Title: ဟေးမားကဒ်အာဇာနည်များနှင့် မေဒေး​နေ ဖြစ်ပေါ်လာပုံ
Topics: history, May Day
Language: Burmese
Date: May 1, 2022
Source: Wa Kha Mount
Notes: တို့မှ ထုတ်နုတ်ပြန်ဆိုရေးသားသည်။ တန်ဂူး Wakhamount Collective

၁၈၈၇ ခုနှစ်တွင် ချီကာဂိုတွင် မင်းမဲ့ဝါဒီ ၄ ဦး သေဒဏ်ပေးခံခဲ့ရပြီး တစ်ဦးမှာ၂၁ နှစ်အရွယ် အငယ်ဆုံးတစ်ယောက်မှာ ထောင်ထဲမှာ ပင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

ကျန် ၃ ဦးကို ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး၊နောက်ပိုင်းတွင် မြို့ဝန် အက်ဂတ်က ဘက်လိုက်သောဂျူရီများနှင့် သက်သေမခိုင်လုံ အမှုဆင်ထားသော တရားစီရင်ချက်များကြောင့် ၃ ဦးလုံး လွှတ်ငြိမ်ချမ်းသာခွင့်ရခဲ့လေသည်။ အစိုးရကတော့ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုများကို တရားဥပဒေနဲ့ညီအ​ရေးယူဆောင်ရွက်သည်ဟု ခေါင်းစဥ်တပ်ပြီး မင်းမဲ့ဝါဒီများနှင့်တူ မင်းမဲ့ဝါဒ ကိုပါ Thet ရန်ကြိုးပမ်းအားထုတ်ခဲ့သော်လဲ မအောင်မြင်ခဲ့ပေ။

အကြောင်းအရင်း နောက်တစ်ချက်အ​ပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပေါ်လာသော မေလ ၁ ရက်တွင် တစ်နေ့ အလုပ်ချိန် ၈ နာရီရရှိခွင့်အတွက် အလုပ်သမား ၄ သိန်းကျော် တောင်းဆိုတိုက်ပွဲဝင်ခဲ့သော သပိတ်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သော ကုန်သွယ်ရေးသမဂ္ဂ (Trade Union) မှ မင်းမဲ့ဝါဒီများကို ရဲတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်မှုဖြင့် စွပ်စွဲ၍ မတရားဖမ်းဆီး သေဒဏ်ပေးခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ အဆိုပါသေဒဏ်ပေးခြင်းခံခဲ့ရသော သူများအား အောက်မေ့အမှတ်ရစေရန် အလုပ်သမားများမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေကို နှစ်စဥ်ကျင်းပ ခဲ့ကြခြင်းဖြစ်ပါသည်။

အလုပ်လုပ်ချိန် ၈ နာရီသာသတ်မှတ်ရေး သပိတ်တိုက်ပွဲဟာ မေလ ၄ ရက်နေမှာ ဗုံးပေါက်ကွဲမှု ရဲများနဲ့ အထိကရုန်းဖြစ်မှုတွေနဲ့ ​ ရပ်တန့် သွားခဲ့ရပါတယ်၊ သပိတ်တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ သူတွေကို ဖမ်းဆီး အရေးယူခဲ့ပြီး အခင်းဖြစ်ပွားခဲ့တဲ့နေရက်မှာ သပိတ်မှာရှိမနေခဲ့တဲ့ သူတွေဟာ တရားခွင်မှာ သူတို့ရဲ့ နိုင်ငံရေးခံယူချက် အတွက်ပဲ ကြိုပေးခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ၇ ​ယောက်က

Samuel Fielden (ဆန်မြူရယ် ဖလ်ဒင်း) ဓမ္မဆရာ (Methodist pastor)

အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ၊ Albert Parsons ( အဲလ်ဘတ် ပါဆမ်) (အပတ်စဥ်ထုတ်မင်းမဲ့ ဂျာနယ် The Alarm ထုတ်ဝေသူနှင့် အယ်ဒီတာ) , Louis Lingg (လူးစ် လင်း) (ထောင်တွင်းကိုယ်ကိုကိုယ်သတ်သေသွားသူ ) August Spies (အောဂတ် စပိုင်)

(The Arbeiter-Zeitung, ဂျာမန် ဘာသာဖြစ်ထုတ်ဝေသော မင်းမဲ့ နှင့် အလုပ်သမား သတင်းစာ အယ်ဒီတာ)

Michael Schwab (မိုက်ကယ် ဆရ်ဝက်) (The Arbeiter-Zeitung သတင်းစာတွဲဖက် အယ်ဒီတာ)

Adolph Fischer (အဒေါ့ဖ် ဖစ်ရှာ)

( The Arbeiter-Zeitung သတင်းစား တွင် Layout ရေးဆွဲသူ), George Engel (ဂျော့ အန်ဂဲ)

( International Working People's Association IWA အဖွဲ့ဝင်) တို့နှင့် ထောင်ဒဏ် ၁၅ နှစ်ချခံရ​ပြီးနောက်ပိုင်း လွှတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော Oscar Neebe (The Arbeiter-Zeitung သတင်းစားတွဲဖက်တည်ထောင်သူ) တို့ဖြစ်သည်။ နိုဝင်ဘာလ ၁၁ ရက်နေ ၁၈၈၇ တွင် ပါဆန် (Parson) စပိုက်(Spies) အယ်ဂယ် (Engel) နှင့် ဖ(စ်)ရှာ Fisher တို့ကို ချီဂကို တရားရုံးက ကြိုးမိန့်ချ သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ စျပန ကို လူပေါင်း ၆ သိန်း တက်ရောက်ခဲ့ပြီး နီဘီ (Neebee) ဆ(ရ်)ဝဘ် (Schwab) နှင့် ဖီလ်ဒင်းတို့ ကို လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေကိုဆက်တိုက် ပြုလုပ်ခဲ့ကြပါတယ်။

ဇွန် လ ၂၆ ရက်နေ့ ၁၈၉၃ တွင် သက်သေမခိုင်လုံ၍ ကွင်းလုံးကျွတ် လွှတ်မိန့်ကို ၆ နှစ်အကြာတွင်ပြန်လည်လွှတ်မြောက်လာခဲ့သည်။ နောက်ပိုင်းတွင် အထိကရုဏ်းထိန်းရေးတာဝန်ခံ ရဲတပ်ဖွဲ့ ကပတိန် ဘွန်ဖစ်ဒယ် (Captain Bonfield) အတွက်အလုပ်လုပ်ပေးနေသော သူတစ်ဦးမှ ဗုံးကိုခွဲခဲ့ပြီး သပိတ်ကိုပြီးပြတ်အောင် နောက်ကွယ်မှ စတီးစက်ရုံပိုင်ရှင်များ မှ ပူးပေါင်းခွင်ဆင်ဆောင်ရွက်ခဲ့သည် ဆိုသော သတင်းများလဲ ထွက်လာခဲ့သည်။

သူတို့၏ တရားရုံး၌ ရှောက်လဲထွက်ဆိုချက်များသည် ယခုအချိန်အထိ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖတ်မှုများဆိုသော စကားလုံးကို မေးခွန်ထုတ် စိိန်ခေါ်လျက်ရှိနေပြီး၊တရားခွင်အတွင်းလျောက်လဲချက်များကို စုစည်းမှတ်တမ်းတင်ခဲ့သော စွပ်စွဲသူနှင့်စွပ်စွဲခံ၊ ချီဂါကိုမင်းမဲ့များ၏ ထင်​ပေါ်ကျော်ကြား မိန့်ခွန်းများသည် မင်းမဲ့ဝါဒီနှင့် မင်းမဲ့ဝါဒကို စိတ်ဝင်စားသူတိုင်း မဖြစ်မနေဖတ်သင့်သော သမိုင်းဝင်လျောက်လဲချက်များဖြစ်ဟု တင်ပြအပ်ရင်း မေးဒေးနေ့အားဂုဏ်ပြုရေးသား အပ်ပါသည်။

အကိုးကား

From the “the Haymarket Martyrs.” “Lucy Parsons” by William Katz.

From Anarchist Origin of May Day from WSM

From The Accused the Accusers: The Famous Speeches of the Chicago Anarchists in Court