရက်တစ်အီ ရန်ကွန်ဖက်ဒရေးရှင်းပေါ်ပေါက်ရေးစီမံကိန်းတစ်ခုဖြစ်လာနိုင်ပြီး ၎င်းကအတော်ကိုဆွဲဆောင်မှုရှိမှာပါ။ အမျိုးသ မီးအရေးလှုပ်ရှားမှုတွေနဲ့ အစဉ်အလာစုစည်းနေထိုင်မှုပုံစံများကလည်း ထူးခြားတဲ့ကဏ္ဍမှာရှိနေမှာဖြစ်ပါတယ်။

  5. အာမေးနီးယန်းအမျိုးသားရေးပြဿနာဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အရင်းရှင်စနစ်ခေတ်သစ်ဖွံဖြိုးတိုးတက်မှု ကြောင့်ဖြစ်ရတဲ့ကြေကွဲဖွယ်အကောင်းဆုံးဖြစ်ရပ်တွေထဲကတစ်ခုပါပဲ။ အာမေးနီးယန်းတွေက​ရှေးဟောင်းလူမျိုး စုဖြစ်ပါတယ်။ ကာ့ဒ်တွေနဲ့အတူဒေသအများစုမှာအခြေချနေထိုင်ခဲ့ကြတယ်။ ကာ့ဒ်တွေမှာစိုက်ပျိုးရေးနဲ့မွေးမြူ ရေးဖွံ့ဖြိုးသော်လည်း အာမေးနီးယန်းတွေမှာတော့ အနုပညာနဲ့လက်မှုပညာရပ်တွေထွန်းကားပါတယ်။ ကာ့ဒ်တွေ လိုပဲ အာမေးနီးယန်းတွေမှာလည်း ကိုယ့်ကိုယ်ကိုခုခံခြင်းအစဉ်အလာရှိခဲ့တယ်။ သမိုင်းရဲ့ကာလတိုအချို့ကလွဲရင် အာမေးနီးယန်းတွေက နိုင်ငံတော်တစ်ခုကိုပီပီပြင်ပြင်မထူထောင်ခဲ့ပါဘူး။ ခရစ်ယာန်ယဉ်ကျေးမှုက သူတို့အဖို့ အမှတ်လက္ခဏာနဲ့ကယ်တင်ခြင်းအပေါ်ယုံကြည်မှုတို့ကိုပေးခဲ့တယ်။ သူတို့ရဲ့ကိုးကွယ်ရာဘာသာကြောင့်ပဲ မွတ်စ လင်လူများစုရဲ့ဖိနှိပ်မှုကိုမကြာခဏခံစားခဲ့ရတယ်။ ဒီလိုနဲ့ အာမေးနီးယန်းဘူဇွာတွေရဲ့ကြားမှာ အမျိုးသားရေးဝါဒ ဖွံ့ဖြိုးလာခဲ့ပါတယ်။ အဲဒီနောက်မကြာခင်မှာ တူရကီအမျိုးသားရေးဝါဒီတွေနဲ့ခြားနားမှုတွေဖြစ်လာပြီး တာ့ခ်တွေ ရဲ့လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကိုခံရပါတော့တယ်။

    ဂျူးလူမျိုးပြီးရင် အာမေးနီးယန်းတွေက အမိမြေမှဒုတိယအများဆုံးလွှင့်စင်(diaspora)သွားရသူတွေဖြစ်တယ်။ အဇာဘိုင်ဂျန်အနောက်ပိုင်းဒေသက အာမေးနီးယန်းနိုင်ငံတော်ထူထောင်ရေးကြိုးပမ်းမှုဟာ အမှန်တကယ်တော့ အာမေးနီးယန်းအမျိုးသားရေးပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သူတို့ကြုံခဲ့ရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်ခံရ ခြင်းရဲ့အကျိုးဆက်ကို စကားလုံးနဲ့ဖော်ပြဖို့ရန်ခက်ခဲလှတယ်။ ပျောက်ဆုံးသွားတဲ့အမိမြေကိုရှာဖွေခြင်းက အာ မေးနီးယန်းအမျိုးသားရေးရာသဘောထားကို အဓိပ္ပာယ်သတ်မှတ်ပေးသလို ၎င်းကအာမေးနီးယန်းအမျိုးသား ရေးပြဿနာရဲ့ဗဟိုချက်လည်းဖြစ်တယ်။ သူတို့ရဲ့အမိမြေမှာ အခြားလူမျိုးစုတွေအခြေချနေထိုင်နေခြင်းကလည်း ပြဿနာကိုပိုမိုဆိုးရွားစေတယ်။ ဒီအတွက် ဘယ်လိုအမျိုးသားနိုင်ငံတော်ထူထောင်ရေးအခြေခံအယူအဆတွေ ကမှပြဿနာကိုပြေလည်စေမှာမဟုတ်ပါဘူး။ ထိုနေရာမှာ တသားတည်းဖြစ်နေတဲ့လူထုအဆောက်အအုံတွေမရှိ သလို အရင်းရှင်စနစ်ခေတ်သရုပ်ကသတ်မှတ်ထားတဲ့နယ်နိမိတ်ဘောင်တွေလည်းမရှိပါဘူး။ သူတို့ရဲ့ရန်သူဟာ ဖက်ဆစ်တွေအဖြစ်ယူဆနိုင်သော်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုကိုပဲ အခြေခံတွက်ချက်စဉ်းစားတာကလည်း မလုံလောက်သေးပါဘူး။ ကွန်ဖက်ဒရိတ်တည်ဆောက်ပုံက အာမေးနီးယန်းတွေအတွက်မတူညီသောချဉ်းကပ်မှု တစ်ရပ်ဖြစ်လာမှာပါ။ ဒီမိုကရက်တစ်အာမေးနီးယန်းနိုင်ငံထူထောင်မှုအခြေခံနဲ့အတူ ဒီမိုကရက်တစ်ခေတ်သစ် သရုပ်ရဲ့ပါရာဒိုင်းတွေက အာမေးနီးယန်းတွေအတွက် တစ်ဖန်ပြန်လည်ဆန်းသစ်နိုင်မယ့်အခွင့်အရေးရရှိစေပါ လိမ့်မယ်။ ၎င်းကအရှေ့အလယ်ပိုင်းဒေသရဲ့ ယဉ်ကျေးမှုစုံလင်ကြွယ်ဝမှုထဲကသူတို့ရဲ့နေရာကို ပြန်လည်ရရှိစေ မှာဖြစ်တယ်။ ဒီမိုကရက်တစ်အာမေးနီးယန်းနိုင်ငံအောက်မှာ သူတို့ကိုယ်သူတို့ပြန်လည်တည်ဆောက်ဖြစ်ခဲ့ရင် အရှေ့အလယ်ပိုင်းယဉ်ကျေးမှုရဲ့သမိုင်းကဏ္ဍမှာ ဆက်လက်ပါဝင်နေမှာဖြစ်သလို မှန်ကန်တဲ့လွတ်မြောက်ရေး လမ်းကြောင်းပေါ်ကိုလည်းရောက်လာမှာဖြစ်ပါတယ်။

  6. ခေတ်သစ်ကာလမှာ ခရစ်ယာန်ဘာသာဝင်အာရာမီးယန်း(အာဆီးရီးယန်း)လူမျိုးသည်လည်းပဲရိုမေးနီးယားလူမျိုး တွေလိုကံကြမ္မာမျိုးကြုံတွေ့ခဲ့ရပါတယ်။ သူတို့ဟာ အရှေ့အလယ်ပိုင်းမှာသက်တမ်းအရင့်ဆုံးလူမျိုးစုလည်းဖြစ် တယ်။ ကာ့ဒ်လူမျိုးတွေနဲ့တစ်မြေထဲနေကြသလို အခြားလူမျိုးစုတွေနဲ့လည်းအတူတကွရှင်သန်နေထိုင်ခဲ့တယ်။ အာမေးနီယန်းတွေလိုပဲ သူတို့လည်း မူစလင်လူများစုရဲ့ဖိနှိပ်မှုကိုခံခဲ့ရပြီး နောက်ပိုင်းအာရာမီးယန်းဘူဇွာတွေရဲ့ ဥ ရောပဆန်ဆန်အမျိုးသားရေးဝါဒအတွက်လမ်းခင်းပေးခဲ့တယ်။ နောက်ဆုံးမှာတော့ အာရာမီးယန်းလူမျိုးတွေ လည်း ညီညွှတ်ရေးနဲ့တိုးတက်ရေးဖက်ဆစ်ကော်မတီရဲ့ဦးဆောင်မှုအောက်က တာ့ခ်လူမျိုးတွေရဲ့မျိုးသုဉ်းသတ် ဖြတ်မှုကိုခံလိုက်ရတယ်။ အဲဒီမှာသစ္စာဖောက်ကာ့ဒ်တွေက ထိုမျိုးသုဉ်းသတ်ဖြတ်မှုကိုတစ်နည်းတစ်ဖုံအကူအညီ ပေးခဲ့သေးတယ်။ အာရာမီးယန်းအမျိုးသားလူ့အဖွဲ့အစည်းရဲ့ပြဿနာဟာလူမှုဖွံ့ဖြိုးတိုးတက်ခြင်းအပေါ်အခြေခံ ပေမယ့် ခရစ်ယာန်ဘာသာနဲ့ ခေတ်သစ်အယူဝါဒများတိုးတက်ဖွံ့ဖြိုးလာခြင်းနဲ့အတူ ပြဿနာတွေကလည်းတစ် ဆင့်တက်လာပါတယ်။ ထိုပြဿနာကိုဖြေရှင်းနိုင်ဖို့ အာရာမေးရီးယန်းတွေအတွက် အလုံးစုံအသွင်ပြောင်းမှုတစ်ခု လိုအပ်ပါလိမ့်မယ်။ သူတို့အတွက်လွတ်မြောက်မှုအစစ်အမှန်က အစဉ်အလာလူမှုဖွံ့ဖြိုးခြင်းနဲ့အရင်းရှင်စနစ် ခေတ်သစ်သရုပ်နဲ့ပတ်သက်သောအယူအစွဲများကိုစွန့်လွှတ်ပြီး ထိုအစား ဒီမိုကရက်တစ်လူမှုဖွံ့ဖြိုးခြင်းဆိုင်ရာ အတွေးအခေါ်များကိုလက်ခံပိုက်ထွေးပြီး အာရာမီးယန်းဒီမိုကရက်တစ်နိုင်ငံအဖြစ်တည်ဆောက်နိုင်ရေးအတွက် ၎င်းရဲ့ကြွယ်ဝသောယဉ်ကျေးမှုဆိုင်ရာအမှတ်သညာကို ဒီမိုကရက်တစ်ခေတ်သစ်သရုပ်အရ ပြန်လည်ပုံဖော်ဖို့လို အပ်ပါလိမ့်မယ်။

  7. ဂျူးလူမျိုးသမိုင်းဟာလည်းပဲ အရှေ့အလယ်ပိုင်းယဉ်ကျေးမှုသမိုင်းရဲ့အလုံးစုံပြဿနာရဲ့ပုံရိပ်တစ်ခုပါပဲ။ အဓမ္မနှင် ထုတ်မှု၊ လူမျိုးဘာသာအရစနစ်တကျသတ်ဖြတ်မှုနဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုအနေအထားရဲ့နောက်ခံကိုရှာဖွေခြင်း ကလူမှုဖွံ့ဖြိုးခြင်းရဲ့သက်ရောက်မှုကိုမျှချေဖြစ်စေတယ်။ဂျူးလူမျိုးတွေအပေါ် ရှေးဟောင်းဆူမေးရီးယန်းနဲ့အီဂျစ် ယဉ်ကျေးမှုအပါအဝင် ဒေသန္တရမျိုးနွယ်စုရွာယဉ်ကျေးမှုတို့ပါလွှမ်းမိုးထားတယ်။ ၎င်းဟာအရှေ့အလယ်ပိုင်းယဉ် ကျေးမှုအပေါ်များစွာသောသက်ရောက်မှုများရှိပါတယ်။ အာရာမီးယန်းလူမျိုးတွေလိုပဲ သူတို့လည်းခေတ်သစ်ရဲ့ အလွန့်အကျွံဖွံ့ဖြိုးတိုးတက်မှုရဲ့သားကောင်ဖြစ်ခဲ့ရတယ်။ မတူတာကတော့ ပညာတတ်ဂျူးလူမျိုးတွေရဲ့ ထိုပြ ဿနာများအပေါ် ရှုပ်ထွေးတဲ့ရှုမြင်ပုံများက မျိုးရိုးစဉ်ဆက်တိုးတက်ဖွံ့ဖြိုးလာနေတယ်။ သို့သော်လည်းထိုမျှ လောက်နဲ့လုံလောက်ခြင်းမရှိသေးပါဘူး။ မျက်မှောက်အရေးပြဿနာများကိုဖြေရှင်းနိုင်ဖို့ ဒီမိုကရက်တစ်အခြေခံ ကနေ အရှေ့အလယ်ပိုင်းသမိုင်းကိုပြန်လည်ခွဲခြားဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်။ အစ္စရေးအမျိုးသားနိုင်ငံတော်ဆို စတင်တည်ထောင်ခဲ့စဉ်ကတည်းကစစ်တိုက်နေကြရတယ်။ သူတို့ကြွေးကြော်ပုံက မျက်လုံးတစ်လုံးအတွက်မျက် လုံးတစ်လုံးလို့ဆိုတယ်။ မီးကိုမီးနဲ့ပြန်တိုက်လို့မရပါဘူး။ နိုင်ငံတကာအကူအညီတွေရဲ့ကျေးဇူးကြောင့် အထိုက်အ လျောက်တော့လုံခြုံနေပေမယ့်လည်း ၎င်းကရေတိုဖြေရှင်းသက်သက်ပါ။ အရင်းရှင်စနစ်ခေတ်သစ်သရုပ်ကိုမ ကျော်နိုင်သရွေ့ပြဿနာကပြီးမှာမဟုတ်ဘူး။

    အမျိုးသားနိုင်ငံတော်ပုံစံခွက်ကအလုပ်မဖြစ်ကြောင်း ပါလက်စတိုင်းနဲ့ပဋိပက္ခကိုကြည့်ရင်သိနိုင်ပါတယ်။ သွေး ချောင်းစီးခဲ့ရသလို ပြဿနာကိုဖြေရှင်းနိုင်ခြင်းလည်းမရှိသေးဘူး။ အစ္စရေးပါလက်စတိုင်းအရေးဟာ အရင်းရှင်စ နစ်ခေတ်သစ်သရုပ်နဲ့ အမျိုးသားနိုင်ငံတော်တို့ကလုံးဝအလုပ်မဖြစ်ကြောင်းပြောနေသလိုပါပဲ။

    ဂျူးလူမျိုးတွေက အရှေ့အလယ်ပိုင်းယဉ်ကျေးမှုကိုယူဆောင်လာပေးသူတွေထဲကတစ်ခုပါ။ သူတို့ရဲ့တည်ရှိခွင့်ကို ငြင်းဆန်တာကအရှေ့အလယ်ပိုင်းကိုတိုက်ခိုက်သလိုပါပဲ။ အာမေးနီးယန်းနဲ့ အာရာမီးယန်းတွေလိုပဲ သူတို့ရဲ့ဒီမိုက ရက်တစ်နိုင်ငံသို့အသွင်ကူးပြောင်းမှုက အရှေ့အလယ်ပိုင်းရဲ့ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စုဖွဲ့မှုအပေါ် အလွယ် တကူပဲသက်ရောက်နိုင်တယ်။ အဂျီးယန်း(Aegean)အရှေ့ပိုင်းဒီမိုကရက်တစ်ကွန်ဖက်ဒရေးရှင်းစီမံကိန်းကသင့် လျော်တဲ့ခြေလှမ်းဖြစ်ပါလိမ့်မယ်။ ထိုစီမံကိန်းအောက်မှာ တင်းကြပ်ပြီးရန်လိုတဲ့လူမျိုးဘာသာလက္ခဏာကနေ လိုက်လျောညီထွေရှိပြီးပွင့်လင်းသောလက္ခဏာများအဖြစ် အသွင်ကူးပြောင်းနိုင်ပါလိမ့်မယ်။ အစ္စရေးနိုင်ငံအနေနဲ့ လည်း ပိုပြီးလက်ခံချင်စရာကောင်းတဲ့ပွင့်လင်းလွတ်လပ်သောဒီမိုကရက်တစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန် ကျရင် သူ့ရဲ့အိမ်နီးချင်းတွေအနေနဲ့လည်း ထိုသို့သောအသွင်ကူးပြောင်းမှုများလုပ်ဆောင်လာမှာကို သံသယဖြစ် စရာမရှိပါဘူး။

    တင်းမာမှုတွေနဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ခေတ်သစ်အသွင်ကူးပြောင်းဖို့မလွဲဧ ကန်လိုအပ်တယ်ထင်ရတယ်။ ထိုသို့အသွင်ကူးပြောင်းမှုမရှိပဲ ရှုပ်ထွေးတဲ့လူမှုရေးပြဿနာများနဲ့အမျိုးသားရေးပြ ဿနာများကိုဖြေရှင်းနိုင်ဖို့မရှိပါဘူး။ ဒီမိုကရက်တစ်ခေတ်သစ်အသွင်က ဖြေရှင်းဖို့ရန်ခက်ခဲလှတဲ့ပြဿနာများအ တွက် မတူညီသောချဉ်းကပ်မှုပုံစံတစ်မျိုးကိုပေးစွမ်းနိုင်တယ်။

  8. အန်နာတိုးလီးယားကဟယ်လန်းနစ်ယဉ်ကျေးမှုပျက်သုဉ်းခဲ့ရခြင်းဟာ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကြီးတစ်ခုပါ။ ၁၉၂၅ဝန်းကျင်လောက်မှာတူရကီနဲ့ဂရိအမျိုးသားနိုင်ငံတို့ပြုလုပ်ခဲ့တဲ့ လူမျိုးစုသုတ်သင်ရှင်းလင်းခြင်းက သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်ခဲ့တယ်။ ဘယ်လိုနိုင်ငံတော်မျိုးကမှ လူမျိုးစုတစ်စုရဲ့ဘိုးစဉ်ဘောင်ဆက်နေ လာခဲ့တဲ့ဒေသကနေထိုလူမျိုးစုကိုနှင်ထုတ်ပိုင်ခွင့်မရှိပါဘူး။ သို့သော်လည်း နိုင်ငံတော်တွေက ထိုသို့လူမဆန်တဲ့ လုပ်ရပ်များကိုအကြိမ်ကြိမ်ကျူးလွန်နေတယ်။ အရှေ့အလယ်ပိုင်းဒေသမှာအစ္စလာမ်ဘာသာပြန့်ပွါးလာခဲ့တဲ့အခါ ဟယ်လန်နစ်ဂရိ၊ ဂျူးလူမျိုး၊ အာရာမီးယန်းနဲ့ အာမေးနီးယန်းယဉ်ကျေးမှုတို့အပေါ်တိုက်ခိုက်မှုတွေဖြစ်လာပြီး အရှေ့အလယ်ပိုင်းယဉ်ကျေးမှုကိုဆုတ်ယုတ်စေခဲ့ပါတယ်။ လစ်ဟာသွားတဲ့ကွက်လပ်တွေကိုအစ္စလာမ်ယဉ်ကျေး မှုက ဘယ်တော့မှဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး။ အရှေ့အလယ်ပိုင်းဒေသထဲကို အရင်းရှင်စနစ်ခေတ်သစ်အသွင် ချဉ်းနင်းဝင်ရောက်လာတဲ့ ၁၉ရာစုမှာ ကိုယ့်ကိုယ်ကိုပြန်ဒုက္ခပေးနေတဲ့ ယဉ်ကျေးမှုဆိုင်ရာတိုက်စားမှုကြောင့်ဖြစ် ရတဲ့ယဉ်ကျေးမှုပြုန်းတီးမှုဖြစ်စဉ် (cultural dessert) လက္ခဏာရပ်များဖြစ်လာတယ်။ ယဉ်ကျေးမှုအရောင်အ သွေးစုံလင်ခြင်းက လူ့အဖွဲ့အစည်းရဲ့ခုခံအားကိုတိုးမြှင့်ပေးပါတယ်။ တစ်မျိုးတည်းသောယဉ်ကျေးမှုကကိုယ်ခံ အားနည်းတယ်။ ဒီတော့အရှေ့အလယ်ပိုင်းဒေသကိုစိုးမိုးဖို့ဆိုတာခက်လှတယ်တော့မဟုတ်ပါဘူး။အမျိုးသားနိုင်ငံ တော်တွေတိုက်တွန်းနေတဲ့ တစ်သွေးတစ်သားတည်းသောနိုင်ငံဆိုတဲ့အယူအဆမျိုးက သူတို့ရဲ့ယဉ်ကျေးမှုကို ပိုပြီးဆုတ်ယုတ်စေပါတယ်။

  9. ကော့ကေးရှန်းလူမျိုးစုဝင်တွေမှာလည်း သိပ်တော့မထင်ရှားတဲ့လူမှုပြဿနာများရှိတယ်။ သူတို့က အရှေ့အလယ် ပိုင်းဒေသထဲကို တစ်သုတ်ပြီးတစ်သုတ်ဝင်လာပြီး သူတို့ရဲ့ယဉ်ကျေးမှုကိုတဖြည်းဖြည်းထင်ရှားလာအောင်လုပ် နေတယ်။ သူတို့လည်းပဲ အရှေ့အလယ်ပိုင်းရဲ့ယဉ်ကျေးမှုကြွယ်မှုအတွက် တစ်နည်းတစ်ဖုံအထောက်အပံ့ပေးနေ တယ်။ ခေတ်သစ်ရောက်လာတော့ အဲဒီလူနည်းစုတွေရဲ့ယဉ်ကျေးမှုက မှေးမှိန်သွားရပါတယ်။ သူတို့လည်းပဲ ကွန်ဖက်ဒရိတ်အဆောက်အအုံထဲမှာ ပြည့်ပြည့်ဝဝနေရာရလာမှာပါ။

    နောက်ဆုံးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့အခြေခံအကျဆုံးပြဿနာများဟာ လူတန်းစားလူမှုဖွံ့ဖြိုးတက်မှု (class civilization) ကိုအခြေခံပြီး နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတာပါ။ အရင်းရှင်စနစ်ခေတ်သစ်သရုပ်/အသွင် (capitalist modernity) ထဲကကမ္ဘာလုံးဆိုင်ရာပဋိပက္ခတွေကြောင့် ပိုပိုဆိုးလာရတယ်။ ထိုသို့သောအရင်းရှင်စနစ် ခေတ်သစ်သရုပ်နဲ့ ပါဝါပြိုင်ဆိုင်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွက် ရေရှည်စီမံကိန်းတွေမပြောနဲ့ဦး ပြေလည်နိုင် စရာဖြေရှင်းနည်းတစ်နည်းမှတောင်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒီမိုကရက်တစ်ကွန်ဖက်ဒရိတ်စနစ်ကသာ အနာဂတ်အလုပ် ဖြစ်မယ့်ဖြေရှင်းနည်းဖြစ်ပါတယ်။

* * * * *